Wednesday, 24 August 2011

မလေးမှ ဒုက္ခသည်များ ပြန်ပို့ခံရမည်ကို စိုးရိမ်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်၊ အာဏာပိုင်တို့ထံတွင် ယမန်နေ့က လက်ဗွေနှိပ်၊ ဓာတ်ပုံအရိုက်ခံခဲ့သော မြန်မာပြည်သား ဒုက္ခသည်များသည် နေရပ်ရင်းသို့ ပြန်ပို့ခံရမည်ကို စိုးရိမ်နေကြသည်။

ကွာလာလမ်ပူရှိ ပူထရာဂျာရာ လ၀ကရုံးတွင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်တချို့ကြောင့် စိုးရိမ်နေကြခြင်းဖြစ်သည်ဟု ဆိုသည်။

“လက်ဗွေနှိပ်တယ်၊ ဓာတ်ပုံရိုက်တယ်၊ ပြီးတော့ ကွန်ပျူတာထဲက ထွက်လာတဲ့ စာရွက်တွေထဲမှာ မိမိနိုင်ငံသို့ ပြန်ရန် ဆိုပြီးတော့ ရေးထားတာ တွေ့ရတယ်၊ ကိုယ်ကတော့ မလေးလို သိပ် မတတ်ဘူး၊ သိတဲ့ လူတွေကို မေး ကြည့်တော့ အဲဒီလို ပြောတယ်” ဟု ဒုက္ခသည် လက်မှတ် ကိုင်ဆောင်ထားသည့် မရွှေဇင်က ဧရာဝတီသို့ ပြောသည်။
ယင်း အကြောင်း အရာနှင့် ပတ်သက်၍ ပူထရာဂျာရာရှိ လ၀က ရုံးသို့ ဆက်သွယ်ခဲ့ရာ အသေးစိတ် ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။ ကွာလာလမ်ပူရှိ UNHCR ခေါ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတွင်လည်း လက်ခံ ဖြေကြားမည့်သူ မရှိပေ။ 

ဒုက္ခသည် လက်မှတ် ကိုင်ဆောင်ထားသော မြတ်ကိုကိုက “UNHCR နဲ့ မလေးရှား လ၀က က လုပ်လိုက်တဲ့ အစီအစဉ်ကြောင့် မြန်မာတွေ ဒုက္ခရောက်နေတယ်၊ သူတို့ တခုခုတော့ ရှင်းလင်းချက် ထုတ်သင့်တယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် မေလက သြစတြေးလျသို့ ခိုလှုံရန် စတင်ရောက်ရှိလာမည့် ဒုက္ခသည် ၈၀၀ ကို ကုလသမဂ္ဂ တာဝန်ရှိသူများက လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် မလေးရှားသို့ ပို့ဆောင်ရန် သဘောတူခဲ့သည်။

အပြန်အလှန်အနေဖြင့် သြစတေးလျနိုင်ငံသည် လာမည့် ၄ နှစ် အတွင်း မလေးရှား၌ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရပြီးသူ ၄၀၀၀ ကို လက်ခံပေးမည်ဖြစ်သည်။ ယင်းဒုက္ခသည်များ အနက် အများစုမှာ မြန်မာနိုင်ငံမှ ဖြစ်သည်။

မလေးရှားနိုင်ငံရှိ ဒုက္ခသည်များသည် တတိယနိုင်ငံများသို့ သွားရောက်နေထိုင်ခွင့်ရရန် စောင့်ဆိုင်းနေစဉ်အတွင်း ပြင်ပတွင် အလုပ်လုပ်ပိုင်ခွင့် ရရှိကြသည်။

ဒုက္ခသည်အဖြစ် အသိအမှတ် ပြုခံရသူများသည် UNHCR ၏ အစီအစဉ်ဖြင့် တတိယနိုင်ငံများ ဖြစ်သည့် ကနေဒါ၊ အမေရိကန်၊ သြစတြေးလျ၊ ဒိန်းမတ်၊ နယူးဇီလန်၊ ဆွီဒင်နှင့် ချက်သမ္မတနိုင်ငံတွင် သွားရောက် အခြေချနေထိုင်ခွင့် ရကြသည်။

ဒုက္ခသည်များ ခိုလှုံခွင့်နှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ သဘောတူစာချုပ်တွင် မလေးရှားနိုင်ငံက လက်မှတ် ရေးထိုးထားခြင်း မရှိကြောင်း သိရသည်။

သို့သော်လည်း ၂၀၁၁ မေ အထိ မလေးရှားနိုင်ငံ UNHCR တွင် ဒုက္ခသည် အဖြစ် လျှောက်ထားသူ ၉၄၀၀၀ ခန့် ရှိကြောင်း သိရသည်။

Tuesday, 23 August 2011

ရေလုပ်ငန်းဌာနများ ထိုင်းနိုင်ငံက ထားရှိမည်ကို ကြိုဆို


ချင်းမိုင် (မဇ္ဈိမ) ။       ။ ထိုင်းရေလုပ်ငန်းများတွင် လူကုန်ကူးမှု တိုက်ဖျက်နိုင်ရေးအတွက် ထိုင်း အလုပ်သမား ဝန်ကြီးဌာနက ရေလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဗဟိုဌာန ၇ ခု ဖွင့်လှစ်သွားမည်ဟု ဆိုသည့်အပေါ်  မြန်မာ
ရွှေ့ပြောင်း လုပ်သားအရေး ဆောင်ရွက်နေသူများက ကြိုဆိုလိုက်ကြသည်။

ထိုင်း အလုပ်သမား ဝန်ကြီးဌာနအောက်ရှိ အလုပ်သမားရေးရာ ဌာနအကြီးအကဲ ဆူထစီနီ ဆူဝက်ဝေါင်းဖတ် Suthassanee Suebwongphaet က ရေလုပ်သားများနှင့် အလုပ်ရှင်များ အကြား ပဋိပက္ခ ဖြေရှင်းရေး ဗဟိုဌာန ၇ ခုကို သက်ဆိုင်ရာ ခရိုင်ဝန်များ ဦးစီး၍ ဆမွတ်စခွန်၊ တရတ်၊ ရရောင်း၊ ချွမ်ဖွန်၊ ဆွန်ခလာ၊ ရနောင်းနှင့် ဆထွန်တို့တွင် ဖွဲ့စည်းသွားမှာဖြစ်သည်ဟု နေးရှင်းသတင်းစာသို့ ပြောကြားခဲ့သည်။

ရေလုပ်ငန်းအတွက် ရွှေ့ပြောင်းလုပ်သား ရှာဖွေရာတွင် အထက်ပါဌာနများက ကူညီမည်ဖြစ်ပြီး အလုပ်သမား ဝန်ကြီးဌာန၊ လူမှုရေးဖွံ့ဖြိုးမှုနှင့် လူသား လုံခြုံရေး ဝန်ကြီးဌာန၊ ရေလုပ်ငန်း အသင်းတို့ပူးပေါင်းကာ ရေလုပ်သား လိုအပ်မှုကိုလည်း စစ်တမ်း ကောက်သွားမည် ဖြစ်သည်။

၂ဝ၁၁ ခု သြဂုတ်လအထိ ထိုင်းရေလုပ်ငန်းတွင် မြန်မာ ၁၆,၁၄၀ ဦး၊  လာအို ၇၁၆ ဦး၊ ကမ္ဘောဒီးယား ၅,၂၉၇ ဦး ရှိသည်ဟု ထိုင်းအလုပ်သမား ဝန်ကြီးဌာန စာရင်းအရ သိရသည်။ အလုပ်သမားရေးရာ အဖွဲ့များကမူ မှတ်ပုံမတင်သူများ ရှိနေသဖြင့် အဆများစွာ ပိုနိုင်သည်ဟု ယူဆကြသည်။

ရေလုပ်ငန်းရှင်များ လိုအပ်သည့် ရေလုပ်သား ပမာဏကို အထက်ပါ ဌာနများထံမှ တောင်းယူ၍ အလုပ်သမား ဝန်ကြီးဌာနသို့ တင်ပြရမည် ဖြစ်သည်။ 

ထိုစာရင်းကို အခြေခံကာ ရွှေ့ပြောင်းလုပ်သား စေလွှတ်လိုသော ထိုင်း၏ အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့် သဘောတူညီမှု အရ စာချုပ်စာတမ်းပါ လုပ်သားများ၊ ထိုင်းနိုင်ငံအတွင်း တရားဝင် နေခွင့်ရှိသည့် ရွှေ့ပြောင်း အလုပ်သမားများ၊ ထိုင်းရေလုပ်ငန်းတွင် ဆန္ဒအရ လုပ်ကိုင်လိုသည့် ရောင်းစားခံရာမှ လွတ်လာသူများကိုသာ အလုပ်ပေးခြင်းများ ပြုလုပ်ရန် စီစဉ်ထားကြောင်း မစ္စဆူထစီနီ ဆူဝက်ဝေါင်းဖတ်ကို ကိုးကား၍ နေရှင်းက
ရေးသားထားသည်။

အစိုးရများအကြား တရားဝင် လုပ်ထုံးများကြောင့် အလုပ်သမားများ အနေဖြင့် လူကုန်ကူးလေ့ရှိသော ကြားပွဲစားများ ရန်မှ လွတ်နိုင်ကာ လူကုန်ကူးမှု တိုက်ဖျက်ရေးကို အထောက်အကူ ဖြစ်နိုင်သည်ဟု မဟီဒေါ တက္ကသိုလ် လူဦးရေနှင့် လူမှုရေး သိပ္ပံဌာနမှ နိုင်ငံခြား ရေးရာ ကျွမ်းကျင်သူ အန်ဒီဟော Andy Hall က ကြိုဆိုပြောဆိုသည်။

ထို့ပြင် သူက “ရေလုပ်ငန်းတွေမှာ အလုပ်သမားရဖို့လည်း ခက်နေတယ်။ ရေလုပ်သားတွေ အတွက် နေရေး၊ အခကြေးငွေ၊ လူမှုဖူလုံရေး အဆင့်အတန်းတွေကိုလည်း မြှင့်တင်ပေးဖို့လိုပါတယ်” ဟု ပြောသည်။


လူကုန်ကူးမှုဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျွိုင်းငိုဇီအီဇိုင်လို (Joy Ngozi Ezeilo) ကမူ သြဂုတ်လ ၈ ရက် နေ့မှသည့် ၁၂ ရက်ကြာ သူမ၏ အချက်အလက် ရှာဖွေရေး ခရီးစဉ်အပြီး သတင်းစာရှင်းပွဲ၌ “အာဏာပိုင်များ အကြား ချစားမှု ပပျောက်ရန်နှင့် ရေတပ်၊ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းများကို လူကုန်ကူးမှုဆိုင်ရာ ပညာပေးရန်” လိုအပ်သည်ဟု အကြံပြု ပြောဆိုအပြီး ရက်ပိုင်းအကြာ ယခု ဌာနများဖွဲ့မည့်ကိစ္စ ဖြစ်ပေါ်လာသည်။

ထိုင်းငါးဖမ်းလှေများသို့ လူရောင်းစားမှုများ “ဆိုးဆိုးရွားရွား” ရှိနေသည်ဟု မစ္စဂျွိုင်းငိုဇီအီဇိုင်လို က မီးမောင်းထိုးပြ
ခဲ့ပြီး ဘန်ကောက်၊ ချင်းမိုင်၊ မဲဆောက်၊ စမွတ်စခွန်၊ ဆွန်ခလာနှင့် တာ့ခ်ခရိုင်တို့မှ အစိုးရ အရာရှိများ၊ အန်ဂျီအိုများ၊
ရောင်းစားခံရသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ဌာနများတွင် အလုပ်ရှင်၊ အလုပ်သမားနှင့် အလုပ်ခွင်ဆိုင်ရာ မှတ်တမ်းများ ရှိနေမည် ဖြစ်သဖြင့် ဖြေရှင်းရန် ပိုလွယ်လာနိုင်မည် ယူဆကြောင်း ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း GHRE မှ ရွှေ့ပြောင်း အလုပ်သမား ဖွံ့ဖြိုးရေးတာဝန်ခံ ကိုမိုးဝေက ပြောသည်။

ထိုင်းငါးဖမ်းလှေများတွင် ၈ နှစ်ခန့် အလုပ်လုပ်ဖူးသူ ကိုမိုးဝေက ထိုင်းရေလုပ်ငန်းများတွင် လူအရောင်းဝယ်၊ 
လုပ်အားခ မရှင်းပေးမှုများကိုလည်း ကိုယ်တွေ့ ကြုံဖူးသူဖြစ်သည်။ သူက “အလုပ်ရှင် တွေက ရဲတွေကို သူတို့က ကိုင်ထားနိုင်တယ်။ ငွေကြေးတွေ ပေးထားတယ်။ သူတို့က အုပ်စုအကြီးကြီး ရှိတာကိုး” ဟု ပြောသည်။


ရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ TACDB 
မှ တာဝန်ခံ ဦးမြင့်ဝေက ထိုင်းငါးဖမ်းလှေများတွင် မှတ်ပုံမတင်ဘဲ ပြေးဆွဲနေမှုများလည်း ရှိသည့်အတွက် ထိုလှေပေါ်
မှ လုပ်သားများမှာ တရားမဝင် ဆက်ဖြစ်နေနိုင်သေးသည်ဟု ထောက်ပြထားသည်။ 

“ တစီးမှတ်ပုံတင်တယ်။ သုံးစီး ငါးဖမ်းတယ်။ အဲဒီနှစ်စီးမှာ ထားတဲ့လူက တရားမဝင် ဆက်ဖြစ်နေမှာပဲ”  ဦးမြင့်ဝေက ပြောသည်။


ထိုင်းနိုင်ငံတွင် တရားဝင် လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းလုပ်သား ၁.၄၅ သန်းအနက် ယာယီ နိုင်ငံကူး
လက်မှတ် ရှိပြီးသူ ၅ သိန်းခန့်ရှိပြီး ကျန် ၉ သိန်းခန့်မှာ နိုင်ငံသား စိစစ်မှု မပြီးသေးကြောင်း မစ္စတာ အန်ဒီဟော 
Andy Hall က ပြောသည်။

Monday, 22 August 2011

ထိုးဆင်းနေပြန်တဲ့ ဒေါ်လာဈေး


နယူးဒေလီ(မဇ္ဈိမ) ။      ။ ဒုတိယအကြိမ် လွှတ်တော် ခေါ်ယူသည့်နေ့မှာပင် အမေရိကန် ဒေါ်လာ၏ မြန်မာကျပ်ငွေ လဲလှယ်နှုန်းမှာ တဒေါ်လာလျှင် ၆၈ဝ ကျပ်သို့  ရုတ်တရက် စံချိန်တင် ကျဆင်းသွားခဲ့ကြောင်း နိုင်ငံခြားငွေ
ရောင်းဝယ်သူများက ပြောသည်။

အစိုးရသစ်မှ နိုင်ငံခြားငွေလဲနှုန်းကို ပြင်ဆင် ပြောင်းလဲ သတ်မှတ်ရန် ကြိုးပမ်းနေဆဲတွင် ကျပ် ၇၅ဝ ဝန်းကျင်
ပေါက်ဈေးရှိနေသည့် ဒေါ်လာဈေးမှာ တနင်္လာနေ့တွင် ကျပ် ၇ဝဝ အောက် ကျဆင်းခဲ့ကာ ဆယ်နှစ်အတွင်း အနိမ့်ဆုံး ဖြစ်သွားခြင်းဟု ငွေလဲလှယ်ဌာနများက ဆိုသည်။ ၂ဝဝ၁ ခုနှစ်က တဒေါ်လာလျှင် ၉ဝဝ ကျပ် ဝန်းကျင် အထိသာ ကျဆင်းခဲ့ဘူးသည်ဟု ရည်ညွှန်းကြသည်။

“ ဈေးကျနေပေမယ့် ရောင်းတဲ့သူများတယ်” ဟု ရန်ကုန်တိုင်း တာမွေမြို့နယ်ရှိ  နိုင်ငံခြားငွေ ရောင်းဝယ်သူတဦးက ဆိုသည်။

ထိုသို့ ဒေါ်လာဈေး ကျဆင်းမှုမှာ မည်သည့်အချိန်တွင် ရပ်မည်ကို ခန့်မှန်း၍ မရနိုင်သေးကြောင်းလည်း စီးပွားရေး ပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ)က သုံးသပ်သည်။

“အခြေခံတွေ ပြောင်းလဲသွားတယ်လို့ ယူဆတယ်၊ အခုက တယောက်ယောက်က ဈေးကစားတာမဟုတ်ဘဲနဲ့ အခြေခံကိုက ပြောင်းသွားတာပေါ့၊ အဲဒါက ဘယ်မှာ ရပ်မယ်လို့ ပြောလို့မရဘူး” ဟု စီးပွားရေး ပညာရှင် ဦးခင်မောင်ညို(ဘောဂဗေဒ) က ပြောသည်။

၂ဝဝ၉ နှစ်ကုန်ပိုင်းမှ စတင်ကာ တစစ ကျဆင်းလာခဲ့သည့် ပြည်တွင်း ဒေါ်လာဈေးမှာ ဇွန်လ အတွင်း ကျပ် ၇၅ဝ 
အထိ ထိုးဆင်းသွားခဲ့ပြီး ပို့ကုန်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းဌာနများ၊ ပြည်ပတွင် အလုပ် လုပ်ကိုင်သူများနှင့်
ပြည်တွင်းရှိ FEC လခစားများ ကမောက်ကမ ဖြစ်ခဲ့ရသည်။

ဒေါ်လာ ငွေလဲနှုန်း ကျဆင်းခြင်းမှုသည် မြန်မာ့စီးပွားရေးကို ရိုက်ခတ်မှုကြောင့် သမ္မတ ဦးသိန်းစိန်က စီးပွားရေး လုပ်ငန်းရှင်များကို သြဂုတ်လ ၁၇ ရက်နေ့ တွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။

ဒေါ်လာဈေး ကျဆင်းမှုကြောင့် ပို့ကုန်လုပ်ငန်းများ ထိခိုက်မှုမရှိစေရန်နှင့် အလုပ်လက်မဲ့ ပြဿနာများ မဖြစ်ရန်
ပြည်ပပို့ကုန်လုပ်ငန်းများကို ပို့ကုန်ခွန် မကောက်ခံတော့ဘဲ အမြတ်ခွန် ၂ ရာခိုင်နှုန်းသာ ပေးဆောင်ရန် သြဂုတ်လ 
၁၈ ရက်နေ့တွင် ပြောင်းလဲ သတ်မှတ်ခဲ့သည်။
  
ပြည်တွင်း၊ ပြည်ပမှ မြန်မာနိုင်ငံသားများ ပေးဆောင်ရမည့် ဝင်ငွေခွန်ကို ၁ဝ ရာခိုင်နှုန်းမှ ၂ရာခိုင်နှုန်းသို့ သြဂုတ်လ 
၁၉ ရက်နေ့မှ စတင်ကာ ခြောက်လတာ လျှော့ပေါ့ပေးရန်လည်း ပါဝင်သည်။

ပို့ကုန်ခွန်များကင်းလွတ်သော်လည်း ဒေါ်လာဈေး ကျဆင်းသည့်ဒဏ်ကို ခံနေရဆဲပင်ဖြစ်ကြောင်း အထည်ချုပ် လုပ်ငန်းများ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။

“စက်ရုံတွေမှာက အလုပ်တွေလည်း ရှိပါတယ်။ ဒါပေမယ့်  အလုပ်သမားတွေကို ရှင်းပေးစရာ ပိုက်ဆံမရှိဘူး
ဖြစ်နေတယ်။ ပိတ်ပစ်လို့ မဖြစ်တော့ ဒီလိုပဲ စခန်းသွားနေကြရတယ်၊ ” ဟု ဦးမြင့်စိုးက ပြောသည်။ ဒေါ်လာဈေး
နှင့် ချိတ်ဆက်နေသည့် FEC မှာလည်း တယူနစ်လျှင် ကျပ် ၆၂ဝ ပေါက်ဈေးရှိသည်။

ယခုကဲ့သို့ ဒေါ်လာဈေးကျဆင်းခြင်းမှာ ကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်းနှင့်လည်း ဆက်နွယ်သည့် အကြောင်းတရပ်
ဟု ဦးခင်မောင်ညို(ဘောဂဗေဒ) ကဆိုသည်။

“ကမ္ဘာမှာက ရွှေဈေးတက်ရင် ဒေါ်လာက ကျလာတယ်လေ။ အဲဒီအချက်ကလည်း အတိုင်းအတာတခုထိ ပါတာပေါ့” ဟု ဦးခင်မောင်ညိုက ပြောသည်။

ကမ္ဘာ့ရွှေဈေး တက်နေသော်လည်း ဒေါ်လာပေါက်ဈေး ဆက်တိုက် ကျလာသဖြင့် မြန်မာ့ရွှေဈေး ထင်သလောက်
ဈေးမတက်နိုင်ဟု ရွှေဆိုင်များက ပြောသည်။

လွန်ခဲ့သည့် ၂ ရက်ခန့်တွင် ကမ္ဘာ့ရွှေဈေး ကမ္ဘာ့ရွှေဈေး တအောင်စ (၁ ဒဿမ ၇၆ ကျပ်သား) လျှင် ဒေါ်လာ 
၁၈၅ဝ ခန့် ပေါက်ဈေး ရှိနေချိန်တွင် ရန်ကုန်ရွှေဈေးကွက်တွင် အခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၇ သိန်း အထက်သို့ ရောက်ရှိသွားခဲ့သည်။

သို့သော် ဒေါ်လာဈေး ဆက်တိုက်ကျဆင်းလာသဖြင့် တနင်္လာနေ့တွင် ကမ္ဘာ့ရွှေဈေး  ဒေါ်လာ ၁,၈၇ဝ အထိ မြင့်တက်သွာခဲ့သော်လည်း  အခေါက်ရွှေ တကျပ်သားလျှင် ၆၈၈,ဝဝဝ ကျပ်သာ ဈေးဖွင့်ခဲ့သည်။  

သမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့ဝင် ဦးမြင့်က တနင်္ဂနွေနေ့တွင် ပြီးဆုံးသွားခဲ့သည့် ၃ ရက်တာ အမျိုးသား
အဆင့် စီးပွားရေး ဖွံ့ဖြိုးတိုးမှု အလုပ်ရုံဆွေးနွေးပွဲတွင်လည်း “ မြန်မာငွေလဲနှုန်းကိစ္စ” ခေါင်းစဉ်ဖြင့် စာတမ်း
တင်သွင်း ဖတ်ကြားခဲ့သေးသည်။ လက်ရှိ တရားဝင် ငွေလဲနှုန်းမှာ အမေရိကန် တဒေါ်လာကို မြန်မာငွေ
ခြောက်ကျပ်မျှသာ ဖြစ်သည်။

လာမည့် အောက်တိုဘာတွင် မြန်မာနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့မှ ပညာရှင်များ 
လာရောက် ကာ ငွေလဲနှုန်းများကို ပြုပြင်ရန် ဆောင်ရွက်ရန်အတွက် နည်းလမ်းရှာအကူညီပေးမှာဖြစ်သည်။ 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ သမ္မတအိမ်တော်၌ ပထမဆုံးတွေ့ဆုံ၊ နိုင်ငံနှင့် ပြည်သူလူထု အတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ဟု ထုတ်ပြန်


6478
နိုင်ငံတော် သမ္မတဦးသိန်းစိန် နှင့်ဒေါ်အောင်ဆန်းစုကြည် တို့သည် သြဂုတ်လ ၁၉ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် နေပြည်တော်ရှိ သမ္မတအိမ်တော် ရုံးခန်း၌ ပထမဆုံး တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါတွေ့ဆုံမှုတွင် နိုင်ငံတော် သမ္မတက နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများ၏ အကျိုးစီးပွား အတွက် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များကို ခင်မင်ရင်းနှီးစွာ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရပါသည်။
ထို့ပြင် နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် မတူကွဲပြားသော သဘောထားအမြင်များ ဘေးဖယ်ထားပြီး နိုင်ငံနှင့် ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများ တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၁၉ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သော နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အမျိုးသား အဆင့်အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်စဉ် ကာလအတွင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် သီးခြားတွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်။
နေပြည်တော်တွင် သြဂုတ်လ ၁၉ ရက်နေ့က ကျင်းပခဲ့သော နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ (ပထမနေ့) အစီအစဉ်ကို မူလက မွန်းလွဲ ၁ နာရီတွင် စတင်ရန်စီစဉ် ခဲ့သော်လည်း မွန်းလွဲ ၂ နာရီ မိနစ် ၃၀ အချိန်ရောက်ရှိမှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရောက်ရှိလာပြီး ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါသည်။
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ(ဒုတိယနေ့)ကို သြဂုတ်လ ၂၀ ရက်နေ့တွင် ဆက်လက် ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကြောင်း သိရသည်။



ကျပ်ငွေဈေး ထိုးတက်သဖြင့် နယ်စပ်ကုန်သွယ်ရေး ရပ်

ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့တွင် ၃ နှစ်နီးပါး ကာလအတွင်း မြန်မာငွေဈေး အမြင့်ဆုံး ထိုးတက် သွားသောကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားသည့် အခြေအနေ ဖြစ်ပေါ်လျက် ရှိသည်။




Border-Boats
ထိုင်းကုန်များမရှိ၍ နယ်ခြား သောင်းရင်းမြစ် ထိုင်းဘက်ခြမ်းတွင် ရပ်နားထားရသည့် ကုန်တင် စက်လှေများ (ဓာတ်ပုံ - ဧရာဝတီ)

“ဒီနေ့ ငွေလဲဈေးက ကျပ် ၁၀၀ ကို ၄. ၃၅ ဘတ် အထိ ဖြစ်သွားပြီ။ ထိုင်းပစ္စည်းတွေကို အရှုံးခံပြီးတော့ ဘယ်ကုန်သည်မှ မသယ်တော့ဘူး။ နယ်စပ် ကုန်သွယ်ရေးက ရပ်သလောက်ကို ဖြစ်နေပြီ” ဟု မြန်မာ စားသောက်ကုန် တင်သွင်းသည့် ကိုမူဆာက ပြောသည်။

ထိုင်းနိုင်ငံဘက်မှ အထည်အလိပ်နှင့် စားသောက်ကုန်များအား မြန်မာဘက် တင်ပို့သည့် လုပ်ငန်း ရပ်နား ထားရသည်မှာလည်း တပတ်ကျော် ရှိပြီဟု ထိုင်းလုပ်ငန်းရှင် တဦးဖြစ်သည့် နိုင်ဝစ်ချိုင်းက ဆိုသည်။ 
၎င်းက “ပြဿနာက မြန်မာငွေ ဈေးတက်လို့ပဲ။ ၂၀၀၉ -၂၀၁၀ လောက်က မြန်မာငွေဈေးက ကျပ် ၁၀၀ ကိုအများဆုံး ထိုင်း ၃ ဘတ် ကျော်ရုံပဲရှိတာ။ အခုလောက်ထိ တက်သွားတော့ မြန်မာ ကုန်သည်တွေ မလာနိုင်တော့ဘူး။ တံတား ပိတ်ထားရတဲ့ ကြားထဲ ဒီလို ဖြစ်သွားတော့ နှစ်ဘက် ကုန်သည်တွေ အားလုံး နစ်နာတယ်” ဟု ရှင်းပြသည်။

မဲဆောက်မြို့မှ မြန်မာဘက်ခြမ်းသို့ ဆောက်လုပ်ရေးပစ္စည်း တင်ပို့သည့် လုက်ငန်းရှင် တဦးကလည်း မြန်မာ ကုန်သည်များ မလာသောကြောင့် အရောင်းအ၀ယ် မရှိကြောင်း၊ ယခင်က ပစ္စည်းများကို နေ့စဉ် ဆယ်ဘီး ကားများဖြင့် မြန်မာဘက် တင်ပို့ရသော်လည်း ယခုအခါ ဘိလပ်မြေနှင့် သွပ်ပြားရောင်းချရမှုမှာ တနေ့လျှင် ရာဂဏန်းပင် မရှိတော့ကြောင်း ပြောသည်။

နယ်ခြား သောင်ရင်းမြစ်မှတဆင့် ထိုင်းကုန်ပစ္စည်း မြန်မာဘက်ပို့သည့် စက်လှေ မောင်းသမားတဦးကလည်း “အခုဆိုရင် ထိုင်းပစ္စည်တွေမလာလို့ စက်လှေတွေ ရပ်ထားရတာ ၁၀ ရက်ကျော်ပြီ။ ကုန်သည်တွေ ပြောတာ ကတော့ ငွေဈေး ၃ ဘတ်လောက် ပြန်ဖြစ်မှ အလုပ်ပြန်လုပ်တော့မယ်တဲ့။ တချို့ တနိုင်တပိုင် ကုန်သည် လေးတွေ သူ့နည်းသူ့ဟန်နဲ့ ထိုင်းကုန် နည်းနည်းပါးပါး သွင်းတာလောက်ပဲ ရှိတော့တယ်” ဟု ရှင်းပြသည်။

ငွေလဲ လုပ်ငန်းလုပ်ကိုင်နေသည့် ကိုမွန်ကြီးက ကျပ်ငွေဈေး ယခုရက်ပိုင်းအတွင်း အဆမတန် တက်သွား သောကြောင့် မြန်မာ အလုပ်သမားများလည်း နေရပ်သို့ ငွေပြန်မပို့နိုင်ကြတော့ကြောင်း ပြောသည်။

“ငွေပို့တဲ့သူတွေ တော်တော် နည်းသွားပြီ။ ဒီထက်ကို ကျပ်ငွေဈေး ထပ်တက်မယ် ဆိုရင် မဲဆောက် - မြ၀တီ နယ်စပ်ကုန်သွယ်ရေး လုံးဝ ရပ်နားသွားနိုင်တယ်။ အခုအနေအထားက ကြုံဖူးသမျှ နှစ်တွေထဲမှာ အဆိုး ဆုံးပဲ” ဟု သူကဆိုသည်။

ထိုင်းကုန်ပစ္စည်းများ မြန်မာဘက်တင်သွင်းမှု ရပ်တန့်နေသော်လည်း ထိုင်းနိုင်ငံအတွင်းပိုင်းသို့ အလုပ်အကိုင် ရှာဖွေရန်အတွက် မြ၀တီ - မဲဆောက် လမ်းကြောမှတဆင့် ၀င်ရောက်လာသည့် မြန်မာနိုင်ငံသား အရေ အတွက်မှာ တရက်ခြား လူဦးရေ ၁၀၀၀ ကျော် အထက်တွင်ရှိသည်ဟု ထိုင်း နယ်ခြားစောင့် တပ်ဖွဲ့မှ အရာရှိ တဦးကပြောသည်။
 

ဖုတ်ဖရမြို့နယ်တွင် မြန်မာအလုပ်သမား ၂၅၀ အဖမ်းခံရ

တပ်ခရိုင် မဲဆောက်မြို့တောင်ဘက် ဖုတ်ဖရမြို့နယ်မှာ အလုပ်သမား မှတ်ပုံတင် မရှိမှုနဲ့ ခွင့်ပြုချက်မရဘဲ အိမ်ဆိုင်လေးတွေ ဖွင့်ထားမှု စတဲ့ အချက်တွေနဲ့ မြန်မာအလုပ်သမား ၂၅၀ ဦး ဩဂုတ် ၁၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးခံရသူ မြန်မာအလုပ်သမား ၂၅၀ ဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်ပြီး ထိုင်းနယ်ခြားစောင့် ရဲ၊ လ၀ကနဲ့ ပြည်သူ့စစ်တွေက ပူးပေါင်းဖမ်းဆီး ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဖုတ်ဖရမြို့နယ်ကနေ ၃၆ ကီလိုမီတာခန့်ဝေးတဲ့ စီခိုထိုင်း၊ ချီးဘားဘိုး၊ ဘန့်ဟတ်၊ ဘန့်ကျတ် စတဲ့ ကျေးရွာတွေနဲ့ စအိုတိုက်နယ် ကျေးရွာတွေမှာ ဗုဒ္ဓဟူးနေ့ မနက် ၅ နာရီလောက်က စပြီး စစ်ဆေးရေး ချက်ပွိုင့် ၈ ခု ဖြန့်ပြီး ဖမ်းဆီးတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ ခွင့်ပြုချက်မရဘဲ ဖွင့်ထားတဲ့ အိမ်ဆိုင်တွေနဲ့ တီဗွီစတဲ့ အိမ်သုံးပစ္စည်းတွေရော တင်ရောင်းထားတဲ့ ပစ္စည်းအားလုံးကိုပါ သိမ်းဆည်းသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ဖမ်းဆီးခံရသူ အများစုဟာ ပြောင်းခင်း၊ ကြံခင်းတွေထဲမှာ ဖြစ်သလိုနေထိုင်ပြီး စိုက်ပျိုးရေး နေ့စားလုပ်ပေးနေတဲ့ အလုပ်သမားတွေ ဖြစ်ကြပါတယ်။

သူတို့ကို ဖမ်းဆီးပြီး နေချင်းပိုင်းမှာပဲ ၁၀၀ ပြန်လွှတ်ပေးခဲ့ပြီး ကျန်တဲ့သူတွေကို နယ်စပ်ကို ပြန်ပို့လိုက်တယ်လို့ မြန်မာအလုပ်သမားအရေး လိုက်လံ ဆောင်ရွက်ပေးနေတဲ့ မဲဆောက်အခြေစိုက် ကိုမိုးကြိုးက ခုလို ပြောပြပါတယ်။

“၂၅၀ လောက်ဖမ်းတာဆိုတော့ စီမံချက်နဲ့ ဖမ်းတာပေါ့။ သာမန်အားဖြင့် တနေ့ကို ၄၀-၅၀ ကတော့ ထိုင်းနိုင်ငံရဲ့ ဥပဒေတခုခုကို ချိုးဖောက်မိလို့ ဥပမာ ဖဲရိုက် ကြက်တိုက်စတဲ့ လောင်းကစားလုပ်လို့ ဗျာ၊ မူးယစ်ဆေးလက်ဝယ်မှာ တွေ့ရှိလို့ စသည်အားဖြင့် မိတာတွေတော့ ရှိပါတယ်။ ဒါကတော့ ဘာအထောက်အထားမှ မရှိတဲ့လူတွေ တော်တော်များများကို ဖမ်းတာ၊ သူတို့ကို ဖုတ်ဖရမြို့နယ် ရဲစခန်းကို ဖမ်းသွားတယ်။ နောက်ကနေပြီး အလုပ်ရှင်တို့၊ ဘာတို့ လိုက်လာပြီး နေထိုင်ခွင့် လက်မှတ် ရှိတယ်ပြောတာပေါ့ဗျာ။ အဲဒီလောက်ပြောရုံနဲ့ ပြန်လွှတ်ပေးလိုက်တယ်။ အဲလိုနဲ့ ၂၅၀ မှာ ၁၀၀ လောက်တော့ ပြန်လွတ်တာပေါ့။ ၁၅၀ ကတော့ ဖုတ်ဖရကနေ ဟိုမြန်မာပြည်ဘက်ခြမ်းကို သွန်တာပေါ့”

ဒီမြန်မာတွေကို သွားပြီးလွှတ်တဲ့ သောင်းရင်းမြစ် တဘက်ကမ်းက ၅ ဘတ်ဂိတ်၊ ဆယ်ဘတ်ဂိတ် ဆိုတဲ့ နယ်စပ်ဂိတ်တွေဟာ အရင်က ဒီကေဘီအေ အပိုင်ဖြစ်ပြီး အခုအခါမှာ ကရင်နယ်ခြားစောင့်တပ်တွေက အခြေစိုက်ထားတယ်လို့ ကိုမိုးကြိုးက ဆိုပါတယ်။

သူတို့ များစုဟာ မြန်မာပြည်နယ်စပ်ဒေသက ဒေသခံတွေ မဟုတ်ဘဲ ပဲခူးတိုင်းက လာကြတဲ့လူတွေ ဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။ မဲဆောက်မှာ အရင်ခိုလှုံနေကြပြီးမှ တောင်ယာတွေမှာ အလုပ် ၀င်လုပ်နိုင်ဖို့ ဖုတ်ဖရမြို့နယ်ထဲကို ရွှေ့ပြောင်းလာကြတာ ဖြစ်ပါတယ်။

မြန်မာပြည်ဘက်ကို အပို့ခံလိုက်ရတဲ့ အလုပ်သမားတွေရဲ့ လက်ရှိ အခြေအနေကို မသိရသေးပါဘူး။

ထိုင်းနိုင်ငံ တပ်ခရိုင်က မြို့ နယ် ၆ ခုမှာ မြန်မာအလုပ်သမားစုစုပေါင်း ၄ သိန်းလောက်ရှိပြီး မဲဆောက်တခုတည်းမှာ ၂ သိန်းလောက် ရှိတယ်လို့ အလုပ်သမားရေးရာ အဖွဲ့အစည်းတွေက ခန့်မှန်းကြပါတယ်။

ဒါပေမယ့် အလုပ်သမားမှတ်ပုံတင် တရားဝင် လာလုပ်ထားသူ ၄ သောင်းကျော်သာ ရှိတယ်လို့ တပ်ခရိုင် အလုပ်သမားဌာနက ထုတ်ပြန်ထားပါတယ်။ 
 
Source: DVB

၂၀၁၁ ခုနှစ်တွင် အရှေ့အလယ်ပိုင်း နိုင်ငံများသို့ အလုပ်သမား ထွက်ခွာမှု သိသာစွာ လျော့ကျပြီး ထိုင်းအလုပ်သမား ဈေးကွက်မြင့်တက်

၂၀၁၁ခုနှစ်အတွင်း အရှေ့ပိုင်း အလယ်ပိုင်းနိုင်ငံများသို့ အလုပ်လုပ် ရန်ထွက်ခွာမှုမှာ သိသာစွာလျော့ကျသွားခဲ့ပြီး ထိုင်းအစိုးရက မြန်မာအစိုး ရနှင့်ချိတ်ဆက်ကာ ဂျီတူဂျီ အလုပ်သမား ပို့ဆောင်ခြင်းဖြင့် ထွက်ခွာသူဦးရေမှာ သိသာစွာမြင့်တက် ခဲ့ကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီအချို့ထံမှ စုံစမ်းသိရှိရသည်။

အရှေ့အလယ်ပိုင်း နိုင်ငံအချို့ တွင် ပြည်တွင်းရေးမတည်ငြိမ်မှုများ ၏ နောက်ဆက်တွဲ ဂယက်များကြောင့် စီးပွားရေး မတည်ငြိမ်မှုများ ဖြစ်နေခြင်းနှင့် အလုပ်သမား လာရောက် ခေါ်ယူသော အေးဂျင့်များ၏ စာချုပ်ပါ အချက်အလက်များကို အလုပ်သမားများ အမှန်တကယ် ရရှိ ခံစားခွင့်များနှင့် တူညီမှုမရှိဘဲ ဖော်ပြထားခဲ့ ခြင်းများကြောင့် အလုပ်သမားအများစုမှာ ထိုနိုင်ငံများသို့ ရောက်ပြီးမှ အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရသည် ဟု သိရသည်။
ထို့ကြောင့် ယင်းနိုင်ငံများဆီသို့ ထွက်ခွာလိုသူဦးရေမှာ သိသာစွာ လျော့ကျခဲ့ရကြောင်း ဂရင်းဝေး အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ စုံစမ်းသိရှိရပါသည်။

ယခုအခါ ထိုင်းနိုင်ငံ၏ ယာယီ မြန်မာနိုင်ငံကူးလက်မှတ်များ ပြုလုပ်ပေး၍ အစိုးရချင်းချိတ်ဆက်ကာ တရားဝင် အလုပ်သမားခေါ်ယူမှု အစီအစဉ်များ ရှိလာခြင်းအပြင် ထိုင်းအစိုးရသစ် လက်ထက်၌ နိုင်ငံခြားသားနှင့် အခြေခံလူတန်းစားများ၏ အခြေခံလစာကို တိုးမြှင့်ရန် စီစဉ်နေသော သတင်းများ ထွက်ပေါ်ခဲ့မှုများကြောင့် ကော့သောင်းမှတစ်ဆင့် အလုပ်လုပ်ရန် ထွက်ခွာသူဦးရေမှာ သိသာစွာများ လာခဲ့ကြောင်း ထိုင်းကုမ္ပဏီ ခြောက်ခုမှ အလုပ်သမား လတ်တလောခေါ်ယူမှု ကမ်းလှမ်းရရှိထားသည့် အေဂျင်စီ မှ တာဝန်ရှိသူက ပြောပြခဲ့သည်။

“အခု ပြည်ပရောက် အလုပ်သမားတွေမှာ တရားဝင်မသွားခဲ့လို့ အဆင်မပြေတာနဲ့။ တရားဝင် သွားပေမယ့်လည်း အဆင်မပြေကြတာနဲ့။ တစ်ခုခုဖြစ်ရင် ဟိုဘက်ကအေးဂျင့်နဲ့ ဒီဘက်က အေးဂျင့်တွေ တာဝန်မယူတာ စတဲ့ဖြစ်ရပ်တွေကြောင့် ဂျီတူဂျီ တွေကို အတော်အားကိုးလာတယ်။ လတ်တလောမှာ အမျိုးသားတွေပဲ ခေါ်တဲ့ EPS ဆို အသွားများကြတယ်။ အခု ထိုင်းကိုလည်း အတော်သွားကြ တယ်”ဟု အေးဂျင့်တာဝန်ခံက ဆက် လက်ရှင်းပြခဲ့သည်။

ထိုင်းအစိုးရမှ ၎င်းနိုင်ငံတွင်း တရားမ၀င် ၀င်ရောက်လာမှုများကို ကန့်သတ်စိစစ်သွားရန် ခြောက်နှစ် သက်တမ်းဖြင့် ယာယီနိုင်ငံကူးလက် မှတ်များကို ထုတ်ပေးနေပြီး အလုပ် သမားနေထိုင်ခွင့်ပါမစ်များဖြင့် စက်ရုံ အလုပ်ရှင်များမှ အလုပ်သမား တိုက်ရိုက်ခေါ်ယူခြင်း စနစ်များ ကော့သောင်းမြို့နယ်တွင် ထားရှိခဲ့ပြီးဖြစ်ရာ မြန်မာ-ထိုင်း နယ်စပ်မြို့များအပြင် အခြားမြို့နယ်များမှ နေ့စဉ်သွားရောက် လျှောက်ထားသူ ဦးရေလည်း ရှိနေသည်ဟု သိရသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ထိုင်းမှာ တရားမ၀င်သွားခဲ့ပြီး လုပ်ခလစာတွေ ခေါင်းပုံဖြတ်၊ ကျီးလန့်စာ စားနေရတာတွေထက်စာရင် အခုစနစ်က အရမ်းကောင်းသွားတယ်။ ရန်ကုန်ဘက်ကပါ ထိုင်းကိုသွားတဲ့သူတွေ များလာပြီ”ဟု ထိုင်းနိုင်ငံရှိစက်ရုံ တစ်ခုတွင် လျှောက်လွှာ တင်ထားသူ က ပြောပြခဲ့ပါသည်။

ထိုင်းအစိုးရသည် အမျိုးသား အပြင် အမျိုးသမီးများပါ တရားဝင် ခေါ်ယူခြင်းဖြင့် စက်ရုံ၊ အလုပ်ရုံများတွင် ခေါ်ယူခန့်ထားခြင်းများ ရှိနေရာ လုပ်ခလစာမှာ အနိမ့်ဆုံးတစ်လလျှင် ဘတ်ရှစ်ထောင် (ကျပ်နှစ်သိန်း ၀န်းကျင်) ခန့်ရရှိကြသည်ဟု သိရှိရပါသည်။

ဝန်ဆောင်ခမှာ သုံးသိန်းနှင့် လေးသိန်းကြား ကုန်ကျပြီး ထိုင်း အလုပ်ရှင်ဘက်မှ နေထိုင်ခွင့်၊ အသက် အာမခံ၊ ကျန်းမာရေးနှင့် ပါမစ်စရိတ်များအတွက် ကုန်ကျငွေ အကြမ်းဖျင်း ဘတ်တစ်သောင်းကို စိုက်ထုတ်ပေး ထားပြီး ၁၀ လအတွင်း အလုပ်သမားဘက်မှ ပုဒ်ဖြတ်စနစ်ဖြင့် အကြေပေး ဆပ်သွားရမည်ဖြစ်ကြောင်း သိရှိရ သည်။ 
 
Source: Eleven Media Group 

ဝင်ငွေခွန်များ လျှော့ချပေး

နိုင်ငံခြားဝင်ငွေ ရနေတဲ့ ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းတွေနဲ့ ပြည်တွင်း ပြည်ပ နိုင်ငံသားတွေ ပေးဆောင်နေကြရတဲ့ ၀င်ငွေခွန်ကို လျှော့ချ ပေးဆောင်ဖို့ မြန်မာအစိုးရရဲ့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ၀န်ကြီးရုံးက ဒီနေ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ အခုပေးဆောင်နေကြရတဲ့ ၀င်ငွေခွန် ၁၀% ကို လျှော့ချပြီး ၂% သာ ပေးဆောင်ကြရတော့မှာ ဖြစ်ပေမဲ့ ဒီဝင်ငွေခွန် လျှော့ချတဲ့ ကာလသက်တမ်းကလည်း ၆ လပဲဖြစ်တယ် ဆိုတာကို ထုတ်ပြန်ထားပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
ဒီနေ့ သြဂုတ်လ ၁၈ ရက် ကြာသပတေးနေ့က စပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ ၆ လအတွင်း ၀င်ငွေခွန်တွေကို ၁၀% ကနေ ၂% အထိ လျှော့ချ ကောက်ခံမယ်လို့ မြန်မာအစိုးရရဲ့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက ဒီနေ့ညနေပိုင်းမှာ သတင်းထုတ်ပြန်ခဲ့တာပါ။ ဒါဟာ ပြည်တွင်းမှာရှိနေတဲ့ အထည်ချုပ် စက်ရုံတွေ၊ ပြည်ပကိုရောက်ပြီး အလုပ်လုပ်နေကြသူတွေ အတွက် အားလုံး အကျုံးဝင်ပါတယ်။

အခု အခွန်လျှော့ချလိုက်တဲ့ ကာလသက်တမ်းဟာ လတ်တလောမှာ ၆ လ ဆိုပေမဲ့ ၀င်ငွေခွန် ပေးနေရတဲ့ သူတွေအဖို့ တစုံတရာ အဆင်ပြေသွားနိုင်သလို အစိုးရရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး စီမံကိန်းတွေအတွက် ခြေလှမ်းသစ်တွေ ဖြစ်တယ်လို့ စီးပွားရေး ပညာရှင် ဦးခင်မောင်ညိုက ပြောပါတယ်။
“၀င်ငွေခွန်ကို ၁၀% ပေးဆောင်နေတဲ့ အထည်ချုပ် လုပ်ငန်းတွေ အကျိုးခံစားခွင့် ရှိမယ်။ နောက်တခုက ပြည်ပရောက်နေတဲ့ သူတွေက နိုင်ငံခြားကနေ ငွေလွှဲရင် ၁၀% ဖြတ်ခံရတယ်၊ ၀င်ငွေခွန် ဆောင်ရတယ်။ အဲဒါ အခုဆိုရင် ၂% ပဲ ဆောင်ရမယ်။ နောက် သင်္ဘောသားတွေ၊ သူတို့ အုပ်စု ၃ ခု အကျိုးခံစားခွင့် ရှိပါမယ်။
“နိုင်ငံခြားကနေ ငွေလွှဲတာတွေက တရားဝင် လမ်းကြောင်းကနေ လွှဲတာတွေလည်း ဖြစ်လာနိုင်တယ်လို့ ဆရာ ယူဆတယ်။ ခါတိုင်းက ဟွန်ဒီလွှဲနေရာကနေ အခု တရားဝင်လွှဲဖို့ အဆင်ပြေလာမယ်လို့ ဆရာကတော့ မျှော်လင့်တယ်။ သမ္မတကြီးက လျှော့သင့်လျှော့ထိုက်တာတွေ လျှော့ပေးဦးမယ်လို့ မနေ့ကပဲ ပြောတာလေ။ ဒါ တရက်အတွင်း အကောင်အထည် ပေါ်တာပဲ။”
စီးပွားရေး ပညာရှင် ဦးခင်မောင်ညို ပြောပြသွားတာ ဖြစ်ပါတယ်။
အခုဆိုရင် ပြည်တွင်းက အထည်ချုပ်လုပ်ငန်း တော်တော်များများဟာ ပြည်တွင်းမှာ ဒေါ်လာဈေး အဆမတန် ကျနေတာမို့ အဆင်မပြေ ဖြစ်နေကြတဲ့အချိန် အခုလို ၀င်ငွေခွန် လျှော့ချလိုက်တဲ့အတွက် သူတို့အဖို့ သက်သာရာ ရစေမှာ အမှန်ဖြစ်သလို ပြည်ပမှာ အလုပ်တွေ ထွက်လုပ်နေကြပြီး သက်ဆိုင်ရာ နိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံးတွေမှာ ၀င်ငွေခွန် ပေးဆောင်နေကြရတဲ့ မြန်မာနိုင်ငံသားတွေကတော့ ဒီသတင်းကို ကြိုဆိုကြပါတယ်။
အခု စင်ကာပူနိုင်ငံမှာ အလုပ်လုပ်နေလို့ လစဉ် ၀င်ငွေခွန် သံရုံးကို ပေးဆောင်နေရတဲ့ မစုမွန်ကတော့ ဒီအတိုင်းသာဆိုရင် သူတို့အတွက် ပေးဆောင်နေရတဲ့ အခွန် တ၀က်လောက် သက်သာသွားမယ်လို့ ပြောပါတယ်။
“စင်ကာပူအရဆိုရင် အလုပ်လုပ်တဲ့ Category ၂ မျိုးရှိတယ်။ တခုက SPass၊ နောက်တခုက EP၊ နောက်တခုကတော့ Permanent Resident ရထားတဲ့ PR တွေပေါ့။ အဲဒီလိုဟာမျိုးတွေမှာ SPass သမားတွေကိုဆိုရင် တလကို ၈၀ နှုန်း၊ EP နဲ့ PR ကတော့ တလကို ၁၂၀ နှုန်းပေါ့။ အဲဒါက လခ ဘယ်လောက်ပဲ ရနေ ရနေ ဒီလိုမျိုး သတ်မှတ်ထားတယ်။
“၄၀ လောက်ပဲ ဆောင်ရမယ်ဆိုတော့ အရင်တုန်းက ဆောင်ရတာ ၈၀ ဆိုတော့ ၄၀ ဆိုရင် တ၀က်လောက် ကျသွားတာပေါ့။ ပြီးတော့ EP သမားတွေအတွက် ဆိုရင်လည်း ၃,၀၀၀ ဆိုရင် ၆၀ ပဲကျတော့မယ်။ အရင်တုန်းက ၁၂၀ ကနေ ၆၀ ဆိုရင် အခု တ၀က် သက်သာသွားတဲ့ သဘောပေါ့။”
အခု ၀င်ငွေခွန်ကို လျှော့ချလိုက်တဲ့ ထုတ်ပြန်ချက်ဟာ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေကြတဲ့ သင်္ဘောသားတွေလည်း ပါဝင်ပါတယ်။ ရေမြေရပ်ခြားမှာ အလုပ်သွားလုပ်ပြီး ကိုယ့်နိုင်ငံထဲကို ငွေပြန်ပို့တဲ့သူတွေ အဖို့ အခု မြန်မာပြည်ထဲမှာ ဒေါ်လာဈေး အဆမတန် ကျတာဟာ သူတို့အတွက် အတော်လေး အဆင်မပြေတာမျိုး ကြုံနေကြရပါတယ်။
“တော်တော်နစ်နာပါတယ်။ ပထမတုန်းက ကျမ ကျောင်းစတက်တုန်းကဆိုရင် စင်ကာပူဒေါ်လာဈေးက ၈၀၀ ကို တော်တော်ကျော်ပြီး ၉၀၀ နီးပါးလောက် ရှိတယ်။ ဒါပေမဲ့ အခု ဒီနေ့ ငွေဈေးက ၆၀၀ ပဲ ကျန်တော့တယ်။ အဲတော့ ကိုယ်ကျောင်းပြီးလို့ အိမ်ကိုပြန်ပို့တော့မယ့် အချိန်ကျတော့ သုံးချိုးတချိုးလောက် ကျသွားတာဆိုတော့ မလွယ်တော့ဘူး။
“မြန်မာပြည်မှာကျတော့လည်း ကုန်ဈေးနှုန်းက ဒေါ်လာဈေးသာကျတယ်၊ ကုန်ဈေးနှုန်းက ကျမှမကျတာ။ အဲတော့ ရန်ကုန်မှာ ကုန်ဈေးနှုန်းကလည်း နဂိုအတိုင်းပဲဆိုတော့ အရင်တုန်းက သုံးတဲ့ Amount ကို ရဖို့အတွက်ဆိုရင် ဒီဘက်က ပိုရှာပြီး ပိုပြီး ပို့ရသလိုပဲ။”
စင်ကာပူနိုင်ငံက မစုမွန် ပြောပြသွားတာ ဖြစ်ပါတယ်။
မြန်မာအစိုးရကတော့ ပြည်တွင်းမှာ ဒေါ်လာဈေးတွေကျပြီး မြန်မာကျပ်ငွေတန်ဖိုး မြင့်နေတဲ့အတွက် ပို့ကုန်လုပ်ငန်းတွေ ထိခိုက်မှု မရှိရလေအောင် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ၆ လ ကုန်သွယ်ခွန် လျှော့ချပေးတာတွေ ကြေညာခဲ့ပြီး ဒီနေ့ ၀င်ငွေခွန်တွေကိုလည်း ၆ လ လျှော့ကောက်မယ်လို့ ကြေညာခဲ့တာပါ။
ဒါ့အပြင် မနက်ဖြန် သြဂုတ်လ ၁၉ ရက်၊ သောကြာနေ့မှာတော့ နိုင်ငံတော် စီးပွားရေးနဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲတွေကို ပထမဆုံး အကြိမ်အဖြစ် နေပြည်တော်မှာ ကျင်းပဖို့ ရှိပါတယ်။

အုန်းဖျန်ဒုက္ခသည်စခန်းများအား လူဦးရေစာရင်းကောက်ခံရန် ညွှန်ကြားခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိအုန်းဖျန်ဒုက္ခသည် စခန်းမှ ဒုက္ခသည်များအားလူဦးရေစာရင်းကောက် ခံ ပေးရန် ဒုက္ခသည်စခန်းဆိုင်ရာထိုင်းအုပ်ချုပ်ရေး အဖွဲ့မှ ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့တွင်စခန်း တာဝန်ရှိသူများကို ပြောဆိုညွှန်ကြားခဲ့သည်ဟုသိရ သည်။
Picture_159ထိုသို့ ကောက်ခံရန် တာ့ခ်ခရိုင် ဥက္ကဌက ညွှန်ကြားခြင်းဖြစ်ပြီး စခန်းအတွင်းရှိ ဒုက္ခသည်များအနက်တတိယ နိုင်ငံ သွားရောက်မည့်သူများ၊ မြန်မာပြည်ပြန်မည့်သူများ၊ မပြန်မည့်သူများ စသည်ဖြင့် လူဦးရေစာရင်းများကို ကောက်ခံပေးသွားရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည် ဟု အုန်းဖျန်စခန်း ဥက္ကဌ စောဝါးထီးက ကေအိုင်စီကို ပြောသည်။

“သူတို့ကောက်ခိုင်းတာကတော့ ဒီစခန်းထဲကနေ တတိယနိုင်ငံထွက်သွားပြီးတဲ့ လူဦးရေရယ်၊နောက်ထပ် သွားဖို့ ဘယ်နှစ်ဦး ထပ်တင် ထားသေးလဲနဲ့ မြန်မာပြည်ကိုပြန်မဲ့ လူဦးရေ၊ နောက်ပြီး ထိုင်းနိုင်ငံထဲမှာ ဆက်ပြီးနေထိုင်သွားမှာက ဘယ်လောက်ရှိလဲဆိုတဲ့ စာရင်း ၄မျိုးကိုကောက်ဖို့ ကျနော်တို့ကို အချိန် ၂ပတ်ပေးတယ်။”ဟု သူက ဆိုသည်။ 
ထိုအခြေအနေပေါ်တွင် အုန်းဖျန်စခန်းကော်မတီဝင်များက ယနေ့ အစည်းအဝေးပြုလုပ်ခဲ့ကြသလိုမြန်မာအစိုးရ အနေဖြင့် ဒုက္ခသည် များ၏ ဘ၀ရပ်တည်ရေးအတွက် မည်သည့်စီမံကိန်းမှ လုပ်ဆောင်ပေးခြင်းမရှိသေးသည့် အပေါ် မြန်မာပြည်တွင်းသို့ ပြန်လည်နေထိုင် ရန်မှာ ယုံကြည်ရခက်ပြီးထိုင်းအစိုးရသစ်အနေ ဖြင့်လည်းမြန်မာ ဒုက္ခသည်များအား ပြည်တွင်း ပြန်လည်ပို့ဆောင်မည်ဆိုပါက အချိန် စောသေးကြောင်း စောဝါးထီးက ဆက်လက် ပြောဆိုသည်။

အုန်းဖျန်စခန်းမှ ဆရာထူးကလယ်က “အခုလက်ရှိအနေနဲ့ကတော့ ကျနော် နိုင်ငံခြားသွားဖို့တင်ထားတယ်။ ကျနော်တို့ နိုင်ငံထဲမှာဆို အသိအမှတ်ပြုခံရမဲ့ နိုင်ငံသားကဒ်ရဖို့ဆိုတာ မလွယ်ဘူးလေ။ အကောင်းဆုံးကတော့ ဘ၀ရပ်တည်ဖို့အတွက် ကျနော် စဉ်းစားပြီး နိုင်ငံခြားသွားဖို့ ဆုံးဖြတ်လိုက်တာပါ။ဗမာပြည်မှာက ဘာဘ၀ အာမခံချက် မှ မရှိတဲ့အတွက် မပြန်တော့ပါဘူး။”ဟု ဆိုသည်။

လက်ရှိအချိန်အထိ မြန်မာပြည်ရှိ ထောင်များမှ နိုင်ငံရေးအကျဉ်းသားများအား ပြန်လွှတ်ပေးခြင်းမရှိသေးသည့် အပြင် အိုးမဲ့အိမ်မဲ့ ဖြစ် နေကြသည့် မြန်မာဒုက္ခသည်များအတွက် မည်သည့်အာမခံချက်မျိုးမှမရှိသေးသည့် အပေါ် အစိုးရအသစ်အနေဖြင့် ပြည်ပရောက် မြန် မာနိုင်ငံသားများအား ဖိတ်ခေါ်လိုက်ခြင်းကို လုံးဝယုံကြည်မှုမရှိကြောင်း NLD အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ ဒေါ်စန်းစန်းအောင်က ပြောသည်။

Picture_087သို့သော် အခြားဒုက္ခသည်စခန်းများတွင် ဒုက္ခသည်လူဦးရေစာရင်းကို ကောက်ခံရန် ညွှန်ကြားလာခြင်း မရှိသေးကြောင်း မယ်လစခန်း တာဝန်ခံ တစ်ဦးက ပြောသည်။ “ကျနော်တို့စခန်းမှာတော့အဲလိုလူဦးရေ ကောက်ခံ ဖို့တွေ ဘာမှပြောသံမကြားသေးပါဘူး။”ဟု ဆို သည်။

၎င်းအပြင် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများအား ထိုင်းအစိုးရဘက်မှ စခန်းများ ပိတ်ပစ်လိုက်မည်ဟု ထွက်ပေါ်နေသည့် ကောလဟလသတင်းများကြောင့် ဒုက္ခသည်များလည်း စိုးရိမ်ထိတ်လန့်နေကြရကြောင်း မယ်လစခန်းမှ ဒုက္ခသည်တစ်ဦးက ပြော သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်း ၉ခုတွင် ဒုက္ခသည်ဦးရေ တစ်သိန်းခွဲရှိပြီး အုန်းဖျန်နှင့်မယ်လ ဒုက္ခသည်စခန်းများသည် တာ့ခ်ခရိုင်အတွင်း တည်ရှိသည့် ဒုက္ခသည်စခန်းများဖြစ်သည်။
 

လာမည့် ပထမအကြိမ် လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး များသည် နှစ်ပေါင်း ၅၀အတွင်း ဒီမိုကရေစီကျစွာ ဆွေးနွေးနိုင်မည့် ပထမဆုံး လွှတ်တော် အစည်းအဝေး များ ဖြစ်လာရန် ပြည်သူများ မျှော်လင့်





6472
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အချို့ကို ၂၀၁၁ ခုနှစ် ဧပြီလအတွင်းက တွေ့ရစဉ်
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်ဒုတိယ ပုံမှန်အစည်းအဝေး၊ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး၊ ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးများကို ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့တွင် စတင် ကျင်းပတော့မည်ဖြစ်ရာ ယခုတစ်ကြိမ် လွှတ်တော်တွင် ပြည်သူများ၏ ဆန္ဒအမှန်နှင့် အခက်အခဲများကို ကိုယ် စားပြုတင်ပြဆွေးနွေးမည့် နှစ်ပေါင်း ၅၀ အတွင်း ဒီမိုကရေစီ အကျဆုံး လွှတ်တော်ဖြစ်လာရန် ပြည်သူများ က မျှော်လင့်နေကြပါသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်ကို ပြောင်းလဲစေခဲ့သည့် လွှတ်တော်များ ၏ ပထမအကြိမ် ပုံမှန်အစည်းအဝေး ကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်တွင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူကျင်းပခဲ့သည်။

ထိုသို့ ခေါ်ယူရာတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်တို့၏ ပထမအကြိမ်ပုံမှန် အစည်းအဝေးများကို ယင်းနေ့တွင် တစ်ချိန်တည်း ကျင်းပခဲ့သည်။



ဒီတစ်ခေါက် လွှတ်တော်မှာ အုပ်ချုပ်ရေးမဏ္ဍိုင် တစ်ခုတည်းကိုပဲ ဝေဖန်ထောက်ပြတာမျိုး မဟုတ်ဘဲ တရားစီရင်ရေး မဏ္ဍိုင်ကိုလည်း ဝေဖန်ထောက်ပြစေချင်ပါတယ်။ ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိစေရဆိုပေမယ့် တရားသူကြီးတချို့ဟာ ခုထိဥပဒေအထက်မှာ ရှိပြီး ဥပဒေကို လက်တစ်လုံးကြား လုပ်နေတယ်။ တရားရေးဆိုင်ရာ မကျွမ်းကျင်မှုတွေ၊ လာဘ်ပေးလာဘ်ယူ မှုတွေကြောင့် ပြည်သူတွဟာ နစ်နာခံစားနေရဆဲဖြစ်ပါတယ် . . .
လွှတ်တော်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ပါတီစုံဒီမိုကရေစီ စနစ်ကို စတင်နိုင်ခဲ့သည်ဖြစ်ရာ မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်သစ် ဖြစ်သည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမည့် အစိုးရအဖွဲ့သစ်ကိုလည်း ဖွဲ့စည်း နိုင်ခဲ့သည်ကို တွေ့ရသည်။
ယင်းလွှတ်တော်များတွင် အစိုးရ အဖွဲ့သစ်အတွက် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အပါအ၀င် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ ရွေးချယ်ခန့်အပ် တာဝန်ပေးသည့် လုပ်ငန်းဆောင်တာ များကိုသာ အဓိကဆောင်ရွက်နိုင်ခဲ့ သည်။
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်မှ မတ်လ ၃၀ ရက်အထိ ပြုလုပ်သော လွှတ်တော်များ ပထမအကြိမ် ပုံမှန် အစည်းအဝေးသည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ခေါ်ယူကျင်းပခဲ့သည့် အစည်းအဝေးဖြစ်ပြီး အဆိုပါ အစည်းအဝေးတွင် လွှတ်တော်ဖွဲ့ စည်းခြင်း၊ အမြဲတမ်းကော်မတီများ ဖွဲ့စည်းခြင်း၊ ပူးပေါင်းကော်မတီများ ဖွဲ့စည်းခြင်းများကို ပြုလုပ်နိုင်ခဲ့ကာ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေ စာရင်းကော်မတီ၊ လွှတ်တော်အခွင့် အရေးကော်မတီနှင့် အစိုးရ၏အာမခံ ချက်များ၊ ကတိများနှင့် တာဝန်ခံ ချက်များ စိစစ်ရေး ကော်မတီတို့ကို ရွေးချယ်ဖွဲ့စည်းခဲ့သည်။
ထို့ပြင် လွှတ်တော်များမှ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ များရွေးချယ်ခြင်း၊ ဒုတိယသမ္မတများ ရွေးချယ်ခြင်းနှင့် သမ္မတရွေးချယ် ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပြည် ထောင်စုလွှတ်တော်မှ ၀န်ကြီးဌာန ၃၄ ခုနှင့် ၀န်ကြီးဦးရေ ၃၀ တို့အား လည်းကောင်း၊ အခြေခံဥပဒေဆိုင် ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ရှစ်ဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ခြောက်ဦး၊ ပြည် ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရား သူကြီး ခြောက်ဦး၊ ပြည်ထောင်စု ရှေ့နေချုပ်နှင့် ပြည်ထောင်စုစာရင်း စစ်ချုပ်တို့အား ရွေးချယ်တင်မြှောက် ခဲ့သည်။
ပထမအကြိမ် လွှတ်တော်ပုံမှန် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များ၏ မေးခွန်း ၁၀၆ ခု နှင့် အဆို ၄၃ ခုတို့အား တင်သွင်း မေးမြန်းခဲ့ပြီး မေးခွန်း ၁၀၆ ခုကို ဖြေကြားခဲ့ကာ အဆို ၄၃ ခုတို့အား ဆွေးနွေးဆုံးဖြတ်ခဲ့သည်။
ယခုအခါ အစိုးရသစ်တက်ပြီးနောက် ပထမအကြိမ် လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးများကို နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူခြင်း မဟုတ်ဘဲ လွှတ်တော်ဥက္ကဋ္ဌများနှင့် နာယက က ခေါ်ယူ၍ ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့တွင် စတင် ကျင်းပတော့မည်ဖြစ်ရာ ယခုတစ်ကြိမ် လွှတ်တော်တွင် ပြည်သူများ၏ ဆန္ဒ အမှန်နှင့်အခက်ခဲများ ကိုယ်စားပြု တင်ပြဆွေးနွေးမည့် နှစ်ပေါင်း ၅၀ အတွင်း ဒီမိုကရေစီအကျဆုံး လွှတ်တော်ဖြစ်လာရန် ပြည်သူများက ယုံကြည် မျှော်လင့်နေကြခြင်း ဖြစ်ကြောင်း ပြည်သူများကဆိုပါသည်။
နိုင်ငံတော်အချုပ်အခြာ အာဏာ ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၁(က) တွင် ပြဋ္ဌာန်း ထားသည်ဖြစ်ရာ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာတို့ကို တစ်ခုနှင့် တစ်ခု ၀င်ရောက်စွက်ဖက်ခြင်း၊ ရောထွေးခြင်း မဖြစ်ပေါ်စေရန်ကို အလေးထား ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမှ တာဝန်ရှိပုဂ္ဂိုလ် များအားလုံးအနေဖြင့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရား စီရင်ရေးအာဏာတို့တွင် တစ်ခုနှင့် တစ်ခု ၀င်ရောက်စွက်ဖက်ခြင်း၊ ရောထွေးခြင်းတို့ ပြုလုပ်မည်ဆိုပါက ဖွဲ့ စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ရာ ရောက်မည် ဖြစ်ကြောင်း ဥပဒေအတိုင်ပင်ခံ တစ်ဦး က ရှင်းပြသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဥပဒေပြုရေး အာဏာနှင့် အဓိကသက်ဆိုင်သူများမှာ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြောင်း၊ အုပ်ချုပ်ရေး အာဏာနှင့် အဓိကသက်ဆိုင်သူများ မှာနိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ အပါအ၀င် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ်များ၊ ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ သက်ဆိုင်ရာ ၀န်ကြီးဌာနအသီးသီးမှ အစိုးရ အရာရှိများဖြစ်ကြောင်း၊ တရားစီရင်ရေး အာဏာနှင့် အဓိက သက်ဆိုင်သူ များမှာ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုတရားလွှတ် တော်ချုပ် တရားသူကြီးများ၊ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် နှင့် တရားသူကြီးများ အပါအ၀င် အခြားသော တရားရေးအရာရှိများ အားလုံးဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ခုနှစ်)အရ သိရသည်။
နိုင်ငံတော် အချုပ်အခြာအာဏာ ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာတို့ကို အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်း တို့ပြုကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၁၁(က)တွင် ပြဋ္ဌာန်းထားသည် ဖြစ်ရာ ဥပဒေပြုရေး အာဏာနှင့် အဓိက သက်ဆိုင်သူများမှာ လွှတ် တော်ကိုယ်စားလှယ်များဖြစ်သည်ဟု ဆိုသော်လည်း အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာတို့ကို လွှတ်တော် အစည်းအဝေးများမှ တစ်ဆင့် ထောက်ပြဝေဖန်ရမည့် အရေးအပါဆုံး သူများ ဖြစ်နေသည်။
လွှတ်တော်တွင် အဓိကတာဝန်ကြီး နှစ်ရပ်ရှိကြောင်း၊ ယင်းတို့မှာ ဥပဒေပြုရေး တာဝန်၊ လွှတ်တော်၊ အစိုးရအဖွဲ့၊ တရားရေးအဖွဲ့တို့ အပြန်အလှန် ထိန်းကျောင်းမှု reciprocal control of check and balance လုပ်နေရေးပင်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၂၀၁၁ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်လမ်းရှိရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေး ခန်းမ၌ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရှိ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများအား တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့ကြောင့်ပြည်သူများ အနေဖြင့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အပါအ၀င် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ်များနှင့် ၀န်ကြီး များအပေါ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ စွပ်စွဲပြစ်တင်နိုင်သည့် အချက်ငါးချက်နှင့် ပတ်သက်၍ စွပ်စွဲပြစ် တင်စရာကိစ္စရပ်များ ပေါ်ပေါက်လာပါက လွှတ်တော်ကိုယ်စားလှယ်များ သိရှိစေရန် ဆောင်ရွက်နိုင်ရန်မှာလည်း များစွာအရေးပါကြောင်း ဥပဒေ ပညာရှင်တစ်ဦးက အကြံပြုခဲ့သည်။
“ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တရားစီရင်ရေးစနစ်ကို check and balance လုပ်ပေးနိုင်တာ လွှတ်တော်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် တိုင်း ဒေသကြီးလွှတ်တော်တွေဟာ ဒီတာဝန် ကိုအများဆုံးယူသင့်ပါတယ်။ အခု ခန့်အပ်တဲ့ တိုင်းဒေသကြီး တရား လွှတ်တော် တရားသူကြီးတွေ အထဲမှာ ယခင်စနစ်ဟောင်းက အငွေ့အသက် မကင်းတဲ့ အဂတိတရားလိုက်စားနေ ဆဲဖြစ်တဲ့ တရားသူကြီးတွေ ပါဝင်တဲ့ အတွက် နစ်နာနေဆဲ ပြည်သူတွေရဲ့ နစ်နာမှုတွေကို လွှတ်တော်ကကြား နာပြီးစွပ်စွဲပြစ်တင်တာတွေလုပ်သင့် ပါတယ်။ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေထဲမှာရှေ့နေတွေ ပါဝင်ပြီး တရားရုံးအဆင့်ဆင့် မည် သို့မည်ပုံ လာဘ်ယူနေကြတယ်၊ တရားသူကြီးအဆင့်ဆင့်က မလျော် သြဇာသုံးပြီးအမှုကိုစီရင်ဆုံးဖြတ်နေ ကြတယ်ဆိုတာ လက်တွေ့သိရှိပြီး ဖြစ်တဲ့အတွက် လွှတ်တော်က တရား သူကြီးတွေကို စွပ်စွဲပြစ်တင်လုပ်တဲ့ အခါ တိတိကျကျလုပ်နိုင်မှာ ဖြစ်ပါ တယ်။ အထူးသဖြင့် ရန်ကုန်တိုင်း ဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီး လိုမျိုးမှာ စပြီး တရားစီရင်ရေးကို ထိန်းကျောင်းကြားနာမယ့် ကော်မတီ ဖွဲ့ပြီး ပြည်သူတွေရဲ့နစ်နာမှုတွေကို ဖော်ထုတ်သင့်ပါတယ်”ဟုဥပဒေ ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။



တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် တွေမှာလည်း ပြည်သူတွေရဲ့ အသံတွေကို တင်ပြနိုင်တဲ့၊ ပြည်သူတွေရဲ့ဆန္ဒကို ထင်ဟပ်နိုင်တဲ့ မေးခွန်းနဲ့အဖြေကဏ္ဍကို ထည့်သွင်း လုပ်သင့်ပါတယ်။ ဘာလို့ လဲဆိုတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေက ပြည်သူတွေနဲ့ အနီးစပ်ဆုံးဖြစ်လို့ပါ။ နောက်ပြီး တရားစီရင်ရေးကဏ္ဍကို ပြောရမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ တရား စီရင်ရေးကဏ္ဍကို စောင့်ကြည့်ဖို့ လုံးဝတာဝန်ရှိပါတယ် . . .
“တစ်နိုင်ငံလုံးမှာရှိတဲ့ ကိစ္စ အားလုံးကို လွှတ်တော် ကိုယ်စားလှယ် တွေက အတိအကျ မသိနိုင်ပါဘူး။ ဒါကြောင့် ပြည်သူတွေအနေနဲ့ စွပ်စွဲ ပြစ်တင်ချင်စရာရှိလာရင် သက်ဆိုင် ရာပါတီတွေကနေတစ်ဆင့် လွှတ်တော် ကိုယ်စားလှယ်တွေသိရှိအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ လွှတ် တော်ကိုယ်စားလှယ်တွေက သိရှိမှ စွပ်စွဲပြစ်တင်မှုကို လွှတ်တော်မှာ တင်ပြနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် လည်း ဒီမိုကရေစီအကျဆုံး၊ လွတ်လပ်ပြီး ပြောရေးဆိုခွင့်အရှိဆုံး၊ စည်းကမ်းအရှိဆုံး နိုင်ငံရေးစနစ် တစ်ခုကို အားယူပြောင်းလဲနေတဲ့ ကျွန်တော်တို့ နိုင်ငံအတွက် အခု ကျင်းပမယ့် လွှတ်တော် အစည်းအဝေး တွေဟာ ပြည်သူတွေအတွက် များစွာ အရေးပါပြီး ကိုယ်စားလှယ်တွေက လည်း ပြည်သူတွေလိုအပ်ချက်တွေ ကို ဒီမိုကရေစီကျကျ ကိုယ်စားပြု တင်ပြ အဆိုတင်သွင်းနိုင်ဖို့ ပြည်သူ တွေကမျှော်လင့်နေတာဖြစ်ပါတယ်” ဟု နိုင်ငံရေး လေ့လာသူတစ်ဦးက ဆိုပါသည်။
“ဒီမိုကရေစီဆိုတာ ပေးလို့ရ တာမျိုးမဟုတ်ဘဲ၊ ဒီမိုကရေစီ ကျင့် စဉ်တွေကို လက်တွေ့ကျင့်သုံးရတာ ဖြစ်တဲ့အတွက် လွှတ်တော်အဆင့် ဆင့်မှ ကျင့်စဉ်တွေကိုစတင်ကျင့်သုံး သင့်ပါတယ်။ ဒီတစ်ခေါက် လွှတ် တော်မှာ အုပ်ချုပ်ရေးမဏ္ဍိုင်တစ်ခု တည်းကိုပဲ ဝေဖန်ထောက်ပြတာမျိုး မဟုတ်ဘဲ တရားစီရင်ရေးမဏ္ဍိုင်ကို လည်း ဝေဖန် ထောက်ပြစေချင်ပါ တယ်။ ဥပဒေရဲ့အထက်မှာ ဘယ်သူ မှမရှိစေရ ဆိုပေမယ့် တရားသူကြီး တချို့ဟာ ခုထိ ဥပဒေအထက်မှာ ရှိပြီး ဥပဒေကို လက်တစ်လုံးကြား လုပ်နေတယ်။ တရားရေးဆိုင်ရာ မကျွမ်းကျင်မှုတွေ၊ လာဘ်ပေး လာဘ်ယူမှုတွေကြောင့် ပြည်သူတွေ ဟာနစ်နာခံစားနေရဆဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရား စီရင်ရေးစနစ်မှာအားနည်းချက်ရှိနေ တာ၊ တရားသူကြီးတွေကို အခွင့် အာဏာ အလွန်အကျွံ ပေးထားတာ တွေကို ပြင်ဆင်စေချင်ပါတယ်။ ဂျူရီစနစ်မရှိတဲ့ အတွက် အဂတိတရား လိုက်စားမှုတွေ၊ ငါတကောကော နေနိုင်တာတွေကိုလည်း စိစစ်ဝေဖန် သုံးသပ်စေချင်ပါတယ်။ တရားရေး မဏ္ဍိုင်က တရားသူကြီးတွေကို ဒီထက်ပိုပြီး ထိန်းကျောင်းနိုင်မယ့် ဥပဒေတွေကိုလည်း ပြဋ္ဌာန်းစေ ချင်ပါတယ်။ အခုလွှတ်တော်နှစ်ရပ် သာမဟုတ်ဘဲ တိုင်းဒေသကြီးလွှတ်တော်တွေ အားလုံးမှာလည်း ပြည်သူတွေ နစ်နာခံစားနေရတဲ့ တရားရေး ဆိုင်ရာကိစ္စတွေကို လွှတ်တော်ကိုယ် စားလှယ်အသီးသီးက ဝေဖန်ထောက်ပြ စေချင်ပါတယ်။ မဏ္ဍိုင်သုံးရပ်က သီးခြားစီရပ်တည်ရမှာ ဖြစ်ပေမယ့် ပြည်သူတွေကို တိုက်ရိုက်နစ်နာစေတဲ့  တရားစီရင်ရေးစနစ်ကို ကျယ်ကျယ် ပြန့်ပြန့် ဝေဖန်ဆွေးနွေးပေးကြဖို့ ဥပဒေပြုမဏ္ဍိုင်နဲ့ သတင်းမီဒီယာ မဏ္ဍိုင်ကို တိုက်တွန်းပါတယ်”ဟု Eleven Media Group မှ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။
“ Eleven Media Group  အပါအ၀င် သတင်းမီဒီယာတွေနဲ့ ပတ်သက်တဲ့အမှုတွေ အားလုံးကို အရှုံးပေး ဆုံးဖြတ်ခဲ့တာတွေကို လွှတ်တော် ကိုယ်စားလှယ်တွေ လေ့လာကြည့်ရင် သတင်းမီဒီယာတွေကို ကာကွယ် တဲ့ ဥပဒေစီရင်ထုံး၊ ဥပဒေရှိသင့်တယ်ဆိုတာ သဘောပေါက်မှာ ဖြစ်ပါတယ်။ အသရေဖျက်မှုနဲ့ ပတ်သက်တဲ့ တရားစီရင်မှုတွေ၊ စီရင်ထုံးတွေ၊ တရားရုံးမထေမဲ့မြင်ပြုမှုနဲ့ ပတ်သက်တဲ့ စီရင်ထုံးတွေ လေ့လာကြည့်ရင် သတင်းမီဒီယာတွေ အတွက် လုံလောက်တဲ့ တရားဥပဒေကာကွယ်မှု မရှိဘူးဆိုတာ သိသာပါတယ်။ ကျွန် တော်တို့  Eleven Media Group   ဟာ ငါးနှစ်တာကာလအတွင်းမှာ တရားရုံး အဆင့်ဆင့်နဲ့ ပတ်သက်ပြီး အတွင်း ကျကျ (Investigative Reporting) ရယူထားပြီး အတွေ့အကြုံ ရှိထားပါတယ်။ တရားစီရင်ရေးမှာ ပတ်သက်ပါဝင်သူ အဆင့်ဆင့်က ပြည်သူလူထုအပေါ် ပြုမှုဆက်ဆံတာမျိုး တွေကို အချိန်မီ ထိန်းသိမ်းဖို့ လိုအပ်တဲ့အတွက် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေမှာ အခြေခံဥပဒေအရ အပ်နှင်းထားတဲ့ အာဏာအပြည့် အ၀ရှိဖို့လိုပါတယ်။ ဥပဒေမဲ့ ဖမ်းဆီးမှုတွေ၊ ဥပဒေကိုမျှော့ကြိုးလို သုံးစွဲ မှုတွေ၊ အမှုဆင်မှုတွေကို တခြားလူ မပြောနဲ့ ကျွန်တော်ကိုယ်တိုင် ခံစားဖူးတာ ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခွင့်အရေးနဲ့အညီ ပြည်သူလူထုကို အကာအကွယ်ပေးဖို့ သတင်းမီဒီယာတွေသာမက ဘဲ လွှတ်တော် အဆင့်ဆင့်ပါ တာဝန်ယူ ပေးကြဖို့ တိုက်တွန်းတာပါ”ဟု Eleven Media Group  မှ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြော ကြားခဲ့သည်။
နေပြည်တော်တွင် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ကျင်းပခဲ့ သည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်ပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့၌ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ကျင်းပပြီးစီးခဲ့သည့် လွှတ်တော် အသီးသီး၏ အစည်းအဝေးများသည် မိမိတို့ အားလုံးအတွက် ပထမဆုံး အတွေ့အကြုံများပင်ဖြစ်ပါကြောင်း၊ နောက်နောင်တွင် ပိုမိုရင့်ကျက်လာ ကြမည်ဖြစ်ပြီး ပြည်သူ၏အကျိုး စီးပွားကိုယခုထက် ပိုမိုတွင်ကျယ်စွာ ထမ်းဆောင်နိုင်ကြမည် ဖြစ်ပါကြောင်း ကိုလည်း နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
“အခုကျင်းပမယ့် လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွေမှာ ပြည်သူတွေအတွက် ပိုပြီးအောင်မြင်အောင် ဆောင်ရွက်နိုင်မယ်လို့ ယုံ ကြည်ပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးတွေထက် ပိုကောင်းမယ်လို့ ယုံကြည်ပါတယ်”ဟု လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်ရန် ပြင်ဆင်ဆောင် ရွက်နေသည့် ဒေါ်ဘောက်ဂျာက ပြောကြားခဲ့သည်။
“အခုကျင်းပမယ့် လွှတ်တော် အစည်းအဝေးတွေက မဆလခေတ် (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်)ကနဲ့ မတူဘူး။ ပါတီစုံလွှတ်တော်ဖြစ်တယ် ဆိုတော့ အဆင့်ပိုမြင့်တယ်။ ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်ပုံမှန် အစည်းအဝေးမှာက အတွေ့အကြုံက နည်းသေးတဲ့အပြင် လွှတ်တော် ကိုယ်စားလှယ်တွေကလည်း အသားမကျသေးဘူး။ အခု လွှတ်တော် ကိုယ်စားလှယ်တွေမှာ အတွေ့အကြုံလည်း ရှိလာပြီ။ လုပ်ချင်ကိုင်ချင် စိတ်လည်း ပိုများလာကြတော့  အခုကျင်းပမယ့် လွှတ်တော် အစည်းအဝေးတွေက ပိုပြီးအဆင့်မြင့်လာမယ်လို့ ထင်ပါတယ်။ နောက်ပြီး ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေး ပြီးကတည်းက ဒီမိုကရေစီပါတီတွေ က လွှတ်တော် ကိုယ်စားလှယ်တွေဟာ ပြည်သူတွေရဲ့အသံကို လိုက်စုပြီးလာမယ့် လွှတ်တော် အစည်းအဝေးတွေ မှာ ပြည်သူတွေရဲ့အသံကို ထင်ဟပ် နိုင်မယ့် အကြောင်းအရာတွေကို တင်ပြဖို့ ပြင်ဆင်ထားကြပါတယ်။ ဒါကြောင့် လာမယ့် လွှတ်တော် အစည်းအဝေးတွေမှာ ပြည်သူတွေရဲ့အသံတွေ ပိုမိုထင်ဟပ် ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောကြားခဲ့သည်။
“ပထမ အစည်းအဝေးကတော့ မီးဖိုတည်လိုက်တဲ့ သဘောပါပဲ။ ဖိုခနောင့်တွေ ဆိုင်လိုက်တယ်။ အလုပ် လုပ်ဖို့အတွက်အဖွဲ့တွေဖွဲ့ခဲ့ကြတယ်။ အခု ဒုတိယ အစည်းအဝေးကတော့ တကယ် အလုပ်လုပ်တော့မယ့် လွှတ်တော်လို့ ယူဆပါတယ်။ ပြည်သူတွေကလည်း ဒီမိုကရေစီကျကျ ဆွေးနွေးနိုင်မယ့် လွှတ်တော် အစည်းအဝေးလို့ ယုံကြည်နေကြတယ်။ မျှော်လင့်နေ ကြတယ်။ စိတ်ဝင်စားမှုလည်းရှိနေ ကြပါတယ်။ ပြည်သူတွေဘက်က တော့ အခု လက်ရှိ အခြေအနေကို အားမလို အားမရ ဖြစ်နေတာတွေ ရှိတယ်။ ဆန္ဒစောတာတွေရှိနေတယ်။ ဒီလိုတွေ ရှိနေတာကြောင့်ပဲ အခုလုပ်မယ့် အစည်းအဝေးကို ပိုမျှော်လင့်နေကြတာ ဖြစ်ပါတယ်။ အစိုးရ အဖွဲ့သစ်က သူတို့လုပ်နိုင်တာတွေ ထက် ပိုလုပ်ဖို့ကြိုးစားနေတာကို ကျေးဇူးတင်ပါတယ်။ ဟိုဟာတွေ လျှော့ပေးနေတယ်၊ ဒီဟာတွေ လျှော့ပေးနေတယ်။ ဒီအရာတွေက ကျေးဇူးတင်စရာတွေပါ။ ဒါပေမယ့် အဲဒါတွေနဲ့ မလုံလောက်သေးပါဘူး။ တကယ့်အပိုင်းတွေ ရှိနေသေးပါတယ်။ ဒီအပိုင်းတွေကို အခု လုပ်မယ့် အစည်းအဝေးကစပြီး အစိုးရအဖွဲ့သစ်က တစ်ဆင့်ချင်း လုပ်ဆောင်သွားနိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု တရားလွှတ်တော် ရှေ့နေဦးသန်းမောင်(စစ်တွေ) က ပြောကြားခဲ့သည်။
“ပြည်သူတွေ မျှော်လင့်တာနဲ့ မခြား ကျွန်တော်တို့ကလည်း ပိုပြီး မျှော်လင့်ထားပါတယ်။ ဒုတိယ အစည်းအဝေးမှာ ဒီမိုကရေစီကျကျ ပိုပြီး ဆွေးနွေးလာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ပထမ အစည်းအဝေးတုန်းကလည်း ကျွန်တော်တို့ ကိုယ်တိုင် တော်တော်လေး အံ့သြမိပါတယ်။ ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီး ဆွေးနွေးခွင့်ရခဲ့လို့ပါ။ အဲဒီတုန်းကဆိုရင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးရော၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးရော ပြောခဲ့တာရှိပါတယ်။ အားလုံးဟာ အခုမှစတာဖြစ်တဲ့အတွက် သင်ကြားရင်းနဲ့လုပ် ဆောင်သွားကြမယ်ဆိုတာပါ။ ပထမ အစည်းအဝေးမှာတော့ လွတ်လွတ် လပ်လပ်ပဲ ကျွန်တော်တို့ တင်သမျှ အဆိုတွေကို ဆွေးနွေးခွင့်ရခဲ့ပါတယ်။ အခု ဒုတိယ အစည်းအဝေးမှာတော့ ပထမအကြိမ်ကထက်ပိုပြီးတော့ နှစ် ပေါင်း ၅၀ အတွင်း ဒီမိုကရေစီ အခွင့်အရေးနဲ့အညီ အပြည့်အ၀ ဆွေးနွေးခွင့်ရမယ့် လွှတ်တော်အစည်းအဝေး ဖြစ်လာလိမ့်မယ်လို့ ယုံကြည် မျှော်လင့်ပါတယ်”ဟု လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က ပြောကြားခဲ့သည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ မှာ ပေးထားတဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ ထုတ်ဖော်ခွင့်ရေးသား ခွင့်၊ အဲဒီမှာစတုတ္ထမဏ္ဍိုင်ကိုပဲ နိုင်ငံတော် သမ္မတကအစ လွှတ်တော် ဥက္ကဋ္ဌအဆုံး အသိမှတ်ပြုလာတဲ့ ကာလပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စကားလုံးအရ စာရွက်ပေါ်မှာရေးသားထားတာ မဟုတ်ဘဲနဲ့ တကယ်အသက်ဝင်နေတယ်ဆိုတာ ပြဖို့ အတွက် အခြေခံဥပဒေဆိုင်ရာ ကနေ ကျွန်တော်တို့ ဆောင်ရွက်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မီဒီယာကို ကွပ်ကဲနိုင်တဲ့ စာနယ်ဇင်းကောင် စီလို၊ သတင်းမီဒီယာ သမားတွေကို ကာကွယ်ပေးတဲ့ဥပဒေ ကျွန်တော်တို့နိုင်ငံမှာ လိုပါတယ်။ ကျွန်တော် တို့ အခုဝန်ထမ်း တစ်ယောက်ကို တရားစွဲမယ်ဆိုရင် ပြည်ထဲရေးဝန်ကြီး ဌာနက ခွင့်ပြုချက်ယူရမယ်ဆိုပြီး သတ်မှတ်ထားတဲ့ ပြစ်မှုတွေ ရှိပါတယ်။ အဲဒီလိုပဲပေါ့ ဂျာနယ်လစ် တစ်ယောက်ဖြစ်ဖြစ်၊ စာရေးဆရာ တစ်ယောက်ကိုဖြစ်ဖြစ် တရားစွဲမယ်ဆိုရင် သက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ ခွင့်ပြုချက် တောင်းခံတာတို့၊ ညှိနှိုင်း ပေးတာတို့။ အခုကျွန်တော်တို့ ဥပဒေမှာမရှိတဲ့အခါကျတော့  ဥပဒေပေါ်လာဖို့ လိုအပ်ပါတယ်”ဟု ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ Parkroyal Hotel  တွင် Hot News Journal ကပြုလုပ်ခဲ့သည့် SSC  ၀န်ဆောင်မှုအပေါ် ရေးသားခဲ့သော သတင်းဆောင်းပါးနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားခဲ့ပါသည်။
“လာမယ့် လွှတ်တော် အစည်းအဝေးတွေမှာ ပြည်သူတွေရဲ့အသံကို ထင်ဟပ်စေမယ့်၊ ပြည်သူတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်မယ့် အဆိုတွေ၊ ဥပဒေကြမ်းတွေ တင်သွင်းဆွေးနွေး သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြည်သူတစ်ဦးက ပြောကြားခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး ဗဟန်း မြို့နယ် မဲဆန္ဒနယ်(၂) လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း က “ဒီမိုကရေစီလမ်းကို တကယ်လျှောက်ရင် မြိုင်မြိုင်ဆိုင်ဆိုင်လေး လုပ်ကြသလို၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် တွေမှာလည်း ပြည်သူတွေရဲ့အသံတွေကို တင်ပြနိုင်တဲ့၊ ပြည်သူတွေရဲ့ဆန္ဒကို ထင်ဟပ်နိုင်တဲ့ မေးခွန်းနဲ့အဖြေကဏ္ဍကို ထည့်သွင်းလုပ်သင့်ပါတယ်။ ဘာလို့ လဲဆိုတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေက ပြည်သူတွေနဲ့ အနီးစပ်ဆုံးဖြစ်လို့ပါ။ နောက် ပြီး တရားစီရင်ရေး ကဏ္ဍကို ပြောရမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ် တွေအနေနဲ့ တရားစီရင်ရေး ကဏ္ဍကို စောင့်ကြည့်ဖို့ လုံးဝတာဝန်ရှိပါတယ်။ ကျွန်မကိုယ်တိုင်လည်း တရားစီရင်ရေးနဲ့ ပတ်သက်လို့ စောင့်ကြည့်တင်ပြ သွားဖို့ရှိပါတယ်”ဟု ပြောကြားခဲ့ သည်။
ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တရားသူကြီးများအား စွပ်စွဲပြစ်တင်နိုင်သည့် အကြောင်းအရာငါးချက်
-         နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း
-         ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း
-         အကျင့်သိက္ခာ ပျက်ပြားခြင်း
-         ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားသူကြီးများ၏ အရည်အချင်းပျက်ယွင်းခြင်း
-         ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်း
ထူးခြားချက်- ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တရားသူကြီးများအား  ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များကသာမက နိုင်ငံတော်သမ္မတကပါ စွပ်စွဲပြစ်တင်နိုင်ပြီး ထိုသို့ စွပ်စွဲ ပြစ်တင်ရန် လွှတ်တော် ကိုယ်စားလှယ်များ၏ တင်ပြချက်နှင့် ထောက်ခံချက် မလိုအပ်ကြောင်း သိရသည်။

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Mr. Tomas Ojea Quintana) ဟာ ဒီကနေ့မနက် ရန်ကုန်ကိုရောက်ပြီး ညနေပိုင်းမှာတော့ မြန်မာအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေး ၀န်ကြီးတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ မစ္စတာ ကင်တားနားဟာ ဒီကနေ့ သြဂုတ်လ ၂၁ ရက် တနင်္ဂနွေနေ့ကနေ လာမယ့် သြဂုတ်လ ၂၅ ရက် ကြာသပတေးနေ့အထိ နေထိုင်သွားမယ့် မြန်မာပြည် ခရီးစဉ်တွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိသလို ဒါဟာ အရပ်သားအစိုးရ ပြောင်းအပြီးမှာ လူအခွင့်အရေး အခြေအနေတွေကို ပထမဆုံး  လာရောက်လေ့လာတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မစ္စတာ ကင်တားနားဟာ ဒီကနေ့မနက် ၈ နာရီ ၅၀ က ရန်ကုန်ကို ရောက်ခဲ့အပြီး နေပြည်တော်ကို တိုက်ရိုက်သွားခဲ့ရာ ညနေ ၄ နာရီမှာတော့ မြန်မာအစိုးရအဖွဲ့က နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ပထမဦးဆုံး တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုနဲ့အတူ ဒု-ရဲချုပ်တို့နဲ့ ထပ်မံတွေ့ဆုံပြီး အခုညပိုင်းမှာတော့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ချုပ်ရဲ့ ညစာစားပွဲကို မစ္စတာ ကင်တားနား တက်ရောက်ခဲ့ပါတယ်။ မနက်ဖြန် မစ္စတာ ကင်တားနားဟာ နောက်ထပ် အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ ထပ်မံတွေ့ဆုံဖို့ရှိတယ် ဆိုပေမဲ့ ဘယ်သူတွေနဲ့ အတိအကျ တွေ့မယ် ဆိုတာကိုတော့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးက အတည်ပြု ပြောဆိုတာ မရှိသေးပါဘူး။
တခါ မနက်ဖြန်မှာ ဒုတိယအကြိမ်အဖြစ် ကျင်းပမယ့် လွှတ်တော်အစည်းအဝေးကို လေ့လာသူ အနေနဲ့ မစ္စတာ ကင်တားနား တက်ရောက်မယ်လို့ ကုလသမဂ္ဂက သူ့ခရီးစဉ်နဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားသလို မစ္စတာ ကင်တားနားဟာ သြဂုတ်လ ၂၃ ရက် အင်္ဂါနေ့ကျမှ နေပြည်တော်ကနေ ရန်ကုန်ကို ပြန်မှာမို့ မနက်ဖြန် လွှတ်တော်အစည်းအဝေးထဲကို သွားနိုင်တယ်လို့လည်း အတော်များများက ခန့်မှန်းနေကြပါတယ်။
လာမယ့် သြဂုတ်လ ၂၄ ရက် ဗုဒ္ဓဟူးနေ့မှာတော့ ရန်ကုန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ပါ မစ္စတာ ကင်တားနား တွေ့ဆုံဖို့ စီစဉ်ထားသလို NLD ပါတီရဲ့ ရှေ့နေအဖွဲ့နဲ့လည်း သီးသန့် ထပ်မံတွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲဒီမှာ NLD ပါတီက ရှေ့နေတွေ ပြုစုထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းကို မစ္စတာ ကင်တားနားနဲ့ ဆွေးနွေးတင်ပြဖို့ ရှိတယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ကျနော်တို့ အနှစ် ၂၀ ကျော် လူ့အခွင့်အရေး ချိုးဖောက်ခံရတာ အားလုံးပါတယ်လို့တော့ ကျနော် အာမ မခံဘူး။ NLD ပါတီပေါ်မှာ ဖိနှိပ်ခဲ့တာတွေနဲ့ ပတ်သက်တာ၊ NLD ပါတီကို ဖြိုခွင်းဖို့ ကြိုးစားတာတွေနဲ့ ပတ်သက်တာ အဲဒါတွေကိုတော့ ရှင်းပြပါမယ်။ တိုင်းရင်းသားကိစ္စကလည်း သီးခြား ဖြစ်ပါလိမ့်မယ်။ မစ္စတာ ကင်တားနားက ဒီကိုမလာခင် သူ အစီရင်ခံစာတစောင် တင်ပါတယ်။
“အဲဒီ တင်တဲ့ အစီရင်ခံစာမှာ မြန်မာပြည်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတော် ပြည့်ပြည့်စုံစုံ ပါတယ်လို့ ကျနော်သိတယ်။ အဲဒီလို ပြည့်ပြည့်စုံစုံ Report လုပ်နေတဲ့ ပုဂ္ဂိုလ်ကို လက်ရှိအစိုးရက ၀င်ခွင့်ပေးတယ်၊ တွေ့ခွင့်တွေပေးတယ် ဆိုတာဟာ လက်ရှိအစိုးရ အနေနဲ့လည်း ပြုပြင်ပြောင်းလဲမှုအတွက် အဆင်သင့် ဖြစ်နေတယ်လို့ အဲဒီလိုမြင်ရင် ရပါတယ်။”
NLD ပါတီက ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက မစ္စတာ ကင်တားနားနဲ့ တွေ့မယ့် အစီအစဉ်ကို ပြောပြခဲ့တာ ဖြစ်ပါတယ်။
ဒီရက်တွေအတွင်း မြန်မာနိုင်ငံထဲမှာ တိုးတက်မှု ရှိတယ်ဆိုတဲ့ နိုင်ငံရေး မြင်ကွင်းတွေ တွေ့ရတယ်လို့လည်း သုံးသပ်နေကြပါတယ်။ ဒါကလည်း  မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် တွေ့တာ၊ တခါ ဒေါ်အောင်ဆန်းစုကြည်က အစိုးရ ဦးစီးကျင်းပတဲ့ ဆွေးနွေးပွဲကို သွားခဲ့တာတွေဟာ ကောင်းတဲ့ဘက်ကို ဦးတည်နေတဲ့ အလားအလာတွေလို့ ဆိုနေကြတာပါ။
ဒါ့ကြောင့် အခု မြန်မာနိုင်ငံ ရောက်နေတဲ့ မစ္စတာ ကင်တားနားကို အရင် စစ်အစိုးရ လက်ထက်ကလို မဟုတ်ဘဲ လွတ်လွတ်လပ်လပ် ပိုပြီး သွားလာ လေ့လာခွင့်ရှိဖို့ လိုမယ်လို့ CRPP အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသလို သူတို့နဲ့ မစ္စတာ ကင်တားနား တွေ့ဖြစ်မယ် ဆိုရင်လည်း နိုင်ငံရေး အကျဉ်းသားတွေရဲ့ ထောင်တွင်း အခြေအနေတွေ၊ လက်ရှိ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြောပြဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။
“နယ်စပ်ဒေသပေါ့၊ တိုင်းရင်းသား ဒေသတွေအထိ သွားနိုင်လိမ့်မယ်လို့တော့ ကျနော် မျှော်လင့်မထားပါဘူး။ အများဆုံး သွားခွင့်ပေးမယ်ဆိုရင် နိုင်ငံရေး အကျဉ်းကျနေတဲ့ အကျဉ်းသားတွေနဲ့ တွေ့ခွင့်ပေးတာမျိုး၊ အကျဉ်းထောင် အချို့ကို သွားခွင့်ပေးတာမျိုးလောက်ပဲ သွားခွင့်ရလိမ့်မယ်လို့ ထင်ပါတယ်။”
CRPP အဖွဲ့ အတွင်းရေးမှူး ဦးအေးသာအောင် ပြောပြခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ သြဂုတ်လ ၂၁ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ၅ ရက်ကြာ ခရီးစဉ်အတွင်း မစ္စတာ ကင်တားနားဟာ တခြား နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားအဖွဲ့တွေ၊ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှု အဖွဲ့တွေနဲ့ တွေ့မယ် ဆိုတာမျိုးကိုတော့ ဒီနေ့ထိ ဘယ်အဖွဲ့ကိုမှ အကြောင်းကြားတာ မရှိသေးပါဘူး။ ဒါကလည်း ဒီနေ့ဟာ တနင်္ဂနွေနေ့ ရုံးပိတ်ရက် ဖြစ်တာမို့ မနက်ဖြန် တနင်္လာနေ့မှာ သိနိုင်စရာ ရှိတယ်လို့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ခေါင်းဆောင် ဒေါက်တာ သန်းငြိမ်းက ခန့်မှန်းပါတယ်။
“ဒီနေ့အထိတော့ အကြောင်းမကြားသေးပါဘူး။ အခု လုပ်ရကိုင်ရတာ အများကြီး ကျနော်တို့အတွက် လုပ်သာကိုင်သာရှိတယ် ဆိုတာတော့ အားလုံး သိတဲ့အတိုင်းပါပဲ။ ဒါကို မေးလာရင်လည်း ဒီအတိုင်းပဲ ကျနော်တို့ ပြောမှာပါ။ ဖြစ်နေတဲ့ ကိစ္စမျိုးမှာ ဒါကတော့ ရပ်သင့်တယ်၊ ဒီပြဿနာမျိုးဟာ အေးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းသွားသင့်တယ်၊ ဒီလောက်ပဲ ကျနော်တို့ ပြောလို့ရမယ်။
“အခုလက်ရှိ အခြေအနေမျိုးကို ကျနော်တို့ အားလုံးပေါ့၊ သက်ဆိုင်သူ အားလုံး၊ ဆိုလိုတာက ကျနော်တို့ နိုင်ငံရေးပါတီတွေ အပါအ၀င် တခြား နိုင်ငံရေး အင်အားစုတွေရော၊ အာဏာပိုင် အဖွဲ့အစည်းများကရော၊ အစိုးရပိုင်းကရော နားလည်မှု တည်ဆောက်နေတဲ့ သဘောထားမျိုးကို ဆက်ပြီးတော့ သယ်ဆောင်သွားနိုင်မယ် ဆိုရင်တော့ ကျနော်ထင်ပါတယ်၊ နိုင်ငံရေး အကျဉ်းသား ပြဿနာကလည်း ဖြေရှင်းသွားနိုင်ပါလိမ့်မယ်။”
NDF ပါတီက ဒေါက်တာ သန်းငြိမ်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ အရင် စစ်အစိုးရ လက်ထက်က မြန်မာနိုင်ငံကို ၃ ကြိမ် လာခဲ့ဖူးသလို သူ့ရဲ့ နောက်ဆုံးခရီးစဉ်ဖြစ်တဲ့ ၂၀၁၀ ဖေဖော်ဝါရီလ အပြီးမှာတော့ စစ်ခေါင်းဆောင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင်တခုဖွဲ့ပြီး စုံစမ်းဖို့ မစ္စတာ ကင်တားနားက လူ့အခွင့်အရေး ကောင်စီကို အကြံပြုထားတာလည်း ဖြစ်ပါတယ်။

Source : VOA 

 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana မြန်မာနိုင်ငံသို့ ရောက်ရှိ

 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana သည် မြန်မာနိုင်ငံသို့ သြဂုတ်လ ၂၁ ရက်နေ့က ရောက်ရှိလာခဲ့ကြောင်း သတင်းဖော်ပြချက်များ အရ သိရသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana သည် မြန်မာနိုင်ငံတွင် ရှိနေစဉ် အတွင်း အစိုးရ၏ ပြည်ထောင်စုဝန်ကြီးများ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် သက်ဆိုင်သူ အားလုံးနှင့် တွေ့ဆုံရန်
စီစဉ်ထားကြောင်း သိရသည်။

၎င်းသည် မြန်မာနိုင်ငံသို့ ၂၀၀၈ ခုနှစ် သြဂုတ်လက ပထမဆုံး လာရောက်ခဲ့ပြီး သုံးကြိမ် လာရောက်ခဲ့ဖူးကာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် အဖြစ် ၂၀၀၈ ခုနှစ် မေလမှစ၍ စတင် ဆောင်ရွက်နေသည်။ Tomás Ojea Quintana နောက်ဆုံး လာရောက်ခဲ့သော မြန်မာနိုင်ငံ ခရီးစဉ်မှာ ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့ အထိ ဖြစ်သည်။
Profile
အမည် - Tomás Ojea Quintana
လူမျိုး - အာဂျင်တီးနား
အခြား - မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် အဖြစ် ၂၀၀၈ ခုနှစ် မေလမှစ၍ စတင် ဆောင်ရွက်နေသည်။ ရှေ့နေ။ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဆောင်ရွက်ခဲ့သည်မှာ ၁၄ နှစ်ကျော်ပြီဖြစ်။

Saturday, 20 August 2011

ဒေါ်အောင်ဆန်းစုကြည် အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်ပြီး ရန်ကုန်ပြန်

ချင်းမိုင် (မဇ္ဈိမ)။     ။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စနေနေ့ နံနက်က နေပြည်တော်မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ပြုလုပ်သော အမျိုးသားအဆင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ရန်ကုန်သို့ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။




သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ပြုလုပ်သော နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့သည်။ ဓာတ်ပုံ- မဇ္ဈိမ။
သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ပြုလုပ်သော နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့သည်။ ဓာတ်ပုံ- မဇ္ဈိမ။

သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေး ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ပြုလုပ်သော နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့သည်။ ဓာတ်ပုံ- မဇ္ဈိမ။ သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေး ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ပြုလုပ်သော နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့သည်။ ဓာတ်ပုံ- မဇ္ဈိမ။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ စီးပွားရေး အကြံပေး ဒေါက်တာ ဦးမြင့်နှင့် ပြည်ထောင်စုဝန်ကြီးများ စနေနေ့ သြဂုတ်လ ၂ဝ ရက်၊ ၂ဝ၁၁ ခုနှစ်တွင် နေပြည်တော် MICC တွင် စကားလက်ဆုံ ကျနေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေး ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ပြုလုပ်သော နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့သည်။ သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေး ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ပြုလုပ်သော နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့သည်။ ဓာတ်ပုံ- မဇ္ဈိမ။ သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေး ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ပြုလုပ်သော နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့သည်။ ဓာတ်ပုံ- မဇ္ဈိမ။


နံနက် ၉  နာရီမှ စတင်၍ သူ၏ မိတ်ဆွေ သမ္မတ၏ စီးပွားရေး အကြံပေး ဦးမြင့်တို့နှင့်အတူ အလုပ်ရုံ ဆွေးနွေးပွဲသို့ ၁ နာရီ တက်ရောက်ခဲ့သည်။ ယခု သတင်းပေးပို့ချိန်တွင် ဒေါ်အောင်ဆန်းစုကြသည် အစိုးရ၏ လုံခြုံရေး အစီအစဉ်ဖြင့်ပင် ရန်ကုန်သို့ ပြန်လည် ထွက်ခွာသွားပြီဟု သိရသည်။


ဆွေးနွေးပွဲ ခေတ္တ ရပ်နားချိန်တွင် ပြည်ထောင်စု ဝန်ကြီးများနှင့်အတူ နိုင်ငံ့ရေးရာများ ပြောဖြစ်ခဲ့ကြသည်ဟု သတင်းရပ်ကွက်တခုက ပြောသည်။ ဝန်ကြီးများ ထွက်ခွာသွားချိန်တွင် စီးပွားရေး လုပ်ငန်းရှင်များဖြစ်သော ဦးအောင်ကိုဝင်း၊ ဦးထွန်းမြင့်နိုင်နှင့် ဦးဇော်ဇော်တို့နှင့် စကားလက်ဆုံ ကျခဲ့သည်။ ထို့အပြင် စီးပွားရေး လုပ်ငန်းရှင်များက ဓာတ်ပုံအတူ တွဲရိုက်ရန် တောင်းဆိုရာ ဓာတ်ပုံရိုက်ခဲ့သည်။

သောကြာနေ့က သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သမ္မတ အိမ်တော်ရုံးခန်းတွင် ပထမဆုံး အကြိမ်အဖြစ် ဆွေးနွေးခဲ့ကြသည်။

မတူကွဲပြားချက်များကို ဘေးဖယ်လျက် "နိုင်ငံနှင့် ပြည်သူလူထု အတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများမှ ပူးပေါင်း ဆောင်ရွက်မည့် အလားအလာများအား ရင်းနှီးစွာ ဆွေးနွေးခဲ့” သည်ဟု
နိုင်ငံပိုင် MRTV-4 ရုပ်မြင်သံကြား ထုတ်လွှင့်ချက်တွင် ပါရှိသည်။

အစိုးရအဖွဲ့နှင့် တွေ့ဆုံမှု ဒေါ်အောင်ဆန်းစုကြည် အားရကျေနပ်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီးများအား တွေ့ဆုံမှုနှင့် ပတ်သက်၍ ကျေနပ်အားရမှုရှိကြောင်း ပြောဆိုသည်ဟု လုံခြုံရေး တာဝန်ယူထားသည့် ဦးခွန်သာမြင့်က ပြောသည်။






ဒေါ်အောင်ဆန်းစုကြည်ကို စီးပွားရေးအလုပ်ရုံဆွေးနွေးပွဲတွင် ယနေ့နံနက်တွေ့ရစဉ် (ဓာတ်ပုံ - AP)


ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁၁ နာရီခန့်တွင် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားပြီဖြစ်ရာ မထွက်ခွာမီ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ သွားရောက်ခဲ့သည်။

ဆွေးနွေးပွဲ ခေတ္တရပ်နားနေစဉ် ဒေါ်အောင်ဆန်းစုကြည်သည် အမှတ် (၁) နှင့် (၂) စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသိန်း၊ အလုပ်သမား ဝန်ကြီး ဦးအောင်ကြည်၊ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ် သိန်းဌေး တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ 
မည်သည့် အကြောင်းအရာများကို ဆွေးနွေးကြောင်း ဦးခွန်သာမြင့်က ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ထိုသို့ တွေ့ဆုံကြစဉ် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့နှင့်လည်း တွေ့ဆုံနှုတ်ဆက်လိုကြောင်း ပြောဆိုသည်ဟု အစိုးရအသိုင်း အ၀န်းက ပြောသည်။

သို့သော် အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ဦးခွန်သာမြင့်က မသိရှိဟု ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထိပ်တန်းခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ယခုကဲ့သို့ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ ဆွေးနွေးမှုများ မှသည် ပိုမိုကျယ်ပြန့်ပြီး အကျိုးသက်ရောက်မှု မြန်ဆန်သည့် စစ်မှန်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများကို ဆက်လက် ဦးတည်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။

“ကျနော်တို့က တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ဖို့ တလျှောက်လုံး တောင်းဆိုလာတာပါ။ အခုလို စကားပြောဖြစ်ဖို့ ဆိုတာ အတော် အချိန်ယူ ကြရတာဖြစ်တယ်။ ကျနော်ထင်တယ်၊ အကောင်းဘက်ကို ပိုသွားနေတယ်လို့ ပြောချင်တယ်” ဟု ဦးဝင်းတင်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တွေ့ဆုံမှုကို ယမန်နေ့ညက နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်သွားစဉ်တွင် “မတူကွဲလွဲချက်များကို ရှောင်ရှားပြီး တူတာတွေကို တိုင်းပြည်အကျိုးစီးပွားအတွက် လက်တွဲ လုပ်ဆောင်သွားမည်” ဟု ပြောဆိုကြေညာ သွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့၏ ယခုကဲ့သို့ ပထမဆုံး တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) မှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ နိုင်အောင်က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို မြန်မာအစိုးရဘက်က လျစ်လျူမရှုဘူးဆိုတာ ထင်ရှားတဲ့ အချက်ဖြစ်တယ်။ အရှိတရား အမြင်အရ ပြောရရင် အပေါင်းလက္ခဏာ ဆောင်တဲ့ ခြေလှမ်းဖြစ်တယ်” ဟု ဧရာဝတီကို ပြောသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့၏ တွေ့ဆုံဆွေးနွေးမှုသည် ၀န်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံမှု ၂ ကြိမ် ပြုလုပ်ခဲ့မှု၏ နောက်ဆက်တွဲ အကျိုးရလဒ်ဖြစ်ပြီး ဆက်လက် ဆွေးနွေးမှုများ ရှိမည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

ယမန်နေ့က တွေ့ဆုံမှုများကြောင့် မြန်မာပြည်သူများ မျှော်လင့်နေကြသည့် နိုင်ငံရေး ပြေလည်မှု အပြောင်းအလဲများ စတင်ဖြစ်ပေါ်ပြီလားဟု မြို့ကြီးများရှိ စိတ်ဝင်စားသူများက ပြောဆိုနေကြကြောင်း သိရသည်။

တချို့ ဝေဖန်သုံးသပ်သူများအနေဖြင့် ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ရာထူးနေရာအတွက် မြန်မာအစိုးရက တာဝန်ယူရန် စိတ်ပိုင်းဖြတ်ထားပြီး အာဆီယံ စံများကိုက်ညီရန်အတွက် ယခုကဲ့သို့ အတိုက်အခံ ခေါင်းဆောင်နှင့် တွေ့ဆုံ ဆွေးနွေးမှုမျိုး လုပ်ပြခြင်းလည်း ဖြစ်နိုင်သည်ဟု ဆိုသည်။

“အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးအတွက် အခုလိုတွေ့ဆုံတယ်ဆိုရင်တော့ မကောင်းဘူးပေါ့။ တကယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကို အရင်ဆုံးလွှတ်ပေးသင့်တယ်။ အကောင်းဖြစ်ချင်လို့ အကောင်းတော့ မျှော်လင့်တာပေါ့။သိပ်ပြီး မျှော်လင့်တာမျိုးလည်း မဖြစ်သင့်ဘူး” ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

ဧရာဝတီသတင်းထောက် လင်းသန့် ပူးပေါင်းရေးသားသည်။

Friday, 19 August 2011

အစိုးရကမ်းလှမ်းချက် တိုင်းရင်းသားတို့ လက်မခံ

လက်နက်ကိုင် ပဋိပက္ခများဖြေရှင်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်လိုသော လက်နက်ကိုင် အဖွဲ့များကို သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရတို့နှင့် ဆက်သွယ် ဆွေးနွေးရန် ပြည်ထောင်စုအစိုးရက ကြာသပတေးနေ့တွင် ကမ်းလှမ်းလိုက်သည်။

ပြည်နယ်၊ တိုင်းအဆင့်တွင် ပဏာမ ဆောင်ရွက် ပြီးစီးပါက ပြည်ထောင်စုအစိုးရက ထိုအဖွဲ့အစည်းများနှင့် ဆက်လက် ဆွေးနွေးသွားမည်ဟု   အစိုးရ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သို့သော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ထိုကမ်းလှမ်းချက်ကို လက်မခံနိုင်ကြောင်း ပြောဆိုကြသည်။

“ကျနော်တို့က တဖွဲ့ချင်းအနေနဲ့ ဆွေးနွေးဖို့ အစီအစဉ် မရှိပါဘူး၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ပဲ ဆွေးနွေးမှာပါ၊ အစိုးရသတင်းစာက ပြောတဲ့အတိုင်း ဆိုရင် ပြည်တွင်း ငြိမ်းချမ်းရေးက ဖြစ်လာဦးမှာ မဟုတ်သေးဘူး” ဟု ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)  တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ဧရာဝတီကို ပြောသည်။

အစိုးရထုတ်ပြန်ချက်များတွင် ပါရှိသည့် လက်နက်ကိုင် ပဋိပက္ခ ဖြေရှင်းပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရန် ဟူသော အသုံးအနှုန်း အစား နိုင်ငံရေး ဆွေးနွေးပွဲကိုသာ လိုလားကြောင်း ဦးလနန်က ဆက်ပြောသည်။ ယခုကဲ့သို့ တဖွဲ့ချင်းစီ ဆွေးနွေးရန် ကမ်းလှမ်းနေခြင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ စုစည်းမိသွားမည်ကို အစိုးရက လိုလားပုံ မရသည့်အတွက် ဖြစ်သည်ဟု သူက ဆိုသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်သော ကိုယ်စားလှယ်များနှင့် ဇွန်လအတွင်းက ဆွေးနွေးမှုသည် ငြိမ်းချမ်းရေးအတွက် မဟုတ်ဘဲ ယာယီအပစ်အခတ် ရပ်စဲရေးအတွက်သာ ဖြစ်ကြောင်း ဦးလနန်က ဆိုသည်။

လက်နက်ကိုင်အဖွဲ့တခုဖြစ်သည့် မွန်ပြည်သစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာကလည်း အစိုးရ၏ ကမ်းလှမ်းချက်ကို ပယ်ချလိုက်သည်။

၎င်းတို့ တိုင်းရင်းသားအဖွဲ့များက အစိုးရနှင့်တွေ့ဆုံဆွေးနွေးရန်  UNFC ခေါ် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကို ဖွဲ့စည်းထားပြီးဖြစ်သည်ဟု နိုင်ဟံသာက ဆိုသည်။

“ကျနော်တို့က UNFC အနေနဲ့ ဆွေးနွေးတာကိုပဲ လက်ခံမယ်၊ တဖွဲ့ချင်းစီ ဆွေးနွေးနေရင် အချိန်တွေ ကုန်မယ်၊ ပင်ပန်းမယ်၊ အမြင်တွေ ကွဲပြားတာတွေ ဖြစ်လာနိုင်တယ်၊ ဒါကြောင့် အားလုံးကို ကိုယ်စားပြုထားတဲ့ အဖွဲ့အနေနဲ့ပဲ ဆွေးနွေးမယ်” ဟု  နိုင်ဟံသာက ဧရာဝတီကို ပြောသည်။

၁၉၉၀ နောက်ပိုင်းတွင် တဖွဲ့ချင်းစီက အာဏာပိုင်တို့နှင့် ဆွေးနွေးမှုများ ရှိခဲ့ကြောင်း၊ အာဏာပိုင်တို့၏ ရိုးသားမှု မရှိခြင်း၊ ကတိ မတည်ခြင်းတို့ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပျက်သွားရကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ၏ အတွင်းရေးမှူး (၁) ဖဒိုစောလှငွေက ပြောသည်။

ရှမ်းပြည်တပ်မတော်မှ ဗိုလ်မှူးဆိုင်းလောင်စိုင်းကလည်း သမ္မတဦးသိန်းစိန်အစိုးရ၏ ကမ်းလှမ်းချက်သည် စစ်မှန်သောငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဟု မမျှော်လင့်ကြောင်း၊ ကမ်းလှမ်းချက်များကို ယုံကြည်မှုမရှိ၍ ဆွေးနွေးမှုပြုလုပ်မည် မဟုတ်ကြောင်း  ဧရာဝတီကို ပြောသည်။

၁၉၄၈ လွတ်လပ်ရေးရရှိစဉ်ကတည်းက အစိုးရကို ခုခံတိုက်ခိုက်နေသည့် ကရင်နီတော်လှန်ရေးတပ်မတော် (KNPP) ကလည်း အစိုးရက ပြည်တွင်းငြိမ်းချမ်းရေး ရလိုလျှင်  အပစ်အခတ်ရပ်စဲကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ကြေညာရမည်ဟု ဆိုထားသည်။

ကယားပြည်နယ်အခြေစိုက် KNPP သည်  UNFC တွင် ဒု ဥက္ကဋ္ဌ တာဝန် ယူထားသည့် အဖွဲ့ ဖြစ်သည်။

မကြာသေးမီက အရပ်သားအစိုးရသစ်တရပ် ပေါ်ပေါက်လာသော်လည်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။

ထိုတိုက်ပွဲများကြောင့် ဒေသခံပြည်သူ အများအပြား နေရပ်စွန့်ခွာ၍ နယ်စပ်ဒေသများ၊ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးနေကြရသည်။

ထိုတိုက်ပွဲများကို ရပ်စဲကာ အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတခု ပေါ်ပေါက်လာရေး၊ အဖွဲ့ပေါင်းစုံ၊ လူမျိုးပေါင်းစုံ ပါဝင်သော ကြားခံ စေ့စပ်ပေးနိုင်မည့် အဖွဲ့အစည်းတခု ဖော်ဆောင်ပေးရေးတို့အတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ ဒီမိုကရက်တစ် အင်အားစုများကလည်း တောင်းဆိုထားသည်။

သို့သော်လည်း အစိုးရသစ်တွင် တိုင်းရင်းသားတို့ တောင်းဆိုနေသော စစ်မှန်သည့် ငြိမ်းချမ်းရေး ခြေလှမ်းများ မရှိခြင်း၊ အဖွဲ့အစည်းအားလုံးနှင့် မဆွေးနွေးလိုခြင်း တို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးက အလှမ်းဝေးနေဦးမည်ဖြစ်ကြောင်း ထိုအဖွဲ့များက ဆိုသည်။

အစိုးရ၏ သြဂုတ်လ ၁၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)ကို သောင်းကျန်းသူအဖွဲ့အဖြစ် သုံးနှုန်းခဲ့သည်။ သမ္မတ ဦးသိန်းစိန်ကလည်း KIA သည် ကချင်ပြည်သူများကို  ကိုယ်စားပြုထားသည့်အဖွဲ့ မဟုတ်ဟု  သြဂုတ်လ ၁၇ ရက်နေ့တွင် ပြောဆိုထားသည်။

“သမ္မတပြောတဲ့စကားက တာဝန်မဲ့စကား ဖြစ်ပါတယ်၊ ကျနော်တို့က ကချင်ပြည်သူတွေ၊ တိုင်းရင်းသားအားလုံး တန်းတူ အခွင့်အရေးရရေး ကိစ္စတွေ အတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေကြတာပါ” ဟု ဦးလနန်က ဆိုသည်။

သြဂုတ်လ ၂၂ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေးများ၌ လက်နက်ကိုင် ပဋိပက္ခဖြေရှင်းရေးကို နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်များက ဆွေးနွေးကြမည် ဖြစ်သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအတိုင်းသာ လုပ်ဆောင် ရမည်ဖြစ်သောကြောင့် စစ်မှန်သည့် ငြိမ်းချမ်းရေး ဖြစ်လာမည်မဟုတ်ဟု လက်နက်ကိုင်အဖွဲ့များက ပြောဆိုကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန် တွေ့ပြီ




နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦသိန်းစိန် တွေ့ဆုံမှုကို မြန်မာ့ရုပ်မြင်သံကြားက ယနေ့ည ၈း၀၀ နာရီတွင် ထုတ်လွှင့်သွားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - AP)
 နေပြည်တော်တွင် ရောက်ရှိနေသည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ ယနေ့ တွေ့ဆုံခဲ့ကြောင်း သတင်းရ ရှိသည်။ယနေ့ နေ့လယ်က နေပြည်တော်သို့ ဆိုက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဦးသိန်းစိန်က စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ မတက်ရောက်ခင် ခေတ္တ တွေ့ဆုံပြီးနောက်တွင် သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အတွင်း လှည့်လည် ကြည်ရှုရန် တိုက်တွန်းကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်ရုံဆွေးနွေးပွဲသို့ မတက်ရောက်ဘဲ နေပြည်တော်တွင် အစိုးရ၏ လုံခြုံရေး စောင့်ရှောက်မှုဖြင့် လှည့်လည်ကြည့်ရှုခဲ့သည်။
ညနေ ၄ နာရီတွင် သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအိမ်တော်တွင် ထပ်မံ လက်ခံတွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံဆွေးနွေးပွဲမှာ ညနေ ၅ နာရီတွင် ပြီးဆုံးခဲ့ပြီး မည်သည့်အကြောင်းအရာများ ဆွေးနွေးကြသည်ကိုမူ မသိရှိရသေးပေ။ အဆိုပါ ဆွေးနွေးပွဲပြီးနောက် သမ္မတကတော်နှင့် အစိုးရတာဝန်ရှိသူများက ဒေါ်အောင်ဆန်းစုကြည်နှင့် ရုံးအဖွဲ့ကို ၁၅ မိနစ်ခန့် တွေ့ဆုံခဲ့သည်။

သမ္မတဦးသိန်းစိန်က ယနေ့ည တည်ခင်းဧည့်ခံမည့် ညစာစားပွဲသို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၈ နာရီ မိနစ် ၃၀ ခန့်ကမှ နေပြည်တော်သို့ ရုတ်တရက် သွားရောက်ခြင်းဖြစ်သည်။ မနက်ဖြန်တွင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာမည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦးဖြစ်သည့် ဦးဝင်းတင်ကလည်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နေပြည်တော် သွားရောက်ရခြင်းမှာ သမ္မတ ဦးသိန်းစိန် အပါအ၀င် တွေ့သင့်တွေ့ထိုက် သူများနှင့် တွေ့ဆုံရန်ဖြစ်သည်ဟု ပြောသည်။

“ညီလာခံတော့ တက်ဖြစ်လိမ့်မယ် မထင်ဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်နေသည့်  Myanmar Egress ၏ အမှုဆောင် တဦးဖြစ်သူ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ စီးပွားရေး လုပ်ငန်းရှင် ဦးလှမောင်ရွှေကမူ မြန်မာနိုင်ငံရေးတွင် အဓိက အခန်းကဏ္ဍ၌ ပါဝင်နေသည့် လူများအနေဖြင့် မတူသည်ကို ဘေးဖယ်၊ တူသည်ကို ဝိုင်းဝန်းလုပ်ဆောင်ခြင်းမှာ ကောင်းမွန်ကြောင်း ပြောသည်။

သမ္မတဦးသိန်းစိန် အနေဖြင့် နိုင်ငံစီးပွားရေး တိုးတက်မှုကို လိုလားကြောင်း၊ တိုင်းပြည်စီးပွားရေး ကဏ္ဍတွင်ပါဝင်နေသည့် လုပ်ငန်းရှင်ကြီးများနှင့် အပြန်အလှန် ဆွေးနွေးမှုများလည်း ပြီးခဲ့သည့် အင်္ဂါနေ့ညက ပြောဆိုခဲ့သေးကြောင်း ဦးလှမောင်ရွှေက ဆိုသည်။

ပြီးခဲ့သည် ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် ပြုလုပ်သည့် စီးပွားရေး၊ လူမှုရေး နယ်ပယ်မှ အသင်းအဖွဲ့အသီးသီးနှင့် တွေ့ဆုံရာတွင် သမ္မတဦးသိန်းစိန်က သဘောထား အမြင်မတူသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများ၏ မတူကွဲပြားမှုများကို ဘေးဖယ်ကာ တိုင်းပြည် အတွက် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများကို ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်။

ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ၏ အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း  ဒေါ်အောင်ဆန်းစုကြည်မှာ အမျိုးသား ခေါင်းဆောင်၊ ပါတီတရပ်၏ ခေါင်းဆောင် ဖြစ်သည့်အတွက် သမ္မတ ဦးသိန်းစိန် အနေဖြင့် စီးပွားရေး ဆွေးနွေးပွဲ ဖိတ်ကြားခြင်းထက် နိုင်ငံရေး စားပွဲဝိုင်းသို့သာ ပိုမိုဖိတ်ကြားသင့်ကြောင်း ထောက်ပြဝေဖန်သည်။

“အခုဆွေးနွေးပွဲက စီးပွားရေး ဆွေးနွေးပွဲလေ။ တတ်သိနားလည်တဲ့ စီးပွားရေး ပညာရှင်တွေ၊ စီးပွားရေး သမားတွေနဲ့ ပိုသင့် တော်ပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စီးပွားရေး၊ လူမှုရေး ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရန် နိုင်ငံရေးအရ ဆွေးနွေးပွဲများ ပြုလုပ်ပြီး ဖြေရှင်းစေချင်ကြောင်း ဦးအေးသာအောင်က ပြောသည်။

လူကုန်ကူးမှု တိုက်ဖျက်ရေး ကုလ အရာရှိကြီး ထိုင်းနိုင်ငံတွင် စုံစမ်းရန် ရောက်ရှိနေ




Ms. Joy Ngozi Ezeilo (photo-get2centra)
ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Joy Ngozi Ezeiloသည် ထိုင်းနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများအား စုံစမ်း စစ်ဆေးရန် ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြောင်း သိရသည်။

အထူးကိုယ်စားလှယ်သည် ထိုင်းနိုင်ငံတွင် သြဂုတ်လ (၈)ရက်နေ့တွင် ရောက်ရှိခဲ့ပြီး (၁၉)ရက်နေ့အထိ စုံစမ်း လေ့လာ သွားမည်ဟု သိရသည်။

ယခု ခရီးစဉ်အတွင်း Ms. Joy Ngozi Ezeiloသည် လူကုန်ကူးမှုအတွက် အရေးယူ ဆောင်ရွက်နေသော ထိုင်းအစိုးရ တာဝန်ရှိသူများ၊ တရားရေး ၀န်ထမ်းများ၊ နိုင်ငံတကာနှင့် လူမှုအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များအပြင် ကိုယ်တိုင် လူကုန်ကူး ခံရသူများအား တွေ့ဆုံမေးမြန်းရန် ရှိသည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့၊ ချင်းမိုင်မြို့နှင့် ငါးဖမ်း လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုရှိရာ ဆမွတ်ဆာခွန်နှင့် ထိုင်းနိုင်ငံ တောင်ပိုင်း ဆုံခလာမြို့များသို့ သွားရောက်မည် ဖြစ်ကြောင်း ကုလသမဂ္ဂ ထုတ်ပြန်ချက်အရ သိရသည်။


လူကုန်ကူးမှု တိုက်ဖျက်ရာတွင် ထိုင်းနိုင်ငံ၏ အနေအထားမှာ စောင့်ကြည့်ရမည့်အဆင့် ရှိသော်လည်း မြန်မာနိုင်ငံလောက် မဆိုးဝါးဟု ကုလသမဂ္ဂ၏ သတ်မှတ်ချက်အရ သိရသည်။

ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေး United Nations Inter-Agency Project on Human Trafficking (UNIAP)၏ အာရှ ပစိဖိတ် ဒေသတွင်း ဆိုင်ရာ ညှိနှိုင်းရေးမှူး မြန်မာအရာရှိ ဦးမောရစ်က “လူကုန်ကူးမှု တိုက်ဖျက်ရေး ကိစ္စရပ်တွေကို သတ်မှတ်တဲ့ TIER နံပါတ်(၁) ဆိုတာကတော့ လူကုန်ကူမှု တိုက်ဖျက်ရေးကို ကောင်းကောင်းမွန်မွန် လုပ်တဲ့အဆင့် ဖြစ်တယ်။ ထိုင်းနိုင်ငံက အဆင့်(၂)မှာ ရှိပါတယ်။ လူကုန်ကူးမှု တိုက်ဖျက်ရေးကို လုပ်တော့ လုပ်တယ်။ ဒါပေမယ့် စောင့်ကြည့်ရတယ်။ နံပါတ် (၃)ကျတော့ လူကုန်ကူးမှု တိုက်ဖျက်ရေးကို လုံးဝမလုပ်ဘူး ဆိုတဲ့ အဆင့်ဖြစ်တယ်။ ဒီအဆင့်မှာ မြန်မာနိုင်ငံပါ ၀င်ပါတယ်’’ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား အများအပြား လူကုန်ကူး ခံရသဖြင့် ကုလသမဂ္ဂ အနေဖြင့် လူကုန်ကူး ခံရသူများအား အကာအကွယ် ပေးရန် လိုအပ်ကြောင်း၊ လူကုန်ကူးမှုနှင့် အလုပ်သမားအရေး ဆောင်ရွက်နေသည့် ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအသင်း နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဦးမျိုးနိုင်က ပြောသည်။

“လူကုန်ကူးခံရတဲ့ မြန်မာ အလုပ်သမားတွေ လုပ်အားခတွေ ဆုံးရှုံးတယ်၊ ကယ်ဆယ်ရေး စခန်းနဲ့ အကျဉ်းထောင် တွေထဲမှာ နှစ်လလောက် နေရတယ်။ သူတို့ ပိုင်ဆိုင်တဲ့ ရွှေစငွေစတွေ အကုန်လုံးကို စခန်းမှာ ထားခဲ့ရတယ်။ တစ်ပြားမှ မပါပဲ မြ၀တီ နယ်စပ်ကို ပြန်ပို့ခံရတယ်။ မြ၀တီက ကိုးသုံးလုံးဂိတ်ထဲမှာ ဘတ်(၂၅၀၀)နဲ့ ရွေးနိုင်မှ အပြင်ကိုထွက် ခွင့်ရတယ် အလုပ်သမားတွေ အရမ်းနစ်နာတယ်”ဟု ပြောသည်။

လူကုန်ကူး ခံရသူများသည် ၎င်းတို့ကို ထိထိရောက်ရောက် မကူညီနိုင်ပါက လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့များ အပေါ် ယုံကြည် ကိုးစားမှု နည်းပါး လာနိုင်ကြောင်း ၄င်းကဆက်ပြောသည်။

Source by : အဝေးဆီကမလေးရောက်ခရီးသည်

ရွှေ့ပြောင်းလုပ်သားများအား လူကုန်ကူးခြင်းအကြောင်း သိကောင်းစရာ




Illegal Burmese migrants were found hiding in iceboxes in Ranong last year. File photo by Charnnarong Porndilokrat.

Human Migration ဆိုတာ ယနေ့ကမ္ဘာမှာ အရေးပါတဲ့ သဘောတရား တရပ်ဖြစ်ပေမယ့်၊  ရှေးလွန်ခဲ့တဲ့ နှစ်ပေါင်းများ စွာကတည်းက ပေါ်ပေါက်နေခဲ့ပါတယ်။ ပိုပြီးကောင်းမွန်တဲ့ အလုပ်အကိုင်နဲ့ ဘ၀အခြေအနေအတွက် လူအများဟာ မွေးရပ်မြေ၊ အိမ်ယာတွေကို ခွဲခွာပြီး အခြားမြို့ရွာ၊ အခြားနိုင်ငံတွေမှာ အလုပ်သွားရောက် လုပ်ကိုင်တာတွေ၊ အခြေချ နေထိုင်တာတွေ ပြုလုပ်ကြပါတယ်။ ၂၀ ရာစုနှောင်းပိုင်းကာလရောက်တော့ ဂလိုဘယ်လိုင်းဇေးရှင်း အရှိန်အဟုန် မြင့် တက်လာတာနဲ့အမျှ အာရှ၊ အာဖရိက၊ တောင်အမေရိကနဲ့ အရှေ့ဥရောပနိုင်ငံများကနေ အနောက်ဥရောပ၊ သြစတြေး လျနဲ့ မြောက်အမေရိကနိုင်ငံများဆီကို migration လုပ်မှုတွေ များပြားလာပါတယ်။ ဒေသတွင်းမှာတင် ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေကနေ အခြားအိမ်နီးချင်းနိုင်ငံတွေကို migration လုပ်မှုတွေလဲ များပြားလာပါတယ်။ တရားဝင် ပြုလုပ်မှုတွေ ရှိသလို၊ တရားမ၀င် ပြုလုပ်တာတွေလဲ ရှိလာပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး၊ smuggling of migrants ဆိုတဲ့ ရာဇ ၀တ်ပြစ်မှုတွေကို ကျူးလွန်လာမှုတွေလဲ ရှိပါတယ်။

Smuggling of Migrants ဆိုရာဝယ်
၂၀၀၀ ခုနှစ်မှာ The United Nations Convention against Transnational Organized Crime ကို ကမ္ဘာ့ကုလ သမဂ္ဂ အထွေထွေညီလာခံရဲ့ Resolution 55/25 အဖြစ် ချမှတ်ခဲ့ကြပါတယ်။ ဒီကွန်ဗင်းရှင်းကို နောက်ထပ် ပရိုတို ကောလ် သုံးခုနဲ့ ထပ်ဆင့်ဖြည့်စွက်ပြီး၊ နယ်စပ်ဖြတ်ကျော်ရာဇ၀တ်မှု (Transnational Organized Crime) တိုက်ဖျက် ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းခဲ့ပါတယ်။ ဒီပရိုတိုကောလ်သုံးခုကတော့ the Protocol to Prevent, Suppress and Punish Trafficking in Persons, especially Women and Children; the Protocol against the Smuggling of Migrants by Land, Sea and Air; and the Protocol against the Illicit Manufacturing of and Trafficking in Firearms, their Parts and Components and Ammunition စတာတွေ ဖြစ်ပါတယ်။
The Protocol against the Smuggling of Migrants by Land, Sea and Air ရဲ့ ပုဒ်မ (၃) နဲ့ ပုဒ်မ (၆) မှာ smuggling of migrants ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ရာဇ၀တ်ပြစ်မှု မြောက်စေတဲ့ အပြုအမူတွေကို ရှင်းလင်းစွာ ထည့် သွင်းဖော်ပြ ထားပါတယ်။ Smuggling of migrants ဆိုတာ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံသား မဟုတ်သော လူပုဂ္ဂိုလ်တဦး တယောက်ကို အဲဒီနိုင်ငံမှာ အခြေချနေထိုင်လို့ရအောင် ငွေကြေး (သို့မဟုတ်) အခြား တစုံတရာ အကျိုးအမြတ်များအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရယူပြီး အကူအညီပေးခြင်း ဖြစ်ပါတယ်။ ပုဒ်မ (၆) အရ တိုင်းပြည်တခုအတွင်းသို့ ခိုးသွင်းခြင်း၊ အဆိုပါ ခိုးသွင်းခံရသူသည် ခိုးသွင်းခံရသော တိုင်းပြည်၏ နိုင်ငံသား (သို့မဟုတ်) တိုင်းပြည်တွင်းတွင် တရားဝင် နေထိုင်နိုင်ခွင့် မရှိခြင်းနှင့် ယင်းသို့ခိုးသွင်းရာတွင် ငွေကြေး (သို့မဟုတ်) အခြား တစုံတရာ အကျိုးအမြတ် များအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရယူခြင်းဟာ ရာဇ၀တ်ပြစ်မှု မြောက်ပါတယ်။
အလားတူပဲ တိုင်းပြည်တခုအတွင်းမှာ တရားဝင်နေထိုင်ခွင့် သက်တမ်းကုန်လွန်နေသူ (သို့မဟုတ်) တရားမ၀င် ၀င် ရောက် နေထိုင်နေသူ တယောက်ကို အဆိုပါ တိုင်းပြည်တွင်းမှာ တရားမ၀င် ဆက်လက်နေထိုင်ခွင့် ရရှိအောင် (သို့မ ဟုတ်) ဥပဒေသတ်မှတ်ချက်များနှင့် ဘောင်ဝင်အောင် လိမ်လည် ကူညီပေးခြင်းနှင့် ယင်းသို့ပြုလုပ်ရာတွင် ငွေကြေး (သို့မဟုတ်) အခြား တစုံတရာ အကျိုးအမြတ်များအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရယူခြင်းဟာလဲ ရာဇ၀တ် ပြစ်မှု မြောက်ပါတယ်။
The Protocol against the Smuggling of Migrants by Land, Sea and Air ဟာ migrants များကို အရေးယူ ဆောင်ရွက်ရတဲ့ legal instrument တခုတော့ မဟုတ်ပါဘူး။ တခါတရံမှာ migrants တွေက ရာဇ၀တ်ပြစ်မှုကျူးလွန်ရန် ကြိုးပမ်းနေသူများရဲ့ သားကောင်တွေ ဖြစ်နေတတ်ပါတယ်။ အခြားနိုင်ငံသို့ ခိုးသွင်းပေးခြင်း (သို့မဟုတ်) နေထိုင်ခွင့် သက်တမ်း ကျော်လွန်နေသော နိုင်ငံ (သို့) တရားမ၀င် ၀င်ရောက်နေသော နိုင်ငံတခုမှာ တရားမ၀င် ဆက်လက်နေထိုင် ခွင့် ရရှိအောင် (သို့မဟုတ်) ဥပဒေသတ်မှတ်ချက်များနှင့် ဘောင်ဝင်အောင် လိမ်လည် ကူညီပေးမည်လို့ ဆိုပြီး ငွေကြေး (သို့မဟုတ်) အခြားတစုံတရာအကျိုးအမြတ်များကို ရယူတောင်းဆိုမှု လုပ်ဆောင်လာပြီဆိုရင် ဒါဟာ ရာဇ၀တ်ပြစ်မှု ကျူးလွန်ရန် ကြံစည်အားထုတ်နေသူများရဲ့ ချဉ်းကပ်မှုဆိုတာကို လူအများနားလည်မှသာ ရာဇ၀တ် ပြစ်မှုတွေရဲ့ သား ကောင်တွေဘ၀က လွတ်မြောက်မှာ ဖြစ်ပါတယ်။ Smuggling of migrants ဟာ လူကုန်ကူးမှုနဲ့ ကွဲပြားခြားနားပါတယ်။
လူကုန်ကူးမှု (Human Trafficking (or) Trafficking in Persons)
The Trafficking in Persons Protocol ရဲ့ အပိုဒ် (၃)၊ အပိုဒ်ခွဲ (က) အရ လူကုန်ကူးမှုဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုထား ရမှာ အပိုင်း (၃) ပိုင်း ပါဝင်ပါတယ်။ ပထမတပိုင်းကတော့ ပြုမူဆောင်ရွက်ချက် ဖြစ်ပါတယ်။ ပြုမူဆောင်ရွက်ရာမှာ လူ ကုန်ကူးမှု၏ သားကောင်ဖြစ်နိုင်သူများကို ရှာဖွေခေါ်ယူခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ လက်ခံခြင်း (သို့မ ဟုတ်) ၀ယ်ယူခြင်း စတာတွေ ပါဝင်ပါတယ်။
ဒုတိယအပိုင်းကတော့ နည်းလမ်းများ ဖြစ်ပါတယ်။ လူကုန်ကူးရာမှာ အသုံးပြုတဲ့ နည်းလမ်းတွေကတော့ ဆွဲဆောင် သိမ်းသွင်းခြင်း၊ စည်းရုံးခြင်း၊ အင်အားသုံးခြင်း၊ ခြိမ်းချောက်ခြင်း၊ ဖမ်းဆီးခြင်း၊ ပြန်ပေးဆွဲခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ အာဏာကို အလွဲသုံးစားပြုခြင်း၊ သားကောင်ဖြစ်သူရဲ့ တစုံတရာ အားနည်းချက်ကို အသုံးပြုခြင်းနဲ့ ငွေ (သို့) အခြား တစုံတရာ အကျိုးအမြတ်များကို ပေးအပ်ပြီး၊ သားကောင်ဖြစ်သူ၏ consent ကို ရယူထိန်းချုပ်ရန် ကြိုးပမ်းခြင်း စတာ တွေ ပါဝင်ပါတယ်။
တတိယအပိုင်းကတော့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ လူကုန်ကူးမှုရဲ့ ရည်ရွယ်ချက်တွေထဲမှာ ပြည့်တန်ဆာအဖြစ် ရောင်း ချရန်၊ လူတဦးတယောက်(သို့မဟုတ်) လူအစုအဖွဲ့ တခုရဲ့ လိင်ကျေးကျွန်အဖြစ် အသုံးပြုရန်၊ ထိုက်တန်သော လစာနှင့် ခံစားခွင့် မရှိသော အလုပ်များကို စေခိုင်းရန်၊ ကျေးကျွန် (သို့မဟုတ်) ကျေးကျွန်နှင့် အလားသဏ္ဍာန်တူသော အခြေအ နေများသို့ သွတ်သွင်းရန် နဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းများ (ဥပမာ- ကျောက်ကပ်၊ အသည်း၊ နှလုံး စသည်များ) အား ရယူ ရန် စတာတွေ ပါဝင်ပါတယ်။
ဒီလို ရည်ရွယ်ချက်တွေအတွက် လူကုန်ကူးမှုကျူးလွန်ရန် ကြိုးပမ်းအားထုတ်သူများက နည်းမျိုးစုံအသုံးပြုပြီး၊ ဒါတွေဟာ သားကောင်ဖြစ်သူရဲ့ သဘောတူညီချက်အရ ပြုလုပ်ခြင်းဆိုတဲ့ ခုခံကာကွယ်မှုကို လုပ်တတ်ကြပါတယ်။ ဒီလို သဘော တူညီချက်ဆိုရာမှာ အထက်မှာ ဖော်ပြထားတဲ့ ရည်ရွယ်ချက်တွေအတွက် ဆွဲဆောင် သိမ်းသွင်းခြင်း၊ စည်းရုံးခြင်း၊ အင် အားသုံးခြင်း၊ ခြိမ်းချောက်ခြင်း၊ ဖမ်းဆီးခြင်း၊ ပြန်ပေးဆွဲခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ အာဏာကို အလွဲသုံးစားပြုခြင်း၊ သားကောင်ဖြစ်သူရဲ့ တစုံတရာ အားနည်းချက်ကို အသုံးပြုခြင်းနဲ့ ငွေ (သို့) အခြား တစုံတရာ အကျိုးအမြတ်များကို ပေးအပ်ပြီး၊ သားကောင်ဖြစ်သူ၏ consent ကို ရယူထိန်းချုပ်ရန် ကြိုးပမ်းခြင်း စတဲ့ နည်းလမ်းတွေကို အသုံးပြုထားမယ် ဆိုရင် ဒီသဘောတူညီချက်တွေက အလိုအလျောက် ပျက်ပြယ်ပါတယ်။
ခြားနားချက်များနှင့် ကွင်းဆက်များ
Smuggling of migrants နဲ့ လူကုန်ကူးမှုဟာ ကွဲပြားခြားနားပါတယ်။ အဓိကကတော့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ Smuggling of migrants က ငွေကြေး (သို့မဟုတ်) တစုံတရာ အကျိုးအမြတ်အတွက် ဖြစ်ပါတယ်။ လူကုန်ကူးမှု ကြတော့ ပြည့်တန်ဆာအဖြစ် ရောင်းချရန်၊ လူတဦးတယောက်(သို့မဟုတ်) လူအစုအဖွဲ့ တခုရဲ့ လိင်ကျေးကျွန်အဖြစ် အသုံးပြုရန်၊ ထိုက်တန်သော လစာနှင့် ခံစားခွင့် မရှိသော အလုပ်များကို စေခိုင်းရန်၊ ကျေးကျွန် (သို့မဟုတ်) ကျေးကျွန် နှင့် အလားသဏ္ဌာန်တူသော အခြေအနေများသို့ သွတ်သွင်းရန် နဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းများ (ဥပမာ- ကျောက်ကပ်၊ အသည်း၊ နှလုံး စသည်များ) အား ရယူရန် စတဲ့ အသုံးချမှုအတွက် ဖြစ်ပါတယ်။
နောက်ထပ်ကွဲပြားခြားနားမှု တခုကတော့ တိုင်းပြည်တခုအတွင်းသို့ တရားမ၀င် ၀င်ရောက်မှု (သို့မဟုတ်) တရားမ၀င် နေထိုင်မှု ဖြစ်ပါတယ်။ smuggling of migrants မှာက တိုင်းပြည်တခုကနေ အခြားတိုင်းပြည်တခုအတွင်းကို တရားမ ၀င် ခိုးသွင်းမှု (သို့မဟုတ်) တရားမ၀င် နေထိုင်နေသူများအား သက်ဆိုင်ရာ တိုင်းပြည်ရဲ့ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ အရ ဘောင်ဝင်သွားအောင် ငွေကြေးရယူ ကူညီပေးမှု စတာတွေ ပါဝင်ပါတယ်။ လူကုန်ကူးမှုမှာကျတော့ တရားဝင် ၀င် ရောက်မှု (သို့မဟုတ်) တရားဝင်နေထိုင်မှု တွေပါ အကျုံးဝင်သလို၊ တိုင်းပြည်တခုအတွင်းမှာတင် တနေရာမှ အခြားတ နေရာသို့ ပို့ဆောင်အသုံးချမှုတွေလဲ ဖြစ်ပွားနိုင်ပါတယ်။
နောက်ထပ်ကွဲပြားခြားနားမှု တခုကတော့ သားကောင်ကိုယ်တိုင်ဖြစ်ပါတယ်။ Smuggling of migrants မှာ သားကောင် ကိုယ်တိုင်ရဲ့ လိုက်လိုက်လျောလျော သဘောတူညီချက် ပါဝင်ပါတယ်။ ဒါကြောင့်လဲ smuggling of migrants ပြစ်မှုကို ကျူးလွန်သူအချို့က သားကောင်ရဲ့ ဆန္ဒသဘောထားပါဝင်ပြီး၊ နှစ်ဦးနှစ်ဘက် အကျိုးရှိစေတာကြောင့် ဒါဟာ ပြစ်မှုမ မြောက်ဘူးလို့ ထင်မှတ်မှားနေတတ်တာတွေ ရှိပါတယ်။ သို့ပေမယ့် နိုင်ငံတကာ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေအရ ဒါဟာ ရာဇ၀တ်ပြစ်မှု ဖြစ်ပါတယ်။ လူကုန်ကူးမှုမှာကျတော့ သားကောင်ရဲ့ သဘောတူညီချက် ပါဝင်ရင်တောင် အထက် မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေနဲ့ ရယူထားတာ ဖြစ်ပါတယ်။
လူကုန်ကူးမှုနဲ့ smuggling of migrants တို့အကြားမှာ အခုလို ကွဲပြားခြားနားချက်တွေ ရှိပေမယ့် ဆက်စပ်မှုတွေလဲ ရှိ တတ်ပါတယ်။ အချို့သားကောင်တွေဟာ အခြားတိုင်းပြည်ကို ခိုးဝင်ဖို့ ကိုယ်တိုင်ကိုယ်ကျ ငွေပေးခဲ့တာ ဖြစ်ပေမယ့်၊ သက်ဆိုင်ရာ နိုင်ငံကို ရောက်သွားချိန်မှာ ရောင်းစားခံရတာတွေ ရှိနိုင်ပါတယ်။ လူကုန်ကူးမှု ကျူးလွန်သူများက smuggling လုပ်ပေးနေသူများအနေနဲ့ ဟန်ဆောင်အသွင်ယူထားခြင်းတွေ ရှိသလို၊ ရာဇ၀တ်မှုကျူးလွန်သူများ အချင်း ချင်း အစကနဦး ကတည်းက ချိတ်ဆက်ထားမှုတွေလဲ ရှိနိုင်ပါတယ်။ တခါတရံမှာ လမ်းကြောင်းတကြောင်းထဲမှာ smuggling လုပ်ခံရသူများနဲ့ လူကုန်ကူးခံရသူများ အတူတွဲပြီး ပါဝင်နေတတ်ပြီး၊ ပြစ်မှူကျူးလွန်နေသူများဟာ လူကုန် ကူးမှုနဲ့ smuggling of migrants နှစ်မျိုးလုံးကို ကျူးလွန်နေတဲ့ ကွင်းဆက်တရားခံများ ဖြစ်နေနိုင်ပါတယ်။
Smuggling of migrants ဆိုင်ရာ ရာဇ၀တ်မှု သဏ္ဌာန်များ
migrants တွေကို အခြားနိုင်ငံတွင်းသို့ ခိုးသွင်းရာမှာ ပြစ်မှုကျူးလွန်သူတွေ အသုံးပြုလေ့ရှိတဲ့ ရာဇ၀တ်မှုသဏ္ဌာန်တွေ မတူညီပါဘူး။ ပထမ တမျိုးကတော့ အရေးပေါ် ခိုးသွင်းပေးမှု ဖြစ်ပါတယ်။ ဒီသဏ္ဌာန်မှာ migrants တွေကို နိုင်ငံ (အေ) ကနေ နိုင်ငံ (ဘီ) ကို ခိုးသွင်းဖို့အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ organized trip မပါဝင်ပါဘူး။ သူတို့တတွေဟာ နိုင်ငံ (အေ) အတွင်းမှာ တရားဝင် လှုပ်ရှားသွားလာပြီးမှ၊ နိုင်ငံ (ဘီ) နဲ့ အနီးဆုံး နယ်စပ်ကို ရောက်ရှိသွားကြပါတယ်။ အဲဒီ ကနေ ဒေသခံတွေကို ငွေပေးပြီး၊ တရားမ၀င် နယ်စပ်ဖြတ်ကျော်ရေးအတွက် အသုံးပြုကြပါတယ်။ ဒီရာဇ၀တ်မှုမှာ လူတ ဦး တယောက် (သို့မဟုတ်) လူတစုကို အခြားနိုင်ငံအတွင်းသို့ တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက်သွားနိုင်ရေး အတွက် ငွေကြေးရယူပြီး ဆောင်ရွက်ပေးသူများဟာ လူတဦးတယောက်၊ တဖွဲ့တည်းတင် မကပဲ လူများစွာ၊ အဖွဲ့များစွာ အဆင့်ဆင့် ပါဝင်နေတတ်ပါတယ်။
နောက်ထပ် သဏ္ဌာန်တမျိုးကတော့ စာရွက်စာတမ်း အတုများ အသုံးပြုမှု ဖြစ်ပါတယ်။ နိုင်ငံ (အေ) ကနေ နိုင်ငံ (ဘီ) ကို migrants တွေ ခိုးသွင်းရန် (သို့မဟုတ်) နိုင်ငံ (ဘီ) အတွင်းသို့ တရားမ၀င် ရောက်နေသူများ နိုင်ငံတွင်းတွင် ဆက်လက် နေထိုင်နိုင်ရန် အတွက် နိုင်ငံ (အေ) မှာ နေထိုင်သူကဖြစ်စေ၊ နိုင်ငံ (ဘီ) မှာ နေထိုင်သူကဖြစ်စေ စာရွက်စာတမ်း အတု များ ပြုလုပ်ပေးမှု ဖြစ်ပါတယ်။ ဒီရာဇ၀တ်မှုမှာ နိုင်ငံကူးလက်မှတ် အတုများ၊ ဗွီဇာအတုများနဲ့ အခြားဆက်စပ် စာရွက် စာတမ်း အတုများ ပြုလုပ်ပြီး ခိုးသွင်းမှု (သို့မဟုတ်) ဆက်လက်နေထိုင်နိုင်ရန် ကြိုးပမ်းပေးမှုတွေ ပါဝင်ပါတယ်။
စာရွက်စာတမ်း အတုများ ပြုလုပ်ပေးမှုမှာ အတုအယောင် လက်ထပ်ခြင်းနဲ့ နိုင်ငံရေးဒုက္ခသည်များအဖြစ် လိမ်လည်ခံ ယူရန် ငွေကြေးများ ရယူဆောင်ရွက်ပေးမှု စတာတွေ ပါဝင်ပါတယ်။ စာရွက်စာတမ်း အတုများဆိုရာမှာ ပတ်စ်ပို့အတု များ၊ ပတ်စ်ပို့ ဓာတ်ပုံများခွာယူ၍ အသစ်ပြန်ကပ်မှုများ၊ ခိုးယူထားသော ပတ်စ်ပို့များတွင် အချက်အလက်များ ပြင်ဆင် ထည့်သွင်းမှုများ၊ နိုင်ငံရေးဒုက္ခသည် မခံယူခင် ပတ်စ်ပို့များအား ဖျက်ဆီးလွှင့်ပစ်ရန် အကြံပေးချက်များ၊ ဖျောက်ဖျက် ပေးမှုများ စတာတွေ ပါဝင်ပါတယ်။
နောက်ထပ်ရာဇ၀တ်မှု သဏ္ဍာန်တမျိုးကတော့ ကြိုတင်ပြင်ဆင်ထားမှုများ ပါဝင်သော stage- to – stage smuggling ဖြစ်ပါတယ်။ ဒီသဏ္ဍာန်မှာ နိုင်ငံ (အေ) ကနေ နိုင်ငံ (ဘီ) (လမ်းခရီးတွင် အခြားနိုင်ငံများတွင်လည်း transit လုပ်ရမှုများ ရှိနိုင်သည်) သို့ ခိုးဝင်ရမယ့် သူများဟာ လမ်းခရီးအတွက် ကိုယ်တိုင် ကြိုတင်ပြင်ဆင်ထားရန် မလိုအပ်ပါဘူး။ သက် ဆိုင်ရာနိုင်ငံအလိုက် stage co-ordinators များ ရှိပါတယ်။ ဒီလူတွေဟာ ကွန်ယက်သဏ္ဌာန် ချိတ်ဆက်ထားပြီး၊ တခါ တရံမှာလဲ တဖွဲ့တည်း ဖြစ်နေတတ်ပါတယ်။
ဥပမာ- နိုင်ငံ (အေ) ကနေ လူတယောက်ကို နိုင်ငံ(စီ)ကို ပို့ပေးသူက တယောက်၊ နိုင်ငံ (စီ) မှာ ခေတ္တ ၀ှက်ထားပေးပြီး၊ နိုင်ငံ (ဒီ) သို့ သွားရမည့် အိုင်ဒီ အတု စီစဉ်ပေးသူက တယောက်၊ နိုင်ငံ (ဒီ) ရောက်ချိန်တွင် အခြား အိုင်ဒီ အတုများ ထပ်မံစီမံပြီးမှ နိုင်ငံ (ဘီ) သို့ ပို့ဆောင်ပေးသူများက တယောက်၊ နိုင်ငံ (ဘီ) သို့ ရောက်ချိန်တွင် ကြိုဆို လက်ခံထား သူက တယောက်၊ နိုင်ငံ (ဘီ)တွင် အိုင်ဒီအတုများ ဖျောက်ဖျက်ပေးပြီး၊ တရားဝင် နေထိုင်ခွင့် ရရှိစေရန် လုပ်ဆောင် ပေးသူများက တယောက် ဖြစ်နေတတ်ပါတယ်။ ဒီလူတွေ အားလုံးဟာ ချိတ်ဆက်မှုနှင့် ဖြစ်စေ၊ အဖွဲ့တခုတည်း အနေ နှင့်ဖြစ်စေ stage- to- stage smuggling process ကြီး တခုလုံးမှာ ပါဝင်ပြီး ရာဇ၀တ်မှုကျုးလွန်ကြသူများ ဖြစ်ပါတယ်။
smuggling process တွင် ပါဝင်သူများ
smuggling process မှာ အော်ပရေးရှင်းတခုလုံး (သို့မဟုတ်) အဆင့်တဆင့်ကို ကြိုးကိုင်စီမံကြတဲ့ co-ordinators တွေ ရှိပါတယ်။ co-ordinators တွေမှာ အဆက်အသွယ်များစွာ ရှိပြီး၊ ဆက်သွယ်ရေးစနစ်၊ နေရာချထားရေး အစီအမံ၊ လမ်း ကြောင်း စတာတွေအားလုံးကို တာဝန်ယူကြီးကြပ်စီမံလေ့ရှိကြပါတယ်။ co-ordinators တွေဟာ နောက်ကွယ်ကနေ ကြိုးကိုင်စီမံလေ့ရှိကြတဲ့အတွက် သူတို့ကို အရေးယူဆောင်ရွက်နိုင်ရေးအတွက် သက်သေအထောက်အထားများ ရယူ ရန် ခဲယဉ်းတာကြောင့် co-ordinators များကို ပစ်မှတ်ထားပြီး စုံစမ်းသူများဟာ covert နည်းလမ်းတွေကို အသုံးပြု လေ့ရှိကြပါတယ်။
နောက်ထပ် တမျိုးကတော့ recruiters တွေ ဖြစ်ပါတယ်။ သူတို့တတွေက smuggling လုပ်မယ့်သူတွေနဲ့ migrants တွေ အကြားမှာ ဆက်သွယ်ပေးရသူများ ဖြစ်ပါတယ်။ migrants များနဲ့ recruiters တွေဟာ လူမျိုးတူတွေ ဖြစ်တာများပြီး၊ တခါတရံ အိမ်နီးချင်းတွေ၊ အသိမိတ်ဆွေတွေ ဖြစ်တတ်ပါတယ်။ တရားမ၀င် ခိုးသွင်းမှုမှာ ပါဝင်ပတ်သက်နေတဲ့ recruiters တွေဟာ မိခင်နိုင်ငံတွေမှာ အခြေချနေထိုင်သူများ ဖြစ်လေ့ရှိပြီး၊ ရံဖန်ရံခါမှာတော့ နိုင်ငံရပ်ခြားမှ အလည်အ ပတ် ပြန်လာသူများလဲ ဖြစ်တတ်ပါတယ်။
Recruiters တွေဟာ မိခင်နိုင်ငံမှာ နေထိုင်သူများထဲမှ နိုင်ငံရပ်ခြားသို့ တရားဝင် သွားရောက်ရန် ခက်ခဲနေသူများကို သတင်းအချက်အလက် မှားများပေးခြင်း၊ မက်လုံးများပေးခြင်း (နိုင်ငံဘီတွင် သွားရောက် အလုပ်လုပ်ပါက ဘယ်နှစ်နှစ် အတွင်း ချမ်းသာမည် စသည်များ)ဖြင့် သွားရောက်နိုင်ရန် ကူညီပေးမည်ဆိုကာ smuggling process ထဲသို့ သွတ်သွင်း တတ်ပါတယ်။ နိုင်ငံတွင်း တရားမ၀င်နေထိုင်မှုမှာလဲ recruiters တွေဟာ လူမျိုးတူတွေ ဖြစ်တာများပြီး၊ လူ့အဖွဲ့အစည်း ထဲမှာ စိမ့်ဝင်နေတတ်ပါတယ်။ တရားမ၀င်နေထိုင်သူများ၊ တရားဝင်နေထိုင်ရန် အခက်အခဲဖြစ်နေသူများကို ပစ်မှတ် ထားပြီး စည်းရုံးလေ့ရှိပါတယ်။ အဲဒီကနေတဆင့် migrants smuggling လုပ်နေသူများနဲ့ ထပ်မံဆက်သွယ်ပေးကြ ပါတယ်။
နောက်ထပ်တမျိုးကတော့ လမ်းခရီး သယ်ယူပို့ဆောင်ရေးမှာ အဆင်ပြေဖို့အတွက် လုပ်ဆောင်ပေးတဲ့ transporters တွေနဲ့ လမ်းပြတွေ ဖြစ်ပါတယ်။ လမ်းခရီးအဆင့်ဆင့်မှာ လမ်းပြတယောက် (သို့မဟုတ်) တစု ရဲ့ လက်ထဲကနေ အခြား လမ်းပြတွေရဲ့ လက်ထဲကို ထပ်မံလွှဲပြောင်းပေးမှုတွေလဲ ရှိနိုင်ပါတယ်။ ကားမောင်းသမားတွေ၊ လမ်းပြတွေ (သို့မဟုတ်) လေယာဉ်နဲ့ လူအများကို ဦးစီးခေါ်ဆောင်သူတွေဟာ smuggling operation ကို လုပ်ဆောင်နေတဲ့ အဖွဲ့ဝင်တွေ ဖြစ် နိုင်သလို၊ ကန်ထရိုက်အနေနဲ့ လုပ်ကိုင်သူများလဲ ဖြစ်တတ်ပါတယ်။
နောက်ထပ်တမျိုးကတော့ အခြေအနေကို စောင့်ကြပ်ကြည့်ရှုပေးရတဲ့ spotters တွေ ဖြစ်ပါတယ်။ ရဲ၊ စစ်တပ်၊ လူဝင် မှုကြီးကြပ်ရေး တို့ရဲ့ လှုပ်ရှားမှု အခြေအနေကို စောင့်ကြပ်ကြည့်ရှုပေးရပြီး၊ လှုပ်ရှားလို့ ရနိုင်မယ့် အခြေအနေနဲ့ အချိန် အခါတွေကို မီးစိမ်းပြပေးရသူများ ဖြစ်ပါတယ်။ နောက်ထပ်တမျိုးကတော့ လာဘ်စားသော ပြည်သူ့ ၀န်ထမ်းတွေ ဖြစ် ပါတယ်။ ရဲတပ်ဖွဲ့၊ စစ်မှုထမ်း၊ လူဝင်မှုကြီးကြပ်ရေး စသူများက လာဘ်စားပြီး၊ smuggling operation တွေကို မသိ ချင်ယောင်ပြီး လွှတ်ပေးတာတွေ ရှိပါတယ်။
နောက်တမျိုးကတော့ smuggling process အဆင့်ဆင့်မှာ တည်းခိုနေထိုင်ခွင့်ပြုထားတဲ့ နေရာတွေ ဖြစ်ပါတယ်။ ဟို တယ်၊ တည်းခိုခန်းနဲ့ လူနေအိမ် စတာတွေ ပါဝင်ပါတယ်။ ဒီလို ရာဇ၀တ်မှုတွေမှာ တည်းခိုခန်းပိုင်ရှင်တွေပါ ပါဝင်ပတ် သက် နေတဲ့အခါ စုံစမ်းအရေးယူသူများအတွက် အခက်အခဲဖြစ်စေနိုင်ပါတယ်။ နောက်တမျိုးကတော့ smuggling process အောင်မြင်သွားစေရန်အတွက် ငွေကြေးရယူပြီး သတင်းထိန်ချန်ထားသူများ ဖြစ်ပါတယ်။ ကားလက်မှတ်နဲ့ ရထားလက်မှတ် ရောင်းသူများ၊ တက္ကဆီကားမောင်းသူများ၊ လေကြောင်းဝန်ထမ်းများ၊ လှေပိုင်ရှင်များနှင့် လှေသားများ၊ ကားစက်ပြင်များ ပါဝင်နိုင်ပါတယ်။ နောက်ထပ်တမျိုးကတော့ ရာဇ၀တ်မှုများကနေ ရလာတဲ့ ငွေမည်းတွေကို ငွေဖြူ ဖြစ်အောင် ပြုလုပ်ရာမှာ ကူညီလုပ်ဆောင် ပေးသူများ ဖြစ်ပါတယ်။
ဒီလို active role မှာ ပါဝင်သူတွေအပြင် passive role မှာ ပါဝင်နေသူတွေလဲ ရှိပါတယ်။ ဥပမာ- တက္ကဆီမောင်းသမား တယောက်ဟာ လူအုပ်စုကို မြင်ချိန်မှာ illegal immigrants တွေမှန်း သိမြင်ပေမယ့်၊ safe house ကို လိုက်လံ ပို့ဆောင်ပေးပြီး ပုံမှန်ကြေးပဲ တောင်းယူခဲ့ပေမယ့်၊ သက်ဆိုင်ရာကို သတင်းအချက်အလက် ပေးပို့မှု မရှိပဲ blind eye လုပ်ခဲ့ရင် ဒါဟာလဲ passive role မှာ ပါဝင်ပတ်သက်ခြင်းပဲ ဖြစ်ပါတယ်။
နိဂုံး
smuggling of migrants ဆိုတဲ့ ရာဇ၀တ်မှု ပေါ်ပေါက်လာရတဲ့ အခြေခံအကြောင်းရင်းတွေဟာ အလုပ်အကိုင်ရှားပါးမှု၊ ဆင်းရဲနွမ်းပါးမှု စတာတွေကနေ ရုန်းထွက်ဖို့အတွက် ဘ၀အခြေအနေ ပိုမိုကောင်းမွန်စေနိုင်မယ့် တိုင်းပြည်တွေကို migration လုပ်မှုတွေပဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကို ငွေကြေး (သို့မဟုတ်) အခြားတစုံတရာ အကျိုးအမြတ် အတွက် အခွင့်ကောင်းယူပြီးဖြစ်စေ၊ နှစ်ဦးနှစ်ဘက် အကျိုးရှိတဲ့အလုပ်လို့ ထင်မြင်၍ ဖြစ်စေ လုပ်ဆောင်ကြရာကနေ smuggling operations တွေမှာ ရာဇ၀တ်မှုမှန်းသိရက်နဲ့ ဖြစ်စေ၊ မသိ၍ပဲဖြစ်စေ ပါဝင် ပတ်သက်နေသူတွေ အများ အပြား ရှိလာပါတယ်။ ဒေါသကြောင့်ဖြစ်တဲ့ လူသတ်မှုတခုမှာ သတ်မိသူကို စာနာနားလည် ပေးလို့ ရနိုင်ပါတယ်။ သို့ပေမယ့် သက်သေအထောက်အထား ဖျောက်ဖျက်ပေးရင်တော့ လူသတ်မှု ကြံရာပါ ဖြစ်သွားနိုင် ပါတယ်။
ဆင်းရဲနွမ်းပါးမှုကနေ ပေါ်ထွက်သွားတဲ့ လုယက်မှုတခုမှာ လုယက်သူရဲ့ ဘ၀အခြေအနေကို စာနာနားလည် ပေးကြလို့ ရနိုင်ပါတယ်။ သို့ပေမယ့် ဆင်းရဲနွမ်းပါးသူတွေ လုယက်ကြပါလို့ အားပေးလှုံ့ဆော်တာတွေ၊ လုယက်လာတဲ့ ပစ္စည်းတွေ ကို ထုခွဲရောင်းချ ပေးတာကိုတော့ ဘယ်လိုနိုင်ငံရဲ့ ဥပဒေကမှ ခွင့်ပြုကြမှာ မဟုတ်ပါဘူး။ ဒီအတိုင်းပါပဲ။ smuggling of migrants ဟာ (၂၁) ရာစုကမ္ဘာရဲ့ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုတွေကို နှိမ်နင်းရေးဆိုင်ရာ ရာဇ၀တ်ပြစ်မှု တခုဖြစ်တဲ့ အတွက် smuggling operations တွေမှာ သိရက်နဲ့ ဖြစ်စေ၊ မသိဘဲ ဖြစ်စေ ပါဝင်ပတ်သက်ခြင်းများကို ရှောင်ရှားပြီး၊ လူ့အဖွဲ့အစည်းအတွင်းမှာ Rule of Law ရှိလာအောင် ၀ိုင်းဝန်းဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း ရေးသားတင်ပြအပ်ပါ တယ်။

ခင်မမမျိုး (၁၆၊ ၈၊ ၂၀၁၁)

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes