ရာထူးမှ ဖြုတ်ချခံထားရသော ထိုင်းဝန်ကြီးချုပ်ဟောင်း  သက်ဆင်ရှင်နာဝပ်ထရာသည် ကျင်းပတော့မည့် ထိုင်းရွေးကောက်ပွဲတွင် အာဏာရပါတီကို  အနိုင်ရရှိရန် ကြိုးပမ်းနေသော ညီမဖြစ်သူကို ထောက်ခံခဲ့ပြီး  ထိုင်းနိုင်ငံသို့ ပြန်လာရန် ဖြစ်နိုင်ဖွယ် ရှိနေသည်။
ဆက်သွယ်ရေး လုပ်ငန်းရှင် သူဌေးကြီး သက်ဆင်သည် ခြစားမှုအတွက် ပြစ်ဒဏ်  ချမှတ်ထားမှုကို ရှောင်ရှားရန် အတွက် နိုင်ငံခြားတွင် သွားရောက်  နေထိုင်နေသည်။ သက်ဆင်က ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံသို့ ပြန်လာနိုင်မည်ဟု  မျှော်လင့်ကြောင်း ရိုက်တာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ သက်ဆင်က   ပထမဆုံး သြဇာကြီးသော သူ၏ ရန်သူတို့နှင့် စေ့စပ်ညှိနှိုင်းရမည် ဖြစ်ကြောင်း  အသိအမှတ်ပြု ပြောကြားခဲ့သည်။ ရွေးကောက်ပွဲ နှစ်ကြိမ် အနိုင်ရရှိထားသော အသက်  ၆၁ နှစ် အရွယ် သက်ဆင်သည် ၅ နှစ် တာဝန် 
ထမ်းဆောင်စဉ် အတွင်း အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ သက်ဆင်က ယခုအခါ စေ့စပ်ညှိနှိုင်းရေးကို ရှေ့တန်းတင်လာပြီး ထိုင်းဗိုလ်ချုပ်များနှင့် စေ့စပ်ညှိနှိုင်းရန် တိုက်တွန်းလာသည်။
ထမ်းဆောင်စဉ် အတွင်း အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ သက်ဆင်က ယခုအခါ စေ့စပ်ညှိနှိုင်းရေးကို ရှေ့တန်းတင်လာပြီး ထိုင်းဗိုလ်ချုပ်များနှင့် စေ့စပ်ညှိနှိုင်းရန် တိုက်တွန်းလာသည်။
''နိုင်ငံရေးမှာ သံလက်သီးရယ်၊ ကတ္တီပါလက်အိတ်ရယ်ကို ကျွန်တော်တို့  သုံးရပါတယ်။ ဒီနေ့ခေတ်မှာတော့ သံလက်သီးထက် ကတ္တီပါ လက်အိတ်ကို  ပိုသုံးလာကြပါတယ်။ ပဋိပက္ခ ဖြစ်နေတဲ့ အချိန်မှာ အခြား တစ်ဖက်ကို ဖိနှိပ်ဖို့  ဥပဒေကိုသုံးဖို့ ကြိုးစားမယ့် အစား စေ့စပ်ညှိနှိုင်းမှုကို ပိုသုံးဖို့  လိုပါတယ်''ဟု သက်ဆင်က ထိုင်းနိုင်ငံရေး အကျပ်အတည်းကို ရည်ညွှန်း၍  ပြောကြားခဲ့သည်။



 09:14
09:14
 Unknown
Unknown
 
 Posted in:
 Posted in:   
0 comments:
Post a Comment