Thursday, 15 December 2011

လာဖမ်းရင် လိုက်ဖို့ အဆင်သင့် ဟု ရွှေညဝါ ဆရာတော် မိန့်ကြား

ရွှေည၀ါဆရာတော်ဦးပညာသီဟ
ရန်ကုန်တိုင်း၊ကြည့်မြင့်တိုင်မြို့ နယ်ရှိသာဓုပရိယတ္တိစာသင်တိုက်၏ကျောင်းထိုင်ဆရာတော် ရွှေညဝါဆရာတော်အား ကျောင်းတိုက်မှ ဖယ်ရှားပေးရန် ညွှန်ကြားစာတစ်စောင်ကို နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က ယနေ့ညနေ ၆နာရီခန့်က ပေးပို့လိုက်ကြောင်း  ဆရာတော်နှင့်နီးစပ်သူတစ်ဦးက ဘားမားဗီဂျေ မီဒီယာ အား ပြောကြားခဲ့ပါတယ်။

အထက်ပါညွှန်ကြားစာနဲ့ ပတ်သက်၍  “မနက်ကတည်းက သင်္ကန်းအပိုနှစ်ထည်ထည့်ပြီး စောင့်နေတယ်။ လာဖမ်းရင် တခါတည်း လိုက်သွားမလို့” ဟု ဆရာတော်က အတည်ပြုမိန့်ဆိုခဲ့ပါတယ်။

မန္တလေးတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ရွှေည၀ါဆရာတော် တရားဟောပြောခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ၊ နိုဝင်ဘာ ၂၈ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဆဋ္ဌမအကြိမ် နိုင်ငံတော် သံဃာ့မ ဟာနယကအဖွဲ့ (၄၇) ပါးစုံညီ အစည်းအဝေးဆုံးဖြတ်ချက်အရ၊ ညွှန်ကြားချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

ယင်းညွှန်ကြားစာထဲတွင် ရွှေည၀ါဆရာတော်ဦးပညာသီဟအား နိုင်ငံတော်သံဃာနာယကပိုင် ကြည့်မြင့်တိုင်မြို့ နယ်၊သာဓုကျောင်းတိုက်မှဖယ်ရှားပေးရန်၊ သံဃာအဖွဲ့စည်း အဆင့်ဆင့်၏ ဆုံးမ ညွှန်ကြားသည်ကို မနာခံ၍ ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ် သတ်မှတ်သည့်အပြင် သာဓုကျောင်း တိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်ခွင့်မပြုရန် ပါရှိပါတယ်။ အထက်ပါညွှန်ကြားချက်များကို မလိုက်နာပါက သံဃာအဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၁ အရ အရေးယူသွားမည်ဖြစ်ကြောင်းသိရပါတယ်။ မည်သည့်နေ့ရက်တွင် ထွက်ခွာပေးရန်ညွှန်ကြားမှု မပါရှိကြောင်း၊ သံဃာ့နာယက အဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ရွှေည၀ါ ပညာ့ဗိမာန်သို့ ဒီဇင်ဘာ ၁၅ရက်နေ့တွင် ကြွရောက်လာရန် အစီအစဉ်ရှိကြောင်းဆရာတော်နှင့် နီးစပ်သူတစ်ဦးကပြောပါတယ်။

“ဟီလာရီလာတုန်းက ဆရာတော်သွားတွေ့လိုက်လို့ သူတို့တွေ လန့်သွားကြတယ်နဲ့တူတယ်။” ဟု ဆရာတော်၏ အနီးကပ် ကပ္ပိယတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။ ဆရာတော်သည် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်လာရောက်စဉ်က ပြည်တွင်းရှိ လူမှုရေး၊ နိုင်ငံရေး ဆောင်ရွက်သူများနှင့် တွေ့ဆုံရာတွင် ပါဝင်ခဲ့ပါတယ်။

အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ပွဲအပြင် နိုင်ငံရေးအကျဉ်းသားမိသားစုများဦးဆောင်သည့် ဒေါ်အောင်ဆန်းစုကြည် နိုဗယ်လ်ဆုရရှိသည့် နှစ် ၂၀ ပြည့်အခမ်းအနားကိုလည်းယင်းကျောင်းတိုက်တွင်ကျင်းပခဲ့ကြောင်းသိရပါတယ်။ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့သည် ရွှေည၀ါဆရာတော်ကဲ့သို့ပင် ဦးသုမင်္ဂလ (ဒယ်အိုး) ဆရာ တော်ကိုလည်း ဒီဇင်ဘာ ၉ရက်နေ့ ၂၀၁၁ခုနှစ် မှ ဒီဇင်ဘာ ၈ရက် ၂၀၁၂ခုနှစ်အထိ တစ်နှစ်တိတိတရား   ဟောပြောခွင့် ပိတ်ပင်လိုက်ပါတယ်။

ကိုဟိန်း
Ref:Burma VJ Media Group

Interview to KoKoGyi about ShweNyaWar Presiding Monk by Zar Ne

ဒလိုင်းလားမား မြန်မာပြည်လာနိုင်ရန် အရှင် ဉာဏိဿရ စီစဉ်နေ

သီတဂူ ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက တိဘက် ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမား ကို မြန်မာနိုင်ငံသို့ ဘုရားဖူးလာရောက်နိုင်ရန်စီစဉ်နေကြောင်း သတင်းရရှိသည်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဒလိုင်းလားမားနှင့် သီတဂူဆရာတော် အရှင်ဉာဏိသရ တွေ့ဆုံစဉ် (ဓာတ်ပုံ - သီတဂူ ဘလော့ဂ်မှ)
“ဒီကိစ္စ တဆင့်ပြီး တဆင့် ဘုန်းကြီး စီစဉ်သွားမှာပါ”ဟု ဒေါက်တာ အရှင်ဉာဏိဿရက The Wall Street Journal သို့ ယမန်နေ့က ပြောကြားသည်။
ဆရာတော် အရှင် ဉာဏိဿရသည် ဒလိုင်းလားမားကို လာမည့် ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ပြီး ရွှေတိဂုံ ဘုရားကို ဖူးမြော်နိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် ဒလိုင်းလားမားကို ဖိတ်ခေါ်ရေးအတွက် ခွင့်ပြုချက် ရရန် မြန်မာအစိုးရထံ ချဉ်းကပ်ဆောင်ရွက်နေကြောင်းလည်း ဆရာတော်က ဆက်လက် ပြောကြားသည်။
ဘုန်းတော်ကြီး ဒလိုင်းလားမားသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်၍ ရွှေတိဂုံဘုရားအား ဖူးမြော်လိုသည်ဟု အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် မကြာသေးမီက ကျင်းပခဲ့သော ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ညီလာခံ၌ ရွှေကျင် သာသနာပိုင် ၀ါဆို ဆရာတော်ကြီးနှင့် တွေ့ဆုံစဉ် လျှောက်ထားခဲ့သည်။
ထိုစဉ်က ၀ါဆိုဆရာတော်ကြီးက ပြန်လည်၍“ဖိတ်ကြားလို့ ဖြစ်သည့်အခါ ဖိတ်ကြားပါမည်၊ လာရောက်ဖူးမြော်ဖို့ သင့်လျော်သည့် အခါ ရွှေတိဂုံ စေတီတော်ကို ဖူးမြော်လှည့်ပါ”ဟု မိန့်ကြားခဲ့သည်။
တိဘက်လွတ်မြောက်ရေး ကမ္ဘာလုံးဆိုင်ရာ လှုံ့ဆော်မှု အကြောင်းပြချက်ဖြင့် ဒလိုင်းလားမား၏ ပြည်ပခရီးစဉ်များ အပေါ် တရုတ်အစိုးရက အစဉ်တစိုက် ဖိအားပေး ပိတ်ပင်ခဲ့ကြောင်း၊ ထို့ကြောင့် ၄င်းအနေဖြင့် ပြည်ဝင်ခွင့် ဗီဇာရရေး အတွက် အခွင့် အလမ်း နည်းပါးကြောင်း ကျွမ်းကျင်သူများက ထောက်ပြကြသည်ကိုလည်း The Wall Street Journal တွင်ဖော်ပြထားသည်။
လွန်ခဲ့သည့် အောက်တိုဘာလကလည်း တရုတ်နိုင်ငံက ၄င်းနှင့် ကုန်သွယ်မူ ဆက်ဆံရေးနီးနီးကပ်ကပ်ရှိနေသည့် တောင် အာဖရိက နိုင်ငံအား ဒလိုင်းလားမား၏ ဗီဇာတောင်းခံမူကို လက်မခံရန် ဖိအားပေးခဲ့သည့်အတွက် ဒလိုင်းလားမားကို ဗီဇာငြင်း ဆိုခဲ့သည်။
တရုတ်နိုင်ငံနှင့် ရင်းနှီးမြုပ်နှံမှု အပါအ၀င် သံတမန်ဆက်ဆံရေး နက်နက်ရှိုင်းရှိုင်း ရှိနေသည့် မြန်မာနိုင်ငံသည်လည်း တရုတ် အစိုးရနှင့်ဆက်ဆံရေး ထိခိုက်ခံမည်မဟုတ်ကြောင်း လေ့လာသူများက ထောက်ပြထားသည်ကို The Wall Street Journal အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
“ကမ္ဘာတ၀န်းက ဗုဒ္ဓဘာသာခေါင်းဆောင်အားလုံးကို မြန်မာနိုင်ငံက ဘာသာရေး ခေါင်းဆောင် တဦးအနေနဲ့ ဖိတ်ခေါ်ပိုင်ခွင့်ရှိတယ်။ ဘုန်းကြီးလည်း ဆရာတော် ဒလိုင်းလားမားကို ဖိတ်ခေါ်မယ်”ဟု အရှင် ဉာဏိဿရက ယင်းဂျာနယ်ကို ပြောသည်။
၂၀၀၄ ခုနှစ်က ကမ္ဘာ့ ဗုဒ္ဓဘာသာ ထိပ်သီးညီလာခံတခုကို မြန်မာနိုင်ငံတွင်ကျင်းပခဲ့စဉ် ဆရာတော် အရှင် ဉာဏိဿရ က တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမားကို မြန်မာအစိုးရက တက်ရောက်ခွင့်ပေးမည်ဟု မျှော်လင့်ခဲ့သော်လည်း တက်ရောက်နိုင်ခဲ့ခြင်း မရှိပေ။
သမ္မတ အကြံပေးတဦးဖြစ်သူ ဦးကိုကိုလှိုင်က ဒလိုင်းလားမား မြန်မာနိုင်ငံသို့ အလည်လာရေးအပေါ် မြန်မာအစိုးရအနေဖြင့်  မည်ကဲ့သို့ သဘောထားမည်ကို မသိကြောင်း၊ အခွင့်အလမ်းနည်းသည်ဟု သူ့တဦးတည်းအနေဖြင့်ထင်မြင်ကြောင်း တရုတ် အစိုးရကလည်း အထိအခိုက်မခံကြောင်း၊ ဘာသာရေးအနေဖြင့် ပြဿနာမရှိသော်လည်း နိုင်ငံရေး ရှုထောင့်မှ အငြင်းပွားဖွယ် ရာများ ရှိကြောင်း သမ္မတ အကြံပေးတဦးအနေနှင့်မဟုတ်ဘဲ မှတ်ချက်ပေးထားသည်ကို The Wall Street Journal တွင်ဖော် ပြခဲ့သည်။
“ဘုန်းကြီးက မြန်မာအစိုးရနဲ့ပဲ စကားပြောမယ်။ တရုတ်အစိုးရနဲ့ ဘုန်းကြီးအနေနဲ့ ပြောစရာ မလိုဘူး။ မြန်မာအစိုးရက ဒီကိစ္စ တရုတ်ကွန်မြူနစ်အစိုးရနဲ့ ဆွေးနွေးမယ်ဆိုရင် ကြာသွားမယ်”ဟုလည်း အရှင်ဉာဏိဿရက ပြောဆိုထားသည်။
၁၉၉၃ ခုနှစ်တွင် ဒလိုင်းလားမား အပါအ၀င် နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင်များသည် ထိုင်းနိုင်ငံသို့လာရောက်၍ မြန်မာ့ ဒီမိုကရေစီ အရေးနှင့် ထိုစဉ်က နေအိမ်အကျယ်ချုပ်ကျနေသော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့ဖူးသည်။
ထိုစဉ်က တရုတ်အစိုးရ၏ ဖိအားပေးမှုကြောင့် ထိုင်းအစိုးရက ဒလိုင်းလားမားကို ထိုင်းနိုင်ငံတွင် ၂၄ နာရီသာ နေထိုင်ခွင့် ဗီဇာပေးခဲ့သည်။
၁၉၈၉ ခုနှစ်က ဒလိုင်းလားမားကို ငြိမ်းချမ်းရေး နိုဗဲလ်ဆုပေးအပ်ပွဲ အခမ်းအနားကျင်းပသည့် နော်ဝေးနိုင်ငံနှင့် ဆုရွေးချယ်ရေး အဖွဲ့ကိုလည်း တရုတ် အစိုးရက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးသည်။

ရွှေည၀ါဆရာတော်ကို လူဝတ်လဲရန်အတွက် လုံခြုံရေးယူ

ရွှေည၀ါဆရာတော်ကို လူဝတ်လဲရန်အတွက် လုံခြုံရေးယူ
The Voice Weekly - ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ဒီဇင်ဘာလ ၁၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရရှိခြင်း အနှစ် ၂၀ ပြည့် ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပခဲ့သည့် ကြည့်မြင်တိုင် သာဓုပရိယတ္တိစာသင်တိုက်ရှိ ရွှေည၀ါဆရာတော်ကို လူဝတ်လဲရန်အတွက် ယနေ့ညနေပိုင်းက ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးဆောင်ရွက်ထားသည်ဟု ကြည်မြင်တိုင်မြို့နယ် USDP ပါတီ မြို့နယ်အမှုဆောင်တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

ရွှေည၀ါဆရာတော်ကို မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် တရားဟောကြားခဲ့သဖြင့် ကြည့်မြင်တိုင် သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်၊ သံဃာ့အဖွဲ့အစည်းအဆင့်အဆင့်၏ ဆုံးမညွှန်ကြားသည်ကို မနာခံသဖြင့် လူဝတ်လဲရန်၊ နိုင်ငံတော်သံဃာ့နာယကအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ သာဓုကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်သင်ကြားခြင်း မပြုလုပ်ရန် အချက်သုံးချက်ပါသည့် ဆဌအကြိမ် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ၄၇ ပါး စုံညီအစည်းအဝေးဆုံးဖြတ်ချက်ဖြင့် နိုင်ငံတော်သံဃာ့မဟာ နာယကအဖွဲ့၏ ဒီဇင်ဘာလ ၁၂ ရက်နေ့ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့သို့ ပေးပို့သော ထုတ်ပြန်ချက်အရ သိရသည်။


ရွှေည၀ါဆရာတော်ကို ကျောင်းတိုက်မှ နှင်သည့်စာ လက်ခံရ
Yangon Press International - ဒီဇင်ဘာ ၁၄၊ ၂၀၁၁ (YPI) ည ၉ နာရီ ၁၀ မိနစ်

၈၈ မျိုးဆက်ကျောင်းသားများ အထိမ်းအမှတ်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် မိသားစုများ စုဝေးသည့် အခမ်းအနားများ ကျင်းပသည့် သာဓုပရိယတ္တိစာသင်တိုက်နှင့် ရွှေည၀ါပညာ့ဗိမာန်ကျောင်းတိုက် ဆရာတော်အား တိုင်းသံဃာ့နာယက ဥက္ကဋ္ဌမှ စာဖြင့် ညွှန်ကြားလိုက်သည်ဟု သိရသည်။

ရွှေည၀ါကျောင်းတိုက် ဆရာတော် ဦးပညာသီဟအား အရေးယူဆောင်ရွက်ရန်ကိစ္စဟု ခေါင်းစဉ်တပ်ထားသည့် စာတွင် ဆရာတော်အနေဖြင့် မန္တလေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် တရားဟောကြားသည့်ကိစ္စနှင့် စပ်လျဉ်း၍ ၂၀-၁၁-၂၀၁၁ ရက်နေ့တွင် ကျင်းပသည့် သံဃာ့နာယက ၄၇ ပါး စုံညီအစည်းအဝေးမှ ဆရာတော်အား ကျောင်းတိုက်မှ ဖယ်ရှားရန်၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ ဆုံးဖြတ်ချက်ကို မနာခံသဖြင့် ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန်နှင့် ရွှေည၀ါကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်ခြင်းမပြုရန် ဆိုသည့် အချက်သုံးချက်ကို ဖော်ပြထားသည်။

မည်သည့်နေ့ရက်တွင် ထွက်ခွာရန် ဖော်ပြထားခြင်းမရှိသော်လည်း မနက်ဖြန် နေ့ခင်း ၁ နာရီတွင် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရား ရွှေည၀ါပညာ့ဗိမာန်သို့ ကြွရောက်လာရန်ရှိသည်ဟုလည်း ကျောင်းတိုက်တွင် ရောက်ရှိနေသည့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုကိုကြီး (စမ်းချောင်း) က YPI သို့ ပြောသည်။

၎င်းက “ အဓိကကတော့ဗျာ ကျောင်းတိုက်က နှင်ထုတ်တာ၊ နောက် ဗုဒ္ဓတက္ကသိုလ်ကိုလည်း ဖွင့်ခွင့်မပေးဘူးလို့ ဆိုလိုတာပဲ” ဟု ပြောသည်။


ဒီဇင်ဘာ ၁၀ ရက်နေ့က ကျင်းပသည့် အခမ်းအနားတွင်


သာဓုပရိယတ္တိစာသင်တိုက်မှ ရွှေည၀ါဆရာတော်အား မြင်တွေ့ရစဉ်

နှင်ထုတ်သည့် စာမိတ္တူအား သာသနာရေးဝန်ကြီးဋ္ဌာန၊ တိုင်းအုပ်ချုပ်ရေးမှူးများ၊ ခရိုင်အုပ်ချုပ်ချုပ်ရေးရုံး၊ သာသနာရေးဝန်ကြီးဋ္ဌာန ညွှန်ချုပ်များထံသို့ ပေးပို့ကြောင်း ဖော်ပြထားသည်။ စာထုတ်သည့် ရက်စွဲမှာ ဒီဇင်ဘာ ၁၂ ရက်နေ့ နေ့စွဲဖြစ်သည်။

ရွှေည၀ါဆရာတော်သည် ယခုလဆန်း ၂ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန် လာရောက်စဉ် တွေ့ဆုံကြသည့် ပြည်တွင်း လူမှုရေး၊ နိုင်ငံရေးဆောင်ရွက်သူများအထဲ ပါဝင်သည့် တပါးတည်းသော သံဃာဖြစ်သည်။

အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နိုင်ငံရေးအကျဉ်းသားများ စုဝေးသည့်ပွဲ၊ လစဉ် လဆန်း ၁ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားမိသားစုများ စုဝေးတွေ့ဆုံပွဲနှင့် ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆု ရရှိသည့် နှစ် ၂၀ ပြည့် အခမ်းအနားများအား ယင်းကျောင်းတိုက်တွင် ကျင်းပခဲ့သည်။ ။


နိုင်ငံတော်သံဃာ့နာယကအဖွဲ့က တိုင်းသံဃာ့နာယကမှတဆင့် ဆရာတော်ထံ ပေးပို့လာသည့် စာ


ရွှေညဝါဆရာတော်အား နိုင်ငံတော်သံဃာ့နာယကအဖွဲ့မှ စွဲချက်တင်ထားသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင်
မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ဟောကြားခဲ့သော တရားတော်အခွေ

Ref: ဒေါက်တာလွမ်းဆွေ

မြန်မာပြည် ပြောင်းလဲမှုတွေ ဆက်ဖြစ်ဖို့ ကုလ ကြိုးပမ်းမည်

မြန်မာနိုင်ငံတွင်းမှာ အခြေအနေအရပ်အရပ်မှာ စိတ်ဝင်စားစရာကောင်းလောက်အောင် တိုးတက် ဖြစ်ထွန်းတွေ တွေ့နေရပြီး ဒီထက်ပို ဖြစ်ထွန်းတိုးတက်လာဖို့ ကုလသမဂ္ဂအနေနဲ့ ဆက်ပြီး ကြိုးပမ်း သွားမယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုပါတယ်။ တချိန်တည်းမှာတော့ အကျဉ်းထောင်အတွင်း ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး လွှတ်ပေးဖို့လည်း တောင်းဆိုပါတယ်။ ကိုသားညွန့်ဦးက တင်ပြပေးပါလိမ့်မယ်။
ကမ္ဘာ့နိုင်ငံတွေအကြား တနှစ်အတွင်း ဖြစ်ထွန်းတိုးတက်မှုတွေနဲ့ပတ်သက်လို့ မနေ့က နယူးယောက်  ကုလသမဂ္ဂရုံးမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတင်းစာရှင်းလင်းပွဲလုပ်ရာမှာ မြန်မာနိုင်ငံ အကြောင်းကို ထည့်ပြောသွားပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ မြင်နေရပြီဆိုတာကို အသိအမှတ်ပြု ပြောပါတယ်။
“မြန်မာနိုင်ငံတွင်း အများလိုလားတဲ့ ပွင့်လင်းပြောင်းလဲမှုသစ် မြင်နေရပါပြီ။ ကုလသမဂ္ဂအနေနဲ့ တိုးတက်မှုတွေ ဆက်ရှိလာဖို့ ဆက်ပြီး ကြိုးပမ်းဆောင်ရွက်သွားပါမယ်”
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟာ မြန်မာအစိုးရ သမ္မတဦးသိန်းစိန်နဲ့ ပြီးခဲ့တဲ့ အာဆီယံ-ကုလ ဆွေးနွေးပွဲကာလအတွင်းမှာ တွေ့ဆုံခဲ့ပြီး လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုသလို အပြောင်းအလဲတွေ ပိုဖြစ်လာဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ဒါကြောင့်လည်း မကြာခင် မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့လည်း ပြင်ဆင်နေတယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Martin Nesirky က ဗွီအိုအေကို ပြောပါတယ်။
“မြန်မာအာဏာပိုင်တွေ ဖိတ်ကြားချက်ကြောင့် သူ မြန်မာနိုင်ငံကို သွားရောက်လိုတယ်ဆိုတာကို အတွင်းရေးမှူးချုပ်အနေနဲ့ တရားဝင် ပြောထားပြီးပါပြီ။ ဒီအတွက် မြန်မာနိုင်ငံကို ဖြစ်နိုင်သမျှ မြန်မြန် သွားရောက်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့် ဘယ်တော့ သွားဖြစ်မလဲဆိုတာတော့ ခုချိန် မပြောနိုင်သေးပါဘူး”
လက်ရှိ မြန်မာနိုင်ငံအခြေအနေမှာ စိတ်ဝင်စားစရာကောင်းတဲ့ တိုးတက်မှုတွေ မြင်ရသလို ကုလသမဂ္ဂရဲ့ မြန်မာ့အရေး ပါဝင်ဆောင်ရွက်မှုကိုလည်း လက်ခံလာတာ တွေ့ရတယ်လို့ အတွင်းရေးမှူးချုပ် ပြောခွင့်ရသူ Martin က ပြောပါတယ်။
“မြန်မာနိုင်ငံတွင်း အခြေအနေအတော်များများမှာ စိတ်ဝင်စားစရာကောင်းလောက်အောင် တိုးတက်မှုတွေ မြင်လာရပါတယ်။ ဒီအထဲမှာ နိုင်ငံရေးလုပ်ငန်းစဉ်တွေလည်း ပါပါတယ်။ ဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပတ်သက်လာပါတယ်။
တိုင်းရင်းသားကိစ္စရပ်တွေမှာလည်း အာဏာပိုင်တွေဘက်က ပြောင်းလဲလာတဲ့ ခြေလှမ်းတွေ တွေ့လာရပါတယ်။ ကုလသမဂ္ဂရဲ့ အဖွဲ့အစည်းအချို့ဟာ မကြာခင်ကပဲ မြန်မာနိုင်ငံ မြောက်ပိုင်းက ချင်ပြည်နယ်နယ်စပ်ကို သွားရောက်ခွင့်ရခဲ့ပါတယ်။ ဒါဟာ အဲဒီဒေသတွင်းက ပြည်သူတွေ အတွက်တင်မဟုတ်ဘဲ ကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ အဲဒီက အခြေအနေတွေကို ကိုယ်တိုင် ကိုယ်ကျ သွားရောက် စစ်ဆေးလေ့လာခွင့်ရတာတွေဟာ အတော်လေး အရေးကြီးတဲ့ ကိစ္စရပ်တွေပါ”
ဒါပေမယ့် နိုင်ငံတကာက လိုလားတဲ့အခြေအနေတွေအတိုင်း ဖြစ်နေပြီလို့ ယူဆလို့မရသေးတဲ့ အကြောင်းလည်း ပြောပါတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာရေး အပေါ်မှာ အတွင်းရေးမှုးချုပ်အနေနဲ့ အသေအချာ စောင့်ကြည့်နေတယ်လို့ ပြောခွင့်ရသူက ဆိုပါတယ်။
“အကျဉ်းထောင်တွေအတွင်း ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်နိုင်သမျှ မြန်မြန်ပြန်လွတ် လာသင့်တယ်ဆိုတဲ့ အတွင်းရေးမှူးချုပ်ရဲ့ အမြင်အယူအဆ မပြောင်းမလဲရှိနေပါတယ်။ လာမယ့် ရက်ပိုင်း သီတင်းပတ်တွေအတွင်းမှာ ဒီ အခြေအနေတွေ ဖြစ်လာမလားဆိုတာကိုလည်း ကျနော်တို့ အသေအချာကို စောင့်ကြည့်နေပါတယ်”
အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေနဲ့ မြန်မာနိုင်ငံကို အရင်က နှစ်ကြိမ်လာခဲ့ပြီး နာဂစ်ကယ်ဆယ်ရေး ကိစ္စနဲ့ နောက်တကြိမ်က အမျိုးသားပြန်လည်သင့်မြတ်ရေးခေါင်းစဉ်နဲ့ဖြစ်ပါတယ်။
မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံပေမယ့်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရခဲ့ပါဘူး။ ဒီတခေါက်တော့ လာမယ့်နှစ်ဆန်းပိုင်းမှာ အတွင်းရေးမှူးချုပ်ရဲ့ တတိယမြောက် မြန်မာခရီးစဉ်ဖြစ်လာလိမ့်မယလို့ မျှော်လင့်ရပါတယ်။
Ref: VOA

Wednesday, 14 December 2011

လျှပ်စစ် မီတာခများအား နောက်ထပ် တစ်ဆ ထပ်တိုးမည်

၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၁ရက် နေ့မှစ၍ လျှပ်စစ်မီတာခများကို နောက်ထပ် တစ်ဆထပ်တိုး ကောက်ခံသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
၂၀၀၆ ခုနှစ်ဇန်န၀ါရီလ ၅ ရက်နေ့မှ စတင်၍ ဓါတ်အားခနှုန်းထားများကို အိမ်သုံးမီတာ တစ်ယူနစ်လျှင် ၂၅ ကျပ်၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းသုံး မီတာတစ်ယူနစ် လျှင် ၅၀ ကျပ်ကောက်ခံခဲ့ရာမှ လာမည့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့မှစတင်၍ အိမ်သုံးမီတာ တစ်ယူနစ်လျှင် ၅၀ ကျပ်၊ လုပ်ငန်းသုံး မီတာတစ်ယူနစ်လျှင် ၁၀၀ ကျပ်သို့ ပြောင်းလဲတိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ စုံစမ်းသိရှိရသည်။
လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး အတွက် အမှတ်(၂)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနအနေဖြင့် အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနထံမှ ရေအားလျှပ်စစ် တစ်ယူနစ်လျှင် ၂၀ ကျပ်နှုန်း၊ ဓါတ်ငွေ့တာဘိုင်များ အသုံးပြု ဖြန့်ဖြူးခြင်းအတွက် တစ်ယူ နစ်လျှင် ၁၂၇ ကျပ် အကုန်အကျခံကာ ဖြန့်ဖြူးပေးနေရခြင်းကြောင့် အရှုံးပေါ်လျက်ရှိ၍ နိုင်ငံတော်မှ စိုက်ထုတ်ပေးနေရလျက် ရှိကြောင်း၊ ဓါတ်အားခနှုန်းထားများ ပြောင်းလဲ ကောက်ခံခြင်းဖြင့် ရသုံးငွေမျှခြေသို့ ရောက်ရှိကာ ဓါတ်အားပုံမှန်ဖြန့်ဖြူးရေးအတွက် ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းများနှင့် တိုးချဲ့တပ်ဆင်နိုင်ရေးတို့ကို ပိုမိုလုပ်ဆောင်နိုင်ရန် ရည်ရွယ်သည်ဟုလည်း သိရသည်။

နှစ်ဆတက်လိုက်ရင်  အိမ်နီးချင်းနိုင်ငံတွေနဲ့ ပိုဈေးကြီးသွားမယ်။ အိမ်နီးချင်းနိုင်ငံ တွေ က ကျွန်တော်တို့ဆီက စွမ်းအင် ၀ယ်သုံးရတဲ့သူတွေလေ။ သူတို့ထက်ဈေးပိုများလို့ ဘယ်ဖြစ်မလဲ။ ပြည်သူတွေ ဖောင်စီးရင်းရေငတ် ဖြစ်ကုန်မှာပေါ့။ အများပြည်သူနဲ့ဆက်စပ်ပြီးတော့ တိုးမြှင့်ကောက်ခံတဲ့နေရာမှာ ညင်သာမှုရှိဖို့လိုတယ်။

မြန်မာနိုင်ငံအပါအ၀င် အာရှဒေသတွင်း (၁၅)နိုင်ငံ၏ ဓါတ်အားခနှုန်းထားများကို နှိုင်းယှဉ်ပါက အနည်းဆုံးအဆင့်သို့ ရောက်ရှိနေပြီး တိုင်းပြည်ဓါတ်အားရရှိရေးနှင့် ၀န်ကြီးဌာနရပ်တည်ရေးအတွက် နိုင်ငံတော်အပေါ်တွင်သာ မှီခိုနေရ ကြောင်း သိရသည်။
ဓါတ်အားခတိုးမြှင့် ကောက်ခံချိန်တွင်လည်း ဒေသတွင်းနိုင်ငံများ ၌ အဆင့် (၁၃)ထိသာ ရောက်နိုင်၍ နှုန်းထား နည်းပါးသော နိုင်ငံစာရင်းတွင်သာ ရှိနေမည်ဖြစ်သည်။ အဆိုပါ အခြေအနေသည် ဌာနအနေဖြင့် ရသုံးငွေ ကာမိရုံမျှခြေခန့်မျှသာ ရှိနေသည်ဟု သိရသည်။
“အခုဓါတ်အား ဖြန့်ဖြူးရောင်းချနေတဲ့နှုန်းက ဒေသတွင်း (၁၅)နိုင်ငံမှ ကျွန်တော်တို့မြန်မာနိုင်ငံက အနည်းဆုံးပါ။ ကျွန်တော်တို့ ကုန်ကျစရိတ်က ပျှမ်းမျှတစ်ယူနစ်ကို ကျပ် (၆၀) ကျော်လောက် ကုန်ကျပါ တယ်။ ရောင်းတာက ၃၇ ကျပ်၊ ပြား ၄၀ နှုန်းလောက်ပဲ ရောင်းရတယ်။ တစ်ယူနစ်ရောင်းတိုင်း ၂၉ ကျပ်၊ ၈၄ ပြား၊ ကျပ် ၃၀ နီးပါးအရှုံးပေါ် ပါတယ်။ ဒီနှုန်းအတိုင်းသာသွားရင် လာမယ့်နှစ်မှာ ကျပ် ၂၄၉ ဒသမ ၈ ဘီလီယံ ရှုံးပါမယ်။ အခုလို အရှုံးခံပြီးဆက်ရောင်းနေရင် ကြာလေရှုံးလေနဲ့ နောက်ဆုံးနလန်မထူနိုင်ဘူး ဖြစ်သွားမယ်။ ဒါကြောင့် ပြင်ဆင် ထိန်းသိမ်းရေးစရိတ်ကာမိဖို့နဲ့ တိုးချဲ့တပ်ဆင်ရေးလုပ်ငန်းတွေမှာ ပြန်လည်ရင်းနှီးမြှပ်နှံဖို့ ပြောင်းလဲ ကောက်ခံရခြင်းဖြစ်တယ် ဆိုတာကို ပြည်သူလူထုက လက်ခံယုံကြည် ပေးစေလိုပါတယ်” ဟု အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ပြော ကြားပါသည်။
အမှတ်(၂)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံရှိ မြို့ပေါင်း ၃၉၆ မြို့အနက် မြို့ပေါင်း ၂၂၀ ခန့်၊ ကျေးရွာပေါင်း ၆၄၃၄၆ ရှိရာ မီးလင်းပြီးကျေးရွာ ပေါင်း ၆၇၇၄ ရွာအနက်မှ ကျေးရွာ ပေါင်း ၁၆၀၀(၁၀ ရာခိုင်နှုန်း)ခန့်၊ အိမ်ထောင်စုဦးရေပေါင်း ၈၉၀၅၆၇၄ အနက်မှ မီးရရှိပြီး အိမ်ထောင်စု ပေါင်း ၂၃၂၃၄၆၇(၂၆ ရာခိုင်နှုန်း) ခန့်ကို ဓါတ်အားစနစ်ဖြင့် မီးပေးထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
အိမ်သုံးမီတာဈေးများမှာ ဒေသတွင်းနိုင်ငံများ ဖြင့် နှိုင်းယှဉ်လျှင်  အဆင့် ၁၃ နေရာတွင် ရှိမည်ဖြစ် ပြီး စီးပွားရေးလုပ်ငန်းသုံးဖြင့်ယှဉ် ပါက အဆင့် ၈ နေရာသို့ ရောက်ရှိမည်ဖြစ်ကြောင်း တွက်ချက်မှုများ အရသိရသည်။
“ဈေးတွေတက်သွားတဲ့အပေါ် မှာ သေသေချာချာစိစစ်ပြီးတော့ အစိုးရ အခက်အခဲကိုလည်း ဝေဖန် စဉ်းစားဖို့ လိုတယ်။ အစိုးရအနေနဲ့ ရသင့်ရထိုက်တဲ့အခွန်ရဲ့ ၁၀ ရာခိုင်နှုန်းပဲ ရနေတဲ့အချိန်မှာ၊ တကယ်ပေး ဆောင်သင့်တဲ့အခွန်ကို ပြည်သူပြည်သားတွေက ၁၀ရာခိုင်နှုန်းလောက် ပဲ ပေးဆောင်နေတဲ့အချိန်မှာ အစိုးရ အနေနဲ့ သယံဇာတတွေရောင်းစားပြီး အသက်ဆက်နေရတယ်။ ဒီလို အခြေအနေမျိုးမှာ Subsidize လုပ်နေတဲ့ ကဏ္ဍတွေကို လျှော့ချရမှာ အစိုးရတစ်ရပ်ရဲ့တာဝန်ပဲဖြစ်တယ်။ အခုလျှပ်စစ်ကဏ္ဍမှာ အစိုးရအနေနဲ့  Subsidize လုပ်တာတွေကို လျှော့ချ ပစ်လိုက်တာလို့ မြင်တယ်။ ဒါမှ အစိုးရအနေနဲ့ လာဘ်ပေးလာဘ်ယူ  တိုက်ဖျက်ဖို့အတွက် လာမယ့်နှစ်မှာ ၀န်ထမ်းတွေကို လစာတိုးမြှင့်ပေးနိုင်မယ်လို့ မြင်တယ်။ ဒါပေမယ့် ပြည်သူလူထုကို ၀န်ထုပ်ဝန်ပိုးမဖြစ်ဖို့ အစိုးရအနေနဲ့ မျှမျှတတ စဉ်းစားပြီး အဆင့်လိုက်အဆင့်လိုက် တိုးမြှင့်သွားဖို့ လိုတယ်လို့ မြင်တယ်။ ငါးဆယ်ကနေ တစ်ရာကိုတိုးမယ် ဆိုတာကတော့ များလွန်းတယ်။ ဥပမာ အိမ်သုံးလျှပ်စစ်ကို ၂၅ကျပ်က နေ ၄၀ ကျပ်လောက်ပဲ စတိုးကြည့် ပြီးတော့ နောက်၆လကြာရင် ၅၀ ကနေ ၇၅ ကျပ်ထိတိုး။ နောက် ၆လလောက် ကြာရင် တိုင်းပြည်စီးပွားရေးလည်း ပိုကောင်းလာမယ်လို့ ယူဆတယ်။  ဟိုတစ်ခါ လောင်စာဆီတိုးတုန်းကလို ကြီးကြီးမားမား Impact မဖြစ်ဖို့ တစ်ဆင့်ချင်း တစ်ဆင့်ချင်း တိုးသွား  သင့်တယ်။ တစ်ဆင့်ချင်းတစ်ဆင့်ချင်း တိုးသွားရင် ပြည်သူလူထုကို ဖိစီးမှုလည်းမဖြစ်စေဘူးလို့ မြင်တယ်။ နောက်တစ်ချက်က မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားပိုရလို့ ရင်းနှီးမြှုပ်နှံလိုတဲ့သူ ပိုများလာတယ်။ ဒါကို ထိန်းသိမ်းဖို့လည်း မြင်တယ်။ လျှပ်စစ်ဓာတ်အား သက်သာတာက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကို အများကြီးဆွဲဆောင်မှု ရှိစေပါတယ်။ အဲဒါကြောင့် အလျင်စလို များများမတိုး ဖို့လိုပါတယ်။ နှစ်ဆတက်လိုက်ရင်  အိမ်နီးချင်းနိုင်ငံတွေနဲ့ ပိုဈေးကြီးသွားမယ်။ အိမ်နီးချင်းနိုင်ငံ တွေက ကျွန်တော်တို့ဆီက စွမ်းအင်ဝယ်သုံး ရတဲ့သူတွေလေ။ သူတို့ထက်ဈေးပိုများလို့ ဘယ်ဖြစ်မလဲ။ ပြည်သူတွေ ဖောင်စီးရင်းရေငတ် ဖြစ်ကုန်မှာပေါ့။ အများပြည်သူနဲ့ ဆက်စပ်ပြီးတော့ တိုးမြှင့်ကောက်ခံတဲ့နေရာ မှာ ညင်သာမှုရှိဖို့လိုတယ်။ ကိုယ်ရှုံးနေတာ၊ ကိုယ်မကိုက်တာ တစ်ခုတည်း ကြည့်လို့မရဘူး။ နှစ်ဘက်မျှ ကြည့်ရမယ်။ အများပြည်သူက လည်း မျှကြည့်ပေးရမယ်။ ရုတ်တရက် ဈေးတွေထိုးတက်သွားပြီ ငါတို့ တော့ဒုက္ခပဲလို့ အမြင်တစ်ခုတည်း ကြည့်လို့မရဘူး။ မီးရထားခတွေ ၁၀ဆ တက်လိုက်သလို မလုပ်ဖို့လိုတယ်။ အဲဒီလို လုပ်တာဟာ လူထုက အစိုးရအပေါ် အမြင်မကြည် ဖြစ်သွားစေမယ်။ စစချင်း ၄ ဆလောက်တက်၊ တဖြည်းဖြည်းတက်ရင် ပြောစရာမဖြစ်တော့ဘူး။ မကိုက်လို့ တက်တယ်ကွာဆိုပြီး ငါတကော ကောတဲ့ပုံစံထက် ပြည်သူလူထုကို အရင်ချပြသင့်တယ်။ ဘာကြောင့်တက်တယ်ဆိုတာ ရှင်းပြသင့်တယ်။ မီးရထားခတွေ ဒီလိုမဟုတ်ဘဲ တက်လိုက်တဲ့အတွက် ပြောစရာ ဖြစ်သွားတယ်။ လျှပ်စစ်ခကို မီးရထားခလို လုပ်လိုက်ရင်တော့ အစိုးရ Image အောက်သွားနိုင်တယ်။ စက်မှုလုပ်ငန်းသုံး မီတာခနှုန်းက အရမ်းများနေတယ်။ အဲဒီအတွက် ရင်းနှီးမြှုပ်နှံမှုပိုင်း ပြဿနာရှိလာနိုင်တယ်” ဟု Eleven Media Group မှ CEO ဒေါက်တာသန်းထွဋ်အောင် က ပြောကြားခဲ့ပါသည်။
နှစ်ဆ မြင့်တက်လိုက်သည့် ဈေးဖြင့် မြန်မာနိုင်ငံ၏ ဓာတ်အားခအား အာရှဒေသတွင်း နိုင်ငံအချို့၏ လျှပ်စစ်ဓါတ်အားခများနှင့် နှိုင်းယှဉ်ချက် (အိမ်သုံးလျှပ်စစ်ဓာတ်ခအား အနည်းအများဖြင့် တန်းစီခြင်း)
(နှုန်းသစ် ၅၀ ကျပ် - ၁၀၀ ကျပ်)  Price- cents/KWh
စဉ်   နိုင်ငံ အိမ်သုံး စီးပွားရေးသုံး စက်မှုလုပ်ငန်းသုံး
ဖိလစ်ပိုင်    ၂၄ .၆၈ ၁၄ .၉၃ ၁၄ .၉၃
ဂျပန်   ၂၃ .၀၀ - -
စင်္ကာပူ  ၂၂ .၀၉ ၂၂ .၀၉ ၂၂ .၀၉
ကမ္ဘောဒီးယား   ၂၀ .၂၁ ၁၉ .၈၁ ၁၉ .၄၁
သီရိလင်္ကာ        ၁၉ .၀၉ ၁၇ .၇၃ ၁၂ .၃၆
တရုတ် ၉ .၇၂   ၁၇ .၂၉ ၁၃ .၇၁
လာအို     ၉ .၆၇ ၁၃ .၈၄ ၁၁ .၉၀
ကိုရီးယား            ၉ .၁၁ ၇ .၇၇ ၅ .၅၅
ထိုင်း      ၉ .၀၃ ၅ .၅၂ ၉ .၂၂
၁၀ ပါကစ္စတန်      ၇ .၉၆ ၁၃ .၀၀ ၁၀ .၃၂
၁၁ အင်ဒိုနီးရှား     ၇ .၄၁ - -
၁၂ ဘရူနိုင်း      ၆ .၆၇ ၆ .၆၇ ၆ .၆၇
၁၃ မြန်မာ  ၆ .၂၆  ၁၂ .၅၀ ၁၂ .၅၀
၁၄ အိန္ဒိယ    ၆ .၁၉ ၁၂ .၅၀ ၁၃ .၆၀
၁၅ ဘင်္ဂလားဒေ့ရှ်     ၄ .၆၁ ၇ .၈၀ ၇ .၈၀
        

နှစ်ဆမြင့်တက်လိုက်သည့် ဈေးဖြင့် မြန်မာနိုင်ငံ၏ ဓာတ်အားခအား အာရှဒေသတွင်း နိုင်ငံအချို့၏ လျှပ်စစ်ဓါတ်အားခများနှင့် နှိုင်းယှဉ်ချက် (စီးပွားရေးနှင့် စက်မှုလုပ်ငန်းသုံး လျှပ်စစ်ဓာတ်ခအား အနည်းအများဖြင့် တန်းစီခြင်း)
(နှုန်းသစ် ၅၀ ကျပ် - ၁၀၀ ကျပ်) Price – cents/KWh
စဉ်   နိုင်ငံ အိမ်သုံး စီးပွားရေးသုံး စက်မှုလုပ်ငန်းသုံး
စင်္ကာပူ ၂၂ .၀၉ ၂၀ .၉၉ ၂၂ .၀၉ ၂၂ .၀၉
ကမ္ဘောဒီးယား    ၂၀ .၂၁ ၁၉ .၈၁ ၁၉ .၄၁
သီရိလင်္ကာ      ၁၉ .၀၉  ၁၇ .၇၃ ၁၂ .၃၆
တရုတ် ၉ .၇၂   ၁၇ .၂၉ ၁၃ .၇၁
ဖိလစ်ပိုင်              ၂၄ .၆၈ ၁၄ .၉၃ ၁၄ .၉၃
လာအို  ၉ .၆၇   ၁၃ .၈၄ ၁၁ .၉၀
ပါကစ္စတန်         ၇ .၉၆  ၁၃ .၀၀ ၁၀ .၃၂
မြန်မာ         ၆ .၂၆   ၁၂ .၅၀ ၁၂ .၅၀
အိန္ဒိယ       ၆ .၁၉   ၁၂ .၅၀ ၁၃ .၆၀
၁၀ ဘင်္ဂလားဒေ့ရှ်      ၄ .၆၁   ၇ .၈၀ ၁၇ .၈၀
၁၁ ကိုရီးယား             ၉ .၁၁  ၇ .၇၇  ၅ .၅၅
၁၂ ဘရူနိုင်း             ၆ .၆၇ ၆ .၆၇ ၆ .၆၇
၁၃ ထိုင်း     ၉ .၀၃  ၅ .၅၂ ၉ .၂၂
၁၄ ဂျပန်      ၂၃ .၀၀ - -
၁၅ အင်ဒိုနီးရှား      ၇ .၄၁  - -
    
ဒေသတွင်း နိုင်ငံအချို့၏ ဂျီဒီပီနှင့် လူတစ်ဦးချင်းဝင်ငွေ (အမေရိကန်ဒေါ်လာ၊ ၂၀၁၀ အနီးစပ်ဆုံး)
နိုင်ငံ      ဂျီဒီပီ လူတစ်ဦးချင်းဝင်ငွေ
မြန်မာ  ၇၆၄၇၃ သန်း  ၁၁၉၇
တရုတ်       ၁၀၀၅၈၇၀၈ သန်း ၆၅၆၇
ထိုင်း     ၅၈၆၈၇၇ သန်း ၈၀၆၀
မလေးရှား         ၄၁၄၄၂၈ သန်း ၁၃၇၆၉
အင်ဒိုနီးရှား              ၁၀၂၉၈၈၄ သန်း ၄၁၅၇
အိန္ဒိယ           ၄၀၆၀၃၉၂ သန်း ၂၉၄၁
လာအို   ၁၅၆၉၃ သန်း ၂၂၆၆
စင်ကာပူ         ၂၉၁၉၃၇ သန်း ၅၀၅၂၃
ဗီယက်နမ်       ၂၇၆၅၆၇ သန်း ၂၉၄၂
ဘရူနိုင်း          ၂၀၃၈၂ သန်း  ၄၉၁၁၀
ဖိလစ်ပိုင်         ၃၅၁၃၇၀ သန်း  ၃၅၂၁
ကမ္ဘောဒီးယား   ၃၀၁၈၁ သန်း   ၂၀၈၂
ပါကစ္စတန်       ၁၆၄၇၉၂ သန်း  ၂၇၈၉
သီရိလင်္ကာ       ၄၈၂၄၁ သန်း ၅၁၆၉
ကိုရီးယား                ၁၀၀၇၀၈၄ သန်း ၂၉၉၉၇
ဘင်္ဂလားဒေ့ရှ်     ၁၀၅၄၀၂ သန်း ၁၅၈၅

Ref: EMG

နိုင်ငံရေး စာပေဆု နှစ် ၂၀ အတွင်း တယောက်သာပေးနိုင်

ချင်းမိုင် (မဇ္ဈိမ) ။      ။ ၂၀၁၀ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုများ ချီးမြှင့်ရာ၌ နိုင်ငံရေးစာပေဆုအတွက် ဆုရရှိသူ မရှိဘဲ၊ နှစ် ၂၀ အတွင်း တဦးသာ ရရှိခဲ့ဖူးကြောင်း စာပေဗိမာန် စာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့မှ သိရသည်။

“နိုင်ငံရေးစာပေဟာ တင်တဲ့လူလည်း နည်းသလို ကျနော်တို့ဆီမှာ အရည်အချင်း ပြည့်မီလို့ ဆုပေးရတယ် ဆိုတာ လည်း နည်းပါတယ်။ မနှစ်က (၂၀၀၉) မှ ဆယ်စုနှစ်တခုအတွင်း ဒုတိယဆု ပေးနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ ၉၁ ကနေ ၂၀၀၀ အထိလည်း အလားတူပဲ ဆုမပေးနိုင်ဘူး။ တင်တဲ့စာမူတွေကလည်း နှစ်စောင်၊ သုံးစောင် ဒီလိုပဲ
ဖြစ်ပါတယ်။” ဟု စာပေဗိမာန် စာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့ ဦးမျိုးထွန်းက မဇ္ဈိမကို ပြောသည်။

၂၀၁၀ ခုနှစ် စာပေဗိမာန် နိုင်ငံရေးစာပေဆုအတွက် ဝင်ရောက်DRAFTs
ယှဉ်ပြိုင် အရွေးခံသည့် စာမူရှင်တဦးသာရှိပြီး ၂၀၀၁ ခုနှစ်မှ
ယခုနှစ်အထိ ၁၀ နှစ်တာ ကာလအတွင်း နိုင်ငံရေးစာပေဆုအတွက် ယှဉ်ပြိုင်သည့်စာမူ ၁၀ ပုဒ်သာ လက်ခံ ရရှိသည်။

စာပေဗိမာန် နိုင်ငံရေးစာပေဆုအတွက် ပေးပို့ယှဉ်ပြိုင်မှု အများဆုံး
နှစ်မှာ ၂၀၀၉ ခုနှစ်ဖြစ်ပြီး စာမူလေးစောင် လက်ခံရရှိသည်ဟုလည်း သိရသည်။ ၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ နိုင်ငံရေးစာပေဆု
အတွက် စာမူပေးပို့ ယှဉ်ပြိုင်သူ မရှိခဲ့ဟုလည်း စိစစ်ရွေးချယ်ရေး
အဖွဲ့၏ ကိန်းဂဏန်းများအရ သိရသည်။

စာပေဗိမာန်စာမူဆုသည် မြန်မာတနိုင်ငံလုံးမှ စာပေဝါသနာရှင်များ
အတွက် ရည်ရွယ်ကာ ထုတ်ဝေ ဖြန်ချိခြင်း မရှိသေးသည့် စာမူများကို စာပေဗိမာန်သို့ ပေးပို့ယှဉ်ပြိုင်စေခြင်းဖြစ်သည်။ ပေးပို့ယှဉ်ပြိုင်နိုင်သည့် ဘာသာရပ် ၁၂ ခုရှိပြီး  ၀တ္ထုရှည်၊ ဝတ္ထုတို၊ ကဗျာ၊ သုတပဒေသာ၊ ကလေးစာပေ၊ လူငယ်စာပေ၊ နိုင်ငံရေး စာပေ စသည်တို့ကို သတ်မှတ်ထားသည်။

အဆိုပါ ဘာသာရပ်များအတွက် တနိုင်ငံလုံးမှ စာမူပေးပို့ယှဉ်ပြိုင်မှု အစောင်ရေ ၄၀ မှ ၆၀ အတွင်း ရှိသော်လည်းနိုင်ငံရေးစာပေ ဘာသာရပ်အတွက် ပေးပို့ယှဉ်ပြိုင်မှု အနည်းဆုံး ဖြစ်နေခြင်း ဖြစ်သည်။

နိုင်ငံရေးစာပေ ဘာသာရပ်ကို ထည့်သွင်းယှဉ်ပြိုင်စေခြင်းမှ လူငယ်များ နိုင်ငံရေးဗဟုသုတ ကြွယ်ဝစေရန်၊ မြန်မာ့ သမိုင်းဖြစ်စဉ်၊ ဖြစ်ရပ်များကို သိရှိရန် ရည်ရွယ်သော်လည်း ထိုရည်ရွယ်ချက် မအောင်မြင်သေးဟု စိစစ်ရွေးချယ်ရေး အဖွဲ့က သုံးသပ်သည်။

“ကျနော်တို့ ရည်ရွယ်ချက် အောင်မြင်သလားဆိုတော့ ငါးရာခိုင်နှုန်းလောက်ပဲ အောင်မြင်တယ်လို့ သုံးသပ်ပါတယ်။အောင်မြင်တယ်လို့ ပြောလို့မရပါဘူး” ဟု ဆိုသည်။

နိုင်ငံရေးစာပေ စာပေဗိမာန်ဆုအတွက် စာမူပေးပို့ယှဉ်ပြိုင်သူ အရေအတွက် နည်းရခြင်းနှင့် ပတ်သက်၍ အစိုးရ ကို ထောက်ခံသည့် အရေးအသားမျိုး ရေးသားမှ ဆုရရှိနိုင်ခြင်းကြောင့် စာမူရေးရန် စိတ်ဝင်စားသူ နည်းပါးရခြင်းဟု ၁၉၆၅ ခုနှစ်တွင် အမျိုးသားစာပေဆုရရှိခဲ့သူ ကဗျာဆရာကြီး ကိုလေး အင်းဝဂုဏ်ရည်က ပြောသည်။

“သူတို့ (အစိုးရ) က နိုင်ငံရေးစာပေဆိုတာ သူတို့ကို ထောက်ခံတဲ့အရေးအသားတွေရေးမှ နိုင်ငံရေး စာပေကိုးဗျ၊
နိုင်ငံရေးကို သူတို့ယူဆတဲ့ အယူအဆပေါ့၊ ကျန်တဲ့လူတွေကလည်း နိုင်ငံရေးကို တို့ကို မတို့ဘူးဆိုတော့ ရေးအား နည်း တယ်ပေါ့ဗျာ။ သူတို့ရွေးချင်တာရွေး ပေးချင်တာပေးလုပ်တာကိုး” ဟု မဇ္ဈိမကို ပြောသည်။

၂၀၁၀ အတွက် စာပေဗိမာန်စာမူဆု ချီးမြှင့်ရာ၌ ၀တ္တုရှည်အတွက် ၀တ္ထုတိုပေါင်းချုပ်ဆု (၃) ဆု၊ ကဗျာပေါင်းချုပ်ဆု (၃) ဆု၊ ကလေးစာပေဆု (၃) ဆု၊ ၀တ္တုရှည်ဆုအတွက်မူ ဒုတိယ၊ တတိယ (၂) ဆု၊ သုတပဒေသာ (၀ိဇ္ဇာဘာသာ ရပ်) ဆုတွင်မူ ပထမ၊ ဒုတိယ (၂) ဆုသာ ရွေးချယ်ခဲ့သည်။

ယင်းအပြင် သုတပဒေသာ (သိပ္ပံနှင့် အသုံးချပညာရပ်) ဆုတွင် ပထမ၊ ဒုတိယ (၂) ဆု၊ စာပေဒသာဆုတွင် ဒုတိယ တဆု၊ ပြဇာတ်စာပေဆုတွင် ပထမ၊ ဒုတိယ (၂) ဆု တို့ပေးမည်ဖြစ်သည်။

ဘာသာပြန်စာပေဆု၌ စာပေဗိမာန်မှ ပြဌာန်းသော  V.K.Rao ရေးသားသည့် Distance  Education စာအုပ်ကို ဘာသာပြန်ဆိုသည့် ဒေါက်တာ ဉာဏ်ဟိန်းလတ်၏ အဝေးသင်ပညာရေးစာမူအား ပထမဆု တခုတည်းသာ
ပေးခဲ့ပြီး မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေဆုအတွက်မူ မြတ်ဝေတိုး (ပညာရေးတက္ကသိုလ်) ၏ “မြန်ပြည်မြောက်ဖျားက ရဝမ်သွေးချင်းများ” စာမူအား ပထမဆု ပေးခဲ့သည်။

သို့သော် ၂၀၁၀ ခုနှစ်အတွက် ချီးမြှင့်သည့် ပြန်ကြားရေးဝန်ကြီးဌာနမှ ပေးအပ်သည့် အမျိုးသားစာပေဆုတွင်မူ
နိုင်ငံရေး စာပေဆုအဖြစ် ကိုသန်း (ကြည့်မြင်တိုင်)က “မြန်မာလူငယ်တစု၏ ဗီယက်နမ်အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲ စစ်မျက်နှာသို့ လျှို့ဝှက်ခရီး” စာအုပ်ဖြင့် ရရှိခဲ့သည်။

ယင်းအပြင် ၂၀၁၀ အတွက် အမျိုးသားစာပေ တသက်တာဆုကို စာရေးဆရာကြီး ဒေါက်တာသော်ကောင်းက ရရှိခဲ့ကြောင်း ဗုဒ္ဓဟူးနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါက်တာသော်ကောင်းမှာ မြန်မာစာပေအကျိုးအတွက် ထူးချွန်ပြောင်မြောက်စွာ တသက်တာလုံး ရေးသားပြုစုခဲ့
သော ဆောင်ရွက်ချက်များကြောင့် ချီးမြှင့်ရခြင်းဖြစ်ကြောင်း ပြန်ကြားရေးဌာနက ဖော်ပြထားပြီး ဆုငွေအဖြစ်
ငွေကျပ် ရှစ်သိန်း ချီးမြှင့်ခံရမည် ဖြစ်သည်။

ဝတ္တုတိုပေါင်းချုပ်၊ ကဗျာပေါင်းချုပ်၊ စာပဒေသာ၊ လူငယ်စာပေ၊ ဘာသာပြန် (သုတ၊ ရသ)၊ သုတပဒေသာနှင့် အင်္ဂလိပ်ဘာသာ တို့အတွက် အမျိုးသားစာပေဆုရှင် ၁၁ ဦးကိုလည်း ရွေးချယ်ခဲ့ရာ ဘာသာပြန် (သုတ) ဆုအတွက် “အိန္ဒိယကို တွေ့ရှိခြင်း” ဘာသာပြန်စာမူဖြင့် စာရေးဆရာ ဘိုးလှိုင်၊ ဘာသာပြန် (ရသ) ဆုအတွက် “ရေကန်သာ ကြာတိုင်းအေး” စာမူဖြင့် စာရေးဆရာ နေဝင်းမြင့်က ရရှိသည်။

အမျိုးသားစာပေဆုရရှိသူများကို ဆုကြေးငွေ ငါးသိန်း သတ်မှတ်ထားကာ စာပေဗိမာန်စာမူဆု ပထမဆု အတွက် ကျပ်ငွေ သုံးသိန်းဖြစ်သည်ဟု သိရသည်။ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်ဆု ရရှိသူတို့ကို ၂၇ ရက်နေ့တွင်
နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ဆုချီးမြှင့်မည် ဖြစ်သည်။

fornationletter

မြန်မာ့ပထမဆုံး Call Center ဖွင့်တော့မည်

နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာ့ဆက်သွယ်ရေး၊ ရတနာပုံတယ်လီပို့စ်နှင့် Blue Ocean ကုမ္ပဏီတို့ ပူးပေါင်း
ဆောင်ရွက်သည့် မြန်မာနိုင်ငံ၏ ပထမဆုံး ရတနာပုံ Call Center ကို ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း အစိုးရပိုင် MRTV ရုပ်သံ၏ အင်တာနက်စာမျက်နှာတွင် ပါရှိသည်။

ယင်း Call Center အား နိုင်ငံဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်။
callcentre
ယင်းအပြင် ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ရုံး၊ ဌာနများသို့ ကိုယ်တိုင် သွားရောက်စုံစမ်းရခြင်း၊ ဆက်သွယ်ရန် နည်းလမ်းမသိခြင်း စသည့် အခက်အခဲများကို ဖြေလျော့ရန်အတွက်လည်း ရည်ရွယ်ကြောင်း Call Center တာဝန်ရှိသူတဦးအား ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ Call Centre မှ အများပြည်သူ၏ ပညာရေး၊ ကျန်းမာရေး၊ လှုမှုရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် သတင်းအချက်အလက်များ မေးမြန်းနိုင်ခြင်းနှင့် ပုဂ္ဂလိက ကုမ္ပဏီများ၏ လုပ်ငန်းများတွင် ဖုန်းလက်ခံဖြေဆိုခြင်းနှင့် ပြန်ကြားပေးခြင်းများကို ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အင်တာနက်အီးမေးလ်နှင့် ဖက်စ်ဝန်ဆောင်မှုများကိုလည်း ဝန်ဆောင်မှုပေးသွားမည်ဟု သိရ သည်။ Call Center မှ ၂၄ နာရီ ဝန်ဆောင်မှုပေးမည်ဖြစ်ကာ ဝန်ထမ်းအင်အား ၂၄၀ ထားရှိထားသည်ဟု လည်း  သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ဝန်ဆောင်မှုအနေဖြင့်လည်း စတင်သည့်ရက်မှ နှစ်လအတွင်း အခမဲ့ဝန်ဆောင်မှုပေးမည်ဖြစ်ကာ ယင်းနောက်ပိုင်းတွင် ဝန်ဆောင်မှုပေးရမည့် လုပ်ငန်းအလိုက် အခကြေးငွေ ကောက်ခံသွားမည် ဖြစ်သည်။

ယင်း Call Centre သို့ ခေါ်ဆိုရန်အတွက် ဖုန်းနံပါတ် ၁၈၇၅၊ ၁၈၇၆၊ ၁၈၇၇၊ ၁၈၇၈ တို့ကို ဆက်သွယ်နိုင်မည်
ဖြစ်ကာ လတ်တလောတွင်မူ ၁၈၇၆ ကိုသာ ခေါ်ဆိုနိုင်ဦးမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိ သည်။

ယာဉ်တိုက်မှုကြောင့် မြန်မာ ၂၅ ဦး ဒဏ်ရာ



သန်းထိုက်ဦး

ထိုင်းနိုင်ငံတွင် ယနေ့ နံနက်က ဖြစ်ပွားသည့် ယာဉ်တိုက်မှု တခုတွင် မြန်မာနိုင်ငံသား ၂၅ ဦး ဒဏ်ရာ ရရှိသွားသည်။

ကန်ဖန်ဖက် (Kamphaeng Phet) ခရိုင်၊ ကိုးစန်ဖရပ်နခေါ (Kosamphi Nakhon) မြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မယ်ဆိုင်မြို့နယ်တွင် ယာယီနိုင်ငံကူး လက်မှတ် သွားလုပ်ပြီး နခေါစ၀မ်မြို့နယ်သို့ ပြန်လာစဉ် ၁၈ ဘီးကားကို ၀င်ရောက် တိုက်မိခဲ့သည်ဟု ဆိုသည်။

ကားတွင် လိုက်ပါသွားသူ တဦး၏ အဆိုအရ မယ်ဆိုင်မြို့နယ်တွင် အလုပ်သမား ၅၀ ကျော် ယာယီ နိုင်ငံကူး လက်မှတ် သွားလုပ်ခဲ့ပြီး အပြန်လမ်းတွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း၊
ဒဏ်ရာရသူများကို ကန်ဖန်ဖက် မြို့နယ် ဆေးရုံကြီးတွင် ဆေးကုသမှု ပေးနေကြောင်း သိရသည်။

အလုပ်သမားများကို ဦးဆောင်သည့် ထိုင်းနိုင်ငံသားတဦးက “ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တဲ့ ကားသမား ၂ ယောက် စလုံးကို ရဲတွေက ခေါ်ယူ စစ်ဆေးမှုတွေ လုပ်နေတယ်၊ ဥပဒေ အရ အရေးယူ ဆောင်ရွက်သွားဖို့ ရှိတယ်” ဟု ပြောသည်။

ယာဉ်တိုက်မှု ဖြစ်ပွားရသည့် အကြောင်းရင်း အသေးစိတ်ကို မသိရှိရပေ။


(ထိုင်းသတင်းဌာန ( thairath Online )အင်တာနက် စာမျက်နှာ http://m.thairath.co.th/content/region/223470 တွင် ဖော်ပြထားသော သတင်းကို ကိုးကား ရေးသားသည်)



Ref: ဧရာဝတီဘလော့

ဥပဒေဘောင် အတွင်းမှ လူကုန်ကူး မှုများ ရန်ကုန် မြို့လယ်၌ပင် တွေ့နေရ

အရွယ်ကောင်း၊ ရုပ်ချော မိန်း ကလေး ငယ်များကို သွေးဆောင် ဖြား ယောင်းပြီး လိင်မှုကိစ္စ အလို့ငှာ မြှူ ဆွယ်နေသော လူပွဲစား များသည် ရန်ကုန် ကဲ့သို့သော မြို့ကြီးများ တွင် ပင် ပြောင်ပြောင် တင်းတင်း လှုပ်ရှား သွားလာ လျက် အသိတရား ကိုယ်ခံ အား နည်းပါး သော မိန်းကလေးငယ် များကို မက်လုံးပေး ဆွဲဆောင် နေ ကြောင်း သိရသည်။
မကြာသေးမီက ကျင်းပပြီးစီး သွားခဲ့သော သင်္ကြန် ပွဲတော်အတွက် တစ်ခုသော သင်္ကြန်မဏ္ဍပ် ၌ ဖျော်ဖြေ ရန် မိန်းကလေး အဆိုရှင်များကို ယှဉ်ပြိုင် စေပြီး လူရွေးပွဲ ပြုလုပ်ခဲ့ သည်။ အရွေးချယ် ခံရသူ မိန်းက လေး အဆိုရှင် များသည် တစ်ဦးလျှင် အနုပညာ ကြေး ကျပ် ၂,၅၀,၀၀၀ ရရှိ မည် ဖြစ်ပြီး သင်္ကြန်တွင်း လေးရက်စာ အတွင်း အစားအသောက်ပါ အခမဲ့ စီစဉ် ပေးသွားမည် ဖြစ်ကြောင်း သိရ သည်။ ထိုသို့ အဆိုရှင် ရွေးပွဲ ကျင်းပ ပြီးနောက် အရွေးချယ် ခံရသော မိန်း ကလေး တစ်ယောက်ကို ထိုပွဲအတွက် ကန်ထရိုက် ယူကာ တာဝန်ခံစီစဉ် ပေးသော အမျိုးသမီးကြီး တစ်ဦးက ချဉ်းကပ်ကာ မိန်းကလေး ကသာ ဆန္ဒ ရှိလျှင် သက်ကြီးပိုင်း အမျိုးသားကြီး တစ်ဦးက လိုအပ်သော အထောက် အပံ့ပေးလျက် တရားမ၀င် ပေါင်း သင်းရန် အစီအစဉ် ရှိကြောင်း ပြော ကြား ခဲ့သည် ဟုသိရသည်။
ထိုမိန်းကလေးက ခါးခါးသီးသီး ငြင်းဆန်သော အခါ အမျိုးသမီးကြီး က လေသံ ပြောင်းကာ နောက်ဆုတ် သွားပြီး နောက်သုံးရက် နေသော နေ့ တွင် ဖုန်းဖြင့် ဆက်သွယ်ကာ ထိုရေ ကစား မဏ္ဍပ်၌ ဖျော်ဖြေမည့် အစီအစဉ် တွင် နာမည်ကြီး မင်းသားမင်းသမီး အဆိုတော်များကို ဖိတ်ကြား မည်ဖြစ် သဖြင့် နာမည် မရသေး သူများကို သုံး မည် မဟုတ်ကြောင်း အကြောင်းပြန် ကြား ခဲ့သည်ဆို၏။
“သမီးက သူပြောတဲ့ အစီအစဉ် ကို မလိုက်နာ နိုင်ကြောင်း ပြတ်ပြတ် သားသား ပြောခဲ့ တာပဲရှိတယ်။ ဘာ မှ မိုက်မိုက်ရိုင်းရိုင်း နစ်နစ်နာနာ ပြော ခဲ့တာ မရှိ ပါဘူး။ အဲဒါ ဖုန်းလာလို့ ကိုယ်မပါဘူး ဆိုတာသိရတော့ စိတ် ထဲမှာ တော်တော် ခံပြင်း မိတယ်။ သူ တို့က သမီးကို လူရွေးပွဲမှာ အောင် တော့ စရန် ငါးသောင်း ပေးပြီး သား။ အဲဒါကို ပြန်ပေးမယ်ဆို တော့ နေပါစေတဲ့။ အဆုံးထား လိုက် ပါတယ်တဲ့။ သမီးက သူတို့ဆီ သွားပြီး စရန်ကိုတောင် ပြန်ပေးပစ် ချင်တာ။ လုံးဝ ယူမထားချင်ဘူး။ ဒါပေမဲ့ သူတို့နဲ့ ထပ်မတွေ့ ချင်လို့၊ သူ တို့နဲ့ မျက်နှာချင်း ထပ်မဆိုင် ချင်လို့ မသွားဘဲ နေလိုက်တာ။ ရှက်လည်း ရှက်တယ်၊ ဒေါသလည်း ထွက်တယ်၊ ၀မ်းလည်း နည်းတယ်” ဟု အမည် မဖော်လို သော ဖြားယောင်းခံ မိန်း ကလေး ငယ်က မြန်မာပို့စ်သို့ ပြော သည်။
ထိုသို့ ငွေကြေး ဓန အင်အား ဖြင့် မြှူဆွယ် ဖြားယောင်း ကာ အရွယ် ကောင်းသော မိန်းကလေး ငယ်များ၏ ဘ၀ကို နွံအိုင် အတွင်း တွန်း ပို့ရန်ကြိုး ပမ်း နေသော ဖြစ်ရပ် များမှာ မြို့ကြီး များတွင် ကျယ်ပြန့် လာနေပြီ ဖြစ် ကြောင်း သိရသည်။ အထူးသဖြင့် ရုပ်ရည် ချောမော လှပသောမိန်းက လေးငယ် များသည် လှချင်ပချင် ၀င့် ကြွားချင် စိတ်တို့ကိုရှေ့တန်းတင် လျက် အသွေးအသား ကို ဈေးကစား မိကြ သလို ရေလိုက် လွဲမှား မှုများ ရှိနေ ကြောင်းလည်း သတိပြု မိသူတို့က ဆိုသည်။
အထက် ဖော်ပြပါ သင်္ကြန် မဏ္ဍပ် ဖြစ်ရပ်တွင် ဖြားယောင်း ခံရ သော မိန်းကလေးမှာ မိဘ များက ငွေကြေး ဓန တောင့်တင်း သူများဖြစ် ခြင်း၊ သူမသည် အနုပညာ သက် သက်ကိုသာ ရူးသွပ်ကာ အခြား ပလွှား မှုများ ကို အာရုံ မရောက်ခြင်း စသည် တို့ကြောင့် ဖြားယောင်း မှုကိုတွန်း လှန်နိုင် ခဲ့ခြင်းဖြစ်သည်။ အကယ်၍ လူပွဲစားများ ဖြားယောင်းသည့် အတိုင်း စပွန်ဆာ(ထောက်ပံ့မှု) ပေးမည့်သူထံ မှ တိုက်ခန်း၊ ကား၊ ဖုန်း၊ အသုံးအ ဆောင်၊ ငွေကြေး စသည် တို့ကို မက် မောကာ ခေါင်းညိတ် လိုက်ပါက ထို မိန်းကလေး ၏ဘ၀သည် လူမ သိသူ မသိနွမ်းရိ သွားမည့် အကြွေပန်းဘ၀ ရောက်သွား နိုင်မည်ဖြစ်ကြောင်း ခန့် မှန်း သိရှိနိုင်သည်။
ထို့ကြောင့် တော်ရုံ တန်ရုံအသိ ဖြင့် မရှောင်လွှဲနိုင်သာ သော မက်လုံး အမျိုးမျိုး ပြကာ မြှူဆွယ် ဖြားယောင်း ပြီး အရွယ်ကောင်း မိန်းကလေးချော ချောများ ၏ဘ၀ကို နင်းခြေ ဖျက်ဆီး လိုသည့် လူပွဲစား များကို အမျိုးသား ရေး တာဝန် တစ်ရပ်အဖြစ် ဖော်ထုတ် တားဆီး သင့်ကြောင်း အသိပေးတင် ပြ လိုက်ရပေသည်။
ကျော်ဇောလေး
 
ပေးပို့တင်ပြသူ အာလူးလေး at 8:33 PM Email This BlogThis! Share to Twitter Share to Facebook

မြ၀တီတံတား ကုန်ပစ္စည်းများ ဖြတ်သန်းခွင့် မရသေး


ထိုင်း-မြန်မာနယ်စပ် မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတား ဖွင့်ခဲ့တာ တပတ်ကျော်ပေမယ့် ခုချိန်ထိ မြန်မာဘက်က တရားဝင် ကုန်ပစ္စည်း ထုတ်တာ သွင်းတာ မရှိသေးပါဘူး။
တနှစ်ကျော်ကြာအောင် ပိတ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ်က ချစ်ကြည်ရေး တံတားကို ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။
ကုန်သွင်းခွင့်လိုင်စင် ရဖို့ကိုတော့ နောက် သတင်းပတ်အထိ ကြာမယ်လို့ နယ်စပ်က ကုန်သည်တွေက ပြောကြပါတယ်။
မြ၀တီမြို့က ကုန်သည်တဦးက “ကုန်တွေတော့ မပေးကူးသေးဘူး။ အခုက လူတွေပဲ ပေးကူးသေးတယ်။ ချက်ချင်းတော့ မရသေးဘူး။ ကုန်ကူးခွင့် လိုင်စင်တွေဘာတွေ ရှိသေးတယ်။ အဲဒါတွေ လုပ်ရသေးတယ်။ သူတို့ပြောတာတော့ အဲဒါတွေကို လုပ်ပြီးသွားရင်တော့ ဘေးကင်းတယ်လို့ ပြောတာပဲ။ သူတို့မှာ လုပ်ရတဲ့ အချက်အလက်တွေ ရှိတယ်။”
မြန်မာဘက်က ကုန်သည်တွေဟာ သွင်းကုန် ထုတ်ကုန် လိုင်စင်ရပြီးမှ တရားဝင် ကုန်တင်သွင်းခွင့်ရမှာ ဖြစ်ပြီး သွင်းကုန် လိုင်စင်ဟာ တနှစ်သက်တမ်းသာ ရှိတဲ့အတွက် ပြန်လျှောက်ရတာ ဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။
မြ၀တီမြို့က ရွှေမြန်မာ တောင်းအေ့စ် ကားလိုင်းကနေ အစီး ၄၀ လောက် မဲဆောက်ကို နေ့စဉ် ခရီးသည်တွေ တင်ဆောင်ဖြတ်သန်းနေတဲ့ အတွက် ထိုင်းခရီးသည်တင် ကားလိုင်းသမားတွေ မြန်မာဘက်ကလာတဲ့ ရွှေမြန်မာ ကားလိုင်းကို ဖြတ်သန်းခွင့်မပေးဖို့ အရေးဆိုလာနိုင်တယ်လို့လည်း မဲဆောက် ဒေသခံတဦးက ပြောဆိုပါတယ်။
“ကားသမားတွေက ဒီတံတားကို ကားတွေနဲ့ပိတ်ချင်တယ်။ ပိတ်လို့မရဘူး။ ဒီတခေါက် တံတားပိတ်လိုက်ရင် ပိုဆိုးမယ်လေ။ ဒီကားပြဿနာကိုတော့ အဖြစ်မခံနိုင်တော့ဘူး။ ထိုင်းဘက်က ကုန်သည်ကြီးများအသင်းတို့ ဘာတို့က။ ဒါပေမယ့် ခက်တာကလည်း ဒီမှာက ဒီမိုကရေစီနိုင်ငံဆိုတော့ မကျေနပ်ရင် အရေးဆိုခွင့်ရှိတယ်ဆိုတော့ သူတို့အရေးဆိုလိမ့်မယ်။ သူတို့အရေးဆိုခဲ့ရင် သူတို့ ထိုင်းအာဏာပိုင်တွေနဲ့ပဲ ရှင်းရမှာပေါ့။”
မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတား ပြန်ဖွင့်လိုက်တဲ့အတွက် ရန်ကုန်မြို့မှာတော့ ထိုင်းကုန်ပစ္စည်း ဈေးနှုန်းတွေ ကျသွားတယ်လို့လည်း ရန်ကုန်က ကုန်သည်တဦးက ဒီဗွီဘီ ပြောပါတယ်။
“ဈေးတွေပြန်ကျတယ်။ ဟိုတရက်ကတော့ ဈေးတအားတက်တယ်။ အခုတလော ခွင့်ပြုတာ အဓိကတော့ ၅ မျိုးပေးမယ်လို့ ပြောတာပဲ၊ အချိုမှုန့်တို့၊ အချိုရည်ဗူးတို့၊ ၅ မျိုးလေ။ အဲဒါတော့ ပြောတယ်။ ဈေးကျတာပေါ့။ အရင်တုန်းက ကျပ် ၂၄၀၀ လောက်ရောင်းတဲ့ ပစ္စည်းဆိုရင် ကျပ် ၂၁၀၀၊ ၂၀၀၀ လောက်ပဲ ရှိတော့တယ်။”

 Ref: DVB

အစိုးရအလှူ KIO ဒုက္ခသည် ကော်မတီ လက်မခံ

ချင်းမိုင်(မဇ္စျိမ) ။        ။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည်များအတွက် ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF က ပထမဆုံး အကြိမ် လှူဒါန်းသော ပစ္စည်းများကို လက်ခံသော်လည်း အစိုးရဘက်မှ လှူဒါန်း ပစ္စည်းများကို လက်မခံကြောင်း KIO  အရာရှိ တဦးက ပြောသည်။

UNICEF မှ စုစုပေါင်း အိမ်တွင်းသုံး ကယ်ဆယ်ရေးပစ္စည်းအစုံ ၈ဝဝ ကို လက်ခံသော်လည်း ကချင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်းအစုံ ၁,ဝဝဝ၊ ပြည်နယ်အမတ် ဦးသိန်းဇော်က ဆန်အိတ် ၃ဝဝနှင့် အနွေးထည် ၁,ဝဝဝ ၊ ကချင်ပြည်နယ် ကြက်ခြေနီအသင်းမှ အိမ်တွင်းသုံးပစ္စည်း အစုံ ၄ဝဝ တို့ကိုမူ KIO ဘက်က လက်မခံခဲ့ခြင်း ဖြစ်သည်။

“လက်ခံလို့ မရဘူးလေ။ အစိုးရက ထိုးစစ်တွေ ဆင်နေတဲ့အချိန်၊ သူတို့အစိုးရဘက်က သူတို့ကူညီတာ လက်ခံတယ် ဆိုရင် တဖက်မှာ သတ်၊ တဘက်မှာ ထမင်းကျွေးဆိုတဲ့ အဓိပ္ပါယ်ဖြစ်နေတယ်။ ဒါကြောင့် ကျနော်တို့ ဒီအချိန်မှာ လက်မခံနိုင်ဘူး”ဟု KIO  စစ်ပြေးဒုက္ခသည် ကူညီရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆားက ပြောသည်။
kachinnet
ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF က ပထမဆုံးအကြိမ် လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည်များအတွကိ ပစ္စည်းများ လာရောက်လှူဒါန်း (Photo::Kachinnet)
ကုလသမဂ္ဂမှ လှူဒါန်းသည့်ပစ္စည်းများကိုမူ လက်ခံလိုက်ကြောင်း “အခု လောလောဆယ်က အိမ်ထောင်စု ၈ဝဝ ဖို့ အိမ်တွင်းသုံး အိုးခွက်ပန်းကန်၊ ဇွန်းကအစ၊ ခြင်ထောင်၊ မိုးကာတွေ ပါတယ်လို့ ပြောတယ်။ အဲဒါကိုတော့ လက်ခံ လိုက်တယ်”ဟု သူက ဆက်ပြောသည်။

ရန်ကုန်မြို့ရှိ UNICEF မှ ဝန်ထမ်း ဦးမြတ်သာ၊ ဦးညီလင်းထက်၊ UNHCR မှ ဦးဂျိုးဇက်နှင့် UNOCHA မှ ဦးမိုးအောင် တို့ ၄ ဦးတို့က  ယမန်နေ့ ညနေပိုင်းက လှူဒါန်းမည့်ပစ္စည်းများတင်ဆောင်လာသော ကား ၈ စီးနှင့်အတူ လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည်များအတွက် သွားရောက်လှူဒါန်းကြခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံးမှ ပြောရေးဆိုခွင့် ရှိသူ ဦးအေးဝင်း က မဇ္ဈိမကို ပြောသည်။

“ကျနော်တို့ သိသလောက် အထောက်အပံ့ supply တွေ တော်တော်နည်းနေတယ်လို့ ကြားတယ်။ ဆောင်းရာသီ လည်း ဝင်နေပြီ ဆိုတော့ ပိုပြီးတော့ ဂရုစိုက်ပြီးတော့ ပေးရမယ့် အခြေအနေရှိပါတယ်။ ကျနော်တို့လည်း သက်ဆိုင်ရာ အလှူရှင် နိုင်ငံတွေကို အကူအညီတောင်းနေပါတယ်။ အခုဒီလိုစပြီး သွားနိုင်ပြီဆိုကတည်းကလေ ကျနော်တို့ ထပ်ပြီးတော့ လက်လှမ်းမီနိုင်အောင် ကြိုးစားသွားဦးမှာပါ”ဟု ပြောသည်။

ပထမဆုံးလာရောက်၍ စစ်ဆေးခြင်းဖြစ်၍ စစ်ပြေးဒုက္ခသည်များအတွက် လုံလောက်ခြင်းမရှိသော်လည်း လက်ရှိ လိုင်ဇာမြို့အနီးတဝိုက် ရှိနေသော ဒုက္ခသည်စခန်း ၆ ခုတွင် စစ်ပြေးဒုက္ခသည် အိမ်ထောင်စုပေါင်း ၁၄ဝဝဝ ကျော် ရှိသည်။

KIO ထိန်းချုပ်သော နယ်မြေအတွင်း စစ်ပြေးဒုက္ခသည်စခန်းပေါင်း ၂၂ ခုရှိပြီး လူဦးရေ ၄၆ဝဝဝ ရှိနေပြီဟု ဒုက္ခသည် ကူညီရေး ကော်မတီက ခန့်မှန်းသည်။

စစ်ပြေးဒုက္ခသည်များအတွက် ကုလသမဂ္ဂမှ အကူအညီပေးခြင်းကို လက်ခံ ကြိုဆိုကြောင်းနှင့် ဆက်လက် အကူအညီပေးရန် KIO အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။

“ကျနော်တို့ ဒုက္ခရောက်နေတဲ့အတွက် စစ်က ဘယ်တော့ ပြီးဆုံးမယ်ဆိုတာ မသိသေးဘူး။ ဒါပေမယ့် ကျနော်တို့
ပြည်သူတွေဘက်ကနေ စစ်ပြေးဒုက္ခရောက်နေတဲ့အချိန် ဒီလိုကူညီတယ်ဆိုတာ ကြိုဆိုပါတယ်။ ပြည်သူတွေလည်း ဝမ်းသာမယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။

ကုလသမဂ္ဂမှ လာရောက်လှူဒါန်းသည့် ကိုယ်စားလှယ်များသည် စစ်ပြေး ဒုက္ခသည်စခန်းများသို့ လိုက်လံ ကြည့်ရှုခဲ့ပြီး ဗုဒ္ဓဟူးနေ့တွင် လိုင်ဇာမြို့မှ ပြန်လည် ထွက်ခွာကြမည် ဖြစ်သည်။

ဒုက္ခသည် ၁၄,၀၀၀ ကျော်အတွက် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များကလည်း ပထမဆုံးအကြိမ် ကျပ်သိန်း ၇၀၀ ကို တနင်္လာနေ့က ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းထံ ပေးအပ်ခဲ့သည်။

မြန်မာအစိုးရနှင့် KIO အကြား ပြီးခဲ့သည့် ဇွန်လမှ စတင်တိုက်ပွဲဖြစ်ပွားခဲ့ရာ ၆ လကြာသည်အထိ အစိုးရက ပြည်ပ အကူအညီနှင့် ပြည်တွင်းမှ အစိုးရမဟုတ်သော NGO များ အကူအညီထောက်ပံ့မှုကို ပိတ်ပင်ခဲ့ရာမှ ပထမဆုံး အကြိမ်အဖြစ် ကုလသမဂ္ဂမှ သွားရောက် လှူဒါန်းခြင်း ဖြစ်သည်။

ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှု ရပ်ဆိုင်းရန် သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ စနေနေ့က ညွန်ကြားထားသော်လည်း အင်္ဂါနေ့ ညနေ ၃ နာရီချိန်တွင် KIA တပ်မဟာ ၃ လက်အောက် တပ်ရင်း ၁၅ နယ်မြေအတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု KIO က ပြောသည်။

Tuesday, 13 December 2011

မြန်မာစာစနစ်နှင့် OpenOffice 3.0 ကို အသုံးပြုချင်သူများအတွက်

ကျွန်တော်တို့ မြန်မာ ပညာရှင်တွေရဲ့ ကြိုးစား မှုတွေကြောင့် အခုနောက်ပိုင်းမှာ Myanmar Version Project တွေ တစ်ခုပြီး တစ်ခုထွက်ပေါ်လာနေတာ ဟာကျွန်တော်တို့လို အသုံးပြုသူများ အတွက်တော့ ၀မ်းသာစရာနဲ့ ပြီးတော့ ဂုဏ်ယူစရာပါပဲ။
အခုလည်း ညီလေးတစ်ယောက် စီဘောက်မှာ မေးထားလို့ ရှာကြည့်လိုက်ရင်းနဲ့ OpenOffice.org ရဲ့ Project တစ်ခုဖြစ်တဲ့ Microsoft Office ကဲ့သို့ မြန်မာစာ စနစ်ဖြင့် အသုံးပြု နိုင်တဲ့ OpenOffice 3.0 ကို အသုံးပြုချင်သူတွေ အတွက် OpenOffice 3.0 ကိုမိတ်ဆက် ပေးချင်ပါတယ် .. ကျွန်တော် အခုနောက်ထပ် စမ်းသပ် ဗားရှင်းအဖြစ် ထုတ်ထားတဲ့ OOo_3.0.0_081115_Win32 ကို အသုံးပြု ချင်သူတွေ အတွက် ဘယ်လို ဒေါင်းလော့ ချပြီး အသုံးပြုလို့ ရမယ်ဆိုတာကို ရေးပေးသွား ပါမယ် .. ။
Microsoft Office လောက် ပြည့်စုံမှုမရှိသေး ပေမယ့် ကျွန်တော်တို့ မြန်မာလူမျိုး တွေ အတွက်တော့ မြန်မာစာစနစ်ဖြင့် အသုံးပြုလို့ ရမှာ ဖြစ်တဲ့ အတွက် စိတ်ဝင်စားလိမ့်မယ်လို့ ထင်ပါတယ်။
ဒါပေမယ့် Unicode 5.1 နှင့် လိုက်လျောညီထွေသော ( Padauk, Myanmar3, Parabaik ) တို့ကို အသုံးပြုထားတာ ဖြစ်တဲ့အတွက် မိမိတို့ ကွန်ပျူတာမှာ Unicode Font ကို Install လုပ်ထားဖို့ လိုပါလိမ့်မယ်။ Unicode Font ကို မိမိတို့ကွန်ပျူတာမှာ ဘယ်လို အသုံးပြုရမယ် ဆိုတာကို မသိသေးတဲ့ သူတွေကတော့ ဒီလင့် မှာ ကျွန်တော် Zawgyi-One နှင့် Unicode နှစ်မျိုးလုံး သုံးချင်သူများအတွက် ဆိုပြီး ရေးပေးထားတာ ရှိပါတယ်။ ကျွန်တော် OpenOffice 3.0 ကို အသုံးပြုချင် သူတွေအတွက် ဒေါင်းလော့ ချတဲ့ အဆင့်ကနေ စပြီး ပုံလေးတွေနဲ့ ရှင်းပြပေး သွားပါမယ် ..
အရင်ဆုံး ဒီအောက်က လင့်လေးကနေ သွားလိုက်ပါ..
ပြီးရင် အောက်မှာ ပြထားတဲ့ အတိုင်း Windows အောက်မှာ ရှိတဲ့ OOo_3.0.0_081115_Win32Intel_install_my.exe (md5sum) ကိုကလစ်ပြီး ဒေါင်းလော့ ချလိုက်ရုံပါပဲ ..
ဒေါင်းလော့ချပြီး သွားပြီ ဆိုရင်တော့ ဒီကောင်လေးကို ဘယ်လို Install လုပ်ရမယ် ဆိုတာကို ကျွန်တော် အောက်မှာ ပြပေးထားပါတယ် .. အရင်ဆုံး ဒေါင်းလော့ ချလို့ရလာတဲ့ File လေးကို Double Click လုပ်ပြီး ဖြည်လိုက်ပါ .. ပြီးရင် Auto Run သွား ပါလိမ့်မယ် ..
အောက်မှာ ကျွန်တော်တို့ အနေနဲ့ Microsoft Office မှာ အသုံးပြုသလို Word , Excel , Powerpoint တို့လို အသုံးပြု နိုင်မှာ ဖြစ်ပါတယ် .. Word အစား မှတ်တမ်းမှတ်ရာ စာသား ၊ Excel အစား ဖြန့်သော အလွှာချပ် Powerpoint အစား တင်ပြချက်တို့ကို ကလစ်ပြီး အသုံးပြု နိုင်မှာ ဖြစ်ပါတယ် ..
အောက်က ပုံမှာတော့ ကျွန်တော် မှတ်တမ်းမှတ်ရာ စာသား မှာတွေ့ရတဲ့ မြင်ကွင်းကို ဖော်ပြပေး ထားတာ ဖြစ်ပါတယ် ..
ဒီအောက်ကပုံကတော့ မှတ်တမ်းမှတ်ရာ စာသား မှာတွေ့ရတဲ့ မြင်ကွင်းကို ဖော်ပြပေးထားတာ ဖြစ်ပါတယ် ..
ဒီအောက်က ပုံမှာတွေ့ရတဲ့ ပုံကတော့ ဖြန့်သော အလွှာချပ် မှာတွေ့ရတဲ့ မြင်ကွင်းကို ဖော်ပြပေး ထားတာ ဖြစ်ပါတယ် ..
ဒါကတော့ ကျွန်တော့် အနေနဲ့ OpenOffice 3.0 ကိုအသုံး ပြုချင်သူတွေ အတွက် ကျွန်တော် လေ့လာမိသလောက် ပြန်ပြီး မိတ်ဆက် ပေးတာပဲ ဖြစ်ပါတယ် ..
အားလုံးပဲအဆင်ပြေကြပါစေ ... ကျေးဇူးတင်ပါတယ်ခင်ဗျာ ..။

NLD ပါတီ ပြန်လည် ထူထောင်ခွင့် ပြုပြီ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နိုင်ငံရေးပါတီ ထူထောင်ခွင့်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက်လိုက်ပြီ ဖြစ်သည်။
“ကျနော်တို့ကို တည်ထောင်ခွင့် ပေးတယ်ဆိုတာက Permission ပေးတဲ့ သဘောပေါ့။ ဒါကို ကျနော်တို့က နောက်ထပ် မှတ်ပုံ တင်ဖို့ လုပ်ရဦးမယ်” ဟု NLD ပါတီ၏ ပြောခွင့်ရ ရှေ့နေ ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။
NLD ပါတီကို နိုင်ငံရေးပါတီအဖြစ် ဒီဇင်ဘာလ ၁၂ ရက် နေ့စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက် ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင်လည်း ဖော်ပြထားသည်။
ပါတီ ပြန်လည်ထူထောင်ခွင့် ရပြီးနောက် NLD ရုံးချုပ်ကို ဤသို့တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)
“ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတည် တည်ထောင်ခွင့် လျှောက်ထားချက်များကို စိစစ် ခွင့်ပြုပေးလျှက်ရှိရာ ဦးတင်ဦးပါ ၂၁ ဦးတို့က လျှောက်ထားသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ တည်ထောင်ခွင့် လျှောက်ထားချက်သည် ဥပဒေ၊ နည်းဥပဒေများဖြင့် ညီညွတ်ကြောင်း တွေ့ရသဖြင့် ကော်မရှင်က ၂၀၁၁ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ပါတီ ထူထောင်ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်” ဟု သတင်းစာများတွင် ရေးသားထားသည်။
NLD ပါတီ တည်ထောင်ခွင့်ကို လွန်ခဲ့သည့် နိုဝင်ဘာလ ၂၆ ရက် နေ့စွဲဖြင့် လျှောက်ထားခဲ့ပြီး ယခု ပါတီ ထူထောင်ခွင့်ပြုမိန့် ကျပြီဖြစ်ရာ မှတ်ပုံတင်ရန်အတွက် လာမည့် သတင်းပတ်အတွင်း နေပြည်တော်သို့ သွားရမည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဆက်လက် ရှင်းပြသည်။
ကော်မရှင်က စိစစ်ဆဲ ကာလတွင် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့သူ ၂၁ ဦး၏ ကိုယ်ရေးရာဇ၀င်များကို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက မေးမြန်းစိစစ်ခဲ့ကြောင်း၊ ဥပဒေအရ နိုင်ငံခြားမှ အကူအညီယူခြင်းရှိ၊ မရှိ တို့ကိုလည်း မေးမြန်းခဲ့ကြောင်း သူက ဆိုသည်။
NLD ပါတီသည် ယခင်အသုံးပြုခဲ့သည့် ခမောက် သင်္ကေတကို အသုံးပြုတော့မည် မဟုတ်တော့ဘဲ ယခုလက်ရှိ ပါတီအလံအတိုင်း အနီရောင် အောက်ခံတွင် အဖြူရောင် ကြယ်နှင့် ရွှေရောင် ခွပ်ဒေါင်းပုံ၊ အဖြူရောင် “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်” စာတန်းကို အောက်ခြေတွင် ဖော်ပြထားသည့် အမှတ်တံဆိပ်အား အသုံးပြုမည်ဖြစ်ကာ အမှတ်တံဆိပ်၏ စံပြု အရွယ်အစားမှာ ထောင့်မှန်စတုဂံပုံ အလျား ၁. ၆၂ လက္မ၊ အနံ ၁ လက္ခ ဖြစ်ကြောင်း NLD က ဒီဇင်ဘာလ  ၁၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ကြေညာထားသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ နေ့လယ်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်၏ နေအိမ်တွင် ၁ နာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း၊ အလွတ်သဘော ဆွေးနွေးခြင်းသာဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။
“ကျနော်တို့ သိတာကတော့ ကောင်းကောင်းမွန်မွန် မိတ်ဆက်စကားပြောကြတာပါ။ အသေးစိတ်တော့ မသိပါဘူး။ ခေါင်းစဉ်တော့ မရှိပါဘူး။ မိတ်ဆွေတွေ ပြောကြတဲ့ပုံစံပါပဲ” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
ဆက်လက်၍ ဦးဉာဏ်ဝင်းက တိုင်းပြည်နှင့် ပြည်သူလူထုအတွက် များစွာ ဆက်လက်လုပ်ဆောင် နေရဦးမည်ဖြစ်ပြီး အခုကဲ့သို့သော တွေ့ဆုံမှုများသည် အလားအလာကောင်းများ ဖြစ်သည်ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးခင်အောင်မြင့်တို့ တွေ့ဆုံမှုအပေါ် NLD လူငယ်များနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ လူငယ်များကလည်း မြန်မာနိုင်ငံအတွက် အကောင်းဘက်သို့ ဦးတည်သည်ဟု ရှုမြင်ကြသည်။
“ကျနော်တို့ကတော့ အားလုံး အပြုသဘော ပူးပေါင်းဆောင်ရွက်ပြီး လုပ်ကြရင် ကျနော်တို့ တိုင်းပြည်ကောင်းသွား မှာပဲလို့ ကျနော်တို့ သုံးသပ်တယ်” ဟု NLD လူငယ် ကိုကျော်စိုးနိုင်က ဧရာဝတီကို ပြောသည်။
ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်သည် NLD ပါတီအနေဖြင့် တနိုင်ငံလုံး အတိုင်းအတာနှင့် မဲအပြတ်အသတ် အနိုင်ရခဲ့သည့် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုကြောင်း၊ အဆိုပါ ရလဒ်သည် ဖျောက်ဖျက်၍ ရသည့် ကိစ္စမဟုတ်ကြောင်း Yangon Times သတင်းဂျာနယ်နှင့် အောက်တိုဘာလ ၃၁ ရက်နေ့က တွေ့ဆုံစဉ် ပြောခဲ့သေးသည်။
NLD ပါတီ မှတ်ပုံပြန်တင်မည် ဆိုပါက လွှတ်တော် အကြီးအကဲဖြစ်သည့် ၎င်းနှင့်အတူ လွှတ်တော်ထဲမှ ကိုယ်စားလှယ် များက ကြိုဆိုမည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူများက ရွေးချယ်တင်မြှောက်ပါက လွှတ်တော် တွင်းကို ရောက်ရှိ လာမည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာ ဗဟုသုတ ကြွယ်ဝ သည့် ပညာတတ်တယောက် ဖြစ်သောကြောင့် နိုင်ငံတည်ဆောက်ရေးအတွက် များစွာ အားကိုးရမည် ဖြစ်ကြောင်းလည်း သူက ပြောဆိုခဲ့သည်။

ကချင်ဒုက္ခသည်များကို ကုလသမဂ္ဂ ပထမဆုံးအကြိမ် ကူညီ

ကချင် စစ်ပြေးဒုက္ခသည်များ အတွက် ရန်ကုန်အခြေစိုက် ကုလသမဂ္ဂအဖွဲ့ တချို့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်ရာ လိုင်ဇာဒေသသို့ပထမဆုံး အကြိမ် သွားရောက်၍ အိမ်သုံးပစ္စည်းများနှင့် စားသောက်ကုန်များ ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။
လိုင်ဇာဒေသတွင် တွေ့ရသော ကချင် စစ်ပြေး ဒုက္ခသည် ကလေးတဦး (ဓာတ်ပုံ - ဧရာဝတီ)
“အဓိက လိုအပ်နေတဲ့ အိမ်သုံးပစ္စည်းတချို့ ကူညီထောက်ပံ့ပေးခဲ့ပါတယ်၊ ဒုက္ခသည်တွေကို ကူညီပေးနိုင်ဖို့ ပထမဆုံး သွားရောက်ခဲ့တဲ့ လေ့လာရေး ခရီးစဉ်သဘောပါ၊ ဆက်လက်ကူညီပေးသွားနိုင်မယ်လို့ မျှော်လင့်ရပါတယ်”ဟု ရန်ကုန် အခြေစိုက် ကုလသမဂ္ဂ ရုံး၏ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်း က ဧရာဝတီ ကိုပြောသည်။
ကမ္ဘာ့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ ယူနီဆက်(UNICEF)၊ နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၊ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ ကွပ်ကဲမှုရုံး(UNOCHA)တို့သည် ကချင်ပြည်နယ် သို့ ယမန်နေ့က ရောက်ရှိနေပြီး ကူညီကယ်ဆယ်ရေး ကိစ္စများကို KIA နှင့်ဆွေးနွေး၍ ဒုက္ခသည်များထံ ကိုယ်တိုင်ပေးအပ်ခဲ့ကြောင်း သိရသည်။
“အိမ်ထောင်စု ၃၀၀ အတွက် ပစ္စည်း ၆ မျိုးပါတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ၊ တကိုယ်ရည် ကျန်းမာရေးသုံး ပစ္စည်းတွေ၊ စောင်၊ အ၀တ်အထည်တွေကို ပေးခဲ့ပါတယ်”ဟု ရန်ကုန် အခြေစိုက် ယူနီဆက်ရုံး၏ ပြန်ကြားရေးအရာရှိ Mr. Zafrin Chowdhuryက
ဆိုသည်။
ကုလသမဂ္ဂ အဖွဲ့များသည် မြန်မာအစိုးရ၊ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)တို့နှင့် သဘောတူညီမှုရရှိခဲ့ပြီး ဗန်းမော်မြို့မှ လိုင်ဇာဒေသသို့ ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။
အိုးအိမ်စွန့်ခွာ၍ ထွက်ပြေးနေကြရသည့် KIA ထိန်းချုပ်ရာ ဒေသများမှ စစ်ပြေးဒုက္ခသည်များကို ဆက်လက် ကူညီထောက် ပံ့ ပေးခွင့်ရရန် မျှော်လင့်ထားကြောင်း Mr. Zafrin Chowdhury က ဆက်ပြောသည်။
ထိုအဖွဲ့များနှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP) အပါအ၀င် NGO များကိုပါ KIA ထိန်းချုပ်ဒေသသို့ သွားရောက်ကူညီခွင့် ကို အစိုးရ အာဏာပိုင်များက ကာလအတန်ကြာ ပိတ်ထားခဲ့ရာမှ ယခု ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။
“ယူအန်အဖွဲ့(ကုလသမဂ္ဂ)က ပုဂ္ဂိုလ် ၄ ဦးရယ်၊ ကား ၆ စီးနဲ့ စားနပ်ရိက္ခာပစ္စည်းတွေ ပါပါတယ်၊ ဆန်နဲ့ တခြားပစ္စည်းတွေပါ”ဟု လိုင်ဇာ အခြေစိုက် ကချင် စစ်ပြေးဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ခံ ကိုလာရစ် က ဧရာဝတီကို ပြောသည်။
ကချင်ဒေသ၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ၍ ဒုက္ခသည် ဦးရေ တိုးပွားလာနေကြောင်း၊ ဒုက္ခသည်များအတွက် အရေးတကြီး လိုအပ်သည့်အရာမှာ အစားအစာ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့်ကလေးများ၏ ပညာရေးကိစ္စများ ဖြစ်ကြောင်းလည်း ၎င်း က ဆိုသည်။
KIA ထိန်းချုပ်ရာ လိုင်ဇာဒေသ တ၀ိုက်၌ လတ်တလော ဒုက္ခသည် ၃၄၀၀၀ ခန့်ရှိပြီး ၀ိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ မိုင်ဂျာယန် စသည်တို့တွင် ဒုက္ခသည် ၇၀၀၀ ခန့် ထပ်မံ တိုးပွားလာကြောင်း ကိုလာရစ်က ဆက်လက်ပြောဆိုသည်။
မြန်မာအစိုးရ ထိန်းချုပ်ရာဒေသ မြစ်ကြီးနားနှင့်မြို့နယ်တချို့ရှိ စစ်ပြေးဒုက္ခသည်များအတွက် ပြည်တွင်းရှိ ၈၈ မျိုးဆက်ကျောင်း သားများအဖွဲ့နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) စသည့် လူမှုရေးအဖွဲ့များကလည်း ပစ္စည်းတချို့ကို ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက လှူဒါန်းခဲ့သေးသည်။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများ၌ တပ်အင်အားတိုးခြင်း၊ ထိုးစစ်ဆင်ခြင်းတို့ ထပ်မံ မလုပ်ဆောင်ရန် သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ ဒီဇင်ဘာ ၁၀ ရက်နေ့က စာပို့ ညွန်ကြားထားသည်ဟု
ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ရှိ ဒုက္ခသည်များကို လှူဒါန်းသည့်အခမ်းအနားတခု၌ ပြောဆိုသွားခဲ့ကြောင်း ဒေသခံများ က ပြောသည်
ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်များက ငွေကျပ် သိန်း ၇၀၀ နှင့် အဝတ်အထည်များ လှူဒါန်းသည့် ယင်းအခမ်း အနား ကို ဒီဇင်ဘာ ၁၂ ရက်နေ့က ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးဆောင်၍ ပြုလုပ်ခဲ့ရာ၌ ပြည်တွင်း မီဒီယာ တချို့နှင့်ဒေသခံ များ တက်ရောက်ခဲ့စဉ် ပြည်နယ် ၀န်ကြီးချုပ်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ထိုအကြောင်းကြားစာအား KIA မှ အတိအကျမသိသေးဟု ပြောဆိုပြီး အစိုးရသတင်းစာများကလည်း တရားဝင်ကြေညာ ခြင်း မရှိပေ။
“၁၀ ရက်နေ့မှာ သမ္မတက စာပို့ထားတယ်လို့ကြားပေမယ့် တိုက်ပွဲက ဒီနေ့အထိ ဖြစ်နေတုန်းပါ၊ စစ်တပ်အနေနဲ့ ဘယ်အတိုင်း အတာ အထိ လိုက်နာမလဲဆိုတာ စောင်ကြည့်ရဦးမှာပါ”ဟု KIA ၏ ပြောခွင့်ရသူ ဦးလနန် က ဆိုသည်။
၎င်းက“မနေ့က ဆိုရင်လည်းပဲ မြစ်ကြီးနားဘက်ကို ရထား၂ စီးနဲ့ စစ်သားတွေ အပြည့်ရောက်လာတယ်၊ ဗန်းမော်ဘက် ကို လည်း စစ်သဘောင်္ ၄ စီးရောက်လာတယ်၊၂ စီးက စစ်သားတွေ၊၂ စီးက စစ်လက်နက်တွေ အပြည့်ပါတယ်”ဟု ဆက်ပြော သည်။
အစိုးရစစ်တပ်သည် ရှေ့တန်း စစ်မျက်နှာ၌ တပ်အင်အား ထပ်မံတိုးချနေကာ လားရှိုးမြို့နယ်ဒေသ တ၀ိုက်တွင်လည်း တပ် အင်အား တိုးချနေသည်ဟု သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ၂၉ ရက်နေ့က KIA နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီမှု မရကြသေးဘဲ တိုက်ပွဲများ ဖြစ်နေကြောင်း၊ သို့သော် အစိုးရ ဘက်မှ တွေ့ဆုံရန် ကမ်းလှမ်းလာပါက ၎င်းတို့အနေနှင့် တွေ့ဆုံရန် အသင့်ရှိကြောင်း ဦးလနန် က ဆိုသည်။
KIA သည် ၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆို၍ နှစ်ဘက် အပစ် အခတ် ရပ်စဲခဲ့သည်။
အပစ်ရပ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ရှိ KIA ထိန်းချုပ် ဒေသများတွင် စစ်ရေးပဋိပက္ခတချို့ ဖြစ်ပွားခဲ့သော် လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၁၇ နှစ်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့မှ စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့ခြင်း ဖြစ်သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဇန်န၀ါရီလဆန်း မြန်မာပြည်သွားမည်

ဓာတ်ပုံ ASSOCIATED PRESS
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ဂ် (၀ဲ) နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (ယာ) တို့ အမေရိကန် နိုင်ငံခြားရေးဌာနတွင် ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဒီဇင်ဘာလ ၁၂၊ ၂၀၁၁)


ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ဂ် (William Hague) က မြန်မာနိုင်ငံကို နောက်နှစ် ဇန်န၀ါရီလ အစောပိုင်းမှာ သွားရောက်မှာဖြစ်တယ်လို့ ၀ါရှင်တန်မြို့တော်မှာ ရောက်ရှိနေစဉ် တနင်္လာနေ့က ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ နှစ်နိုင်ငံကြား အရေးပါတဲ့ကိစ္စရပ်တွေ ဆွေးနွေးအပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ဗြိတိန်ဝန်ကြီး ၀ီလျံဟိတ်ဂ် က ပြောဆိုခဲ့တာဖြစ်ပါတယ်။ အကြောင်းစုံကို ဦးရောနီညိမ်းက တင်ပြထားပါတယ်။
ဒီဇင်ဘာလ ၁၂ ရက်နေ့က ၀ါရှင်တန်ဒီစီမြို့တော်ကို ရောက်ရှိနေတဲ့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ဂ် နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ တွေ့ဆုံခဲ့ရာမှာ နှစ်နိုင်ငံကြား အလေးထားပြီး စိုးရိမ်မကင်း ဖြစ်နေရတဲ့ကိစ္စရပ်တွေ ဖြစ်တဲ့ ဥရောပ စီးပွားရေး ပဋိပက္ခ၊ အီရန်အပေါ် တိုးမြှင့် အရေးယူဒဏ်ခတ်ရေးကိစ္စ၊ အာဖဂန်နစ္စတန်ရဲ့ အသွင်ကူးပြောင်းရေးကာလ ကိစ္စ၊ ပါကစ္စတန် အရေးကိစ္စတွေအပြင် မြန်မာနိုင်ငံ အရေးကိစ္စ ကိုပါ ဆွေးနွေးခဲ့ကြပါတယ်။
အခုလို ဆွေးနွေးရာမှာ အာရှပစိဖိတ်ဒေသတွင်း အမေရိကန်ရဲ့ ပိုမိုပါဝင်လှုပ်ရှားလာတဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့လည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ၅၆ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ကနေ ဒီဇင်ဘာလ ၂ ရက်နေ့အထိ သုံးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်ကို ၀န်ကြီးဟိတ်ဂ် က ကြိုဆိုထောက်ခံလိုက်ပြီး သူ့အနေနဲ့လည်း ရှေ့လ ဇန်န၀ါရီလမှာ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ သတင်းထောက်တွေကို အခုလို ပြောကြားခဲ့ပါတယ်။
“ကျနော်တို့ရဲ့ ဘုံဦးတည်ချက်က မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်ခွင့်တွေ ပိုပြီးတော့ ရလာစေဖို့ ဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုတွေနဲ့ ဒီလိုလွတ်လပ်ခွင့်တွေ ပိုရရေး ဦးတည်ချက်ကို ပိုပြီးတော့ အောင်မြင်အောင် ဆောင်ရွက်ဖို့ပါ။ ဒါက သိပ်ကိုအရေးကြီးပါတယ်။ ကျနော် ဇန်န၀ါရီလဆန်းထဲမှာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပြီး မြန်မာ့အရေး အပါအ၀င် တခြား ကိစ္စတွေနဲ့ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုနဲ့ နီးနီးကပ်ကပ် ဆက်သွယ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဟာ မြန်မာသမ္မတ ဦးသိန်းစိန်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရအဖွဲ့ ခေါင်းဆောင်တွေ၊ မြန်မာနိုင်ငံက လွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံ ခရီးစဉ်အပြီးမှာတော့ ၀န်ကြီးကလင်တန်က လွတ်လပ်ခွင့်တွေအတွက် မြန်မာနိုင်ငံမှာ အစပျိုးတဲ့ခြေလှမ်းတွေ တွေ့နေရပေမဲ့ တကယ်စစ်မှန်တဲ့ ပြောင်းလဲမှုတွေရှိလာဖို့ လုပ်စရာအလုပ်တွေ အများကြီး ကျန်နေသေးတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ ၀န်ကြီး ဟီလာရီကလင်တန်တို့ အောင်အောင်မြင်မြင် တွေ့ဆုံဆွေးနွေး နိုင်ခဲ့မှုအတွက် မိမိအနေနဲ့ ၀မ်းမြောက်ဝမ်းသာရှိတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပြီးတော့ တရုတ်နိုင်ငံကလည်း ၀န်ကြီး ဟီလာရီကလင်တန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ထောက်ခံကြိုဆိုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံကို ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ဂ် သွားရောက်မယ့်သတင်းကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း ကြိုဆိုကြောင်း သတင်းထောက်တွေကို အခုလို ပြောကြားခဲ့ပါတယ်။
“ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို သွားရောက်မယ့် ခရီးစဉ်သတင်းကို ကျမ ကြိုဆိုပါတယ်။ သံတမန်ရေးအရ ဆက်လက် အရေးပေး ဆောင်ရွက်သွားခြင်းအားဖြင့် ကျမတို့အနေနဲ့ မြန်မာအစိုးရသစ်ကို စမ်းသပ်နိုင်ဖို့ အခွင့်အလမ်းကောင်း ရလိမ့်မယ်လို့ ကျမ ထင်ပါတယ်။ ဒါ့အပြင် ၂၁ ရာစုမှာ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့နိုင်ငံ အသိုင်းအ၀ိုင်းကြား နေရာမှန် ရောက်နိုင်ဖို့ ကြိုးပမ်းမှုအတွက်လည်း အဟန့်အတားဖြစ်နေတဲ့ ကျန်ရှိနေသေးတဲ့ ပြဿနာတွေ ဖြေရှင်းရေးအတွက်လည်း လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ မြန်မာအစိုးရသစ်အနေနဲ့ ဆန္ဒရှိတယ်ဆိုရင် ဘယ်လိုလမ်းမျိုး လျှောက်လှမ်းရမယ်ဆိုတာက ရှင်းပါတယ်။”
ဗြိတိသျှဝန်ကြီး ၀ီလျံဟိတ်ဂ် မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်သလို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း မြန်မာနိုင်ငံကို ဗြိတိန်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီး အန်ဒရူးမစ်ချဲလ် သုံးရက်ကြာခရီး သွားရောက်ပြီးတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအပါအ၀င် မြန်မာအစိုးရ ခေါင်းဆောင်တွေ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဝန်ကြီး အဲန်ဒရူးမစ်ချဲလ်ကလည်း မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကို သတိကြီးကြီးနဲ့ အကောင်းမြင် သုံးသပ်နေမယ်လို့ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အပြီးမှာ ပြောဆိုခဲ့ပါတယ်။
Ref: VOA

Monday, 12 December 2011

ဥပဒေများပီပြင်မှ လွှတ်တော်လုပ်ငန်းများ ပီပြင်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား

7111
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား တွေ့ရစဉ်
လွှတ်တော်၏ အဓိကတာဝန် မှာ ဥပဒေပြုရေးသာ ဖြစ်ပြီး ဥပဒေများ ပီပြင်ပြည့်စုံစွာပြုနိုင်ရန် လိုအပ်ကြောင်း၊ ထိုသို့ ပီပြင်မှသာ လွှတ်တော်လုပ်ငန်း တာဝန်များကို ပီပြင်စွာ ဆောင်ရွက်နိုင်မည်ဟု ခံယူထားကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက် နေ့က ရန်ကုန် မြို့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ရန်ကုန်(ရုံးခွဲ) ဖွင့်လှစ်ပွဲတွင် ပြောကြားခဲ့သည်။
နိုင်ငံရေးစနစ် အပြောင်းအလဲ ဟု ဆိုရာတွင်လည်း ဒီမိုကရေစီဟု ပြောင်းလိုက်ရုံဖြင့် ပြီးသွားသည် မဟုတ်ဘဲ ပြောင်းလဲလိုက်သည့် ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန်ရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီစနစ် ရှင်သန်ရန်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ကာ လူမှုစီးပွားစနစ်ကောင်းမွန်ရန် လိုအပ်ကြောင်းကိုလည်း ပြောကြားသွားခဲ့သည်။
‘‘ကျွန်တော်တို့လွှတ်တော်ဟာ ဥပဒေပြုရမယ့် အဓိကတာဝန်ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒါကြောင့် ဥပဒေ ပညာရှင်များကို ပြည့်စုံအောင်ဖွဲ့စည်းပြီး ဥပဒေများ ပီပြင်စွာပြုနိုင်မှ လွှတ်တော်ရဲ့လုပ်ငန်းတာဝန်ကို ပီပြင်စွာ ဆောင်ရွက်နိုင်ပါမယ်’’ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းမှ ပြောကြားခဲ့ပါသည်။
‘‘လွှတ်တော်များသည် ဥပဒေ ပြဋ္ဌာန်းဖို့အဓိက တာဝန်ရှိပါတယ်။ ဥပဒေပြဋ္ဌာန်းတယ် ဆိုတဲ့နေရာမှာ တည်ဆဲ ဥပဒေများကို လေ့လာသုံးသပ်ပြီး ပြင်ဆင်၊ ပယ်ဖျက်၊ အသစ် ပြဋ္ဌာန်းနိုင်ရေးတို့ ပါဝင်ပါတယ်။ ဒါဖြင့်ရင် တည်ဆဲဥပဒေများကို ဘယ်လိုပြင်ဆင်မလဲ၊ ဘယ်လိုပယ်ဖျက်မလဲဆိုတာနဲ့ ပတ်သက်ပြီး မေးခွန်းများ မေးလာမယ်ဆိုရင် ဥပဒေပြုတဲ့ နေရာမှာ ဥပဒေကြမ်းကော်မတီကို လွှတ်တော်က သတ်မှတ်ထားတဲ့ စိစစ်ချက် ၁၂ ချက်ရှိပါတယ်။ အဲဒီစိစစ်ချက် ၁၂ ချက်နဲ့ညီညွတ်မှ ဒီဥပဒေကြမ်းအဖြစ် ဆက်လက်ဆွေးနွေးနိုင်ဖို့ သတ်မှတ်ထားတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးစီးပွားကို မဖြစ်ထွန်းဘူး၊ ကာကွယ်မပေးတော့ဘူး ဆိုရင် ကျွန်တော်တို့ဟာ ဒီဥပဒေတွေကို အလျင်အမြန် ဖျက်သိမ်းပေးရမှာ ဖြစ်ပါတယ်။ အဲဒီ အတိုင်းပဲ ဒီနေ့နိုင်ငံမှာ လိုအပ်ချက်အရ ဥပဒေသစ်တွေ ပြဋ္ဌာန်းပေးဖို့ လိုတယ်ဆိုလို့ရှိရင်လည်း ဒီကော်မရှင်က လွှတ်တော်ကို တင်ပြရမှာ ဖြစ်ပါတယ်။ လိုအပ်မယ်ဆိုလို့ရှိရင် ပြင်ဆင်ဖို့လိုတဲ့ဥပဒေနဲ့ ပတ်သက်ပြီးတော့ ဘယ်ဥပဒေက ဘယ်အပိုင်း ဘယ်အပိုဒ်မှာတော့ ဒီလိုဖြစ်နေတယ် ဒါကိုပြင်ဆင်မှသာလျှင် ဒီနေ့ လက်တွေ့ ဆောင်ရွက်နိုင်မယ်။ ပြီးတဲ့အခါမှာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေ ရဲ့ အကျိုးစီးပွားဖြစ်ထွန်းမှာ ဖြစ်တယ်ဆိုတာကိုလည်း ဒီကော်မရှင် က ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်း တင်ပြပေးရမှာဖြစ်ပါတယ်’’ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။
‘‘ဒီနေ့ကျွန်တော်တို့နိုင်ငံမှာ အပြောင်းအလဲတွေရှိတယ် မှန်တယ် ကောင်းတယ်၊ အပြောင်းအလဲ ရှိမှလဲ  တိုးတက်မယ် တိုးတက်သော အပြောင်းအလဲအတွက်လည်း ကျွန်တော်တို့ လက်ခံဆောင်ရွက်ရမှာ။ အပြောင်းအလဲလို့ ဆိုတဲ့နေရာမှာ နိုင်ငံရေးစနစ် အပြောင်းအလဲက ဒီမိုကရေစီဆိုပြီး သွားရော။ ဒါပေမယ့် ဒီမိုကရေစီစနစ် ကို ဆက်လက်ရှင်သန်အောင် ဆောင်ရွက်နိုင်ဖို့က စီးပွားရေးအပြောင်းအလဲ တစ်ဆင့်ပြောရမယ် ဆိုလို့ရှိရင် လူမှုစီးပွားရေးစနစ် ကောင်းမွန်လာဖို့ ဒီဟာအရေးကြီးတယ်။ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးအရ စနစ်အရ ပြုပြင်ပြောင်းလဲမှု တွေ တော်တော်များများ ဆောင်ရွက် ထားပြီးပြီ။ ဆောင်ရွက်နိုင်ခဲ့ပြီ။ အဲဒီနည်းတူ လွှတ်တော် ဘက်ကလည်း လွှတ်တော်ရေးရာနဲ့ပတ်သက်ပြီး ဆောင်ရွက်ရမယ့် ကိစ္စများကို တော်တော်လေး ဆောင်ရွက်ပြီးပြီ။ သို့ရာတွင် နိုင်ငံမှာ ဒီနေ့ တစ်ကယ်လိုအပ်နေတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အတွက်တော့ လုပ်ဖို့ အများကြီး ကျန်သေးတယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို မလုပ်ဘဲနဲ့တော့ နိုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့ အကျိုးစီးပွား ဖြစ်ထွန်းမှာမဟုတ်ဘူး။ အဲဒီ နည်းတူပဲ လူမှုစီးပွားရေးတိုးတက် ကောင်းမွန်မှာမဟုတ်ဘူး။ ဒါကြောင့် မို့ စီးပွားရေးပြုပြင် ပြောင်းလဲနိုင်ဖို့ အတွက်လည်း လေ့လာပေးပါ။ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ဥပဒေများကို လည်း လေ့လာပေးပါ ဆိုပြီးတော့ ကော်မရှင်ကို တာဝန်ပေးပါတယ်’’ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေ မန်းက ပြောကြားခဲ့သည်။
Ref: EMG

ရေဘေးသင့် ရွှေ့ပြောင်း အလုပ်သမားများအား အခမဲ့ ဆေးဝါးကုသခွင့်ပြု

20111209a
photo: flicker
ထိုင်းနိုင်ငံအတွင်း ရေဘေးဒဏ် ခံနေရသည့်(နိုင်ငံခြားသား) ရွှေ့ပြောင်း အလုပ်သမားများအား ဆေးဝါးအခမဲ့ ကုသနိုင်ရန် ထိုင်းအစိုးအရ ကျန်းမာရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ ဆေးရုံ ဆေးခန်းများသို့ (၂၈)ရက်၊ နိုဝင်ဘာလ၊ ၂၀၁၁ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာ လိုက်သည်။
“ရေဘေးဒဏ်ကြောင့် ပြည်နယ်ပေါင်းများစွာနှင့် အထူးစီးပွားရေးဇုံများ ပျက်စီးဆုံးရှုံး ရပ်တန့်သွားသည့်အတွက် စက်ရုံကြီးများနှင့် လုပ်ငန်းခွင် လည်ပတ်နိုင်ရေး ရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် အလုပ်လက်မဲ့ ဖြစ်ခြင်းကြောင့် ဝင်ငွေ မရတော့သဖြင့် အချို့သော အလုပ်သမားများသည် အခြားဒေသများသို့ ယာယီပြောင်းရွှေ့ နေထိုင်ရသည့်အတွက် ဆေးဝါးကုသမှု ခံယူနိုင်ရန် အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရသောကြောင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ကျန်းမာရေး အကျိုးဆောင် ကုသပေးနေသော ဆေးရုံး ဆေခန်းများသို့ ညွှန်ကြားချက် ထုတ်ပြန်ပေးခြင်းဖြစ်ပါသည်”ဟု အဆိုပါ အမိန့် ကြေညာစာ၌ ဖေါ်ပြထားသည်။
အဆိုပါ အမိန့်စာနှင့် ပတ်သက်ပြီး ဘန်ကောက်မြို့၌ မြန်မာရွှေ့ပြောင်း အလုပ်သမား ရေဘေး ဒုက္ခသည်များအား အရေးပေါ် အကူအညီများ သွားရောက် ကူညီ ဆောင်ရွက်ပေးနေသည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၏ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်မှ “အခုလို ထိုင်းအစိုးရအနေနဲ့ ရေဘေးသင့် ရွှေ့ပြောင်း အလုပ်သမားတွေကို အခမဲ့ ဆေးကုသခွင့်ပေးဖို့ ထုတ်ပြန်တဲ့ ညွှန်ကြားချက်ကို ကျနော်တို့ အနေနဲ့ ကြိုဆိုပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ တချို့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဆိုရင် မသန့်ရှင်းတဲ့ အစားအစာတွေ စားနေကြရပြီး မသန့်ရှင်းတဲ့ နေရာတွေမှာ နေရတာကြောင့် ကျန်းမာရေး ထိခိုက်မှုတွေ ရှိနေပါတယ်။ တစ်ချို့ဆို ဆေးရုံ မရောက်ဘဲ သေဆုံးခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အစိုးရက ထုတ်ပြန်တဲ့ ညွှန်ကြားချက်ကို ဒေသဆိုင်ရာ ဆေးရုံတွေက လိုက်နာ ဆောင်ရွက်ဖို့လည်း အထူး လိုအပ်မယ်။ ပြီးတော့ ထိုင်းဘာသာစကား မကျွမ်းကျင်တဲ့ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် ထိုင်းအစိုးရ အနေနဲ့ ဆေးရုံတွေမှာ စကားပြန်တွေ ထားပေးနိုင်ရင် ပိုပြီး အကျိုးရှိမယ်လို့ ယူဆပါတယ်”ဟု ပြောကြားခဲ့သည်။
“အစိုးရမှ ဖွင့်လှစ်ထားသော ဆေးရုံ၊ ဆေးခန်းတိုင်း (သို့မဟုတ်) အစိုးရမှ ကျန်းမာရေးအာမခံ ထားရှိသော ဆေးရုံ ဆေးခန်းတိုင်းတွင် ဆေးဝါး ကုသနိုင်ပါသည်။ ဆေးဝါကုသမှု ခံယူပြီး ဆေးဖိုးဝါးခ မပေးနိုင်သည့် ရွှေ့ပြောင်း အလုပ်သမားများအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ လိုအပ်သည့် ဆေးဖိုးကုန်ကျငွေကို ရှာဖွေထောက်ပံ့ ကူညီ သွားမည် ဖြစ်ပါသည်” ဟုအမိန့်စာ၌ ဆက်လက် ဖော်ပြထားသည်။
“ကျနော် နေမကောင်းတာ (၃) ရက်လောက်ရှိပြီ။ သိပ်အဆိုးကြီးတော့ မဟုတ်ဘူးပေါ့။ ရေကြီးလို့ အလုပ်မဆင်း နိုင်တာရယ်။ သူဌေးက ကျနော်ရစရာရှိတဲ့ လုပ်အားခတွေ မပေးတာကြောင့် ကျနော်တို့မှာ ပိုက်ဆံမရှိဘူး။ ပြောရမယ်ဆိုရင် ဆေးရုံသွားဖို့ ကားခတောင်မရှိဘူး။ ထိုင်းစကားလည်း မတတ်တော့ ဆေးရုံလည်း မသွားရဲပါဘူး”ဟု ရေမြုပ်နေသည့် ဆောက်လက်စ ဆောက်လုပ်ရေးဝင်းအတွင်း နေထိုင်နေသည့် ဆောက်လုပ်ရေး အလုပ်သမား မောင်အောင်အောင်က ပြောသည်။
အဆိုပါ အမိန့်ကြေညာချက်ကို ထိုင်းအစိုးရ ကျန်းမာရေး ဝန်ကြီးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် နိုင်ဆွန်ချိုင် နိဖါနစ်က လက်မှတ်ထိုး ထုတ်ပြန်ခြင်း ဖြစ်သည်။

Sunday, 11 December 2011

သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ လစာတွေ ဘယ်လိုယူထားသလဲ

Kyaw Hla Maung (Kyauk Phyu) 's Article
Ref: ဒေါက်တာလွမ်းဆွေ

၈၈ မျိုးဆက် ထုတ်ပြန်ချက် သံဃာ့ တပ်ပေါင်းစု ထောက်ခံ

ထင်ရှားသည့် နိုင်ငံရေး အကျဉ်းသား ဦးဂမ္ဘီရ

ရွှေဝါရောင်လှုပ်ရှားမှုကို ဦးဆောင်ခဲ့သည့် သံဃာ့တပ်ပေါင်းစုက ၈၈ မျိုးဆက် ကျောင်းသားများ၏ ဒီဇင်ဘာ ၅ရက်နေ့ ထုတ်ပြန်ချက်ကို သဘောတူကြောင်း ယနေ့ ကြေညာလိုက်သည်။
ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်အောင် လျှောက်လှမ်းနေချိန်တွင် ပြည်တွင်းပြည်ပမှ အင်အားစုများသည် မိမိတို့ သဘောထား ရပ်တည်ချက်ကို နည်းလမ်း ပေါင်းစုံဖြင့် ဖော်ထုတ်ခွင့် ရှိပြီး တဦးနှင့်တဦး ပုတ်ခတ် ပြောဆိုခြင်းမျိုးကို ရှောင်ရှားကာ ဟန်ချက်ညီ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း သံဃာ့တပ်ပေါင်းစုက ဆိုသည်။
ယခုကဲ့သို့ အခြေအနေမျိုးတွင် လွှတ်တော်တွင်း နိုင်ငံရေး တစ်ခုတည်းဖြင့် မြန်မာနိုင်ငံရေး ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင် မင်းကိုနိုင် ဦးဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသားများ ၀င်ရောက် ယှဉ်ပြိုင်စေခြင်း များအား ပြုလုပ်မည် မဟုတ်ဟူသော အချက်ကို အပြည့် အ၀ ထောက်ခံကြောင်း ထုတ်ပြန်ချက်တွင် ရေးထားသည်။
ထို့အပြင် ဦးဂမ္ဘီရနှင့်တကွ သံဃာ့ခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ ချွင်းချက်မရှိ လုံးဝ လွတ်မြောက်ရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုများကို ၈၈မျိုးဆက် ကျောင်းသားများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဟု ဆိုသည်။
“ဒီလို ၀န်းရံလို့ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ၈၈တို့၊ သံဃာ့ တပ်ပေါင်းစုတို့ ဆိုတာ လုပ်နိုင်တဲ့လူက ဆက်လုပ်သွားဖို့ အရင်ကတည်းက သဘောတူပြီးသားပါ။ တဗိုလ်ကျ တဗိုလ်တက် စနစ်နဲ့ လုပ်ဖို့ အစောကြီးကတည်းက တာဝန်ရှိမှုနဲ့ တာဝန် ယူကြပါတယ်။ စုပေါင်း ခေါင်းဆောင် စုပေါင်း လုပ်ဆောင်မှုနဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က သွားတာပါ။ ၂၀၀၆ တုန်းက ကိုမင်းကိုနိုင်တို့ အဖမ်းခံရတုန်းက ကိုဂျင်မီတို့၊ ကိုမြအေးတို့ လုပ်ခဲ့တယ်။ အခု အပြင်မှာ ရှိတဲ့၊ ဆက်လုပ်နေတဲ့ လူတွေက အထဲက လူတွေကို တာဝန်ယူတယ်။ အထဲကလူတွေကလဲ အပြင်ကလူတွေလုပ်တာကို မကန့်ကွက်ပါဘူး” ဟု ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် စမ်းချောင်း ကိုကိုကြီးက ပြောပြခဲ့သည်။

နိုင်ငံ့အရေးလုပ်မယ့်သူတွေ မကြာခင် လွတ်ဖွယ်ရှိ

မြန်မာနိုင်ငံမှာ အကျဉ်းကျနေတဲ့သူတွေထဲက နိုင်ငံ့အရေးဆောင်ရွက်မယ့်သူမျိုးကို ဦးစားပေးလွှတ်သွားဖို့ နီးပါပြီလို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက ပြောလိုက်ပါတယ်။ ဒီကနေ့ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ရန်ကုန်ရုံးခွဲ ဖွင့်ပွဲမှာ သူက အခုလို ပြောလိုက်တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက လွှတ်တော်ကိုသွားပြီး လေ့လာဖို့ ဒီဇင်ဘာလ ၁၁ ရက်ကနေ ၁၈ ရက်နေ့အထိ သွားမယ့်အစီအစဉ်ကိုလည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အသိပေးခဲ့တဲ့ အကြောင်းကို ဘန်ကောက်ရုံးကနေ မစုမြတ်မွန်က အစီရင်ခံထားပါတယ်။
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့နေရာမှာ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးရေးဟာ အဓိကဖြစ်တယ်လို့ အမေရိကန်က ပြောနေချိန်မှာ မကြာခင် လွှတ်ပေးဖို့ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hillary Clinton) ကို ပြည်သူ့လွှတ်တော်မှာ တွေ့ဆုံစဉ်က ပြောခဲ့တဲ့အကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောလိုက်တာဖြစ်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ ယုဇနတာဝါမှာလုပ်တဲ့  ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်း စစ်သုံးသပ်ရေး ကော်မရှင် ရုံးခွဲဖွင့်ပွဲမှာ သူက ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
နိုင်ငံရေး အကျဉ်းသားဆိုတာ မြန်မာနိုင်ငံမှာ မရှိပါဘူးဆိုတဲ့ မြန်မာအစိုးရနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ အမေရိကန်ကြား အခေါ်အဝေါ် အငြင်းပွားနေမှုကို ဘေးဖယ်ထားဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးရွှေမန်းက ပြောခဲ့ပါတယ်။
“ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ၊ နိုင်ငံရေးအကျဉ်းသား စတဲ့ စကားရပ်တွေအပေါ်မှာ ဘာမှ အငြင်းပွားမနေနဲ့။ အားလုံးပါဝင်နိုင်ဖို့အတွက် နိုင်ငံ့အရေးနဲ့ပတ်သက်ပြီး စိတ်ဝင်စားပြီးတော့လုပ်မယ့် ပုဂ္ဂိုလ်မျိုးကို အထူး ဦးစားပေး စဉ်းစားရေးအတွက် ဆောင်ရွက်ပါ့မယ်လို့ ဒီလိုပြောခဲ့တာရှိပါတယ်။ နောက်တစ်ခု ဘယ်ရက်လဲ ဆိုတာကျတော့ နီးလာပြီလို့ပဲ ပြောလို့ရတယ်လေ။”
ဒီဇင်ဘာလ ၁ ရက်နေ့က နေပြည်တော်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့စဉ်မှာ နိုင်ငံရေး အကျဉ်းသားတွေကိစ္စနဲ့ ပတ်သက်လို့ ပြောခဲ့တာကို သတင်းထောက်တွေကို ဦးရွှေမန်းက ပြန်ရှင်းပြခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို နိုဝင်ဘာလ ၃၀ ကနေ ဒီဇင်ဘာလ ၂ ရက်နေ့အထိလာသွားတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း မြန်မာအာဏာပိုင်တွေနဲ့ ဒီကိစ္စ ဆွေးနွေးမှုဟာ အားတက်စရာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို အသိပေးခဲ့ပါတယ်။
ဒီဇင်ဘာလ ၉ ရက်နေ့ ယုဇနတာဝါမှာ သတင်းထောက်တွေနဲ့ အမေးအဖြေလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်နေတာနဲ့ ပတ်သက်လို့လည်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်တယ်လို့ ပြောသွားခဲ့ပါတယ်။ ဥပဒေပိုင်းနဲ့ ပတ်သက်လို့တော့ -
“တည်ဆဲဥပဒေတွေကို လေ့လာကြည့်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူး၊ ပြီးတဲ့အခါမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ပတ်သက်လို့ ထိခိုက်နေမယ်ဆိုရင်လဲ၊ ပြီးတဲ့အခါမှာ နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် အကျိုးမဖြစ်ဘူး၊ ကာကွယ်စောင့်ရှောက်မှု မရှိဘူးဆိုတဲ့ ဥပဒေတွေကို ကျနော်တို့က အမြန်ဆုံး ဖျက်သိမ်းစေချင်တယ်။ ပြင်စရာရှိရင် အမြန်ဆုံး ပြင်မယ်။ ဒါကြောင့်မိုလို့ ကျနော်က ခုနကပြောတဲ့ လာမယ့်လွှတ်တော်တွင်းမှာ အရေးကြီးတဲ့ဟာတွေကို ပြုပြင်ဖို့ အဆိုလည်းတင်၊ တဘက်ကလည်း ခင်ဗျားတို့ ကျုပ်တို့လည်း လုပ်မယ်ဆိုရင် တိုးတက်မှုတွေ ရှိလာမှာပဲ။”
လွှတ်တော်တာဝန်ရှိသူတချို့၊ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အဖွဲ့ဝင်တချို့နဲ့အတူ ဒီဇင်ဘာလ ၁၁ ရက်ကနေ ၁၈ ရက်အထိ အိန္ဒိယကိုသွားဖို့ ရှိတယ်ဆိုတာကိုလည်း ဦးရွှေမန်းက ခုလို အသိပေးခဲ့ပါတယ်။
“ကျနော်တို့က လေ့လာချင်တာကတော့ လွှတ်တော်။ လွှတ်တော်ကို လေ့လာတဲ့အခါမှာ လွှတ်တော်နဲ့ အစိုးရအဖွဲ့ ဆက်သွယ်ရေး ဆက်ဆံရေး၊ လွှတ်တော်နဲ့ အခြားလွှတ်တော်များ ဆက်သွယ်ရေး ဆက်ဆံမှု၊ ပြီးတဲ့အခါမှာ ဒီထဲမှာ တကယ်လို့များ ကျနော်တို့က အချိန်ရမယ်ဆိုရင် တကယ်ကို လေ့လာသင့်တဲ့ကိစ္စက အိန္ဒိယနိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်တယ်။”
သူ့ခရီးစဉ်အတွင်းမှာ အိန္ဒိယလွှတ်တော်ကို အဓိကထား လေ့လာမယ့်အပြင် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းတွေ ဘယ်လိုပေးနေလဲ၊ နိုင်ငံရဲ့ အသုံးစရိတ် ဘက်ဂျက်ကိစ္စတွေကို လွှတ်တော်ထဲမှာဘယ်လို ဆွေးနွေး ဆောင်ရွက်ကြသလဲ၊ ဒါ့အပြင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို လွှတ်တော်က ဘယ်အတိုင်းအတာအထိ လုပ်သလဲဆိုတဲ့ ကိစ္စတွေကို အိန္ဒိယခရီးစဉ်မှာ အဓိကထား လေ့လာသွားမယ်လို့ ဆိုပါတယ်။
အုပ်ချုပ်ရေးစနစ် ကောင်းမွန်တဲ့ ဗြိတိန်နိုင်ငံဆီက အမွေရထားတဲ့ အိန္ဒိယအုပ်ချုပ်ရေးစနစ်ကို လေ့လာဖို့ လိုအပ်တယ်လို့လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးရွှေမန်းက သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။ နိုင်ငံတကာဆက်ဆံရေး မဟာဗျူဟာတွေ ချမှတ်တဲ့နေရာမှာလည်း လွှတ်တော်တာဝန်ရှိသူတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ ပေါင်းပြီး စဉ်စားသွားဖို့ လိုအပ်တယ်လို့လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက ပြောကြားသွားခဲ့တာဖြစ်ပါတယ်။
Ref: VOA

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes