Tuesday, 3 December 2013
ဟိုင်းဝေးလမ်း ဖောက်ထားသော တာဝါ
Tuesday, December 3, 2013
ဂျပန်နိုင်ငံ၊ အိုစကာမြို့ မှာ တည်ရှိတဲ့ ၁၆ ထပ်တိုက်ဖြစ်ပြီး Gate Tower Building လို့    အမည်ပေး ထား ပါတယ်။၁၉၉၂      ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့တာ ဖြစ်ပြီး ၅ထပ်၊၆ထပ်၊ ၇ထပ် စတဲ့ အထပ် သုံး ထပ်ကို ဟိုင်းဝေးကားလမ်းဖောက်ထားတာ ဖြစ်ပါတယ်။ဒါကြောင့်ဓာတ်လှေကားစီးရင်ယင်းအထပ်တွေကို  အလို အလျောက် ကျော် သွားပါတယ်။ ခေါင်မိုးမှာ ရဟတ်ယာဉ် ကွင်းလည်း ထားရှိထားပါတယ်။
---
Ref: wiki
colay.com.mm
e-Asia Joint Research Program Intelligent Infrastructure ဆိုင်ရာ အလုပ်ရုံ ဆွေးနွေး
Tuesday, December 3, 2013
မြန်မာ-ဂျပန် နှစ်နိုင်ငံ ပူးပေါင်း၍ နည်းပညာ သုတေသန ဆိုင်ရာ အဆင့်မြှင့်တင်မှု တစ်ရပ် အနေဖြင့် ရန်ကုန်နည်းပညာ တက္ကသိုလ် (အင်းစိန်)နှင့် ဂျပန်နိုင်ငံ Japan Science and Technology Agency (JST) တို့၏ နည်းပညာ သုတေသန e-Asia Joint Research Program Intelligent Infrastructure ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါ နည်းပညာ တက္ကသိုလ် စုဝေးခန်းမ၌ ကျင်းပရာ သိပံ္ပနှင့် နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်း သူများ၊ ဂျပန်နိုင်ငံမှ (JST)မှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ မြန်မာ့သိပ္ပံနှင့် နည်းပညာ သုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်ခိုင်မိုးနှင့် ဂျပန်နိုင်ငံ (JST) မှ ညွှန်ကြားရေးမှူး Mr.Toshihiko တို့က အလုပ်ရုံ ဆွေးနွေးပွဲနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ Mr.Soichi Kubota u e-Asia အစီအစဉ်ဖြင့် နည်းပညာဆိုင်ရာ သုတေသန ပူးပေါင်းဆောင်ရွက်မှု စီမံချက်များတွင် လူ့စွမ်းအား အရင်းအမြစ် ပျိုးထောင်ခြင်းနှင့် ပညာသင်ဆု ပံ့ပိုးမှုများကို ဟောပြောဆွေးနွေး ခဲ့ကြသည်။ Dr.Haruo Takeda က ''Intelligent Structure" နှင့် ပတ်သက်၍ နည်းပညာဆိုင်ရာ မြို့ပြ အဆင့်မြှင့်တင် ဆောင် ရွက်မှု၊ နေ့စဉ် လူနေမှုကိစ္စများ အတွက် အသုံးဝင်မည့် အဆောက်အအုံ ဒီဇိုင်းများ၊ စက်ပစ္စည်းများ၊ အာရုံခံ ကိရိယာများ၊ အီလက်ထရွန်နစ် ကိရိယာ ပစ္စည်းများနှင့် နည်းပညာများ အကြောင်းကို ပရိုဂျက်တာဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မောင်မျိုး(ဧရာဝတီ)
မြန်မာနိုင်ငံ မိုဘိုင်းလ်ဆင်းကတ် ဈေးနှုန်းနှင့် အင်တာနက် မြန်နှုန်း Ooredoo မှ အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်မည်
Tuesday, December 3, 2013
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိထားသည့် ပြည်ပဆက်သွယ် ရေးကုမ္ပဏီနှစ်ခု အနက်မှ တစ်ခုဖြစ်
သည့် Ooredoo Myanmar အနေဖြင့် မိုဘိုင်းလ် ဆက်သွယ်ရေး လုပ်ငန်းများကို စတင်လုပ်ကိုင်သည့် အချိန်တွင် မြန်မာနိုင်ငံ၌ လက်ရှိ ရောင်းချနေသည့် ဈေးနှုန်းများနှင့် အင်တာနက် မြန်နှုန်းများကို ပြောင်းလဲပစ်မ ည် ဖြစ်ကြောင်း Ooredoo Myanmar ၏ စီးပွားရေးရာများ ဆိုင်ရာ အရာရှိချုပ် အရှေ့တောင်အာရှ ဒေသဆိုင်ရာ ရှေ့နေချုပ်ဖြစ်သူ ScottWeenink က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်နေကြသည့် နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်များ အပြင် မြန်မာနိုင်ငံသားများအနေဖြင့်
 မြန်မာနိုင်ငံတွင် မိုဘိုင်းလ်နှင့် အင်တာနက် ကွန်ရက် မရှိခြင်း၊ အခြေခံ အချက်များဖြစ်သည့် အီးမေးလ်များစစ်ဆေးခြင်းနှင့် နိုင်
ငံခြားသို့ ဖုန်းခေါ် ဆိုခြင်းများ အတွက် အဆင်မပြေ ဖြစ်လျက်ရှိကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။
''အခုလတ်တလော မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ရတာ အခက်အခဲ ရှိပါတယ်။ အီးမေးလ် တွေ စစ်တဲ့အခါမှာ များသောအားဖြင့် ဟိုတယ်မှာရှိတဲ့ Wifi ကိုပဲ အားကိုးနေရတယ်။ ဖိုင်တစ်ဖိုင်ကို download လုပ်ဖို့ တစ်နေကုန် ကြာရင် ကြာတတ်ပါတယ်။ ဒါပေမဲ့
 မြန်မာ နိုင်ငံမှာ ကျွန်တော်တို့ စပြီးတော့ လုပ်တယ်ဆိုတာနဲ့ ဒါတွေကို ပြောင်းပစ်နိုင်ပါတယ်'' ဟု Scott Weenink က ပြော
ကြားခဲ့သည်။
မြန်မာနိုင်ငံတွင် 3G ကွန်ရက်ဖြင့် လုပ်ဆောင်မည် ဖြစ်ပြီး ၁၅ နှစ် သက်တမ်း လုပ်ကိုင်ခွင့် ရရှိထားသော Ooredoo သည် မိုဘိုင်းလ်ကွန်ရက် လုပ်ကိုင် ဆောင်ရွက်မည့် အပြင် မိုဘိုင်းလ်ဖုန်းဖြင့် ငွေလွှဲနိုင်သည့် ဝန်ဆောင်မှုနှင့် အချက်အလက်များ ရယူနိုင်သော ဝန်ဆောင်မှု များလည်း လုပ်ကိုင်သွားမည် ဖြစ်သည်။
ကံထူး
ထိုင်းရှိ ဗီဇာသက်တမ်းကုန် အလုပ်သမားများ အတွက် one stop service centre များ ယခုလအတွင်း ဖွင့်လှစ်မည်
ထိုင်းရှိ ဗီဇာသက်တမ်းကုန် အလုပ်သမားများ အတွက် one stop service centre များ ယခုလအတွင်း ဖွင့်လှစ်မည် Created on Tuesday, 03 December 2013 ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အတွက် one stop service centre များကို ယခုအလတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။ အဆိုပါ အလုပ်သမားများ အတွက် one stop service centre များကို ထိုင်းနိုင်ငံရှိ မြန်မာသံရုံး အပါအ၀င် ထိုင်း-မြန်မာ နယ်စပ်ဒေသများ ဖြစ်သည့် မယ်ဆိုင် (တာချီလိတ်)၊ မဲဆောက် (မြ၀တီ)၊ ပူနရွန် (ထီးခီး)၊ ဆင်ဂေါင်း (မောတောင်)နှင့် ရနောင်း (ကော့သောင်း)တို့တွင် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။ ''one stop service centre တွေဖွင့်ဖို့ စီစဉ်နေပါတယ်။ ထိုင်းမြန်မာ နယ်စပ်ဒေသတွေဖြစ်တဲ့ တာချီလိတ်၊ မြ၀တီတို့မှာဖွင့်ဖို့ လောလောဆယ် လျာထားပါတယ်။ နောက်ကျရင်တော့ အပြောင်းအလဲ ရှိနိုင်ပါတယ်'' ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ အလုပ်သမား ၀န်ကြီးဌာန အနေဖြင့် ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာအလုပ်သမားများ ဆက်လက်လုပ်ကိုင်ခွင့် ရရေးအတွက် ယခင်ယာယီ နိုင်ငံကူးလက်မှတ်အစား နိုင်ငံကူးလက်မှတ် ပတ်(စ်)ပို့အနီ ပြောင်းလဲထုတ်ပေး သွားမည်ဖြစ်ပြီး အလုပ်သမားများ အနေဖြင့် မှတ်ပုံတင်၊ သန်းခေါင်စာရင်း စသည့် အထောက်အထား များနှင့်အတူ နယ်စပ်ဒေသရှိ သက်ဆိုင်ရာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး စခန်းများ (one stop service centre) တွင် လာရောက် ပြုလုပ်ရမည် ဖြစ်သည်။ ထို့ပြင် ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာအလုပ်သမား ၃၀၀၀၀ ကျော် ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်မှ သိရသည်။ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ယင်းအလုပ်သားများ အတွက် one stop service centre ဖွင့်လှစ်ရေးတို့ကို ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့သည့် ထိုင်း-မြန်မာ နှစ်နိုင်ငံ အလုပ်သမားရေးရာ ညှိနှိုင်းအစည်းအဝေးတွင် သဘောတူညီမှု ရရှိခဲ့သည်။ Reposted by pyae phyo Credit to EMG www.facebook.com/mmcities ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းက ပြုလုပ်ခဲ့သည့် ထိုင်း-မြန်မာ နှစ်နိုင်ငံ အလုပ်သမားရေးရာ ညှိနှိုင်း ဆွေးနွေးပွဲအား တွေ့ရစဉ်
ပြည်နယ်နှင့်တိုင်းလေးခုတွင် ကွန်ပျူတာပညာရှင် အသင်းအသိအမှတ်ပြုစာမေးပွဲ ကျင်းပမည်
ယုဝေ| အင်္ဂါနေ့၊ ဒီဇင်ဘာ ၃ ရက်၊ ၂၀၁၃ ခုနှစ် 
မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင် အသင်း (MCPA) အသိအမှတ်ပြု Network စာမေးပွဲများကို တစ်ပြိုင်နက်ကျင်းပမည်ဖြစ်သည်ဟု မြန် မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။ 
အဆိုပါစာမေးပွဲမှာ အိုင်တီပညာရှင်အဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုသည့် ကျောင်းသား၊ ကျောင်း သူများ၏ အရည်အချင်းကို အသိအမှတ်ပြုခံနိုင်စေရန် ဦးတည်သောစာမေးပွဲဖြစ်ကာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ကျင်းပမည်ဖြစ်သည်။
ဖြေဆိုနိုင်သည့် စာမေးပွဲအမျိုးအစားများမှာ Network Associate Examination (NA), Network Professional Examination (NP) တို့ဖြစ်ကာ စာမေးပွဲအောင်မြင်သူများအနေဖြင့် ပညာရှင်နယ်ပယ် တွင် စတင်ဝင်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်သည်။ စာမေးပွဲဖြေဆိုလိုသူများအနေဖြင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် နောက်ဆုံးစာရင်းပေးသွင်းရမည်ဖြစ်ပြီး စာမေးပွဲကြေးမှာ Network Associate Examination အတွက် ကျပ် ၅၀၀၀၊ Network Professional Examination အတွက် ကျပ် ၁၀,၀၀၀ သတ်မှတ်ထားပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များအတွက် ၁၀ ရာခိုင်နှုန်းလျှော့ဈေး ဖြင့် ဖြေဆိုနိုင်မည်ဖြစ်သည်။
အသေးစိတ်သိရှိလိုသူများအနေဖြင့် ဖုန်း- ၆၅၂၂၇၆ နှင့် ၀၉-၇၃၀၈၈၃၀၀ တို့သို့ ဆက်သွယ်စုံစမ်းနိုင်သည်
Mizzima - News in Burmese
အဓိကပြိုင်ဘက် ထိုင်းဖြစ်ဟု စစ်တုရင် နည်းပြပြော
မဇ္ဈိမ| အင်္ဂါနေ့၊ ဒီဇင်ဘာ ၃ ရက်၊ ၂၀၁၃ ခုနှစ် 
ဆီးဂိမ်း စစ်တုရင်ပြိုင်ပွဲတွင် မြန်မာကစားသမားများအနေဖြင့် ထိုင်းကစားသမားများကို အကြိတ်အနယ် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ထိုင်းအသင်းသာလျှင် အဓိက ပြိုင်ဘက်ဖြစ်ကြောင်း မြန်မာစစ်တုရင်နည်းပြချုပ် ဦးခင်ကိုက သုံးသပ်ပြောကြားသည်။
“ရိုးရာစစ်တုရင်ပြိုင်ပွဲနဲ့ အာဆီယံစစ်တုရင်ပြိုင်ပွဲတွေမှာ မြန်မာကစားသမားတွေအနေနဲ့ ထိုင်းကစား သမားတွေကို အဓိကထားယှဉ်ပြိုင်ရပါမယ်။ အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲမှာတော့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတွေက ကစားသမားတွေရဲ့လက်ရည်က တော်တော်လေးကောင်းတယ်လို့ သိထားရပါတယ်”ဟု ဦးခင်ကိုက ပြောသည်။ရိုးရာစစ်တုရင်ပြိုင်ပွဲသို့ နိုင်ငံပေါင်း၆ နိုင်ငံ၊အာဆီယံ စစ်တုရင်ပြိုင်ပွဲသို့ နိုင်ငံပေါင်း ၆ နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲသို့ နိုင်ငံပေါင်း ၈ နိုင်ငံမှ ၀င်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထား ကြောင်း သိရသည်။ စစ်တုရင်ပြိုင်ပွဲတွင် ကစားနည်း ၃ မျိုးပါဝင်မည်ဖြစ်ပြီး ပွဲစဉ် ၁၈ ပွဲပါဝင်မည်ဖြစ်ကာ ရွှေတံဆိပ် ၁၈ ခု ပေးအပ်မည် ဖြစ်သည်။
၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ စစ်တုရင်ပြိုင်ပွဲများကို ဒီဇင်ဘာလ ၁၂ရက်နေ့မှ ၂၁ ရက်နေ့အထိ နေပြည်တော်၊ ဇဗ္ဗူသီရိဟိုတယ်တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
Mizzima - News in Burmese
ကွယ်လွန်သူ ဟက်ကာ Aaron Swartz အကြောင်း
Aaron Swartz လို့အမည်ရပါတယ်။ ၁၉၈၆ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ဖွား လူငယ်တစ်ဦးပါ။
ငယ်ငယ်လေးကတည်းက ကွန်ပြူတာပညာကို တစ်စိုက်မတ်မတ်လေ့လာ ခဲ့ ပြီး အသက် ၁၃ နှစ်ကစလို့ ဝဘ်ဆိုဒ်နဲ့ လုံခြုံရေး စနစ် လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်နေပြီ ဖြစ်ပါတယ်။ သူ့ကို ယနေ့တိုင် အမေရိကန် ကွန်ပြူတာ ဟက်ကာ၊ ပရိုဂမ်မာ အဖြစ် လူသိများစေပါတယ်။
Reddit တို့လို ကမ္ဘာကျော် ဆိုရှယ်ဆိုဒ်ကို ပူးတွဲတည်ထောင်ခဲ့ သူပါ။ ပြီးတော့ RSS လို့ခေါ်တဲ့ Web Feet format ကို တီထွင် ဖန်တီးမှုထဲမှာလည်း ဦးဆောင်ပါဝင်သူ ဖြစ်ပါတယ်။ w3c, MarkDown တို့မှာလည်း လုပ်ကိုင်ပြီး Wikipeida မှာလည်း အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ ပါသေးတယ်။ စာရေးဆရာတစ်ဦးလည်း ဖြစ်ပါတယ်။
ဟားဗတ်စ် တက္ကသိုလ်မှာလည်း research fellow အဖြစ် အသိအမှတ်ပြု ခံရပြီး ပညာရေးမှာလည်း တက်ကြွလှုပ်ရှားပါဝင်ခဲပါတယ်။ ဒါကြောင့် ၂၀၁၃ ခုနှစ်မှာ သူဟာ နိုင်ငံတော်က ပေးအပ်တဲ့ James Madison Award ကို ရရှိခဲ့ပါတယ်။ ယင်းဆုက အစိုးရ ဆိုင်ရာသတင်းအချက်အလက်များအား လုံခြုံအောင် ထိန်းသိမ်းပေးနိုင်သူ အိုင်တီပညာရှင်များကို ပေးအပ်တဲ့ ဆု ဖြစ်ပါတယ်။ အကြီးမားဆုံး အင်တာနက်လုံခြုံရေး အားနည်းချက်ကို ရှာဖွေနိုင်သူကိုလည်း ပေးတဲ့ဆု ဖြစ်ပါတယ်။ ဒါကြောင့် Aaron က ကွယ်လွန်ပြီးမှ ရရှိခဲ့တာပါ။
၂၀၁၁ ခုနှစ်တုန်းကပါ။ JSTOR အမည်ရ အွန်လိုင်းပညာရေး စာကြည့်တိုက်ကနေ သုသေတန စာတမ်းပေါင်း များစွာကို Download ဆွဲယူခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ JSTOR ဟာ နိုင်ငံပေါင်း ၁၆၀ ကျော် ရဲ့  ပညာရေး သုတေသန သတင်းအချက်အလက်များကို သိမ်းဆည်းထားတဲ့ အွန်လိုင်းစာကြည့်တိုက်တစ်ခုဖြစ်ပြီး အချို့ အရာတွေကိုပဲ access ပေးလုပ်တာပါ။ အများစိုကို လျှို့ ဝှက်ထားပါတယ်။ ယင်းအတွက်လည်း ကမ္ဘာ့အတော်ဆုံး ဟက်ကာများ ထားရှိပြီး အချက်အလက်ကို လုံခြုံစေပါတယ်။ တည်ထောင်ပြီး တစ်သက်လုံး တိုက်ခိုက်မှုပေါင်းများစွာ ကြုံပေမယ့် ဘာမှမဖြစ်ခဲ့တဲ့ ယင်း ဆိုဒ်ဟာ Aaron Swartz ကြောင့် သတင်းများ ပေါက်ထွက် စေခဲ့ပါတယ်။ ပမာဏ အတိအကျ မဖော်ပြထားပါဘူး။ သို့ပေမယ့် ယင်းပြစ်မှုအတွက် ထောင်ဒဏ် ၃၅ နှစ်နဲ့ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁ သန်းသတ်မှတ်တဲ့အတွက် သတင်းအချက်အလက်အတော်များများ ပါဝင် သွားလို့ ဖြစ်ပါတယ်။
ပစ်မှုအတွက် Aaron Swartz ဟာ တရားရုံးတက်ရမှာပါ။ သို့ပေမယ့် သူ ဆန့်ကျင်ပါတယ်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ မှာ ကြိုးဆွဲချ သေနေတဲ့ Aaron Swartz ကို သူ့အခန်းထဲမှာ တွေ့ရှိခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် နဲ့တင် ကွယ်လွန်ခဲ့တဲ့ Aaron Swartz ဟာ ကမ္ဘာ့ အတော်ဆုံး ဟက်ကာများ စာရင်းမှာ ပါဝင်ကြောင်း သိရပါတယ်။
.
Ref: wiki
အောင်ခမ်း ( ရိုးရာလေး )
အတိုက်အခံတွေ တောင်းဆိုချက် ထိုင်းဝန်ကြီးချုပ်လက်မခံနိုင်
ဗွီအိုအေ (မြန်မာဌာန)
ထိုင်းနိုင်ငံမှာ အစိုးရကိုဆန့်ကျင်တဲ့ အတိုက်ခံ ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုတွေကို သူမအနေနဲ့ လုပ်ဆောင်မပေး နိုင်ကြောင်း ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ပြောဆိုလိုက်ပါတယ်။ တောင်းဆိုချက်တွေဟာ အခြေခံဥပဒေနဲ့ မကိုက်ညီတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဝန်ကြီးချုပ်ယင်းလပ်က သူမနဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြ ခေါင်းဆောင်ဖြစ်သူ ဆူထေ့ပ် သာ့ဆူဗန်နဲ့ တနင်္ဂနွေနေ့ နှောင်းပိုင်းတုန်းက တွေ့ဆုံခဲ့တဲ့အကြောင်း တနင်္လာနေ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ ရုပ်သံ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ပြောကြားခဲ့ပါတယ်။ ဒီတွေ့ဆုံမှုကို ဘယ်ဘက်ကိုမှ ဘက်မလိုက်တဲ့ ထိုင်း စစ်တပ်က စီစဉ်ပေးခဲ့တာ ဖြစ်ကြောင်း သူမကပြောပါတယ်။
မစ္စတာ ဆူထေ့ပ်ရဲ့ တောင်းဆိုချက်တွေကတော့ သူမကို ရာထူးကနေ ဆင်းပေးရမယ်၊ ပါလီမန်ကိုဖျက်သိမ်းပြီး ရွေးချယ် တင်မြှောက် ခံထားရသူတွေ မဟုတ်တဲ့ ပြည်သူ့ကောင်စီဆိုတဲ့အဖွဲ့လက်ထဲကို အစိုးရအာဏာ လွှဲပေးရမယ် ဆိုတာတွေ ဖြစ်ပြီး ဒီအချက်တွေဟာ ဥပဒေနဲ့မကိုက်ညီဘူးလို့ ၀န်ကြီးချုပ် ယင်းလပ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
မစ္စယင်းလပ်က သူမအနေနဲ့ ပြည်သူလူထု စိတ်ချမ်းသာမယ်ဆိုရင် ဘာမဆို လုပ်ပေးဖို့အသင့်ရှိနေပါတယ်၊ ဒါပေမဲ့ သူမအနေနဲ့ ဥပဒေနည်းလမ်းတကျ လုပ်ဆောင်ပေးရတာမျိုးကိုသာ လုပ်ပေးနိုင်ပါလိမ့်မယ်လို့ ပြောသွားပါတယ်။
သူမကအဲဒီလိုပြောဆိုနေချိန်မှာပဲ ရဲတပ်ဖွဲ့က အစိုးရအဆောက်ဦတွေကို သိမ်းပိုက်ဖို့ ကြိုးပမ်းကြတဲ့ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေ၊ ရာဘာကျည်ဆံတွေ အသုံးပြုပြီး ခုခံတိုက်ခိုက်နေပါတယ်။
ဆန္ဒပြသူတွေဟာ တနင်္ဂနွေနေ့ဟာ အောင်ပွဲနေ့ဖြစ်ပြီး မစ္စယင်းလပ်အစိုးရကို ဖြုတ်ချနိုင်ရမယ်လို့ မျှော်မှန်းထားပြီး ၀န်ကြီးချုပ်ရုံးထိုင်တဲ့ အစိုးရရုံးကို သိမ်းပိုက်ဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
အစိုးရရုံးရှေ့မှာ မပေါက်ကွဲသေးတဲ့ မျက်ရည်ယိုဗုံးကို အဓိကရုဏ်းတပ်ဖွဲ့တွေဆီ ပြန်ပစ်ထုတ်နေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတစ်ဦး။ (ဒီဇင်ဘာ ၂၊ ၂၀၁၃)
VOA
သူငယ်ချင်းတို့ရေ အွန်လိုင်းမှာ အလိမ်အညာ အင်မတန်ပေါ
တာသိကြာမှာပါ အဲဒီအထဲက download link ကို Survey ခံတဲ့
လိမ်ညာမှုကို ပြောပြပါ့မယ် အထူးသဖြင့် hackin ဆော့ဝဲတွေကို
ဒေါင်းတဲ့အခါ survey ဖြေနိုင်မှ ဒေါင်းရမယ်ဆိုတာ တွေနဲ့လိမ်
ပါတယ်အမှန်တော့ အဲဒီ hacking ဆော့ဝဲက လည်း အစစ်အ
မှန်မဟုတ်ပါဘူးပိုက်ဆံလိမ်ယူတာပါ အခုမှ အင်တာနက်စသုံး
ခါစ သမားများအတွက်မျှားသောနည်းတစ်ခုပါ ကိုယ်ကလို
ချင်ဇောနဲ့ သူတို့ပြောသလိုငွေလွှဲပေးလိုက်ပြီဆိုတာနဲ့ ကုန်
မယ့်သာမှတ်ပါ ။တကယ်သာ software တစ်ခုနဲ့ facebook တို့
gmail တို့သာဟက်ရနေမယ်ဆိုရင် လူတိုင်းဝယ်နေကြမှာပါ ။။။
အခုမှ အင်တာနက်သုံးသူတွေ သတိပြု စေဖို့ ပါ။အင်တာနက်
ပါးဝနေသူတွေကတော့ ဒါတွေ သိပြီးသားမို့အေးဆေးပါ
>>>ဆော့ဝဲမြို့တော်
ထိုင်းနိုင်ငံရေး နောက်ဆုံး အခြေအနေ - ဖမ်းဝရမ်းထုတ်ပြီ
ထိုင်း ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်က သူ့ကို ရာထူးက ဆင်းပေးဖို့ တောင်းဆို ချက်ကို ထပ်မံ ပယ်ချ လိုက်ပြီး၊ စေ့စပ် ဆွေးနွေးဖို့ အတွက် လမ်းဖွင့်ထား တယ် လို့ ပြောကြား လိုက်ပါ တယ်။
မစ်ယင့်လတ် ဟာ ဆန္ဒပြ ခေါင်းဆောင် တွေနဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့ပေမယ့် ရွေးကောက် တင်မြောက်ခံ သူ့ အစိုးရ နုတ်ထွက်ဖို့ ကိစ္စ ကတော့ အခြေခံ ဥပဒေနဲ့ မကိုက်ညီ ဘူးလို့ ပြောပါတယ်။
ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ် ကို ဆန့်ကျင်တဲ့ အစိုးရ နုတ်ထွက် ပေးရေးနဲ့ တောင်းဆို ဆန္ဒပြ သူတွေဟာ ဘန်ကောက် တိုင်းရဲချုပ်ရုံး သိမ်းပိုက်ဖို့ အတွက် ကြိုးစား တာကြောင့် ရဲနဲ့ ထိပ်တိုက် တွေ့ပြီး ရဲကနေ ရာဘာ ကျည်ဆံ သုံးရတဲ့ အထိ ဖြစ်ခဲ့ရ ပါတယ်။
ဝန်ကြီးချုပ် ရုံးနဲ့ ဘန်ကောက် တိုင်းရဲရုံး အရှေ့မှာ သွပ်ဆူး ကြိုးတွေ ကွန်ကရစ် တုံးတွေနဲ့ အဆင့်ဆင့် ကာထားကာ အတွင်းပိုင်းမှာ ရာချီတဲ့ ရဲတွေက ဒိုင်းတွေ ကာပြီး ကာကွယ်ထား ပါတယ်။
ဆန္ဒပြသူတွေက သွပ်ဆူးကြိုး တွေကို သဲအိပ်တွေနဲ့ ဖိချပြီး ဝင်ဖို့ကြိုးစားကြပါတယ်။ ကွန်ကရစ် တုံးကြီးတွေကို မ ထုတ်ဖို့ အတွက် ဘက်ခိုး မြေတူး ကားကြီး မောင်းလာ ပြီး ဆွဲထုတ် တာပါ။ အဲ့ဒီ အချိန်မှာ ရဲက မျက်ရည်ယို ဗုံးနဲ့ ပစ်လိုက်၊ မျက်ရည်ယို ဓါတ်ငွေ့ ရောစပ် ထားတဲ့ မီးသတ်ပိုက် ရေနဲ့ ထိုးပက်လိုက်နဲ့ နောက်ဆုံး မှာ ရာဘာ ကျည်နဲ့ ပစ်ခတ်တဲ့ အထိ ဖြစ်ခဲ့ပါတယ်။
ဒဏ်ရာ ရသူတွေကို ကယ်ဆယ်မှု အခြေအနေ
တနေ့လုံး လိုလိုပဲ ဆန္ဒပြ သူတွေက ရှေ့တိုးလိုက် ရဲက ပစ်လိုက်နဲ့ ဖြစ်နေခဲ့ ပါတယ်။ ထိခိုက် ဒဏ်ရာ ရသူတွေကို ကယ်ဆယ် ရာမှာ ပုံမှန် ကျန်းမာရေး ဝန်ထမ်း တွေ အပြင် စစ်တပ်က ဆေး တပ်ဖွဲ့ဝင် ၃ဝ ကလည်း ဒီနေ့မှာ လာရောက် ကူညီ ဆောင်ရွက် ပေးခဲ့ ပါတယ်။
ဒဏ်ရာရ သူတွေကို ဆေးရုံး အသီးသီးကို ပေးပို့ တာကြောင့် ဒဏ်ရာရသူ ဘယ်နှစ်ယောက် ရှိမလဲ ဆိုတာ အတိ အကျ မပြောနိုင်သေးဘူး။ ရာမာအထိဘောဒီ ဆေးရုံက ထုတ်ပြန်ချက် အရ ကျည်ဆံ အစစ်နဲ့ ဒဏ်ရာ ရသူ ၂ ဦး ရှိပြီး ရာဘာ ကျည်ဆံနဲ့ ထိမှန်သူ တစ်ဦး ရှိတယ်လို့ ထုတ်ဖေါ် ပြောကြားထား ပါတယ်။
မိုးချုပ် လာချိန်မှာတော့ ဆန္ဒပြသူတွေက ဝန်ကြီးချုပ်ရုံးနဲ့ ဘန်ကောက် တိုင်းရဲရုံး တွေကနေ ဆုတ်ခွာပြီး အနီးနားက သပိတ် စခန်းတွေကို ပြန်သွားကြတယ်။
ဖမ်းဝရမ်းထုတ်ပြီ
ညနေပိုင်းမှာတော့ တစ်ထောင် လောက်ရှိတဲ့ လူတစ်စုက မြို့လယ်ခေါင်မှာ ရှိတဲ့ ရဲတပ်ဖွဲ့ရုံးချုပ် အရှေ့ကို လာရောက် ဆန္ဒပြနေကြပြန်ပါတယ်။
ဆန္ဒပြ ခေါင်းဆောင် စူထေ့ပ်ကိုတော့ အစိုးရက နိုင်ငံတော် ပုံကန်မှုနဲ့ ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။ နောက်ထပ် ခေါင်းဆောင် ၄ ဦးကိုလည်း ဖမ်းဝရမ်း ထုတ်လိုက် ပါတယ်။
ဘန်ကောက်မြို့ ဆန္ဒပြ နေတဲ့ နေရာတွေမှာ စိုးရိမ် စရာရှိသလို တခြား နေရာက သူတွေက စိုးရိမ်မှု ရှိပေမယ့် တမြို့လုံး မှာတော့ ပုံမှန် သွားလာ ရောင်းဝယ် နေကြ ပါတယ်။ ထိုင်းတောင်ပိုင်းက ခရိုင် အုပ်ချုပ်ရေးမှူး ရုံးတွေမှာလည်း ဆန္ဒပြမှုတွေ ရှိပေမယ့် အကြမ်းဖက်မှုတွေ တော့ မရှိဘူးလို့ သိရပါတယ်။
BBC
Monday, 2 December 2013
ရိုဟင်ဂျာများအားနိုင်ငံသားပေးရန် UN တောင်းဆိုမှုကိုကန့်ကွက်
ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယကော်မတီမှာ ဆုံးဖြတ်ခဲ့တဲ့ ရိုဟင်ဂျာကို နိုင်ငံသားပေးရေးအား လူအင်အား ၄၀၀ ခန့်ဖြင့် ရန်ကုန်မြို့မှာ ကန့်ကွက်ခြင်း အခန်းအနား ပြုလုပ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင်လည်း နိုဝင်ဘာလ ၂၈ ရက်နေ့က သံဃာနဲ့ လူအင်အား ၉၀၀ ခန့်ဖြင့် ဆန္ဒပြခဲ့ပါတယ်။
Eleven Media မှကူးယူဖေါ်ပြသည်
ရင်လတ်ကို ထိုင်းဝန်ကြီးရာထူးမှ နှုတ်ထွက်ရန် ထိုင်းပြည်သူတို့ ရာဇသံပေး
လက်ရှိ ထိုင်းဝန်ကြီးချုပ် ရင်လတ်ရှင်နာဝက်ထရာ ကို သမ္မတ ရာထူးကနေ ၂ ရက်အတွင်း နှုတ်ထွက်ပေးဖို့ အတွက် ထိုင်းပြည်သူတို့ ရာဇသံပေးခဲ့ကြောင်း သိရ ပါတယ်။ 
အစိုးရ ဆန့်ကျင့် သပိတ်ခေါင်းဆောင် Suthep Thaugsuban ကိုယ်တိုင် ရင်လတ်နဲ့လည်း တွေ့ဆုံခဲ့ပြိး ယင်းစကားကို ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။ လက်ရှိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ က အစိုးရ ဆန့်ကျင့် ဆန္ဒပြပွဲ အတော်လေး ပြင်းထန်နေပါပြီ။ အစိုးရ ဆန့်ကျင်တဲ့ ရှပ်ဝါနဲ့ အစိုးရ ထောက်ခံ ရှပ်နီတို့ ထိပ်တိုက် တွေ့ဆုံ တဲ့ အခြေအနေ အထိ ဖြစ်ပေါ်ခဲ့ပြီး လုံခြုံရေး ရဲများရဲ့  လက်နက်သုံး ဖြိုခွင်းမှုကြောင့် ၂ ဦးသေဆုံး ၄၈ ဦးထက် မနည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။ ရင်လတ်ကို ဆန့်ကျင်တဲ့ အဖွဲ့ဟာ လက်ရှိမှာ ဝန်ကြီးချုပ်ရုံး၊ အစိုးရ ဌာနကို ဦးတည်လို့ ဆန္ဒပြပြီး ထိုင်း တပ်မတော်ကလည်း လုံခြုံရေးကို တင်းကြပ်လာပါတယ်။ ထိုင်း တပ်မတော်မှ ရာထူး အကြီးဆုံး အရာရှိများ ပါဝင်လာတဲ့ ပထမဦးဆုံး ပြည်တွင်း ပဋိပက္ခဖြစ်ကြောင်းလည်း ဆိုပါတယ်။ ထိုင်းတပ်မတော် ခေါင်းဆောင် Prayuth Chan- ocha ကိုယ်တိုင်လည်း ပါဝင်လာခြင်း ဖြစ်ပါတယ်။ 
ဒီတော့ စစ်အာဏာသိမ်းမှုပဲ ထပ်ဖြစ်မလား၊ ရင်လတ်ပဲ ရာထူးက နှုတ်ထွက်မလား၊ အစိုးရ ဆန့်ကျင်အဖွဲ့ပဲ ကျရှုံးမလားဆိုတာ ရင်တမမ နဲ့ စောင့်ကြည့်နေရတဲ့ ကာလ ဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက် ဆင်ကို ထိုင်းနိုင်ငံ ပြန်လည် ဝင်ရောက်လာခွင့်ရှိအောင် နိုင်ငံရေးအကျဉ်းသား လွတ်ငြိမ်းခွင့် ဥပဒေကို ရင်လတ်တို့ ပျူထိုင်းပါတီက လွတ်တော်သို့ တင်သွင်းပြီး အတည်ပြုရန် ကြိုးစားခြင်းဖြစ်ကြောင်း နိုင်ငံရေး ပညာရှင်များက ခန့်မှန်း ပြောဆိုပါတယ်။ သက်ဆင် ဝင်ရောက်လာမှုအပေါ်ကို ဘန်ကောက်က အလယ် လတ်တန်းနဲ့ အထက်တန်း လူတန်းစား ပါဝင်သော ရှပ်ဝါ အုပ်စုက စတင် ဆန္ဒပြခြင်း ဖြစ်ပြီး လူပေါင်း သောင်းချီ အင်အား ကြီးထွားလာခြင်း ဖြစ်ပါတယ်။ 
ဒါကြောင့်မို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ပေါ်က ပဋိပက္ခဟာ ယခု ရက်ပိုင်းအတွင်း တိကျသော အဖြေ တစ်ခု ထွက်နိုင်မယ်လို့ ကမ္ဘာ့ စောင့်ကြည့်သူများက ခန့်မှန်းထားကြကြောင်း သိရပါတယ်။
Tuesday, 20 November 2012
အမေရိကန် သမတ အိုဘားမား ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်
၁၉ နိုဝင်ဘာ ၂၀၁၂
အမေရိကန် သမတ ဘားရက် အိုဘားမား ဟာ ဒီနေ့မှာ သူ့ရဲ့ ၆ နာရီကြာ မြန်မာနိုင်ငံ ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ အမေရိကန် သမတ တဦးအနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ သမိုင်းဝင် ခရီးစဉ်လဲ ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ မြန်မာနိုင်ငံ သမတ ဦးသိန်းစိန်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပြီး မြန်မာပြည်သူတွေကိုလဲ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမကနေ တိုက်ရိုက်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ဒီခရီးစဉ်မှာ သမတ အိုဘားမားနဲ့ အတူ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်လည်း အတူ လိုက်ပါခဲ့ပါတယ်။ သမတ အိုဘားမားရဲ့ မြန်မာနိုင်ငံ ခရီးစဉ် နဲ့ မိန့်ခွန်း ရုပ်/သံ ထုတ်လွှင့်တင်ဆက်မှုကို အောက်ပါ ဗီဒီယို တွေမှာ ကြည့်ရှုနိုင်ပါတယ်။
အမေရိကန် သမတ အိုဘားမား မြန်မာနိုင်ငံသို့ ဆိုက်ရောက်လာစဉ် (DVBTV Live)
သမတ ဦးသိန်းစိန် နှင့် သမတ အိုဘားမား တို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တွေ့ဆုံစဉ် (SkyNet TV Live)
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သမတ အိုဘားမား လာရောက်တွေ့ဆုံစဉ် (DVB/SkyNet Live)
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ သမတ အိုဘားမား မိန့်ခွန်းပြောကြားစဉ် (DVBTV Live)
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ပြောကြားသော သမတ အိုဘားမား၏ မိန့်ခွန်း အပြည့်အစုံ မြန်မာပြန် မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံမင်္ဂလာပါ (မြန်မာဘာသာဖြင့် နှုတ်ဆက်သောကြောင့် ရယ်သံများနှင့် လက်ခုပ်သံများစွာ ဆူညံသွားသည်)
ဒီတက္ကသိုလ်ကို ရောက်လာခဲ့တဲ့အတွက်၊ ဒီနိုင်ငံကို လာရောက်လည်ပတ်တဲ့ ပထမဆုံး အမေရိကန်သမ္မတဖြစ်ရတဲ့ အတွက်လည်း ၀မ်းမြောက်ဂုဏ်ယူမိပါတယ်။
ကျွန်တော်ဒီကို ရောက်လာခဲ့တာဟာ ဒီနိုင်ငံရဲ့ အရေးပါမှုကြောင့်ပါပဲ။ ခင်ဗျားတို့ဟာ အရှေ့နဲ့ တောင်အာရှရဲ့လမ်းဆုံမှာ တည်ရှိနေတာပါ။ ဒီနိုင်ငံဟာ ကမ္ဘာမြေပေါ်မှာ လူဦးရေအများဆုံး နိုင်ငံနှစ်ခုရဲ့ နယ်ခြားလည်း ဖြစ်နေပါတယ်။ ခင်ဗျားတို့မှာ နှစ်ထောင်ချီတဲ့ သမိုင်းလည်းရှိတယ်၊ ကမ္ဘာမြေရဲ့ ဖွံ့ဖြိုးမှုအမြန်ဆုံးဒေသရဲ့ ကံကြမ္မာကို ဆုံးဖြတ်ရာမှာ ကူညီနိုင်တဲ့ အစွမ်းလည်းရှိနေတဲ့ နိုင်ငံပါ။
ကျွန်တော်ဒီကို ရောက်လာခဲ့တာဟာ ခင်ဗျားတို့နိုင်ငံရဲ့ လှပတင့်တယ်မှုနဲ့ မတူကွဲပြားမှုတွေ ကြောင့်ပါပဲ။ ဒီနေ့အစောပိုင်းမှာ ရွှေရောင်လွှမ်းနေတဲ့ ရွှေတိဂုံဘုရားကို ဖူးမြင်ခွင့်ရခဲ့တယ်။ အချိန်ဆိုတဲ့အရာကို လွန်မြောက်တဲ့ မေတ္တာတရားဆိုတဲ့ အိုင်ဒီယာ-ကျွန်တော်တို့ ဒီကမ္ဘာပေါ်မှာ နေထိုင်ခွင့်ရတဲ့ အချိန်ကာလကို သည်းခံမှု(ခန္တီ)နဲ့ ချစ်ခြင်း(မေတ္တာ) ဆိုတဲ့ အရာတွေနဲ့ ဖွင့်ဆိုနိုင်တယ်ဆိုတဲ့ ယုံကြည်မှုတွေဟာ ကျွန်တော့်ရင်ကို လှုပ်ခတ်ခဲ့ပါတယ်။ ဒီမြေဟာ ဒီမြို့ဟောင်းကြီးရဲ့ လူနေထူထပ်တဲ့ ရပ်ကွက်ဝန်းကျင်တွေကနေ ကျေးရွာပေါင်း ၆၀၀၀၀ ကျာ်အထိ၊ ဟိမ၀န္တာတောင်ထွတ်ဖျားကနေ၊ ကရင်ပြည်နယ် သစ်တောတွေအထိ၊ ဧရာဝတီ မြစ်ကမ်းပါးတွေအထိ ကျယ်ပြောတယ်ဆိုတာ ကျွန်တော်သိထားပါတယ်။
ကျွန်တော်ဒီကို ရောက်လာခဲ့တာဟာ ဒီတက္ကသိုလ်ကို လေးစားမှုကြောင့်ပါပဲ။ ဒီကျောင်းမှာ ကိုလိုနီအုပ်စိုးမှုကို အတိုက်အခိုက်ပြုမှုဟာ ပထမဆုံး စတင်ခဲ့တယ်။ လွတ်လပ်ရေးလှုပ်ရှားမှုကို မဦးဆောင်မီ ဒီနေရာမှာ (ဗိုလ်ချုပ်)အောင်ဆန်းဟာ မဂ္ဂဇင်းတစ်စောင်ကို တည်းဖြတ်ခဲ့ပါတယ်။ ကုလသမဂ္ဂကို မကွပ်ကဲမီ ဒီနေရာမှာ ဦးသန့်ဟာ ကမ္ဘာကြီးရဲ့ လားရာတွေကို ဆည်းပူးခဲ့ပါတယ်။ ဒီနေရာမှာ ပြီးခဲ့တဲ့ ရာစုနှစ်က ပညာရပ်ဆိုင်ရာ လေ့လာမှုတွေ အားကောင်းခဲ့သလို ကျောင်းသားတွေဟာလည်း အခြေခံ လူ့အခွင့်အရေးတွေကို တောင်းဆိုခဲ့ကြတာပါ။ အခုနေအခါမှာတော့ ခင်ဗျားတို့ရဲ့ လွှတ်တော်က ဒီကျောင်းတော်ကြီးကို ပြန်လည်အသက်သွင်းဖို့ သဘောတူခဲ့ကြပြီ ဖြစ်သလို ဒီကျောင်းတော်ကြီးဟာ သူ့ရဲ့ကြီးမြတ်မှုကို ပြန်လည်ရယူရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီနိုင်ငံရဲ့အနာဂတ်ကို လူငယ်တွေရဲ့ ပညာရေးက အဆုံးအဖြတ်ပေးမှာ ဖြစ်လို့ပါပဲ။
ကျွန်တော်ဒီကို ရောက်လာခဲ့တာဟာ ကျွန်တော်တို့ နှစ်နိုင်ငံကြားက သမိုင်းကြောင်းကြောင့်ပါပဲ။ လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုတုန်းက အမေရိကန်က ကုန်သွယ်သူတွေ၊ ကုန်သည်တွေ၊ သာသနာပြုတွေဟာ ဒီနေရာကို လာပြီးတော့ ယုံကြည်မှု၊ ကူးသန်းရောင်းဝယ်ရေးနဲ့ မိတ်ဆွေဖြစ်မှုဆိုတဲ့ ကတိက၀တ်တွေကို တည်ဆောက်ခဲ့ကြတယ်။ ဒုတိယကမ္ဘာစစ် အတွင်းကလည်း ဒီနယ်ခြားတွေကို ကျွန်တော်တို့ လေယာဉ်မှူးတွေက ဖြတ်သန်းပြီးတော့ တရုတ်နိုင်ငံတွင်းကို ၀င်ရောက်ခဲ့ကြပါတယ်။ ကျွန်တော်တို့ စစ်သည်များစွာရဲ့ အသက်တွေ ပေးဆပ်ခဲ့ကြပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံစလုံးဟာ ဗြိတိသျှအင်ပါယာအောက်က ပေါ်ထွက်လာခဲ့တာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုဟာ ပြည်ထောင်စုမြန်မာနိုင်ငံ လွတ်လပ်ရေးရတာကို ပထမဆုံး အသိအမှတ်ပြုတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ရန်ကုန်မှာ အမေရိကန်စင်တာတစ်ခု ရှိတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူမိသလို ဒီကျောင်းလိုမျိုး ကျောင်းကြီးတွေနဲ့ ပညာအပြန်အလှန် ဖလှယ်ခွင့်ရရင်လည်း ဂုဏ်ယူမိမှာပါ။ ကွဲပြားခြားနားတဲ့ ဆယ်စုနှစ်များစွာကို ဖြတ်သန်းလာခဲ့တဲ့ တစ်လျှောက်မှာလည်း အမေရိကန်တွေဟာ ဒီနိုင်ငံနဲ့ ဒီလူမျိုးအပေါ် တစ်ညီတစ်ညွတ်တည်း သံယောဇဉ် ရှိခဲ့ကြတာပါ။
ကျွန်တော် မြန်မာနိုင်ငံကို ရောက်လာခဲ့တာဟာ လူသားရဲ့ ဂုဏ်သိက္ခာပေါ်မှာ အမေရိကန်ရဲ့ ယုံကြည်မှုကြောင့်ပါပဲ။ ကျွန်တော်တို့ နှစ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်များစွာမှာ သူစိမ်းတွေလို ဖြစ်နေခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ဒီနိုင်ငံရဲ့ ပြည်သူတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဟာ အမြဲတမ်း မျော်လင့်နေခဲ့တယ်ဆိုတာကို ကျွန်တော်ပြောနိုင်ပါပြီ။ မြန်မာပြည်သူတွေက ကျွန်တော်တို့ကို မျော်လင့်ချက်တွေ ပေးခဲ့ပါတယ်။ ခင်ဗျားတို့ရဲ့ ရဲရင့်မှုကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါပြီ။
တနင်္ဂနွေနေ့တွေမှာ နိုင်ငံရေးအကျဉ်းသား မိသားစုတွေဆီကို အဖြူရောင်ဝတ်စုံနဲ့ တက်ကြွလှုပ်ရှားသူတွေ လည်ပတ်တာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ ရွှေဝါရောင်သင်္ကန်းတွေ လွှမ်းခြုံထားတဲ့ သံဃာတော်တွေက ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြကြတာကိုလည်း ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါပြီ။ ဆိုင်ကလုန်းဒဏ်ကို ခံခဲ့ရတဲ့သူတွေကို ကူညီဖို့အတွက် သာမန်ပြည်သူတွေက ကယ်ဆယ်ရေးအဖွဲ့တွေ စုစည်းဖွဲ့စည်းခဲ့ကြတာကိုလည်း ကျွန်တော်တို့ သိခဲ့ရပါပြီ။ လွတ်လပ်မှုသံစဉ်ကို ဖန်တီးခဲ့ကြတဲ့ ဟစ်ဟော့ပ် အနုပညာရှင်တွေရဲ့ စည်းချက်တွေကိုလည်း သိခဲ့ရပါပြီ။ သူတို့ရဲ့ မွေးရပ်နဲ့ မိသားစုတွေဆီကို ဘယ်တော့မှ အဆက်အသွယ် မပြတ်ကြတဲ့ ဒုက္ခသည်တွေ၊ ပြည်ပမှာ သွားရောက်နေထိုင်သူတွေကိုလည်း ကျွန်တော်တို့ တွေ့ခဲ့ရပြီးပါပြီ။ အဲဒါတွေအပြင် ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ ဆန္ဒပြင်းထန်တဲ့ ဂုဏ်သရေကြောင့် ကျွန်တော်တို့ဟာ စိတ်အားတက်ကြွခဲ့ရပါတယ်။ မျော်လင့်ချက်တွေ ခင်ဗျားရဲ့ နှလုံးသားထဲမှာ တောက်လောင်နေမယ်ဆိုရင် ဘယ်လူသားကိုမှ အကျဉ်းချထားလို့ မရဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်က သက်သေပြခဲ့ပါတယ်။
ကျွန်တော်သမ္မတတာဝန် ထမ်းဆောင်တုန်းက အကြောက်တရားနဲ့ အုပ်စိုးနေတဲ့ အစိုးရတွေဆီကို ''ခင်ဗျားတို့ရဲ့ လက်သီးဆုပ်ကို ဖြည်ဖို့ဆန္ဒရှိမယ်ဆိုရင် ကျွန်တော်တို့က လက်ကမ်းပေးမှာပါ'' လို့ ကျွန်တော် သတင်းစကားတစ်ခု ပါးခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ခွဲလောက်အတွင်းမှာ ပြဇာတ်ဆန်တဲ့ အသွင်ကူးပြောင်းမှုတွေ စတင်ဖြစ်လာခဲ့ပါတယ်။ ဆယ်စုနှစ် ငါးစုလောက် အာဏာရှင်အုပ်စိုးမှုဟာ စတင်ဖြေလျော့လာပါတယ်။ သမ္မတဦးသိန်းစိန်လက်ထက်မှာ ပြောင်းလဲမှုအတွက် ဆန္ဒဟာ ပြုပြင်ပြောင်းလဲဖို့အတွက် အစီအစဉ်တွေနဲ့ လိုက်လျော်ညီထွေ ဖြစ်နေပါတယ်။ အခုတော့ အစိုးရအဖွဲ့ကို အရပ်သားတစ်ဦးက ဦးဆောင်နေပြီး ပါလီမန်ကလည်း ကိုယ်တိုင်အားကောင်းမောင်းသန် ရပ်တည်နေနိုင်ပါပြီ။ တစ်ချိန်က တရားမ၀င် ကြေညာခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာလည်း ရွေးကောက်ပွဲတစ်ခုမှာ ၀င်ပြိုင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာလည်း လွှတ်တော်အမတ်တစ်ယောက် ဖြစ်လာပါပြီ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ရာပေါင်းများစွာကိုလည်း ပြန်လွှတ်ပေးခဲ့ပြီးသလို အဓမ္မခိုင်းစေမှုကိုလည်း ပိတ်ပင်ပြီးပါပြီ။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ကနဦး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေ ရခဲ့ပြီဖြစ်သလို ပိုလွတ်လပ်ပွင့်လင်းတဲ့ စီးပွားရေးအတွက် ဥပဒေသစ်တွေလည်း ပေါ်ထွက်လာခဲ့ပါပြီ။
ဒါကြောင့် ဒီကနေ့မှာ ကျွန်တော့်ကတိစကားကို တည်ဖို့ ကျွန်တော်လာခဲ့တာပါ။ မိတ်ဆွေဖြစ်မှုဆိုတဲ့ လက်ကမ်းဖို့ လာခဲ့တာပါ။ အမေရိကဟာ ရန်ကုန်မှာ သံအမတ်တစ်ယောက် ရှိနေပါပြီ။ အရေးယူပိတ်ဆို့မှုတွေ ဖြေလျော့ပြီးပါပြီ။ ပြည်သူတွေအတွက် အခွင့်အလမ်းတွေ ဆောင်ကြဉ်းပေးနိုင်တဲ့ ကမ္ဘာကြီးဖွံ့ဖြိုးရေးအတွက် အင်ဂျင်တစ်လုံးအဖြစ် ပါဝင်လည်ပတ် မောင်းနှင်ပေးနိုင်တဲ့ စီးပွားရေးကို တည်ဆောက်ဖို့ ကျွန်တော်တို့ ကူညီပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမှတ်မှတ်ထင်ထင်ရှိလှတဲ့ ခရီးဟာ အစပဲရှိပါသေးတယ်။ အများကြီး ရှေ့ဆက်သွားရဦးမှာပါ။ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့ မှိတ်တုတ်မှိတ်တုတ် တိုးတက်မှုလေးတွေဟာ ငြှိမ်းသတ်ခံရတာမျိုး ဖြစ်သွားလို့ မရပါဘူး။ ဒီမှိတ်တုတ်မှိတ်တုတ် တိုးတက်မှုကလေးတွေကနေ ဒီတိုင်းပြည်ရဲ့ ပြည်သူတွေအတွက် တောက်ပတဲ့ ဥတ္တရကြယ်တစ်စင်း ဖြစ်လာရပါမယ်။
ဒီအားထုတ်မှုတွေမှာ ခင်ဗျားတို့ရတဲ့ အောင်မြင်မှုတွေက အမေရိကန်ပြည်ထောင်စုအတွက်လည်း အရေးပါသလို ကျွန်တော့်အတွက်လည်း အရေးပါပါတယ်။ ကျွန်တော်တို့ဟာ မတူညီတဲ့ အရပ်ဒေသတွေကနေ လာကြတာ ဖြစ်ပေမဲ့လည်း တူညီတဲ့ အိပ်မက်တွေကို မျှဝေခံစားနေကြတာပါ။ ကိုယ့်ခေါင်းဆောင်တွေကို ကိုယ်ရွေးခွင့်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခွင့်၊ ပညာသင်ခွင့်နဲ့ ကောင်းကောင်းမွန်မွန်နေခွင့်၊ ကျွန်တော်တို့ရဲ့ မိသားစုနဲ့ ကျွန်တော်တို့ရဲ့ အသိုင်းအ၀ိုင်းကို မြတ်နိုးခွင့်တို့လို အိပ်မက်တွေပေါ့။ ဒါကြောင့် လွတ်လပ်မှုဆိုတာ အကောင်အထည်မရှိတဲ့ အိုင်ဒီယာမဟုတ်ပါဘူး။ လွတ်လပ်မှုဆိုတာ မဲပုံးတွေမှာတင်မကဘဲ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀တွေမှာပါ လူသားရဲ့တိုးတက်မှုကို ဖန်တီးပေးတဲ့ တစ်ကယ့်အရာပါ။
ကျွန်တော်တို့ အမေရိကန်ပြည်ထောင်စုရဲ့ အကြီးကျယ်ဆုံး သမ္မတွေထဲက တစ်ယောက်ဖြစ်တဲ့ ဖရန်ကလင်ဒီနာရုစဗဲ့က ဒီအမှန်တရားကို နားလည်ခဲ့ပါတယ်။ အမေရိကရဲ့ အကြောင်းတရားဆိုတာ မဲတစ်မဲပေးခွင့်ထက် ပိုတယ်လို့ ဖွင့်ဆိုခဲ့ပါတယ်။ ဒီမိုကရေစီဆိုတာ မဲပေးရုံသက်သက် မဟုတ်ဘူးဆိုတာ သူနားလည်ခဲ့ပါတယ်။ အခြေခံလွတ်လပ်ခွင့် လေးခုကို ကိုင်စွဲဖို့ ကမ္ဘာကြီးကို သူတောင်းဆိုခဲ့ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာကိုးကွယ်ခွင့်၊ ဆန္ဒစွဲတွေကနေ လွတ်မြောက်မှု၊ ကြောက်ရွံ့မှုကနေ လွတ်မြောက်မှုတို့ပါပဲ။ ဒီလွတ်မြောက်မှု လေးခုဟာ တစ်ခုကိုတစ်ခု အားဖြည့်ပေးပါတယ်။ အားလုံးကို အမှန်တစ်ကယ် နားမလည်ဘဲ တစ်ခုကို အမှန်တစ်ကယ်နားလည်ဖို့ဆိုတာ မလွယ်ပါဘူး။
ဒါကြောင့် အဲဒါဟာ ကျွန်တော်တို့အတွက်ရှာတဲ့၊ ပြည်သူအားလုံးအတွက်ရှာတဲ့ အနာဂတ်ပါပဲ။
ပထမဆုံးအနေနဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်မှာ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါမှ သာမန်လူတွေရဲ့ အသံကို ကြားနိုင်မှာဖြစ်ပြီးတော့ အစိုးရဟာ သူတို့ ဆန္ဒ၊ ပြည်သူ့ဆန္ဒကို ရောင်ပြန်ဟပ် လုပ်ဆောင်နိုင်မှာပါ။
အမေရိကန်ပြည်ထောင်စုမှာဆိုရင် ကျွန်တော်တို့ နိုင်ငံသားတွေအားလုံးအတွက် ကတိစကားတွေ ဖြည့်ဆည်းပေးနိုင်ဖို့ ရာစုနှစ် နှစ်ခုကျော်လောက် ကျွန်တော်တို့ လုပ်ခဲ့ကြရတယ်။ ကျွန်ပြုခံရသူတွေ လွတ်မြောက်ဖို့၊ အမျိုးသမီးတွေနဲ့ အာဖရိကန် အမေရိကန်တွေ မဲပေးခွင့်ရဖို့၊ အလုပ်သမားတွေ အဖွဲ့အစည်း ဖွဲ့စည်းခွင့်ရဖို့ အစရှိသဖြင့်ပေါ့။
ပြီးတော့ ကျွန်တော်တို့ရတဲ့ လမ်းကြောင်းအတိုင်း တစ်ခြားတစ်နိုင်ငံမှာလည်း ပုံတူကူးဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်တို့ လက်ခံပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့နိုင်ငံဟာ ပြည်သူအားလုံးရဲ့ ခွန်အားကိုသုံးနိုင်ရင် သန်စွမ်းလာမယ်ဆိုတာ မေးခွန်းထုတ်စရာ မလိုပါဘူး။ ဒါကပဲ နိုင်ငံတွေအောင်မြင်အောင် လုပ်နိုင်တဲ့အချက်ပါ။ အဲဒါကပဲ ဘယ်ပြုပြင်ပြောင်းလဲမှု စမယ်ဆိုတာကို ဖြစ်စေတာပါ။
ပြည်သူတွေရဲ့ အတူတကွ စုဝေးခွင့်ကို ဖိနှိပ်ချုပ်ချယ်နေမယ့်အစား အပြည့်အ၀ လေးစားမှုပေးရပါမယ်။ ဖိနှိပ်ပိတ်ပင်နေမယ့်အစား မီဒီယာအပေါ် ဆင်ဆာလွှမ်းမိုးထားတာကို ဆက်ပြီး ရုပ်သိမ်းပေးရပါမယ်။ ဒီခြေလှမ်းတွေကို ဆက်လျောက်လာနိုင်တာနဲ့အမျှ ခင်ဗျားတို့ တိုးတက်လာနိုင်ပါတယ်။ မြစ်ဆုံဆည် တည်ဆောက်ရေးစီမံကိန်းကို နိုင်ငံသားတွေက ကန့်ကွက်ဆန္ဒပြတဲ့ အသံကို လျစ်လျူမရှုဘဲ နားထောင်ပေးခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေကို တရားမ၀င်မလုပ်ဘဲ ပါဝင်ခွင့်ပြုခဲ့ပါတယ်။ လွှတ်တော်ရွေးကောက်ပွဲကာလ အတွင်းမှာ မဲဆန္ဒရှင်တစ်ယောက်က ''ကျွန်တော်တို့မိဘတွေ၊ ဘိုးဘွားတွေ ဒီအတွက် စောင့်ခဲ့ရပါတယ်။ ဒါပေမဲ့ တစ်ခါမှ မြင်မသွားခဲ့ရပါဘူး'' လို့ ပြောခဲ့ပါတယ်။
မဲဆန္ဒရှင်တွေရဲ့ လွတ်လပ်မှုကို ကာကွယ်ဖို့ အာဏာရှိတဲ့သူတွေဟာ အကန့်အသတ်ရှိမှုတွေကို လက်ခံရပါမယ်။ ကျွန်တော်တို့ရဲ့ အမေရိကန်စနစ်က အဲဒီလိုဖြစ်အောင် ဖန်တီးထားတာပါ။ အမေရိကဟာ ကမ္ဘာမှာ အင်အားအကြီးဆုံး စစ်ရေးအင်အား ရှိကောင်းရှိမယ်။ ဒါပေမဲ့ အဲဒါဟာ အရပ်ဘက် ထိန်းချုပ်မှုအောက်မှာပဲ ရှိရပါမယ်။ ကျွန်တော်က အမေရိကန်သမ္မတအနေနဲ့ စစ်တပ်က လုပ်ဆောင်ရမှာကို ဆုံးဖြတ်ပေးနိုင်ပေမဲ့ တစ်ခြားဟာတွေ သွားလုပ်ခိုင်းလို့ မရပါဘူး။ သမ္မတအနေနဲ့သာမက တပ်မတော် စစ်သေနာပတိချုပ် အနေနဲ့ပါ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ ပြည်သူတွေကို တာဝန်ခံရလို့ပါ။
အခြားတစ်ဖက်မှာလည်း သမ္မတအနေနဲ့ တစ်ခါတရံမှာ ကျွန်တော်လုပ်ချင်ရင်တောင် ကွန်ဂရက်လွှတ်တော်အပေါ်မှာ ကျွန်တော့်ဆန္ဒအတိုင်း လွှမ်းမိုးလို့ မရပါဘူး။ တရားစီရင်ရေးမဏ္ဍိုင်ဟာ သူ့ကိုယ်ပိုင် အာဏာရှိသလို သူရဲ့ကိုယ်ပိုင် လုပ်ငန်းဆောင်တာလည်း ရှိပါတယ်။ ဒါကြောင့် သူတို့ဟာ ကျွန်တော့်ရဲ့အာဏာကို စစ်ဆေးပြီးတော့ ကျွန်တော့်အာဏာကို ဘက်မျှစေပါတယ်။ တရားသူကြီးအချို့ကို ကျွန်တော်ခန့်ရပေမယ့် သူတို့ဘယ်လို တရားစီရင်မလဲဆိုတာကို ကျွန်တော်ပြောလို့ မရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အမေရိကမှာ ဆင်းဆင်းရဲရဲနဲ့ နေနေရတဲ့ ကလေးတစ်ယောက်ကနေ သမ္မတအထိ လူတိုင်းဟာ ဥပဒေအောက်မှာ သာတူညီမျှပါပဲ။ တရားသူကြီးတစ်ဦးဟာ ကျွန်တော် ဥပဒေချိုးဖောက်တာ ဟုတ်မဟုတ် ဆုံးဖြတ်နိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဥပဒေအတွက် အပြည့်အ၀ တာဝန်ရှိပါတယ်။
ကျွန်တော်တို့အမေရိကန်ရဲ့ စနစ်ကို ဘာလို့ပြောပြရတာလဲဆိုတော့ ခင်ဗျားတို့နဲ့ ထိုက်တန်တဲ့ အနာဂတ်ကို ဘယ်လိုရောက်အောင် သွားရမယ်ဆိုတာ အတွက်ပါ။ အနာဂတ်တစ်ခု၊ ဥပဒေက ပြည်သူကို တာဝန်ခံတဲ့အတွက် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ တစ်ယောက်ရှိနေရင်တောင် အရမ်းများနေတဲ့၊ ဘယ်ခေါင်းဆောင်ထက်မဆို ဥပဒေက ပိုအားကောင်းတယ်ဆိုတဲ့ အနာဂတ်။ ဘယ်ကလေးမှ စစ်သားအဖြစ် အလုပ်မခံရတဲ့၊ ဘယ်အမျိုးသမီးမှ နှိမ့်ချမဆက်ဆံခံရတဲ့၊ အန္တရာယ်ပြုရလွယ်တဲ့ သူတွေကိုတောင် သူတို့တွေက အားနည်းသူတွေဖြစ်ရင်တောင် ဥပဒေက ကာကွယ်ပေးထားတဲ့ အနာဂတ်ကို ခင်ဗျားတို့ရောက်ဖို့ လိုပါတယ်။ အမျိုးသားလုံခြုံရေးကို အရပ်ဘက်ထိန်းချုပ်မှုအောက်မှာ တာဝန်ထမ်းဆောင်တဲ့ စစ်ဘက်ကသာ အင်အားတောင့်တင်းစေတဲ့၊ လူထုက ရွေးကောက်တင်မြှောက်သူတွေသာ အုပ်ချုပ်ခွင့်ရဖို့ အာမခံပေးတဲ့ အခြေခံဥပဒေတစ်ခုရှိတဲ့ အနာဂတ်၊ အဲဒီအနာဂတ်ဟာ ခင်ဗျားတို့ရောက်ရှိရမယ့် ခင်ဗျားတို့နဲ့ထိုက်တန်တဲ့ အနာဂတ်ပါပဲ။
အဲဒီခရီးမှာတော့ အရပ်ဘက်လူ့အဖွဲ့အစည်းကို အားကောင်းစေဖို့ ကျွန်တော်တို့ရဲ့ အထောက်အပံ့တွေကို သုံးပြီးတော့၊ ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့ လူ့အခွင့်အရေး မြှင့်တင်ဖို့အတွက် ခင်ဗျားတို့ရဲ့ စစ်ဘက်ကို စေ့စပ်ညှိနှိုင်းပြီးတော့၊ စီးပွားရေးဖွံ့ဖြိုးမှုရှိတဲ့ ဒီမိုကရေစီဖြစ်လာဖို့ ခင်ဗျားတို့ရဲ့ တိုးတက်အောင် အားထုတ်မှုတွေမှာ မိတ်ဖက်ဖွဲ့ပြီးတော့ အမေရိကဟာ ခင်ဗျားတို့ခြေလှမ်းတိုင်းကို ထောက်ပံ့ကူညီပေးသွားမယ်။ ခရီးစဉ် အရှိန်မြင့်လာတာနဲ့အမျှ ခင်ဗျားတို့ဟာ ကျွန်တော်ပြောတဲ့ ဒုတိယလွတ်မြောက်မှုဖြစ်တဲ့ လူတွေဟာ ဆန္ဒတွေက လွတ်မြောက်မှုဆိုတဲ့ ယုံကြည်မှုကို ချဉ်းကပ်လာနိုင်အောင် ကူညီလာနိုင်လိမ့်မယ်။
ဟောင်းလောင်းဖြစ်နေတဲ့ အစာအိမ်တွေအတွက် အာဏာမဲ့ဖြစ်မှုဆိုတဲ့ အကျဉ်းထောင်နဲ့ အစားထိုးရုံနဲ့ မလုံလောက်ပါဘူး။ ဒါပေမဲ့ သမိုင်းကပြနေတာက ပြည်သူတွေရဲ့ အစိုးရ၊ ပြည်သူတွေကို ကိုယ်စားပြုတဲ့ အစိုးရ၊ ပြည်သူတွေအတွက်ဖြစ်တဲ့ အစိုးရတွေဟာ ချမ်းသာဝပြောမှုဆိုတာကို ပေးစွမ်းနိုင်ရုံထက်ပိုပြီး အားကြီးတယ် ဆိုတာပါ။ ဒါကြောင့် ခင်ဗျားတို့နဲ့ မိတ်ဖက်ဖြစ်မှုကို ရှာဖွေနေတာပါ။
သာမန်ပြည်သူတွေက သူတို့ရဲ့အနာဂတ်အတွက် ပြောပိုင်ခွင့်ရှိရပါမယ်။ ခင်ဗျားတို့ရဲ့ မြေကို ခင်ဗျားတို့လက်ထဲက ယူသွားလို့မရပါဘူး။ ဒါကြောင့် ပြုပြင်ပြောင်းလဲရေးတွေမှာ သေချာရမှာက ဒီနိုင်ငံက ပြည်သူတွေမှာ အခြေခံကျတဲ့ ပိုင်ဆိုင်မှု အများစုရှိရပါမယ်။ ခင်ဗျားနေပြီး ခင်ဗျားအလုပ်လုပ်တဲ့ မြေနဲ့ပတ်သက်ပြီး ပိုင်ဆိုင်မှု ခေါင်းစဉ်တစ်ရပ်ရှိရမဲ့ အခွင့်အရေး ရှိပါတယ်။
အရည်အချင်း အစွမ်းအစတွေ ထုတ်သုံးနိုင်လာတဲ့အခါ အခွင့်အလမ်းတွေဟာလည်း လူတိုင်းအတွက် ဖန်တီးနိုင်လာပါလိမ့်မယ်။ အမေရိကဟာ ဒီမှာစီးပွားရေးလုပ်တဲ့ ကုမ္ပဏီတွေအပေါ် ပိတ်ပင်ထားမှုကို ဖယ်ရှားပေးလိုက်ပါပြီ။ ခင်ဗျားတို့ အစိုးရကလည်း ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တွေကို ဖယ်ရှားပေးလိုက်ပြီ ဖြစ်သလို စီးပွားရေးတံခါးဖွင့်ဖို့ ခြေလှမ်းတွေ လှမ်းနေပါပြီ။ အခုနေအခါမှာ ခင်ဗျားတို့နယ်ခြားတွေကို ဖြတ်ပြီး ဓနဥစ္စာတွေ ပိုပြီးစီးဆင်းလာပါပြီ။ အဲဒါဟာ လူအမြောက်အများရဲ့ ဘ၀တွေကို မြင့်မားစေလာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ပြီးတော့ ဒီလိုစီးပွားရေး ဖွံ့ဖြိုးမှုမျိုးမှာ လူတိုင်းမှာ အခွင့်အရေးရှိပြီး ခင်ဗျားကြိုးစားရင် ခင်းဗျားအောင်မြင်မယ်ဆိုတာမျိုး ရှိလာရင် နိုင်ငံတစ်နိုင်ငံဟာ ဖွံ့ဖြိုးလာတာနဲ့အတူ လျင်လျင်မြန်မြန် တိုးတက်နိုင်ပါလိမ့်မယ်။
ဒါပေမဲ့ ဒီလိုဖွံ့ဖြိုးမှုမျိုးဟာ အကျင့်ပျက်ချစားမှုဆိုတာကို နောက်ချန်ထားနိုင်ပါမှ ဖန်တီးနိုင်မှာပါ။ ရင်းနှီးမြှုပ်နှံမှုကနေ အခွင့်အလမ်းတွေ ဖန်တီးနိုင်ဖို့ ပြုပြင်ပြောင်းလဲမှုတွေဟာ ပွင့်လင်းမြင်သာမှုရှိတဲ့ ဘတ်ဂျက်ကို ဖန်တီးမြှင့်တင်ရမှာ ဖြစ်သလို ပုဂ္ဂလိကပိုင် လုပ်ငန်းနယ်ပယ်ကိုလည်း မြှင့်တင်ရမှာ ဖြစ်ပါတယ်။
ဥပမာ စံပြုအနေနဲ့ဆိုရင် အမေရိကက ပြောနေတာက ကျွန်တော်တို့ဆီမှာ ကုမ္ပဏီတွေ အလုပ်လုပ်လုပ်ရင် ကုမ္ပဏီတွေမှာ ပွင့်လင်းမြင်သာမှုနဲ့ပတ်သက်ပြီး မြင့်မားတဲ့ စံနှုန်းတွေရှိရပါမယ်။ ပြီးတော့ ကျွန်တော်တို့တွေဟာ စီးပွားရေးလုပ်ငန်းငယ်တွေကို ထောက်ပံ့ပေးဖို့၊ အသေးစား စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေကိုခွင့်ပြုတဲ့ စီးပွားရေးကို ဖန်တီးပေးဖို့၊ စီးပွားရေးလုပ်ငန်းရှင်ငယ်တွေ အားကောင်းလာဖို့၊ အလုပ်သမားတွေ သူတို့ရတာကို သူတို့ စုဆောင်းနိုင်ဖို့ ကမ္ဘာ့ဘဏ်လို အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး ကျွန်တော်တို့ အလုပ်လုပ်ပါတယ်။ ပြီးတော့ မကြာသေးမီက ခင်ဗျားတို့အစိုးရက ကျွန်တော်တို့ ပွင့်လင်းအစိုးရ မိတ်ဖက်ပြုမှုလို့ခေါ်တဲ့ အစီအစဉ်မှာ ပါဝင်ဖို့ ဆုံးဖြတ်လိုက်တာကိုလည်း ကျွန်တော်တို့ ကြိုဆိုရမှာပါ။ ဒါမှ နိုင်ငံသားတွေဟာ ပွင့်လင်းမြင်သာမှုတွေကို မျော်လင့်လို့ရမှာ ဖြစ်သလို ပိုက်ဆံတွေ ဘယ်လိုသုံးတယ်။ အစိုးရစနစ် ဘယ်လိုလည်ပတ်တယ်ဆိုတာ တိတိကျကျ နားလည်လာမှာပါ။
အထက်က ပြောခဲ့တာတွေ အားလုံးအတိုင်း ခင်ဗျားတို့ရဲ့ အသံတွေကို အစိုးရက ကြားတယ်ဆိုရင်တောင် ခင်ဗျားတို့ရဲ့ အခြေခံ လိုအပ်ချက်တွေပြည်စုံဖို့ အဝေးကြီး လိုဦးမှာပါ။ ဒါကြောင့် ပြုပြင်ပြောင်းလဲရေးဟာ ငတ်မွတ်နေသူတွေ၊ ဖျားနာနေသူတွေ၊ လျပ်စစ်မီး ဒါမှမဟုတ် ရေမရှိဘဲ နေနေရသူတွေရဲ့ နေ့စဉ်ဘ၀ တွေအထိ ရောက်ဖို့လိုတယ်လို့ ပြောတာပါ။ ဒါကြောင့်မို့ အမေရိကန်ဟာ ခင်ဗျားတို့နဲ့အတူ လက်တွဲပြီး ကျွန်တော်တို့အပိုင်းကို ကျွန်တော်တို့လုပ်မယ်လို့ ပြောတာပါ။
ဒီကနေ့မှာ ကျွန်တော်တို့ရဲ့ ဦးဆောင်ဖွံ့ဖြိုးရေး အေဂျင်စီတစ်ခုဖြစ်တဲ့ USAID ရဲ့ မစ်ရှင်တစ်ခုကို ဒီနိုင်ငံမှာ ပြန်လည်ထူထောင်လိုက်နိုင်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ တစ်ချိန်က အာရှရဲ့ စပါးကျီဖြစ်ခဲ့တဲ့ ဒီနိုင်ငံကို ကူညီရာမှာ၊ ဒီနိုင်ငံရဲ့ နိုင်ငံသားတွေကို ကျွေးမွေးနိုင်စွမ်းနဲ့ နာမကျန်းသူတွေကို ကုသနိုင်စွမ်းကို ပြန်လည်ထူထောင်ရာမှာ၊ ဒီနိုင်ငံက ကလေးတွေကို ပညာသင်ကြားရာမှာ၊ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းအတိုင်း ခင်ဗျားတို့ ဆက်သွားနေတဲ့အချိန်မှာ ဒီနိုင်ငံရဲ့ ဒီမိုကရက်တစ် အဖွဲ့အစည်းတွေကို တည်ထောင်ရာမှာ အမေရိကန်ပြည်ထောင်စုဟာ မိတ်ဖက်အနေနဲ့ ကူညီချင်ပါတယ်။
ဒီနိုင်ငံဟာ သဘာဝသယံဇာတတွေနဲ့ ထင်ရှားတဲ့ နိုင်ငံပါ။ ဒီသယံဇာတတွေကို အလွန်အကျူး ထုတ်ယူခြင်းကနေ ကာကွယ်ပေးရပါမယ်။ ကမ္ဘာ့စီးပွားရေးမှာ နိုင်ငံတစ်နိုင်ငံရဲ့ အကြီးမားဆုံး သယံဇာတရင်းမြစ်ဆိုတာ အဲဒီနိုင်ငံရဲ့ ပြည်သူတွေပဲဆိုတာ ကျွန်တော်တို့ မေ့လို့မဖြစ်ပါဘူး။ ဒါကြောင့် ဒီပြည်သူတွေကို ရင်းနှီးမြှုပ်နှံခြင်းနဲ့ပဲ ဒီနိုင်ငံဟာ ပိုမိုသာယာဝပြောမှုဆိုတဲ့ တံခါးကို ဖွင့်နိုင်ပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ နိုင်ငံတစ်နိုင်ငံရဲ့ အလားအလာတွေကို ဖော်ထုတ်ပေးတယ်ဆိုတာဟာ အဲဒီနိုင်ငံက ပြည်သူအားလုံးရဲ့ အားကောင်းမှု အထူးသဖြင့် လူငယ်တွေရဲ့ အားကောင်းမှုပေါ်မှာ မှီတည်နေလို့ပါပဲ။
ပညာရေးဟာ အမေရိကန်အနာဂတ်အတွက် သော့ချက်ဖြစ်သလို ခင်ဗျားတို့ရဲ့ အနာဂတ်အတွက်လည်း သော့ချက်ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ အိမ်နီးချင်းတွေနဲ့ လက်တွဲလုပ်ကိုင်နေသလို ခင်ဗျားတို့နဲ့ ရှေ့ဆက်လုပ်ဖို့ မျော်လင့်နေတာ ဖြစ်ပါတယ်။ အခွင့်အလမ်းတွေချဲ့ထွင်ဖို့ ကျွန်တော်တို့ရဲ့ ကျောင်းသားတွေ အပြန်အလှန်ဖလှယ်ဖို့ မျော်လင့်နေတာ ဖြစ်ပါတယ်။ ဒီနိုင်ငံက ကျောင်းသားတွေ အမေရိကန်ပြည်ထောင်စုကိုလာပြီး ကျွန်တော်တို့ဆီက သင်ယူစေချင်သလို အမေရိကန်ကျောင်းသားတွေလည်း ဒီကိုလာပြီး ခင်ဗျားတို့ဆီက သင်ယူစေချင်ပါတယ်။
ဒီအမှန်တရားကနေ ကျွန်တော်ဆက်ပြီး ဦးတည်ပြောချင်တာက ရှေ့မှာပြောခဲ့တဲ့ တတိယလွတ်မြောက်မှုပါပဲ။ လွတ်လပ်စွာကိုးကွယ်ခွင့် ဆိုတာပါ။ ခင်ဗျားကြိုက်တာ ခင်ဗျားကိုးကွယ်ခွင့် ဆိုတာဟာ အခြေခံကျတဲ့ လူသားဂုဏ်သိက္ခာ အခွင့်အရေးပါပဲ။
ဒီနိုင်ငံဟာ ကျွန်တော်တို့နိုင်ငံလိုပဲ မတူကွဲပြားစွာ တည်ရှိမှုနဲ့ ကောင်းချီးပေး ခံထားရပါတယ်။ လူတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ လူတိုင်းဟာ တစ်ဒေသတည်းက လာတာမဟုတ်ပါဘူး။ လူတိုင်းဟာ တစ်မျိုးတစ်စားတည်း ကိုးကွယ်ယုံကြည်ကြတာ မဟုတ်ပါဘူး။ ခင်ဗျားတို့ရဲ့ မြို့ကြီးတွေ မြို့ငယ်တွေမှာ ဘုရားပုထိုးတွေ၊ ဗလီတွေ၊ ချာ့ခ်ျကျောင်းတွေ ဘေးချင်ယှဉ် တည်ရှိနေပါတယ်။ ခင်ဗျားတို့ရဲ့ သမိုင်းဇာတ်လမ်းမှာ ရာပေါင်းများစွာသော လူမျိုးစုတွေ ပါဝင်နေပါတယ်။ ဒီနယ်ခြားမျဉ်းတွေကြားမှာပဲ မရေတွက်နိုင်တဲ့ အသက်တွေ သေကြေပျက်စီးစေတဲ့၊ မိသားစုတွေ တစ်ကွဲတစ်ပြားဆီဖြစ်စေတဲ့၊ အသိုင်းအ၀ိုင်းတွေကို ကွဲပြားသွားစေတဲ့ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပုန်ကန်ထကြွမှုတွေဖြစ်ပွားနေတာကို ကျွန်တော်တို့ မြင်ခဲ့ရပြီးဖြစ်သလို အဲဒါဟာ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းမှာ ကြားခံနေတယ်ဆိုတာကိုလည်း မြင်ခဲ့ရပြီးပါပြီ။
အမျိုးသားပြန်လည် ရင်ကြားစေ့ရေး မအောင်မြင်ဘဲ ဘယ်ပြုပြင်ပြောင်းလဲမှုမှ မအောင်မြင်နိုင်ပါဘူး။ (လက်ခုပ်သံများ) အခုနေအချိန်အခါဟာ အပစ်အခတ် ရပ်စဲရေးတွေကနေ အရှည်တည်တဲ့ အခြေချနေထိုင်မှုအဖြစ် အသွင်ပြောင်းဖို့၊ ပဋိပက္ခတွေ ရှိနေဆဲဖြစ်တဲ့ ကချင်ပြည်နယ်လို နေရာမျိုးတွေမှာ ငြိမ်းချမ်းရေးရအောင် လုပ်ဖို့အတွက် တကယ်ကို ကောင်းတဲ့အခွင့်အလမ်းတစ်ခုဖြစ်တဲ့ အခိုက်အတန့်ပါပဲ။ ဒီအားထုတ်မှုတွေဟာ ပိုပြီး မျှတရှည်ကြာတဲ့ ငြိမ်းချမ်းရေးဆီကို ဦးတည်သွားရပါမယ်။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်တဲ့သူတွေကို ကူညီဖို့ နေရာရွှေ့ပြောင်းခဲ့သူတွေ အိမ်ပြန်နိုင်တဲ့ အခွင့်အရေးရှိဖို့ ဆိုတာလည်း အပါအ၀င်ဖြစ်ပါတယ်။
ဒီကနေ့ ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို ကျွန်တော်တို့ ကြည့်ကြည့်ပါမယ်။ ဒါကြောင့်ပဲ ဒုက္ခတွေအများကြီး ကြုံခဲ့ရသလို တင်းမာမှုအန္တရာယ်တွေ ဆက်ရှိနေမယ့် အလားအလာတွေလည်း မြင်နေရပါတယ်။ ကာလရှည်ကြာစွာပဲ တိုင်းရင်းသားလူမျိုးစု ရခိုင်တွေအပါအ၀င် ဒီပြည်နယ်က ပြည်သူတွေဟာ ဆင်းရဲမွဲတေမှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုအတွက် ခြွင်းချက်ဆိုတာမရှိပါဘူး။ ရိုဟင်ဂျာတွေ ကိုယ်တိုင်ကလည်း ခင်ဗျားတို့မှာ ရှိသလို ကျွန်တော်တို့မှာ ရှိသလို တူညီတဲ့ လူ့ဂုဏ်သရေဆိုတာ ရှိပါတယ်။
အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဆိုတာ အချိန်ယူရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လူသားမျိုးနွယ်တစ်ခုလုံးရဲ့ ကံကြမ္မာအတွက် ဒီနိုင်ငံရဲ့ အနာဂတ်ကံကြမ္မာအတွက် ဥပဒေမဲ့ ပြုမူမှုတွေကို ရပ်တန့်ဖို့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ လိုအပ်ပါတယ်။ အစိုးရအနေနဲ့ တရားမမျှတတဲ့ ကိစ္စတွေကို ပွင့်လင်းမြင်သာမှုရှိစွာနဲ့ ဖြေရှင်းဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီမှုနဲ့ နိုင်ငံသားဖြစ်မှုဆိုတဲ့ ကိစ္စတွေကို ဖြေရှင်းဖို့ သန္နိဋ္ဌာန်ချထားတာကို ကျွန်တော်ကြိုဆိုပါတယ်။ ခင်ဗျားတို့ ရှေ့ဆက်တဲ့နေရာမှာ ကမ္ဘာကြီးဟာ အဲသလို အမြင်မျိုးကို ထောက်ပံ့ပေးမှာပါ။
နိုင်ငံတိုင်းဟာ နိုင်ငံသားသတ်မှတ်ရေးအတွက် ရုန်းကန်နေရပါတယ်။ အမေရိကဟာ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အကြီးအကျယ် အငြင်းပွားမှုတွေ ရှိခဲ့ပြီး ဒီနေ့အထိလည်း ဆက်ရှိနေတုန်းပါပဲ။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာ့နေရာ အနှံ့အပြားကလာတဲ့ ပြည်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ရွှေ့ပြောင်းအခြေချသူတွေရဲ့ နိုင်ငံတစ်ခုဖြစ်လို့ပါပဲ။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုမှာ ကျွန်တော်တို့ သင်ယူနိုင်ခဲ့တာက တချို့သော မူဝါဒတွေဟာ တစ်ကမ္ဘာလုံးအတွက် မှန်ကန်တယ်ဆိုတာပါပဲ။ ခင်ဗျားဘယ်လိုပုံရှိတယ်။ ခင်ဗျားဘယ်က လာတယ်။ ခင်ဗျားဘယ်ဘာသာရေးကို ကိုးကွယ်တယ်ဆိုတာ အကြောင်းမဟုတ်ဘဲ လူတိုင်းပေါ်မှာ ကျင့်သုံးနိုင်တဲ့ မူဝါဒတွေပါ။ သူတို့ ဘယ်သူဖြစ်တယ်၊ သူတို့ ဘယ်ကနေလာတယ်ဆိုတာ သက်သက်ကြောင့် သူတို့မိသားစုတွေကို ထိခိုက်မယ့် သူတို့အိမ်တွေ မီးလောင်ခံရမယ့် ခြိမ်းခြောက်မှုတွေမရှိဘဲ လူတွေနေထိုင်ခွင့်ပါပဲ။
ဒီနိုင်ငံက ပြည်သူတွေကပဲ ခင်ဗျားတို့ပြည်ထောင်စုကို ဖွင့်ဆိုခွင့် အပြည့်အ၀ ရှိပါတယ်။ ဒီနိုင်ငံသားတစ်ယောက်ဆိုတာ ဘယ်လိုဆိုတဲ့ ဖွင့်ဆိုချက်ကို ဖွင့်ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်မှာရှိတဲ့ ယုံကြည်မှုက မတူကွဲပြားခြားနားမှုတွေကို ခင်ဗျားတို့အနေနဲ့ အားနည်းချက်အဖြစ် မမြင်ဘဲ ခွန်အားအဖြစ် ကိုင်စွဲနိုင်တယ်ဆိုတာပါ။ ခင်ဗျားတို့တိုင်းပြည်ဟာ မတူကွဲပြား ယဉ်ကျေးမှုတွေကြောင့် အားကောင်းလာနိုင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ ဒီအခွင့်အရေးကို အရယူရပါမယ်။ ဒီခွန်အားကို အသိအမှတ်ပြုရပါမယ်။
ကျွန်တော် ဘာလို့ဒီလိုပြောရသလဲဆိုတော့ ကျွန်တော့်ကိုယ်ပိုင် တိုင်းပြည်၊ ကျွန်တော့်ကိုယ်ပိုင်ဘ၀က ဒါကို သင်ကြားပေးလိုက်လို့ပါ။ အမေရိကန်ပြည်ထောင်စုဟာ ခရစ်ယာန်တွေ၊ ဂျူးတွေ၊ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ၊ ဟိန္ဒူနဲ့ ဘယ်ဘာသာကိုမှ မယုံကြည်သူတွေ စုပေါင်းနေထိုင်တဲ့ နိုင်ငံပါ။ ကျွန်တော်တို့နိုင်ငံ အကြောင်းကို ဘာသာစကားတိုင်းက ပုံသွင်းပေးပြီး ယဉ်ကျေးမှုတိုင်းက ကြွယ်ဝစေပါတယ်။ ကျွန်တော်တို့ဟာ ပြည်တွင်းစစ်နဲ့ လူမျိုးရေးခွဲခြားမှုတွေရဲ့ ခါးသီးမှုကို မြည်းစမ်းခဲ့ကြရပြီးပါပြီ။ ဒါပေမယ့် ကျွန်တော်တို့သမိုင်းက လူတွေရဲ့နှလုံးသားထဲက မုန်းတီးမှုတွေ လျော့ကျပြီး လူမျိုးနွယ်တွေနဲ့ လူမျိုးစုတွေအကြား ခွဲခြားသတ်မှတ်ထားတဲ့ မျဉ်းတွေပျက်ပြယ်သွားတဲ့အကြောင်း ကျွန်တော်တို့ကို ပြသခဲ့ပါပြီ။ ပြီးတော့ ဘာများကျန်ရစ်ခဲ့ပါသလဲ။ အမေရိကမှာ ရိုးရှင်းတဲ့ အမှန်တရား တစ်ခုပဲကျန်ခဲ့ပါတယ်။ အများကြီးထဲမှာမှ ကျွန်တော်တို့ဟာ တစ်နိုင်ငံတည်း၊ ကျွန်တော်တို့ဟာ ပြည်သူတစ်ရပ်တည်း ဆိုတာပါပဲ။ အချိန်နဲ့အမျှ ဒီအမှန်တရားဟာ ကျွန်တော်တို့ယူနီယံကို ပိုပြီးအင်အားကောင်းအောင် လုပ်ခဲ့ပါတယ်။
ကျွန်တော်တို့ ချစ်မြတ်နိုးစွာ ဆုပ်ကိုင်ထားတဲ့ ဒီမိုကရေစီ အခြေခံစည်းမျဉ်းတွေကို ချဲ့ထွင်ဖို့ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။
ဒီကမ္ဘာမှာ သြဇာအကြီးဆုံးနိုင်ငံရဲ့ သမ္မတအနေနဲ့ ခင်ဗျားတို့အရှေ့မှာ ကျွန်တော်ရောက်နေပါတယ်။ ‘ဒါပေမဲ့ ကျွန်တော့ အသားအရောင်ဟာ တစ်ခါတုန်းကတော့ ကျွန်တော့်ရဲ့ မဲပေးခွင့်ကို ငြင်းဆိုနေခဲ့တယ် ဆိုတာကို အသိအမှတ်ပြုပေးပါ။ ဒီလိုအသိအမှတ်ပြုလိုက်ရင် ကျွန်တော်တို့နိုင်ငံဟာ သူ့ရဲ့ကွဲပြားမှုတွေကို ကျော်လွန်နိုင်ခဲ့သလို ခင်ဗျားတို့ရဲ့ ကွဲပြားမှုတွေကို ခင်ဗျားတို့လည်း ကျော်လွန်နိုင်မယ်ဆိုတဲ့ အသိတစ်ခုကို ပေးမှာပါ။ ဒီနယ်နိမိတ်ပိုင်နက်အတွင်းမှာ နေထိုင်ကြတဲ့ လူသားတိုင်းဟာ ခင်ဗျားတို့နိုင်ငံအကြောင်းရဲ့ တစိတ်တပိုင်းပဲ ဖြစ်ပါတယ်။ ဒါကိုခင်ဗျားတို့က လက်ခံကြိုဆိုရမှာပါ။ ဒီလိုကွဲပြားမှုတွေကို ခင်ဗျားတို့က အသိအမှတ် ပြုမယ်ဆိုရင် ဒါဟာ အားနည်းချက် မဟုတ်ပါဘူး။ ဒါဟာခွန်အားပါ။ ဒီနေ့ကျွန်တော်ဆွေးနွေးမယ့် နောက်ဆုံးသော လွတ်လပ်မှုဆိုတာနဲ့ ပတ်သက်တဲ့နေရာကို ရောက်လာပါပြီ။ ဒါဟာ စိုးရိမ်ကြောက်ရွံ့ခြင်းတွေကနေ လွတ်လပ်စွာ နေထိုင်နိုင်ဖို့ ပြည်သူတွေအားလုံးရဲ့ အခွင့်အရေးပဲဖြစ်ပါတယ်။
ကြောက်ရွံ့ခြင်းဆိုတာဟာ နည်းမျိုးစုံနဲ့ လူသားနဲ့ သူတို့ရဲ့အိပ်မက်တွေကြားထဲမှာ အင်အားပဲဖြစ်ပါတယ်။ ပဋိပက္ခတွေကို ကြောက်ရွံ့တာ။ စစ်ပွဲတွေကို ကြောက်ရွံ့တာ။ အတိတ်နဲ့ မတူတော့တဲ့ အနာဂတ်ကို ကြောက်ရွံ့တာ။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းနဲ့ စီးပွားရေးကို ပြန်လည်နေရာချထားတဲ့ အပြောင်းအလဲတွေကို ကြောက်ရွံ့တာ။ ပုံစံမတူတဲ့ လူတွေကို၊ နေရာမတူတဲ့ လူတွေကို ကြောက်ရွံ့တာ။ ကိုးကွယ်မှုပုံစံမတူတဲ့ လူတွေကို ကြောက်ရွံ့တာ။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ အမှောင်မိုက်ဆုံးကာလ အကျဉ်းချခံထားရစဉ်မှာ သူဟာကြောက်ရွံ့မှုမှ လွတ်မြောက်ရေးအကြောင်းကို အက်ဆေးရေးခဲ့ပါတယ်။ အာဏာကို စွဲကိုင်ထားတဲ့ ပျက်စီးနေတဲ့ လူတွေက ရှုံးနိမ့်မှာကို ကြောက်ရွံ့ကြတယ်လို့ သူကပြောခဲ့ပါတယ်။ 'အာဏာကို စွဲကိုင်ထားတဲ့ ပျက်စီးနေတဲ့ လူတွေက ရှုံးနိမ့်မှာကို ကြောက်ရွံ့တယ်။ အာဏာကို အသုံးချပြီး ပျက်စီးနေတဲ့သူတွေက အာဏာရဲ့ ဖိစီးနှိပ်စက်မှုကို ကြောက်ရွံ့ပါတယ်'။
ဒီကြောက်ရွံ့မှုတွေက ခင်ဗျားတို့ကို နောက်ကျန်ရစ်စေခဲ့ နိုင်ပါတယ်။ အာဏာဟာ ပြည်သူတွေရဲ့ ကြောက်ရွံ့မှုဆီက လာတာမဟုတ်ဘဲ ပြည်သူတွေရဲ့ မျော်လင့်ချက်ဆီကနေ လာတာဆိုတာကို နားလည်လာနေတဲ့ ခေါင်းဆောင်တွေကို ကျွန်တော်တို့ မြင်တွေ့နေရပါပြီ။ အခုအချိန်ဟာ ပြောင်းလဲမှုတွေ ရှိလာပြီး အပြောင်းအလဲတွေ ဆက်လက်ဖြစ်နေရမယ်လို့၊ ခုချိန်ဟာ ကွဲပြားခြားနားနေရမယ်လို့ အခိုင်အမာဆိုနေတဲ့ နိုင်ငံသားတွေကိုလည်း ကျွန်တော်တို့ မြင်တွေ့နေရပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ရေးခဲ့သလို 'ကြောက်ရွံ့မှုဟာ ယဉ်ကျေးတဲ့ လူသားရဲ့ သဘာဝအခြေအနေ မဟုတ်ဘူးဆိုတာ' ကို ကျွန်တော်ယုံကြည်ပါတယ်။ ကြောက်ရွံ့မှုဟာ ဒီနိုင်ငံမှာ ဘ၀ရဲ့ သဘာဝအခြေအနေ မဟုတ်ဘူးဆိုတာကို ကမ္ဘာကို ခင်ဗျားတို့က ဒီနေ့ဖော်ပြနေပါပြီ။
အဲဒါကြောင့် ကျွန်တော်ဒီမှာ ရှိနေတာပါ။ အဲဒါကြောင့်ပဲ ကျွန်တော်ရန်ကုန်ကို လာခဲ့တာပါ။ အဲဒါကြောင့်ပဲ ဒီဒေသအတွက်သာမက ကမ္ဘာအတွက်ပါ အရေးကြီးတဲ့ အရာတွေ ဒီမှာဖြစ်ပေါ်နေတာပါ။ လူတွေအများကြီးကို အားကျစေနိုင်တဲ့ ခရီးတစ်ခုကို ခင်ဗျားတို့ သွားနေတဲ့ အတွက်ကြောင့်ပါ။ နိုင်ငံတစ်နိုင်ငံဟာ ပိုကောင်းတဲ့ နေရာတစ်နေရာကို ပြောင်းလဲနိုင်မလားဆိုတာအတွက် ဒါဟာ စမ်းသပ်မှုတစ်ခုပါ။
အမေရိကန်ဟာ ပစိဖိတ်နိုင်ငံ တစ်နိုင်ငံပါ။ ကျွန်တော်တို့ရဲ့ အနာဂတ်ဟာ ပစိဖိတ်နိုင်ငံတွေနဲ့ ကျွန်တော်တို့ အနောက်တိုင်းက ပြည်သူတွေနဲ့ စည်းနှောင်ထားတယ်ဆိုတာ ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ ကျွန်တော်တို့ စီးပွားရေး ပြန်လည်ဦးမော့လာရင် ကြီးမားလှတဲ့ တိုးတက်မှုကြီးကို ကျွန်တော်တို့ ရှာတွေ့မယ်လို့ ယုံကြည်တဲ့ နေရာပါ။ ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေး မူဝါဒတွေကို စစ်ပွဲတွေက ဆယ်စုနှစ်တစ်ခုကြာအောင် လွှမ်းမိုးထားတာ အဆုံးသတ်နေပြီ ဖြစ်တဲ့အတွက်ကြောင့် ဒီဒေသဟာ ကောင်းမွန်တဲ့ ငြိမ်းချမ်းရေးတစ်ရပ် တည်ဆောက်ဖို့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုတွေအတွက် ဗဟိုချက်ဖြစ်လာမှာပါ။
ဒီအရှေ့တောင်အာရှမှာ နိုင်ငံတွေနဲ့ ပြည်သူတွေအကြား ပေါင်းစည်းညီညွတ်မှု အလားအလာတွေ ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ သမ္မတအနေနဲ့ ကျွန်တော်ဟာ အာဆီယံကို လက်ခံကြိုဆိုရတာ အကြောင်းများစွာ ရှိပါတယ်။ ဒီဒေသမှာ အင်ဒိုနီးရှားမှာ ကျွန်တော့်ရဲ့ ငယ်ဘ၀အချိန်အများစု ကုန်ဆုံးခဲ့ရတယ်ဆိုတဲ့ အချက်ထက်ပိုပါတယ်။
အာဆီယံနဲ့အတူ နိုင်ငံတွေဟာ ပြောင်းလဲနေတယ်ဆိုတာ ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ ဒီနိုင်ငံတွေဟာ တိုးတက်နေပြီး ဒီနိုင်ငံတွေမှာ ဒီမိုကရေစီဖြစ်ထွန်းနေပါတယ်။ အစိုးရတွေဟာ ပူးပေါင်းဆောင်ရွက် နေကြပါတယ်။ သမုဒ္ဒရာတွေ၊ ကျွန်းတွေ၊ သစ်တောတွေ၊ မြို့တွေ၊ လူမျိုးစုံ၊ ဘာသာစုံ ဖြန့်ကျက်ထားတဲ့ မတူကွဲပြားမှုတွေအပေါ်မှာ တိုးတက်မှုတွေကို တည်ဆောက်နေပါတယ်။ ကျွန်တော်တို့ရဲ့ မတူညီမှုတွေကို ဘေးဖယ်ထားပြီး အပြန်အလှန်လေးစားမှုနဲ့ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားအတွက်ဆိုတဲ့ စိတ်နဲ့ ရှေ့ဆက်ဆောင်ရွက်မယ်ဆိုရင် ၂၁ ရာစုဟာ ဘယ်လိုဖြစ်လာမယ်ဆိုတာကို ပြသနိုင်မှာပါ။
ဒီရန်ကုန်ကနေ အာရှအတွက် ကျွန်တော်သတင်းစကားတစ်ခု ပါးချင်ပါတယ်။ အတိတ်ရဲ့ အကျဉ်းချမှုတွေကနေ ကျွန်တော်တို့ကို အဓိပ္ပာယ်ဖွင့်ဆိုစရာ မလိုပါဘူး။ အနာဂတ်ကိုပဲ ကျွန်တော်တို့ မျော်လင့်ဖို့လိုပါတယ်။ မြောက်ကိုရီးယားရဲ့ ခေါင်းဆောင်မှုအတွက် ရွေးချယ်စရာတစ်ခု ကျွန်တော်ကမ်းလှမ်းထားပါတယ်။ ခင်ဗျားတို့ရဲ့ နျူးကလီးယားလက်နက်တွေကို စွန့်လွှတ်ပြီး ငြိမ်းချမ်းမှုနဲ့ တိုးတက်မှုလမ်းကြောင်းကို ရွေးချယ်လိုက်ဖို့ပါပဲ။ ခင်ဗျားတို့ ရွေးချယ်ခဲ့မယ်ဆိုရင် အမေရိကန်က လက်ဆန့်တန်းထားတာကို တွေ့ရမှာပါ။
၂၀၁၂ ခုနှစ်မှာ အရှေ့ အနောက် တောင် မြောက် ကွဲလွဲမှုတွေအပေါ် ကျွန်တော်တို့ ဖက်တွယ်ထားဖို့ မလိုတော့ပါဘူး။ ခင်ဗျားတို့ မြောက်ဘက်က အိမ်နီးချင်း တရုတ်ရဲ့ ငြိမ်းချမ်းစွာ တိုးတက်မှုကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ခင်ဗျားတို့ရဲ့ အနောက်ဘက်က အိမ်နီးချင်း အိန္ဒိယကိုလည်း ကြိုဆိုပါတယ်။ ကုလသမဂ္ဂမှာ အမေရိကန်ဟာ နိုင်ငံကြီးကြီးသေးသေး ဘယ်နိုင်ငံနဲ့မဆို ဆောင်ရွက်ပြီး ပိုငြိမ်းချမ်းပြီး ပိုသာယာဝပြောတဲ့ ပိုပြီးတော့ တရားမျှတတဲ့ ပိုပြီးတော့ လွတ်လပ်တဲ့ ကမ္ဘာတစ်ခုအတွက် ဖြည့်ဆည်း ဆောင်ရွက်သွားမှာပါ။ အဲဒါအပြင် အမေရိကန်ဟာ နိုင်ငံတကာဥပဒေရဲ့ ၀တ္တရားတွေ သူ့နိုင်ငံပြည်သူတွေရဲ့ အခွင့်အရေးတွေကို လေးစားတဲ့ ဘယ်နိုင်ငံနဲ့မဆို မိတ်ဆွေဖြစ်သွားမှာပါ။
‘ဒီလိုနိုင်ငံကို ဒီလိုကမ္ဘာကို ဒီသမိုင်းဝင်မြို့မှာ ခင်ဗျားတို့ စတင်တည်ဆောက်နိုင်ပါတယ်။ အထီးကျန်နေခဲ့တဲ့ ‘ဒီနိုင်ငံဟာ ဖွံ့ဖြိုးမှုနဲ့ ဒီမိုကရေစီလက်ချင်းယှက်သွားနေတဲ့ ခရီးကို နောက်တစ်ကြိမ် သွားနေပြီဆိုတာနဲ့ နိဒါန်းသစ်တစ်ခုရဲ့ စွမ်းအားကို ကမ္ဘာကို ပြသနိုင်မှာပါ။ ‘ဒီနိုင်ငံမှာ ခင်ဗျားတို့ ခုဒီမှာထိုင်နေကြတဲ့ သူတွေလို အခွင့်အရေးကို မခံစားနိုင်တဲ့လူတွေ မရေမတွက်နိုင်အောင် ရှိနေတယ်ဆိုတာ သိထားပြီး ကျွန်တော်ပြောတာပါ။ လျှပ်စစ်မီးမရတဲ့ သူတွေ သန်းချီရှိနေပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရပြီး လွတ်မြောက်လာဖို့ စောင့်စားနေရတဲ့ လူတွေရှိနေဆဲပါ။ ဒုက္ခသည်တွေ၊ မျော်လင့်ချက်ဆိုတာ ဟိုးမိုးကုတ်စက်ဝိုင်းမှာရှိနေတဲ့ တစ်စုံတစ်ရာဖြစ်နေဆဲ ဒုက္ခသည် စခန်းတွေမှာ နေနေရတဲ့ အိုးမဲ့အိမ်မဲ့ ပြည်သူတွေရှိနေပါတယ်။
ဆင်းရဲနေကြတဲ့သူတွေ၊ ၀ိုင်းပယ်ခံထားရတဲ့သူတွေ၊ လက်လွတ်ဆုံးရှုံးသွားကြတဲ့သူတွေ၊ မေ့လျော့ခံထားရတဲ့ သူတွေ အပါအ၀င် ခင်ဗျားတို့နဲ့အတူ အမေရိကန် ရှိနေပါတယ်ဆိုတဲ့ ကျွန်တော့်ရဲ့ အသံကို လူတိုင်းက ကြားနိုင်မယ်လို့ ကျွန်တော်ဆိုချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာ ခင်ဗျားတို့အကြောင်းကို သယ်ဆောင်ထားပါတယ်။ ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ ခင်ဗျားတို့ရဲ့ မျော်လင့်ချက်တွေကို သယ်ဆောင်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ၂၁ ရာစုမှာ နည်းပညာ ကျယ်ပြန့်လာမှု၊ အတားအဆီးတွေ ပြိုလဲလာမှု၊ လွတ်လပ်မှုရဲ့ ရှေ့တန်းမျက်နှာစာတွေဟာ သူတို့အချင်းချင်းကြားမှာတင် ဖြစ်ထွန်းနေတာမဟုတ်ဘဲ နိုင်ငံတွေနဲ့ လူတစ်ဦးချင်းကြားမှာ ဖြစ်ထွန်းနေလို့ပါပဲ။
အကျဉ်းသားဟောင်းတစ်ဦးက သူ့နိုင်ငံသားတွေကို ပြောတဲ့အခါမှာ အခုလို ထည့်ပြောခဲ့ဖူးပါတယ်။ 'နိုင်ငံရေးဆိုတာ ခင်ဗျားတို့ရဲ့ အလုပ်ပဲ၊ နိုင်ငံရေးသမားတွေအတွက်တင် မဟုတ်ဘူး။' အမေရိကန်မှာ ကျွန်တော်တို့ ပြောလေ့ရှိတာက ဒီမိုကရေစီအတွက် အရေးကြီးဆုံး ရုံးဟာ နိုင်ငံသားတွေရဲ့ ရုံးပါ။ သမ္မတမဟုတ်သလို လွှတ်တော်ဥက္ကဋ္ဌလည်း မဟုတ်ပါဘူး။ ပြည်သူတွေပါ။
‘ဒီခရီးစဉ်ဟာ အလွန့်အလွန်ထူးခြားပြီး ခက်ခဲတဲ့ စိန်ခေါ်မှုပြင်းထန်တဲ့ တစ်ခါတစ်ရံမှာ စိတ်ရှုပ်စရာကောင်းလှတဲ့ ခရီးစဉ်လို့ ထင်ကောင်းထင်မှာပါ။ အဆုံးမှာတော့ လွတ်လပ်မှုဆိုတာ ဘာလဲလို့ အဓိပ္ပာယ်ဖွင့်ဆိုရမှာက ဒီနိုင်ငံရဲ့ နိုင်ငံသားတွေပါပဲ။ စစ်မှန်တဲ့ တော်လှန်ရေးစိတ်ဓာတ်ဆိုတာ ကျွန်တော်တို့ရဲ့ နှလုံးသားကိုယ်စီမှာ စတင်ခဲ့ကြတဲ့အတွက်ကြောင့် ခင်ဗျားတို့ဟာ လွတ်လပ်မှုကို ဖမ်းဆုပ်ရမယ့် သူတွေပါပဲ။ ခင်ဗျားတို့ရဲ့ ခေါင်းဆောင်များစွာက ပြသခဲ့ကြတဲ့ သတ္တိမျိုးကို လိုအပ်နေပါတယ်။
စိန်ခေါ်မှုကြီးတွေကတော့ ရှေ့ခရီးမှာ ရှိနေမှာပါ။ အပြောင်းအလဲရဲ့ အင်အားကို တောင့်ခံနေကြတဲ့ သူတွေလည်း ရှိနေမှာပါ။ ဒါပေမယ့် ဒီနိုင်ငံဟာ နောက်ပြန်မလှည့်နိုင်တော့တဲ့ တစ်စုံတစ်ရာ ဖြစ်နေတယ်ဆိုတာ ပြီးတော့ ဒီနိုင်ငံကို မြှင့်တင်နိုင်တဲ့ ပြည်သူတွေရဲ့ ဆန္ဒ၊ ကမ္ဘာအတွက် ဧရာမ ဥပမာတစ်ခု ဖြစ်လာမယ်ဆိုတဲ့ ယုံကြည်မှုနဲ့ ကျွန်တော် ဒီမှာရှိနေတာပါ။ အဲဒါတွေအပြင် ဒီခရီးရှည်ကြီးမှာ အမေရိကန်ဟာ ခင်ဗျားတို့နဲ့အတူ မိတ်ဖက်အဖြစ် ရှိနေမှာပါ။ ကျေးဇူးတင်ပါတယ်။(မြန်မာဘာသာဖြင့် ကျေးဇူးတင်ကြောင်းပြောကြား)
(Eleven Media Group: http://www.news-eleven.com/index.php?option=com_content&view=article&id=16464%3A2012-11-19-18-46-59&catid=42%3A2009-11-10-07-36-59&Itemid=112 )
Wednesday, 31 October 2012
မြန်မာအလုပ်သမားများ စုပေါင်းပြီး အဘိဓမ္မာတရားတော်များရွတ်ဖတ်ပူဇော်ပွဲကျင်းပ
     မြန်မာရွှေ့ပြောင်းအလုပ်သမားအဖွဲ့စည်းတွေ စုပေါင်းပြီး သီတင်းကျွတ်လပြည့်အဘိဓမ္မာတရားတော်
များရွတ်ဖတ်ပူဇော်ပွဲအခမ်းနားကို ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊မဟာချိုင်ဒေသ ဝပ်ထစ်ဘုန်းတော်ကြီး
ကျောင်းတွင် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့(31.10.2012)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
သီတင်းကျွတ်အဘိဓမ္မာတရားတော်များရွတ်ဖတ်ပူဇော်ပွဲအခမ်းအနား
     ဒီသီတင်းကျွတ်လပြည့်အဘိဓမ္မာတရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို နှစ်စဉ်ကျင်းပလာတာဖြစ်ပြီး
ဒီနှစ်ဟာဆိုရင် တတိယအကြိမ်မြောက်ပွဲကြီးဖြစ်ပါတယ်။ဒီပွဲကြီးကို ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်
သမားတွေက အလုပ်တွေမအားလပ်တဲ့ကြားကနေ ကိုယ့်လူမျိုး၊ကိုယ့်ဘာသာ၊ကိုယ့်ယဉ်ကျေးမှုကို ထိန်း
သိမ်းစောင့်ရှောက်တဲ့အနေနဲ့ ပင်ပန်းဆင်းရဲခံပြီး ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီသီတင်းကျွတ်အဘိဓမ္မာ
တရားတော်များရွတ်ဖတ်ပူဇော်ပွဲကို  မြန်မာလူငယ်အယောက်(၁၀၀)လောက်ဖြင့် ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။
     ထို့နောက် အခမ်းအနားကိုနေ့ညမရွေးတတ်အားသမျှ ကူညီပေးခဲ့သော လူကြီးများကိုလက်ဆောင်များ
ဖြင့် ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ပါသည်။အဘိဓမ္မာတရားတော်များ ရွတ်ဖတ်ပူဇော်ကြသော မြန်မာလူငယ်များကို
လည်း မှတ်တမ်းတင်ဂုဏ်ပြုလွှာကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
    ထိုအခမ်းအနားကို ဦးစီးကျင်းပကြသော အဘိဓမ္မာပြန့်ပွါးရေးအသင်းကြီးကလည်း  ဒီလိုအဘိဓမ္မာတရား
တော်များရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို  အလုပ်သမားများစုပေါင်းပြီး နောက်နှစ်စဉ်နှစ်တိုင်းကျင်းပ
ပြုလုပ်သွားမည်ဟု ပြောကြားသွားခဲ့ပါသည်။
Tuesday, 23 October 2012
ထိုင်းနိုင်ငံအတွင်း အလုပ်သမားလက်မှတ် မရှိသူများ ယခုနှစ်ကုန်ပိုင်းတွင် ဖမ်းတော့မည်
အောက်တိုဘာလ ၂၃ ရက် ၂၀၁၂၊ စဖန်းရှောင်း (ကေအိုင်စီ)
ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများအနေဖြင့် အလုပ်သမားလက်မှတ် မရှိ သူများ ယခုနှစ်ကုန်ပိုင်းတွင် ဖမ်းဆီးတော့မည်ဖြစ်ပြီး အလုပ်လုပ်ခွင့်လက်မှတ်(work permit) အမြန်ဆုံးလုပ် ကြရန် မဲဆောက်မြို့ရှိ အလုပ်သမားရုံးရှေ့တွင် ထိုင်းအာဏာပိုင်များက အသိပေးထားကြောင်း သိရသည်။
မဲဆောက်အခြေစိုက် အလုပ်သမားအရေးကို ကူညီဆောင်ရွက်ပေးနသည့် ရောင်ခြည်ဦးအလုပ်သမားကူညီ စောင့်ရှောက်ရေးအဖွဲ့မှ ဥပဒေရေးရာတာဝန်ခံ ကိုထွေးနိုင်က “ထိုင်းအစိုးရက သူတို့နိုင်ငံမှာ အလုပ်လာလုပ်တဲ့ အလုပ်သမားတွေဟာ Work Permit လုပ်ရမယ်။ မလုပ်ရင် ဒီနှစ်ကုန်ပိုင်းမှာ စဖမ်းမယ်။ အခြား ဘာလက်မှတ် ကိုင်ဆောင်ထားပါစေ Work Permit မရှိရင် ဖမ်းဖို့ ထုတ်ပြန်ထားတာရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ဆက်လက်၍ အလုပ်လုပ်ခွင့် Work permit ရှိသူများအနေဖြင့် ယခု အောက်တိုဘာလ ၁၄ ရက်နေ့တွင် နောက်ဆုံး သက်တမ်းတိုးရန် သတ်မှတ်ထားပြီး သက်တမ်းမတိုးမိသူများ၊ Work permit မရှိသူများနှင့် စာရွက် စာတမ်းအခိုင်အလုံ မရှိသူအားလုံးကို လာမည့် ဒီဇင်ဘာလ၊ ၁၄ ရက်နေ့အထိ နောက်ဆုံးထားကာ ထိုင်းအစိုးရ က ဖမ်းဆီးအရေးယူသွားမည်ဟု ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း ကိုထွေးနိုင်က ဆိုသည်။
ထိုသို့ အလုပ်သမားလက်မှတ် ပြုလုပ်ထားခြင်းမရှိဘဲ စစ်ဆေးတွေ့ရှိသူများကို ထိုင်းဥပဒေ ပုဒ်မ BE2522 (ဘီအီး၂၅၂၂)အရ ဒဏ်ငွေအဖြစ် ထိုင်းဘတ်ငွေ ၅,၀၀၀ (ငါးထောင်)နှင့် ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချ မှတ်ခံရနိုင်သည်ဟု သိရသည်။
မဲဆောက်တွင် လာရောက်အလုပ်လုပ်ကိုင်သူ မြန်မာအလုပ်သမားတစ်ဦးက “အရင်က အထောက်အထား တစ်ခုရှိရင်ရတယ်။ ပိုက်ဆံလည်း ကုန်ပေါင်းမနည်းတော့ဘူး။ အခုက အဲဒီဟာတွေနဲ့ မရတော့ဘူးဆိုတော့ သူတို့(ထိုင်းအစိုးရ)ပြောသလို လုပ်ရတော့မှာပေါ့”ဟု ပြောသည်။
၎င်းအပြင် အလုပ်လုပ်ခွင့် Work permit ပြုလုပ်ရာတွင် အချို့မှာ ပွဲစားများမှတဆင့် ပြုလုပ်ရာတွင် ပိုမိုကုန်ကျ မှုများရှိပြီး သတ်မှတ်ချက်အရ ၆ လစာ သက်တမ်းအတွက် ဘတ်ငွေ ၁,၀၀၀ (တစ်ထောင်)နှင့် ဆေးစစ်ခ တစ်နှစ်စာအတွက် ဘတ်ငွေ ၁,၉၀၀(တစ်ထောင့်ကိုးရာ) ကုန်ကျမည်ဟု ရောင်ခြည်ဦးအလုပ်သမား ကူညီ စောင့်ရှောက်ရေးအဖွဲ့က ပြောဆိုသည်။
တဆက်တည်းမှာပင် Work permit ပြုလုပ်ရာတွင် ထိုင်းနိုင်ငံအတွင်း နေထိုင်ကြောင်းထောက်ခံစာ၊ ဆေးရုံ တစ်ခုခုထောက်ခံပေးသော ဆေးထောက်ခံစာနှင့်အတူ အလုပ်ရှင်၏ထောက်ခံချက်များ မဖြစ်မနေပါရှိရမည် ဖြစ်သည်ဟုလည်း ကိုထွေးနိုင်က ပြောသည်။
ထိုင်းနိုင်ငံတွင် ယာယီ နိုင်ငံကူးလက်မှတ်အပြင် အလုပ်သမားလက်မှတ်(Work permit) ကိုင်ဆောင်သူများ အနေဖြင့် ပုံမှန် ရက် ၉၀ သက်တမ်းကို အချိန်မှီ တိုးရမည်ဖြစ်ပြီး ပျက်ကွက်ပါက ဒဏ်ငွေအဖြစ် ဘတ်ငွေ ၁,၀၀၀ မှ ၅၀၀၀ အထိ ပေးဆောင်ရနိုင်သည်ဟု သိရသည်။
kic
ရွှေ့ပြောင်းလုပ်သား သားသမီးများ မြန်မာပြည်တွင် ပညာသင်နိုင်ရေး စီစဉ်မည်
ပထမအကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားအရေး အလုပ်ရုံဆွေးနွေးပွဲတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဆွေးနွေးစဉ် (ဓာတ်ပုံ – မေစစ်ပိုင် / ဧရာဝတီ)
နိုင်ငံရပ်ခြားတွင် ကာလကြာမြင့်စွာ နိုင်ငံရပ်ခြားတွင် သွားရောက်နေထိုင် အလုပ်လုပ်နေသည့် မြန်မာ ရွှေ္ပ္ပ့ပြောင်း အလုပ်သမားများ၏ သားသမီးများ ပြည်တွင်းတွင် ပညာပြန်လည် သင်ကြားနိုင်ရန် အဆင်ပြေနိုင်မည့် နည်းလမ်းများဖြင့် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်ပနိုင်ငံ အရပ်ရပ်တွင် ရောက်ရှိနေသည့် ရွှေ့ပြောင်း အလုပ်သမားများ၏ သားသမီးများသည် မိခင်နိုင်ငံနှင့် ကာလကြာမြင့်စွာ ဝေးကွာနေသည့်အတွက် ဘာသာစကား၊ ယဉ်ကျေးမှုတို့တွင် အခက်အခဲ ပြဿနာများ ရှိနိုင်သဖြင့် အဆင်ပြေနိုင်မည့် နည်းလမ်းများကို စီစဉ်ပေးမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၂ ရက်က တက္ကသိုလ် စိန်ရတု
ခန်းမတွင် ပြုလုပ်ခဲ့သည့် မြန်မာရွှေ့ပြောင်း လုပ်သားများဆိုင်ရာ ပထမအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲ၌ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့်က ပြောသည်။
“မိဘတွေက ရွှေ့ပြောင်း လုပ်သားတွေအဖြစ် နှစ် ၂၀၊ ၃၀ လောက် ကိုယ့်နိုင်ငံနဲ့ ဝေးနေတော့ ကလေးတွေရဲ့ ပညာရေး စနစ်က ပြဿနာရှိနေတာကြောင့် သူတို့တွေရဲ့ ပညာရေး အပါအဝင် လူမှုဘဝ တိုးတက်ရေးတွေကို အဆင်ပြေစေမယ့် နည်းတွေနဲ့ စီစဉ်ဖို့ရှိတယ်” ဟု သူက ဆိုသည်။
ပြည်တွင်းတွင် အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေ နည်းပါးသဖြင့် ဝင်ငွေပိုမို ရရှိနိုင်သည့် ပြည်ပ အလုပ်အကိုင်များသို့ နည်းမျိုးစုံဖြင့် ရွှေ့ပြောင်းလုပ်ကိုင်နေကြသော အလုပ်သမား အများစုမှာ အခွင့်အရေး အပြည့်အဝ မရရှိခြင်း၊ ခေါင်းပုံဖြတ် ခံရခြင်း၊ ညှဉ်းပန်းနှိပ်စက် ခံရခြင်း စသည်ဖြင့် ကြုံတွေ့နေရသော်လည်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့ အထိ ဝန်ကြီးဌာန စာရင်းများအရ ရွှေ့ပြောင်းအလုပ်သမား ဦးရေ ၃ သန်းနီးပါးအထိ ရှိနေကြောင်း သိရသည်။
ထို့ကြောင့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ဖြစ်ပေါ်ခံစားနေရသည့် ပြဿနာများ ပြေလည်နိုင်စေရန် ပြည်ပ အလုပ်အကိုင် အေဂျင်စီများစုပေါင်းကာ အသင်းတခုဖွဲ့စည်း၍ သက်ဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယင်းသို့ ဖွဲ့စည်းလိုက်မည် ဆိုပါက အစိုးရဌာနမှ ဖြေရှင်းနေရသည့် ပြဿနာများကို အေဂျင်စီများက သက်ဆိုင်ရာ နိုင်ငံအလိုက် အသင်းကိုယ်စားလှယ်များ ထားရှိ၍ လုပ်သားစေလွှတ်ရာတွင် မှန်ကန်မှုရှိ မရှိ စိစစ်နိုင်မည် ဖြစ်သည့်အပြင် လုပ်သားများ၏ အခက်အခဲ ပြဿနာများကို ထိထိရောက်ရောက် ဖြေရှင်း နိုင်မည်ဟု ယူဆကြောင်း၊ လက်ရှိတွင် ပြဿနာများကို သက်ဆိုင်ရာ နိုင်ငံအလိုက် မြန်မာသံရုံးကိုယ်စားလှယ်များ ထားရှိကာ ဆောင်ရွက် နေသော်လည်း ဖြေရှင်းရမှု များပြားသဖြင့် ကြန့်ကြာခြင်း ရှိနေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောသည်။
Today Top Star ပြည်ပ အလုပ်အကိုင် အေဂျင်စီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ ဒေါက်တာ ဒေါ်ဝါဝါစိန်ကလည်း “လုပ်သားတွေက နိုင်ငံတကာမှာ ဆိုတော့ သူတို့အတွက် လုံခြုံ စိတ်ချရမှုက အရေးပါတယ်။ ရွှေ့ပြောင်း လုပ်သားတွေတင် မဟုတ်ဘဲ သူတို့ရဲ့ ရင်သွေးတွေ အတွက်ကိုပါ ထည့်စဉ်းစား သင့်တယ်။ နှစ်နိုင်ငံ ညှိနှိုင်းဖို့ လိုတယ်” ဟု ဆိုသည်။
မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ပြည်ပနိုင်ငံများသို့ သွားရောက်ရာတွင် သက်ဆိုင်ရာ နိုင်ငံအလိုက် မြန်မာသံရုံး ကိုယ်စားလှယ်များ၏ ဖုန်းနံပါတ်၊ fax နံပါတ်၊ လိပ်စာတို့ကို ပြည်တွင်းမှ မထွက်ခွာမီ ပေးထားမည် ဆိုပါက ပြဿနာ တစုံတရာ ရှိလာချိန်တွင် တိုင်ကြားရန် လွယ်ကူမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ၏ နည်းအမျိုးမျိုးဖြင့် နှိပ်စက်ခြင်းကို ခံနေရခြင်း၊ နိုင်ငံသား မှတ်ပုံတင်၊ နိုင်ငံကူးလက်မှတ် စသည့် အထောက်အထားများကို လုပ်ငန်းရှင်က သိမ်းယူထားခြင်း၊ လိင်မှု စော်ကားခံရခြင်း စသည့် အခြေအနေများ ရှိနေသည့်အတွက် ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးကို အပြည့်အဝ ကာကွယ်ရန် လိုအပ်နေကြောင်း သိရသည်။
“အထောက်အထားတွေ မရှိတဲ့ အလုပ်သမားအချင်းချင်း ယူပြီး မွေးလာတဲ့ ကလေးကို မြန်မာနိုင်ငံ ကလည်း မွေးစာရင်း မပြနိုင်တော့ လက်မခံဘူး၊ အလုပ်လုပ်နေတဲ့ နိုင်ငံကလည်း နိုင်ငံသားအဖြစ် လက်မခံတော့ ကလေးက ဘယ်နိုင်ငံသားမှန်း မသိတဲ့ အခြေအနေတွေ ရှိတယ်” ဟု မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူ ကိုရှိုင်းက ပြောသည်။
ပြည်တွင်းရှိ အေဂျင်စီများက လုပ်သားစေလွှတ်ရာတွင် ဌာနကို မတင်ပြဘဲ တရားမဝင် ပို့ခြင်း၊ အလုပ်စာချုပ်ထဲတွင် ပါရှိသည့် အချက်အလက်များနှင့် လက်တွေ့ အခြေအနေ ကွဲပြားနေခြင်း၊ အခြေခံ ဝန်ဆောင်မှု စရိတ်ကို လုပ်သား၏ လေးလစာထက် ပိုမို တောင်းခံခြင်းများ ရှိနေပါက စိစစ်ကာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွှေ့ပြောင်း လုပ်သား ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ခင်နွေဦးက ဆိုသည်။
ပြည်ပ အလုပ်အကိုင် အေဂျင်စီများသည် ပြည်ပ အလုပ်အကိုင် ကြော်ငြာခေါ်ယူပါက အလုပ်သမား ဝန်ကြီးဌာန၏ ခွင့်ပြုမိန့် ရှိမှသာ ကြော်ငြာရမည်ဟု စည်းကမ်းချက် ထုတ်ပြန်ထားသော်လည်း ခွင့်ပြုချက် မရှိဘဲ လုပ်သား ကြော်ငြာ ခေါ်ယူနေသည့် အေဂျင်စီများ ရှိနေကြောင်း သူကဆက်ပြောသည်။
ရွှေ့ပြောင်းလုပ်သားများ အနေဖြင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ရာတွင် တရားဝင် နည်းလမ်းဖြင့် သွားရောက်ကြရန် လိုအပ်ကြောင်း၊ အလုပ်အကိုင် အေဂျင်စီများအနေဖြင့် ပြည်ပ လုပ်သား စေလွှတ်ရာတွင် မသမာသော နည်းများဖြင့် ဆောင်ရွက်မှုများ မပြုလုပ်သင့်ကြောင်း၊ သို့မှသာ ပြည်ပနိုင်ငံများတွင် ဖြစ်ပေါ်နေသော မြန်မာရွှေ့ပြောင်း လုပ်သားများ၏ ပြဿနာတချို့ ပြေလည်သွားနိုင်မည် ဖြစ်ကြောင်း ဒေါ်ခင်နွေဦးက သုံးသပ်သည်။
စင်ကာပူနိုင်ငံသို့ တရားမဝင် နည်းလမ်းဖြင့် အိမ်အကူ သွားရောက် လုပ်ကိုင်နေသည့် အလုပ်သမ အများစုမှာ အသက်မပြည့် သူများ ဖြစ်နေသည့်အတွက် ယင်းနိုင်ငံသို့ အေဂျင်စီများမှ တဆင့် အိမ်အကူအလုပ်အတွက် စေလွှတ်မည် ဆိုပါက သက်ဆိုင်ရာ ဌာနနှင့် ညှိနှိုင်းသင့်ကြောင်း၊ ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများ အများဆုံး တွေ့ကြုံနေရသည့် ယာယီနိုင်ငံကူးလက်မှတ် သိမ်းဆည်းခြင်းကို လုပ်ငန်းရှင်များ မလုပ်နိုင်ရန် အလုပ်သမား ဝန်ကြီးဌာနက ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာ အစိုးရဌာနသို့ ညွှန်ကြားထားကြောင်းနှင့် ရွှေ့ပြောင်း မြန်မာ အလုပ်သမားများ တိုးတက်မှု မှတ်တမ်းကို အလုပ်သမား ဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံရှိ တီမားဆက် ဖောင်ဒေးရှင်းတို့ ပူးပေါင်း စီစဉ် ရေးဆွဲလျှက် ရှိကြောင်း သိရသည်။
“စင်ကာပူနိုင်ငံကို သက်ဆိုင်ရာက အိမ်ဖော် စေလွှတ်ခွင့်မပြုထားပေမယ့် အဲဒီမှာ မြန်မာအိမ်ဖော်တွေ အများကြီးပဲ။ အစိုးရ အနေနဲ့ မြန်မာ အလုပ်သမားတွေနဲ့ သင့်လျော်မယ့် နိုင်ငံသစ်တွေမှာ အလုပ်လုပ်ကိုင်ခွင့် ပြုဖို့ လိုပါတယ်” ဟု သုခစုစံ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ ဒါရိုက်တာ ဦးချမ်းသာက ပြောသည်။
လက်ရှိတွင် အေဂျင်စီများ အနေဖြင့် ထိုင်းနိုင်ငံသို့ လုပ်သားတင်ပို့ရာတွင် ယင်း နိုင်ငံရှိ အေဂျင်စီများမှတဆင့် ဆောင်ရွက် နေရပြီး လုပ်ငန်းရှင်များနှင့် တိုက်ရိုက် ဆက်သွယ်ရခြင်း မရှိသည့်အတွက် မြန်မာ အေဂျင်စီများ အနေဖြင့် လုပ်ငန်း ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိနေကြောင်း သူက ဆိုသည်။
ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်ကြသူ အများစုသည် စက်ရုံများ၊ ကုမ္ပဏီများ၊ အထည်အလိပ် လုပ်ငန်းများ၊ စားသောက်ဆိုင်များနှင့် ဟိုတယ်များတွင် လုပ်ကိုင်ကြကြောင်း သိရသည်။
လက်ရှိ မြန်မာရွှေ့ပြောင်း လုပ်သားများမှာ ထိုင်းနိုင်ငံတွင် ၂ ဒဿမ ၄သန်း၊ မလေးရှားတွင် တသိန်းကျော်၊ ဂျပန်တွင် ၁၅၀၀၀ ဦးရေ၊ ဘင်္ဂလားဒေ့ရှ်တွင် ဦးရေ ၂၀၀၀၀ မှ ၁ သိန်းကြား၊ ကိုရီးယားတွင် ဦးရေ ၄၀၀၀ မှ ၁၀၀၀၀ ကြား သွားရောက် လုပ်ကိုင်နေပြီး တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ယူနန် ပြည်နယ်တို့တွင် လုပ်ဆောင် နေသော်လည်း ယင်းနိုင်ငံများသို့ သွားရောက် လုပ်ကိုင်နေသည့် မြန်မာလုပ်သား စာရင်းမှာ အတိအကျ သိရခြင်း မရှိသေးကြောင်း အလုပ်သမား ဝန်ကြီး ဌာနမှ သိရသည်။
မြန်မာနိုင်ငံ ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ဖြင့် ရွှေ့ပြောင်း အလုပ်သမားများနှင့် သက်ဆိုင်သော သတင်း အချက်အလက်များနှင့် လုပ်သားဈေးကွက်၊ လုပ်သားများ အပေါ် ထိထိရောက်ရောက် ကာကွယ်ပေး နိုင်မည့် အစီအမံများ၊ လုပ်သားများ လွတ်လပ်စွာ ရွှေ့ပြောင်းနေထိုင်ခွင့် ရစေရေး စသည်တို့ကို သက်ဆိုင်ရာက ဆောင်ရွက်လျှက် ရှိကြောင်း၊ မြန်မာရွှေ့ပြောင်း လုပ်သားများသည် မိမိတို့ သွားရောက် လုပ်ကိုင်သည့် နိုင်ငံတွင် ပြဿနာများ ဖြစ်ပေါ်လာပါက အလုပ်သမား ဝန်ကြီးဌာနသို့ အွန်လိုင်းမှဖြစ်စေ၊ ဌာန၏ ဖုန်းများသို့ဖြစ်စေ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။
ဧရာဝတီ
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes