သမိုင်းဝင်မည့် အပြုံးများ
အဲဒီနောက်မှာတော့ ဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို သိုင်းဖက်လိုက်တယ်။ သူတို့နှစ်ဦး တဦးကို တဦး စိုက်ကြည့်လိုက် ကြတယ်။ သူတို့ရဲ့ နှုတ်ခမ်းတွေမှာ တင်နေတဲ့ အပြုံးတွေက
အမေစုရဲ့မဟာချိုင်သမိုင်းဝင်ခရီး
ကျမအနေနဲ့ ကတိတွေမပေးချင်ဘူး၊ ကတိတွေပေးပြီးတော့ မတည်ရင်မကောင်းဘူး၊ ဒါပေမယ့် ကျမ တစ်ခုသောကတိတော့ပေးနိုင်ပါတယ်၊ ကျမ အတတ်နိုင်ဆုံး ကျိုးစားပေးပါ့မယ်လို့....
NLD ပါတီမှ ကြားဖြတ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်၌ ကျမ်းသစ္စာကျိန်ဆို ;
အားလုံးကို ခြုံငုံပြီးတော့ နံပါတ်တစ်အနေနဲ့ ပြည်သူရဲ့ဆန္ဒနဲ့ ကိုက်ညီအောင်လို့၊ ကျွန်မတို့ မဟာမိတ်တွေရဲ့ ဆန္ဒနဲ့ ကိုက်ညီအောင်လို့ ကျွန်မတို့ နိုင်ငံရေးမှာ သဘောထားကြီးကြီးနဲ့ အပေးအယူလုပ်ရမယ်ဆိုတဲ့ မူဝါဒကို ကျွန်မတို့ အလေးထားသောအားဖြင့် အမြန်ဆုံး လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်နဲ့ တရားဝင် ကျမ်းကျိန်ဖို့ ဆုံးဖြတ်ခဲ့တာပါ . . .;
အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုကြပြီ
ဒီမြေမှာငါတို့ အတူနေ ငါတို့ အတူတူဝေကြမယ်။ ဒီမြေမှာငါတို့အတူအိပ်စက် ကောင်းကင်ကကြယ်တွေကို အတူတူမော့ကြည့်ရေတွက်ရင်း အိပ်မက်လှလှတွေမက်ကြမယ်....။ အင်္ဂလိပ်တွေရဲ့လက်သုံး သွေးခွဲပုံပြင်တွေ ဒီကနေ့ကစလို့ သံလျင်မြင်မှာမျှောစွန့် အိပ်မက်ဆိုးနွံကထလို့ အနာဂတ်အတွက် အားသစ်ကြမယ်လေ...။
Thursday, 13 September 2012
ူမန်မာဌာန > သတင်းမဵား ငှက်နှစ်ကောင် ချိုချဉ်စက်ရုံ အလုပ်သမားအခွင့်အရေး တောင်းဆို 2012-09-12
စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့် NLD လွှတ်တော်ကိုယ်စားလှယ် တွေ့ဆုံဆွေးနွေး
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နဲ့ RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို နားဆင်နိုင်ပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ | |
| အသံဖိုင်ယူရန်။ |
Posted in: ၀၃။ မြန်မာ့ သတင်းဖမ်းထားသူများကို ပြန်လွှတ်ပေးရန် စီစဉ်မည်ဟု စစ်ကိုင်းတိုင်းအစိုးရ ကတိပြု
Posted in: ၀၃။ မြန်မာ့ သတင်းmwrn အဖွဲ့၏ ၂၀၁၂-၂၀၁၃ တနှစ်တာလုပ်ငန်းစဉ်များ
ဆွေးနွေးတိုင် ဆုံးဖြတ်အတည်ပြုခဲ့ပါသည်။
၁။မဟာချိုင်မြို့ဈေးကြီးအတွင်းရှိ မြန်မာအလုပ်သမား လာာရောက်လည်ပတ်မှု အများဆုံးဖြင့်သော နမ်းဖု
ပလာဇာ (မြန်မာခေါ်) ရေပန်းကုန်တိုက်ကြီးတွင် sep 30မှစတင်၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အလုပ်သ
မားများအား အသိပညာဖွံ့တိုးတက်ရန်နှင့် အလုပ်သမားခွင့်ရေးများ ရှင်းလင်းပြတ်သားစွာ သိရှိစေရန် အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို အပတ်စဉ်ပြုလုပ်ပေးသွားမည်။
၂။4.11.2012 ရက်နေ့တွင် ကော်မတီများနှင့် အလုပ်သမားများအား ထိုင်း မြန်မာ ဥပဒေများကို ရှင်းလင်းမှုသင်တန်းအကို မဟာချိုင်မြို့ မူစီရပ်ကွက်ရှ ဝပ်ထစ်ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ပေးသွားမည်
ဖြစ်ပါသည်။
၃။မြန်မာစာပေနှင့် လက်လှမ်းဝေးနေသော မြန်မာအလုပ်သမားမျာ မြန်မာစာနှင့်နီးစပ်မှုရရန်နှင့် မျိုးစားရေးစိတ်ဓါတ်နှင့်အညီ စည်းလုံးညီညွတ်စွာနေထိုင်ခြင်းကိုရရှိရန်ရည်ရွယ်၍ လည်းကောင်းလူငယ်များဗဟုသုတအဖျာဖျာ ရရှိရန်အတွက်လည်းကောင်း စာပေဟောပြောပွဲကို ထိုင်းနိုင်ငံတွင် နာမည်ကြီးအချိုရည် M150 co.ltd နှင့် M.W.R.N တို့ပူးပေါင်း၍ စာပေဟောပြောပွဲကြီးကို
အောက်တိုဘာ ပထမ အပတ်တွင် ပြုလုပ်ကျင်းပသွားမည်။
၎။ ထိုင်းနိုင်ငံတွင် နာမည်ကြီးအချိုရည် M150 co.ltd နှင့် M.W.R.N တို့ပူးပေါင်း၍ မြန်မာအလုပ်သမားများ စုံညီပွဲတော် အနေနှင့်လည်းကောင်း ကမ္ဘာတွင်ကျော်ကြားဆုံး အားကစားဖြစ်သော ဘောလုံးပွဲကို စိတ်ဝင်စား မှုပိုများလာစေရန်ရည်ရွယ်၍ ဘောလုံးပြိုင်ပွဲကို အလုပ်ပိတ်ရက်ဖြစ်သော နှစ်သစ်ကူး ဒီဇင်ဘာ ၃၁ရက်နေ့နှင့် ဇန်နဝါရီ ၁ ရက်နေ့တို့တွင်ပြုလုပ်ကျင်းပသွားပါမည်။ ပွဲတော်အတွင်းအလုပ်သမားအခွင့်ရေးဆိုင် ဟောပြော ပွဲများ အသိပညာပေးပွဲများကိုလည်း ထည့် သွင်း သွားပါမည်။
၎။လက်ကမ်းစာစောင်နှင့် သတင်းဂျာနယ်ကိုလည်း အခါအားလျှောစွာ ထုတ်ဝေသွားမည်ဖြစ်သည်။
| ၂၀၁၂ =၂၀၁၃ ကော်မတီများ |
Posted in: M.W.R.N.Saturday, 8 September 2012
မြိတ်မြို့ မှာ ရဲတပ်ဖွဲ့ ဝင်များ အထောက်အထားမရှိ အင်အားသုံး ၀င်ရောက်စီးနင်းမှု ဖြစ်ပွါး
![]() |
| စက်တင်ဘာလ ၇ ရက်နေ့  ည ၈ နာရီခန့် က မြိတ်မြို့ ကန်ခေါင်းရပ်ကွက်အား ရဲတပ်ဖွဲ့ ဝင်များ ၀င်ရောက်စီးနင်းစဉ် |
လမ်းရှိ ဦးအင်ရှိန်၊ ဒေါ်ခင်တင့် နေအိမ်ကို ရဲတပ်ဖွဲ့ ဝင် အင်အား ၃၀ ခန့် က ရပ်ကွက် လူကြီးများ ခေါ်ယူခြင်း မရှိသလို ရှာဖွေပုံစံများ ဖမ်းဝရမ်းများ မပါပဲ မင်းမဲ့စရိုက် ဆန်ဆန် ၀င်ရောက် စီးနင်းခဲ့ပါတယ်။
မြိတ်မြို့ မြိုမရဲစခန်းမှ ရဲအုပ်မြင့်လွင် ဦးစီးတဲ့ ရဲအင်အား ၃၀ ခန့် က ရုတ်တရက် ၀င်ရောက်လာပြီ
အနီးအနားရှိ နေတဲ့ လူတွေကို ၀ိုင်းရိုက်ခြင်း မသင်္ကာတဲ့ လူမှန်သမျှကို တုတ်တွေ ၊ ဒိုင်းတွေ နဲ့ ချိန်ရွယ်ထားပြီး ထိုင်ခိုင်းထားခြင်းများ ပြုလုပ်ခဲ့ပါတယ်။
ဦးအင်ရှိန် ၊ ဒေါ်ခင်တင့် နေအိမ်ပေါ်ကိုလည်း ရဲတပ်ဖွဲ့ ဝင်တွေ အုပ်စုလိုက် တုတ်တွေနဲ့ တက်ပြေးလာတဲ့ အတွက် အိမ်ထဲမှာ ရှိနေတဲ့ ဒေါ်ခင်တင့် မှာ သွေးတက်ပြီး သတိမေ့သွားလို့ ယခုအခါ တော်ဝင်ဆေးရုံမှာ တင်ထားရတယ်လို့ မျက်မြင်သက်သေတွေက Myanmar News Now ကို ပြောပါတယ်။
ဒေါ်ခင်တင့် မှာ ဆီးချို ၊ နှလုံး နဲ့ သွေးတိုး ရောဂါတွေ ခံစားနေရချိန်မှာ ရဲတပ်ဖွဲ့ ဝင်တွေ ဒုတ်တွေ ဒိုင်းတွေ နဲ့ တက်လာလို့ လန့် ပြီး သတိမေ့သွားတာလို့ ဆိုပါတယ်။ ဒေါ်ခင်တင့် သတိမေ့သွားချိန်မှာ ရဲတပ်ဝင်တွေ ပြန်ထွက်သွားလို့ ရပ်ကွက်လူထုက ဆေးရုံ တင်ပို့ ပေးခဲ့ရတာ ဖြစ်ပါတယ်။
ရဲတွေနဲ့ အတူပါလာတဲ့ ရဲသတင်းပေး အရပ်သားကိုဝင်းမောင်(အဘ ဦးခင်မောင်ထွေး - ရင်ခွဲရုံ ၀န်ထမ်း) က လည်း ပတ်ဝန်ကျင်ရှိ အရပ်သားတွေ ရိုက်နှက်ခဲ့ပါတယ်။ အဆိုပါ မင်းမဲ့ စရိုက်ဆန်ဆန် ၀င်ရောက်စီးနင်းမှု ကို မကျေနပ်လို့ ရပ်ကွက်သူ ရပ်ကွက်သားများကို မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ကို တိုင်းကြားခဲ့ကြောင်းလည်း သိရပါတယ်။
မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး မှ ရဲအုပ်မြင့်လွင်ကို ခေါ်ယူစစ်ဆေးခဲ့သလို ရပ်ကွက်သူ / ရပ်ကွက်သားများ ကျေနပ်အောင်လည်း ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။ ရဲတပ်ဖွဲ့ ကတော့ မူးယစ်ဆေးဝါမှုနဲ့ တိမ်းရှောင်နေတဲ့ ဘောင်းဘီးကြီး ဆိုတဲ့ တရားခံပြေးကို လိုက်လံဖမ်းဆီးရာကနေ ဒေါ်ခင်တင့် နေအိမ်အောက်မှာ ဆိုင်ကယ်လာပြင်နေတဲ့ ဆိုင်ကယ်ဟာ ဘောင်းဘီကြီး ဆိုင်ကယ်ဖြစ်နိုင်တယ်လို့ တွက်ဆပြီး အိမ်ပေါ်ကို ယခုလို ရပ်ကွက်လူကြီးတွေ မပါပဲ တက်ရောက်မိတဲ့ အကြောင်း ပြောပါတယ်။ ဒေါ်ခင်တင့် ကိုလည်း ရဲတပ်ဖွဲ့ ကပဲ ဆေးကုပေးမယ်လို့ ပြောပါတယ်။
ဒါပေမယ့် ရပ်ကွက်သူ ရပ်ကွက်သားတွေကတော့ အခုလို မင်းမဲ့စရိုက်ဆန်ဆန် ရပ်ကွက်လူကြီးမပါ၊ ဖမ်းဝရမ်းမပါပဲ အမှုနဲ့ ဘယ်လိုမှ ပါတ်သတ်မှု မရှိတဲ့ အိမ်ပေါ်ကို လက်နက်များနဲ့ တက်ရောက်ခြင်း အရပ်ထဲမှ လူများကိုလည်း ဥပဒေမဲ့ ရိုက်နှက်သွားခြင်း ၊ ၄င်းတို့ ကြောင့် သတိမေ့မြောသွားတဲ့ သူကို တာဝန်မဲ့စွာ ပစ်ပြေးသွားခြင်း တွေအတွက် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ ကို အရေးယူအပစ်ပေးဖို့ ခရိုင်အုပ်ချုပ်ရေးမှူးကို တိုင်တန်းထားကြောင်း Myanmar New Now မှ စုံစမ်းသိရှိရပါတယ်။
Ref...Myanmar New Now
Posted in: ၀၃။ မြန်မာ့ သတင်းTuesday, 4 September 2012
ပြည်ထောင်စုဝန်ကြီးဌာန ၃၆ ခု လွှတ်တော်တွင် အတည်ပြု
| ကာကွယ်ရေးဝန်ကြီးအဖြစ် ဒု ဗိုလ်ချုပ်ကြီး ဝေလွင်ကို ခန့်အပ်ရေး လာမည့် စက်တင်ဘာ ၇ ရက်နေ့၌ ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးမည် (ဓာတ်ပုံ – ဧရာဝတီ) |
အစိုးရသစ် စတင်ဖွဲ့စည်းစဉ်က ၀န်ကြီးဌာန ၃၄ ခုဖြင့် ဖွဲ့စည်းပြီး ၀န်ကြီးဦးရေ ၃၀ ခန့်အပ်ကာ တာဝန်ပေး လုပ်ဆောင်စေခဲ့သော်လည်း မကြာသေးမီက သဘောထားတင်းမာသည့် ၀န်ကြီးတချို့ကို ဖယ်ရှားကာ အစိုးရအဖွဲ့ကို အသစ်ပြန်လည် ပြုပြင်ဖွဲ့စည်းခဲ့သည်။
သမ္မတရုံး ၀န်ကြီးဌာနကိုလည်း ပြည်တွင်း ငြိမ်းချမ်းရေးနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကဏ္ဍများတွင်
တိုးတက်စေရန်အတွက် မူလ နှစ်ဌာနအပြင် နောက်ထပ် ၄ ခု တိုးချဲ့ကာ ၆ ဌာန အထိ ဖွဲ့စည်းခဲ့သည်။
အဆိုပါ သမ္မတရုံး ၀န်ကြီးဌာန ၆ ခု၏ တာဝန်မှာ ငြိမ်းချမ်းရေး၊ ၀န်ကြီးဌာနအချင်းချင်း ဆက်သွယ်ရေး၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုနှင့် ပတ်သက်ပြီး စီမံခန့်ခွဲရေးတို့ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်က ဆိုသည်။
“၂၀၁၃ ဆီးဂိမ်းမှာ အောင်မြင်စွာ ဆောင်ရွက်ဖို့ရယ် ၂၀၁၄ ခုနှစ်မှာ စတင်မယ့် အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို သီးခြားဆောင်ရွက်ဖို့တွေ ရှိတာကြောင့် ဖွဲ့စည်းရတယ်လို့ ဆိုပါတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သမ္မတရုံးဝန်ကြီးများအဖြစ် မီးရထားဝန်ကြီး ဦးအောင်မင်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှု ၀န်ကြီး ဦးတင်နိုင်သိန်း၊ ဘဏ္ဍာရေးအခွန် ၀န်ကြီး ဦးလှထွန်းတို့ ၄ ဦးကို ထပ်မံခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဗိုလ်ချုပ် သိန်းဌေး တာဝန်ယူသည့် မြန်မာ့စက်မှုဖွံဖြိုးရေး ၀န်ကြီးဌာနကို ဖျက်သိမ်းခဲ့ပြီး လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန အမှတ် (၁) နှင့် (၂) ကိုလည်း ပြန်လည်ပေါင်းစည်းကာ ၀န်ကြီးတဦးတည်းမှ ကိုင်တွယ်စေခဲ့သည်။ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှု ၀န်ကြီးဌာန နှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန၊ အလုပ်သမား ၀န်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာနကဲ့သို့ ၀န်ကြီးတဦးတည်းမှ ပူးတွဲတာဝန်ယူရသည့် ၀န်ကြီးဌာနများကိုလည်း ခွဲထုတ်ကာ ၀န်ကြီးတဦးချင်း သီးသန့်တာဝန်ယူစေသည်။
ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး လှမင်း၏ နေရာတွင် တပ်မတော် စစ်ထောက်ချုပ် ဒု ဗိုလ်ချုပ်ကြီး ဝေလွင်ကို အစားထိုးရေး ခန့်အပ်ရေးနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ် အသစ်အဖြစ် လက်ရှိ သတ္ထုတွင်းဝန်ကြီး ဦးသိန်းထိုက်တို့ကို ခန့်အပ်ရေးအား လာမည့်သောကြာနေ့တွင် ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးရန်ရှိကြောင်း ဦးဖုန်းမြင့်အောင်က ပြောသည်။
Ref, ဧရာဝတီသတင်းဌာန
Posted in: ၀၃။ မြန်မာ့ သတင်းSunday, 12 August 2012
M.W.R.N အဖွဲ့၏ စတုတ္ထကြိမ်မြောက် သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းဝေး
| အစည်းဝေးတက်ရောက်လာသောအဖွဲ့ဝင်များ |
ကွန်ယက်(M.W.R.N) အဖွဲ့မှ ကြီးမှူးကျင်းပသောစတုတ္ထအကြိမ်မြောက် အသင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေးကြီးကို ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့၊ မူစီရပ်ကွက်ရှိ ဝပ်ထစ်ဘုန်းတော်ကြီးကျောင်းတွင် နံနက် ၈ နာရီမှစတင်ကျင်းပခဲ့ပါသည်။ထိုအစည်းဝေးသို့အသင်းသူ၊အသင်းသား(၁၃၀)နှင့်ဧည့်သည်တော်(၁၅၀)
လောက်တက်ရောက်ခဲ့ပြီး ဧည့်သည်တော်များအထဲမှ အသင်းသားအသစ်(၈၀)ယောက်အားလက်ခံရရှိခဲ့
ပါသည်။
ထိုအစည်းဝေးသို့ မဟာချိုင်ခြေစိုက် လူခွင့်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖေါင်ဒေရှင်း(H.R.D.F) မှဝန်ထမ်းများ၊ ချင်းမိုင်မြို့မှ ရွှေပြောင်းအလုပ်သမားများညီညွတ်ရေးအဖွဲ့(M.W.F)များနယ်မြေ
အသီးသီးမှ (M.W.R.N)အဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။ အစည်းဝေးမစတင်ခင် မြန်မာတိုင်းရင်း သားများ အကဖြစ်သော စည်းလုံးခြင်းသီချင်းအက၊ ပုဂံအက ရွှေရိုးအကများနှင့် ကပြဖျော်ဖြေခဲ့ပါသည်။ အစည်းဝေး၌ ဦးအောင်ကျော်မှ အဖွင့်အမှာစကားပြောကြားရာတွင်တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာ
စုပေါင်းပြီးအဖွဲ့အားရေရှည်တည်တန့်ရန်အတွက် တက်ညီလက်ညီလုပ်ဆောင်သွားရန်နှင့် အဖွဲ့ဝင်နှင့်ကော်မတီများအစဉ်အမြဲဆက်သွယ်ပြီး လုပ်ဆောင်သွားရန် တိုက်တွန်းပြောဆိုခဲ့ပါသည်။ ထို့နောက် တနှစ်တာလုပ်ဆောင်ချက်များနှင့် ငွေစာရင်းရှင်းတမ်းများကိုလည်း တာဝန်ရှိသူများကတပြိုင်
တည်း ရှင်းလင်းသွားခဲ့သည်။ထို့နောက် တနှစ်တာအလုပ်အမှုဆောင်ကော်မတီ (၃၀) ဦးကိုလည်း
ရွေးချယ်ခန့်အပ်ခဲ့သည်။
| အစည်းဝေးမှတင်မြှောက်လိုက်သောကော်မတီဝင်များ |
Posted in: M.W.R.N.Monday, 23 July 2012
မြန်မာသမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အပေါ် MWRN သဘောထားထုတ်ပြန်ချက်
Posted in: M.W.R.N.Sunday, 15 July 2012
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများမှ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအား ကျပ်ငွေ သိန်း၄၀ သွားရောက်လှူဒါန်း
![]() |
| မြန်မာငွေ ကျပ် သိန်း ၄၀ အားလှူဒါန်းနေပုံ |
![]() |
| နာရေးကူညီမှုအသင်း၏ ဂုဏ်ပြုမှတ်တမ်း |
ရခိုင်ဒုက္ခသည်များအားလာရောက်လှူဒါန်းခဲ့သောအလှူငွေစာရင်း | |||||||||
စဉ် | နေ့စွဲ | ကောက်ခံသည့်နယ်မြေ | ကောက်ခံသူ | လက်ခံသူ | အပ်နှံငွေ | ||||
1 | 7/1/2012 | M.W.R.N (စာကြည့်တိုက်) | ဦးမြင့်အောင် | ဦးမြင့်အောင် | 1967 | ||||
2 | 7/1/2012 | မူစီ(KF food) | မူစီလူငယ်များအဖွဲ့ | ဦးမြင့်အောင် | 14570 | ||||
3 | 7/1/2012 | INDEX | မစန်းစန်းအေး | ဦးမြင့်အောင် | 8024 | ||||
4 | 7/1/2012 | နလုံဆီးဖု | မလှိုင်ဦး | ဦးမြင့်အောင် | 1720 | ||||
5 | 7/1/2012 | KF FOOD | မခိုင်ခိုင်ဦး | ဦးမြင့်အောင် | 1530 | ||||
6 | 7/1/2012 | ဘန်ပါဟောင်းမိုင်အဖွဲ့ | ဒေါ်သန်းသန်းဝင်း | ဦးမြင့်အောင် | 4980 | ||||
7 | 7/1/2012 | ကီလို12 | ကိုရဲထက် | ဦးမြင့်အောင် | 1905 | ||||
8 | 7/1/2012 | ကော့စမွတ် | ကိုချစ်စံ | ဦးမြင့်အောင် | 5630 | ||||
9 | 7/1/2012 | ဝပ်ကေသွန် | ကိုဘိုဝင်း+ကိုထွန်းလင်း | ဦးမြင့်အောင် | 18162 | ||||
10 | 7/1/2012 | စိန်ထောင်ရုံ | ကိုသားငယ် | ဦးမြင့်အောင် | 2715 | ||||
11 | 7/1/2012 | အများစုပေါင်း | မောင်ဇော် | ဦးမြင့်အောင် | 21993 | ||||
12 | 7/1/2012 | ထိုင်းယူနစ်နယ်မြေ | ကိုမောင်ခိုင်။မအေးအေးဝင်း | ဦးမြင့်အောင် | 4665 | ||||
13 | 7/1/2012 | ထိုင်းလုံစီအလုပ်ရုံ | ကျော်လှမင်း | ဦးမြင့်အောင် | 6076 | ||||
14 | 7/1/2012 | ဘန်ကျပ်စပ် | ကိုဖြိုးဝေ | ဦးမြင့်အောင် | 20027 | ||||
15 | 7/3/2012 | Lucky | ကိုရဲမြင့်နှင့်အဖွဲ့ | ဦးမြင့်အောင် | 15309 | ||||
16 | 7/4/2012 | လတ်ဖရာအို | မထွေးကြည်နှင့်အဖွဲ့ | ဦးမြင့်အောင် | 4300 | ||||
17 | 7/4/2012 | ပန်းကန်စက်ရုံ | ကိုလတ် | ဦးမြင့်အောင် | 14000 | ||||
18 | 7/4/2012 | ဝပ်ဘန်းခေါင် | ကိုထိန်ဝင်း | ဦးမြင့်အောင် | 2060 | ||||
စုစုပေါင်းကောက်ခံရရှိငွေ | 149633 | ||||||||
Posted in: M.W.R.N.


23:32
Unknown


