Tuesday, 4 September 2012
ပြည်ထောင်စုဝန်ကြီးဌာန ၃၆ ခု လွှတ်တော်တွင် အတည်ပြု
ကာကွယ်ရေးဝန်ကြီးအဖြစ် ဒု ဗိုလ်ချုပ်ကြီး ဝေလွင်ကို ခန့်အပ်ရေး လာမည့် စက်တင်ဘာ ၇ ရက်နေ့၌ ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးမည် (ဓာတ်ပုံ – ဧရာဝတီ)
  သမ္မတ ဦးသိန်းစိန် အဆိုပြုထားသည့် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာန ၃၆ ခုထားရှိရေးကို ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ကာ အတည်ပြုလိုက်သည်။လွှတ်တော်ကိုယ်စားလှယ် ၉ ဦးက ဆွေးနွေးကြပြီး ထောက်ခံမဲ ၅၁၁ မဲ၊ ကန့်ကွက်မဲ ၄၉မဲ၊ ကြားနေမဲ ၄၀ ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။
အစိုးရသစ် စတင်ဖွဲ့စည်းစဉ်က ၀န်ကြီးဌာန ၃၄ ခုဖြင့် ဖွဲ့စည်းပြီး ၀န်ကြီးဦးရေ ၃၀ ခန့်အပ်ကာ တာဝန်ပေး လုပ်ဆောင်စေခဲ့သော်လည်း မကြာသေးမီက သဘောထားတင်းမာသည့် ၀န်ကြီးတချို့ကို ဖယ်ရှားကာ အစိုးရအဖွဲ့ကို အသစ်ပြန်လည် ပြုပြင်ဖွဲ့စည်းခဲ့သည်။
       သမ္မတရုံး ၀န်ကြီးဌာနကိုလည်း ပြည်တွင်း ငြိမ်းချမ်းရေးနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကဏ္ဍများတွင်
တိုးတက်စေရန်အတွက် မူလ နှစ်ဌာနအပြင် နောက်ထပ် ၄ ခု တိုးချဲ့ကာ ၆ ဌာန အထိ ဖွဲ့စည်းခဲ့သည်။
အဆိုပါ သမ္မတရုံး ၀န်ကြီးဌာန ၆ ခု၏ တာဝန်မှာ ငြိမ်းချမ်းရေး၊ ၀န်ကြီးဌာနအချင်းချင်း ဆက်သွယ်ရေး၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုနှင့် ပတ်သက်ပြီး စီမံခန့်ခွဲရေးတို့ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်က ဆိုသည်။
“၂၀၁၃ ဆီးဂိမ်းမှာ အောင်မြင်စွာ ဆောင်ရွက်ဖို့ရယ် ၂၀၁၄ ခုနှစ်မှာ စတင်မယ့် အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို သီးခြားဆောင်ရွက်ဖို့တွေ ရှိတာကြောင့် ဖွဲ့စည်းရတယ်လို့ ဆိုပါတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သမ္မတရုံးဝန်ကြီးများအဖြစ် မီးရထားဝန်ကြီး ဦးအောင်မင်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှု ၀န်ကြီး ဦးတင်နိုင်သိန်း၊ ဘဏ္ဍာရေးအခွန် ၀န်ကြီး ဦးလှထွန်းတို့ ၄ ဦးကို ထပ်မံခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
      ထို့အပြင် ဗိုလ်ချုပ် သိန်းဌေး တာဝန်ယူသည့်  မြန်မာ့စက်မှုဖွံဖြိုးရေး ၀န်ကြီးဌာနကို ဖျက်သိမ်းခဲ့ပြီး လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန အမှတ် (၁) နှင့် (၂) ကိုလည်း ပြန်လည်ပေါင်းစည်းကာ ၀န်ကြီးတဦးတည်းမှ ကိုင်တွယ်စေခဲ့သည်။ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန၊  အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှု ၀န်ကြီးဌာန နှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန၊ အလုပ်သမား ၀န်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာနကဲ့သို့ ၀န်ကြီးတဦးတည်းမှ ပူးတွဲတာဝန်ယူရသည့် ၀န်ကြီးဌာနများကိုလည်း ခွဲထုတ်ကာ ၀န်ကြီးတဦးချင်း သီးသန့်တာဝန်ယူစေသည်။
ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး လှမင်း၏ နေရာတွင် တပ်မတော် စစ်ထောက်ချုပ် ဒု ဗိုလ်ချုပ်ကြီး ဝေလွင်ကို အစားထိုးရေး ခန့်အပ်ရေးနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ် အသစ်အဖြစ် လက်ရှိ သတ္ထုတွင်းဝန်ကြီး ဦးသိန်းထိုက်တို့ကို ခန့်အပ်ရေးအား လာမည့်သောကြာနေ့တွင် ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးရန်ရှိကြောင်း ဦးဖုန်းမြင့်အောင်က ပြောသည်။
Ref, ဧရာဝတီသတင်းဌာန
Sunday, 12 August 2012
M.W.R.N အဖွဲ့၏ စတုတ္ထကြိမ်မြောက် သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းဝေး
အစည်းဝေးတက်ရောက်လာသောအဖွဲ့ဝင်များ
           ယနေ့(၁၂.၀၈.၂၀၁၂)ရက်နေ့တွင်    ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက်အခွင့်ရေး
ကွန်ယက်(M.W.R.N) အဖွဲ့မှ ကြီးမှူးကျင်းပသောစတုတ္ထအကြိမ်မြောက်  အသင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေးကြီးကို ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့၊ မူစီရပ်ကွက်ရှိ ဝပ်ထစ်ဘုန်းတော်ကြီးကျောင်းတွင် နံနက် ၈ နာရီမှစတင်ကျင်းပခဲ့ပါသည်။ထိုအစည်းဝေးသို့အသင်းသူ၊အသင်းသား(၁၃၀)နှင့်ဧည့်သည်တော်(၁၅၀)
လောက်တက်ရောက်ခဲ့ပြီး ဧည့်သည်တော်များအထဲမှ  အသင်းသားအသစ်(၈၀)ယောက်အားလက်ခံရရှိခဲ့
ပါသည်။
           ထိုအစည်းဝေးသို့ မဟာချိုင်ခြေစိုက် လူခွင့်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖေါင်ဒေရှင်း(H.R.D.F) မှဝန်ထမ်းများ၊ ချင်းမိုင်မြို့မှ ရွှေပြောင်းအလုပ်သမားများညီညွတ်ရေးအဖွဲ့(M.W.F)များနယ်မြေ
အသီးသီးမှ (M.W.R.N)အဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။  အစည်းဝေးမစတင်ခင် မြန်မာတိုင်းရင်း သားများ အကဖြစ်သော စည်းလုံးခြင်းသီချင်းအက၊ ပုဂံအက ရွှေရိုးအကများနှင့်  ကပြဖျော်ဖြေခဲ့ပါသည်။ အစည်းဝေး၌ ဦးအောင်ကျော်မှ အဖွင့်အမှာစကားပြောကြားရာတွင်တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာ
စုပေါင်းပြီးအဖွဲ့အားရေရှည်တည်တန့်ရန်အတွက် တက်ညီလက်ညီလုပ်ဆောင်သွားရန်နှင့် အဖွဲ့ဝင်နှင့်ကော်မတီများအစဉ်အမြဲဆက်သွယ်ပြီး လုပ်ဆောင်သွားရန် တိုက်တွန်းပြောဆိုခဲ့ပါသည်။ ထို့နောက် တနှစ်တာလုပ်ဆောင်ချက်များနှင့် ငွေစာရင်းရှင်းတမ်းများကိုလည်း တာဝန်ရှိသူများကတပြိုင်
တည်း ရှင်းလင်းသွားခဲ့သည်။ထို့နောက် တနှစ်တာအလုပ်အမှုဆောင်ကော်မတီ (၃၀) ဦးကိုလည်း 
 ရွေးချယ်ခန့်အပ်ခဲ့သည်။ 
အစည်းဝေးမှတင်မြှောက်လိုက်သောကော်မတီဝင်များ
Monday, 23 July 2012
မြန်မာသမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အပေါ် MWRN သဘောထားထုတ်ပြန်ချက်
 ၂၂.၇.၂၀၁၂ရက်နေ့တွင်ထိုင်းနိုင်ငံသို့ရောက်ရှိလာသော မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်၏
ခရီးစဉ်နှင့်ပက်သက်၍ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားများအခွင့်အရေးကွန်ယက်MWRN           အနေဖြင့် သဘောထားကြေငြာချက်အား ၂၃ . ၇ .၂၀၁၂ ရက်နေ့တွင်ထုတ်ပြန်ကြေငြာ လိုက်ပါသည်။
       ထိုင်းနိုင်ငံ၏ဖိတ်ခေါ်မှုဖြင့်ထိုင်းနိုင်ငံသို့ရောက်ရှိလာသောပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
သမ္မတကြီးဦးသိန်းစိန်နှင့်အဖွဲ့အား ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားမျာအခွင့်ရေးကွန်ယက်
M W R N နှင့်ရွှေ့ပြောင်းအလုပ်သမားများမှလှိုက်လဲဝမ်းသာစွာကြိုဆိုပါသည်။
        ယ္ခုလက်ရှိထိုင်းနိုင်ငံအတွင်းရောက်ရှိ၍ အလုပ်အကိုင်များကိုရှာဖွေလုပ်ကိုင်နေကြရသော
 မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမားမျာအနေဖြင့် အမိနိုင်ငံ၏အလုပ်အကိုင်ရှားပါးမှုနှင့်စီးပွားရေး
 အခတ်ခဲများကြောင့်သူတစ်ပါးနိုင်ငံမှာဖိနှိပ်မှုများကြားမှလာရောက်လုပ်ကိုင်နေရသည်ကိုလည်း
 နားလည်သဘောပေါက်စေလိုပါသည်။
  ထိုင်းနိုင်ငံသို့လာရောက်အလုပ်လုပ်ကိုင်နေသောရွှေ့ပြောင်းအလုပ်သမားမိသားစုဝင်အများစုမှာ ထိုင်းနိုင်ငံမှထုတ်ပြန်ထားရှိသောအလုပ်သမားအခွင့်ရေးဆိုင်ရာကာကွယ်စောင့်ရှောက်မှုများအပြည့်ဝ   ရရှိမှုမရှိခြင်း ထိုင်းအာဏာပိုင်အဖွဲ့စည်း   တစ်ချို့၏    မတရားအနိုင်ကျင့်ခြင်း         ပွဲစားများ၏ လိမ်လည်မှု အနိုင်ကျင့်မှုများကိုလည်းအခက်ခဲအမျိုးမျိုးဖြင့်ခံစားရခြင်း။ယာယီနိင်ငံကူးလက်မှတ်များကိုပြုလုပ်ဆောင်ရွက်ပေးနေသော်လည်းလိမ်လည်မှုများနှင့်ကြုံတွေနေရပြီးခိုင်မာသည့် ဥပဒေ၏ ကာကွယ်ဆောင့်ရှောက်မှုမရရှိခြင်း၊ ယာယီနိုင်ငံကူးလက်မှတ်များအ ဆမတန်ဈေးနှုံးများကြီးခြင်း လူကုန်ကူးမှုအားအဓိကထားတိုက်ဖျက်နေပြီဆိုသော်လည်းတရားမဝင်ထိုင်းနိုင်ငံအတွင်းသို့ဝင်ရော က်လာသူများတနေ့တခြားများပြားလာပြီးလူအခွင့်ရေး မကြာခဏချိုးဖေါက်ခြင်းများကြုံတွေ့ရင်ဆိုင်နေရသည်ကိုလည်းဥပဒေမဲ့စွာမြင်တွေ့နေရခြင်း၊အချို့သောမိသားစုဝင်များသည် စီးပွားရေးအလွန်ချို့တဲ့နွမ်းပါးလွန်းသောကြောင့်အသက်မပြည့်သေးသည့်ကလေးငယ်များပင်လူကြီးမျာနှင့်တန်းတူလုပ်ငန်းခွင်များတွင်လုပ်ကိုင်နေရခြင်း၊ကလေးသူငယ်များ၏ကျန်းမာရေးပညာရေးများထိခိုက်နစ်နာနေရခြင်းများကိုလည်းနေရာဒေသအတော်များများတွင်တွေ့ရှိနေရပါသည်။
     အထက်ပါ ကိစ္စရပ်များကိုပြေလည်စေရန် မြန်မာနိုင်ငံမှလာရောက်အလုပ်လုပ်ကိုင်နေသော
ရွှေ့ပြောင်းအလုပ်သများ၏အခွင့်ရေးများဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်မှုရရှိပြီး ဘဝရှင်သန်
တိုးတက်ရေးအတွက် ထိုင်းနိုင်ငံကိုရောက်ရှိနေသောပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတကြီးနှင့်တာဝန်ရှိသူအဆင့်ဆင့်မှထိုင်းနိုင်ငံအစိုးရတာဝန်ရှိသူများမှအတူတကွအလေးနက်ထားဆွေးနွေးဆောင်ရွက်ပေးပါရန်ထိုင်းနိုင်ငံရောက်ရွှေပြောင်းအလုပ်သမားများကိုယ်စားရွှေ့ပြောင်းအလုပ်သမားများခွင့်ရေးကွန်ယက်MWRN မှ  သဘောထားကိုထုတ်ပြန်ကြေငြာအပ်ပါသည်။
                                                                                          စာအမှတ်။  ၁ / 2012
                                                                                          ရက်စွဲ ။   ၂၃ . ၇  .၂၀၁၂                                                                       ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားမျာအခွင့်ရေးကွန်ယက်M W R N
Sunday, 15 July 2012
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများမှ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအား ကျပ်ငွေ သိန်း၄၀ သွားရောက်လှူဒါန်း
  မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်ရှိသော ဒုက္ခ သည်များအား ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သ မားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများမှ စုပေါင်း၍ သက်ဆိုင်ရာနယ်မြေအသီးသီးမှ ဘာသာရေး လူမှုရေးအသင်းဖွဲ့များနှင့်တိုင်ပင်ဆွေးနွေးကာဇွန်လနောက်ဆုံးအပါတ်မှစတင်အကောင်ထည်ဖေါ် ဆောင်ရွက်ခဲ့
သည်။ အလှူငွေများကို 3.7.2012 ရက်နေ့တွင် စာရင်းပိတ်လက္ခံခဲ့ပြီး ရှိငွေ (149633) ဘတ် မြန်မာငွေ ကျပ်
သိန်း ၄၀ တိတိကို ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူ နာရေးကူညီမှုအသင်း (ရန်ကုန်)ထံသို့ 8.7.2012 နေ့တွင်
သွားရာက်လှူဒါန်ခဲ့သည်။
၁၀ နာရီတွင် ကိုကျော်သူထံသို့သွားရောက်လှူဒါန်ခဲ့သည်။
မြန်မာငွေ ကျပ် သိန်း ၄၀ အားလှူဒါန်းနေပုံ
နာရေးကူညီမှုအသင်း၏ ဂုဏ်ပြုမှတ်တမ်း
ရခိုင်ဒုက္ခသည်များအားလာရောက်လှူဒါန်းခဲ့သောအလှူငွေစာရင်း
စဉ်
နေ့စွဲ
ကောက်ခံသည့်နယ်မြေ
ကောက်ခံသူ
လက်ခံသူ
အပ်နှံငွေ
1
7/1/2012
M.W.R.N (စာကြည့်တိုက်)
ဦးမြင့်အောင်
ဦးမြင့်အောင်
1967
2
7/1/2012
မူစီ(KF food)
မူစီလူငယ်များအဖွဲ့
ဦးမြင့်အောင်
14570
3
7/1/2012
INDEX
မစန်းစန်းအေး
ဦးမြင့်အောင်
8024
4
7/1/2012
နလုံဆီးဖု
မလှိုင်ဦး
ဦးမြင့်အောင်
1720
5
7/1/2012
KF FOOD
မခိုင်ခိုင်ဦး
ဦးမြင့်အောင်
1530
6
7/1/2012
ဘန်ပါဟောင်းမိုင်အဖွဲ့
ဒေါ်သန်းသန်းဝင်း
ဦးမြင့်အောင်
4980
7
7/1/2012
ကီလို12
ကိုရဲထက်
ဦးမြင့်အောင်
1905
8
7/1/2012
ကော့စမွတ်
ကိုချစ်စံ
ဦးမြင့်အောင်
5630
9
7/1/2012
ဝပ်ကေသွန်
ကိုဘိုဝင်း+ကိုထွန်းလင်း
ဦးမြင့်အောင်
18162
10
7/1/2012
စိန်ထောင်ရုံ
ကိုသားငယ်
ဦးမြင့်အောင်
2715
11
7/1/2012
အများစုပေါင်း
မောင်ဇော်
ဦးမြင့်အောင်
21993
12
7/1/2012
ထိုင်းယူနစ်နယ်မြေ
ကိုမောင်ခိုင်။မအေးအေးဝင်း
ဦးမြင့်အောင်
4665
13
7/1/2012
ထိုင်းလုံစီအလုပ်ရုံ
ကျော်လှမင်း
ဦးမြင့်အောင်
6076
14
7/1/2012
ဘန်ကျပ်စပ်
ကိုဖြိုးဝေ
ဦးမြင့်အောင်
20027
15
7/3/2012
Lucky
ကိုရဲမြင့်နှင့်အဖွဲ့
ဦးမြင့်အောင်
15309
16
7/4/2012
လတ်ဖရာအို
မထွေးကြည်နှင့်အဖွဲ့
ဦးမြင့်အောင်
4300
17
7/4/2012
ပန်းကန်စက်ရုံ
ကိုလတ်
ဦးမြင့်အောင်
14000
18
7/4/2012
ဝပ်ဘန်းခေါင်
ကိုထိန်ဝင်း
ဦးမြင့်အောင်
2060
စုစုပေါင်းကောက်ခံရရှိငွေ
149633
Saturday, 14 July 2012
တိုင်းရင်းသားမဟုတ်သူကို လက်မခံနိုင်လို့ သမ္မတပြော
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ရိုဟင်ဂျာအမျိုးသမီး
ရခိုင်ပြည်နယ်မှာ ​တရားမ၀င်နေထိုင်နေတဲ့ ​ဘင်္ဂါလီတွေကိုကုလသမဂ္ဂဒုက္ခသည်များ ​ဆိုင်ရာ ​မဟာ ​မင်းကြီးရုံး ​(UNHCR)က ​လွှဲပြောင်းတာဝန်ယူဖို့နဲ့ ​ဒုက္ခသည်စခန်းတွေဖွင့်ပေးဖို့ ​သမ္မတဦးသိန်းစိန်ကပြောတာ ​မဟုတ်မှန်ကြောင်း ​မြန်မာနိုင်ငံကို ​ရောက်ရှိနေတဲ့ ​မဟာမင်းကြီး ​Mr ​Antonio ​Guterres ​က ​ငြင်းဆိုထားပြီး ​သမ္မတရုံးဝဘ်ဆိုက်မှာတော့ ​“တိုင်းရင်းသား ​မဟုတ်ပဲ ​ခိုးဝင်လာတဲ့ ​ရိုဟင်ဂျာ ​တွေကို ​လက်ခံရန် ​မည်သို့မျှ ​မဖြစ်နိုင်ကြောင်း၊ ​နောက်ဆုံး ​ဖြေရှင်းတဲ့ ​နည်းလမ်းမှာခိုးဝင်လာတဲ့ ​ရိုဟင်ဂျာတွေကို ​UNHCR ​ထံ ​အပ်နှံပြီး ​ဒုက္ခသည် ​စခန်းအဖြစ် ​ထားရှိရန် ​ဖြစ်ကြောင်း၊ ​UNHCR ​ကကျွေးမွေးစောင့်ရှောက်ပေးရန်နဲ့ ​တတိယ ​နိုင်ငံက ​လက်ခံမယ်ဆိုပါက ​ပို့ပေးမှာ ​ဖြစ်ကြောင်း ​သမ္မတဦးသိန်းစိန်နဲ့ ​မဟာမင်းကြီးတို့တွေ့ဆုံစဉ်မှာပြောကြားတယ်လို့ ​ဖေါ်ပြထားပါတယ်။
Mr ​Guterres ​ကမနေ့က ​ ရန်ကုန်မြို့ ​ဆီဒိုးနားဟိုတယ် ​မှာ ​ကျင်းပတဲ့ ​သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာဖြစ်ပါတယ်။
Mr ​Guterres ​နဲ့ ​တွေ့ဆုံစဉ်မှာ ​သမ္မတက ​၁၉၄၈ ​မတိုင်မီ ​ရောက်လာသူတွေက ​မွေးဖွားတဲ့ ​တတိယမျိုးဆက် ​မြေးအဆင့်ကိုသာ ​နိုင်ငံသားအဖြစ် ​လက်ခံနိုင်မယ်လို့လဲ ​ပြောခဲ့တယ်လို့ ​ဆိုပါတယ်။
ရိုဟင်ဂျာတွေကို ​ဒုက္ခသည်စခန်းမှာထားပြီး ​တတိယနိုင်ငံက ​ခေါ်ယူဖို့ကိစ္စနဲ့ ​ပတ်သက်ပြီး ​Mr ​Guterres ​က ​UNHCR ​အနေနဲ့ ​နိုင်ငံတစ်နိုင်ငံအတွင်းက ​ညှင်းပန်းနှိပ်စက် ​မှုတွေကြောင့် ​တခြားနိုင်ငံကို ​ထွက်ပြေးကြရတဲ့သူတွေအတွက်ကိုသာ ​တတိယနိုင်ငံကို ​ပို့ဆောင် ​ပေးဖို့ ​တာဝန်ရှိကြောင်း၊ရခိုင်ပြည်နယ်က ​ဖြစ်ပေါ်နေတဲ့ ​အခြေအနေနဲ့ ​သက်ဆိုင်မှု ​မရှိဘူးလို့ ​ပြော ​ပါတယ်။
ရခိုင်ပြည်နယ်မှာ ​ဖြစ်ခဲ့တဲ့ ​မတည်ငြိမ်မှုတွေမှာ ​ပါဝင်ပတ် ​သက်တယ်လို့ ​သံသယ ​ရှိသူ ​UNHCR ​၀န်ထမ်းသုံးဦးကို ​အစိုးရက ​ထိန်းသိမ်းထား ​တာ ​မှန်ကန်ကြောင်း ​တရား ​ဥပဒေရဲ့ ​အထက်မှာ ​ဘယ်သူမျှ ​မရှိရဘူးဆိုတာကို ​သူ့အနေနဲ့ ​အသိ ​အမှတ်ပြုကြောင်း ​ဒါပေမယ့် ​ဒီဝန်ထမ်းတွေကို ​ဘယ်လို ​စွပ်စွဲချက်တွေနဲ့ ​ထိန်းသိမ်းထားတယ် ​ဆိုတာကိုသိလိုကြောင်းနဲ့ထိန်း ​သိမ်း ​ထားတဲ့ ​၀န်ထမ်းတွေကို ​တွေ့ဆုံခွင့် ​တောင်းထားကြောင်း ​Mr ​Guterres ​က ​ပြောပါတယ်။
UNHCR ​ရဲ့ ​၀န်ထမ်းတွေအနေနဲ့လည်း ​နိုင်ငံတွင်းက ​ဥပဒေတွေကိုလေးစားလိုက်နာရမှာ ​ဖြစ်တယ်လို့ ​သူက ​ပြောပါတယ်။
UNHCR ​၀န်ထမ်းသုံးဦးအပြင် ​WFP ​နဲ့ ​NGOs ​တွေက ​၀န်ထမ်း ​၇ ​ဦးခန့်ကိုလည်း ​ထိန်းသိမ်းထားကြောင်း ​သိရပါတယ်။
 အနာဂတ်မှာ ​ရခိုင်လူမျိုးတွေနဲ့ ​မွတ်စလင်  ​တွေကြား ​ပြန်လည် ​ရင်ကြားစေ့ရေးနဲ့ ​တရားဥပဒေကို ​လိုက်နာပြီး ​အတူတကွ ​ငြိမ်းချမ်းစွာ ​ယှဉ်တွဲနေထိုင်ရေးကို ​မျှော်လင့်ကြောင်း၊ ​ရခိုင်နဲ့ ​မွတ်စလင်လူထု ​နှစ်ဘက်စလုံးအတွက် ​လိုအပ်တဲ့ ​လူသားချင်းဆိုင်ရာ ​အထောက်အပံ့တွေကို ​ခွဲခြားမှု ​မရှိပဲ ​ပေးသွားမှာ ​ဖြစ်ကြောင်း ​မဟာမင်းကြီးက ​ပြောကြားသွားပါတယ်။
UNHCR ​ရဲ့ ​ခန့်မှန်းချက်အရ ​ရခိုင်ပြည်နယ်မှ ​မြန်မာနိုင်ငံသား ​မဟုတ်တဲ့ ​မွတ်စလင်လူဦးရေ ​၈ ​သိန်းခန့် ​ရှိတယ်လို့ ​သိရတယ်လို့ဆိုပါတယ်။
ရခိုင်ဒေသက ​ပြသနာရပ်တွေအပြင် ​ထိုင်းနယ်စပ်မှာ ​ရှိတဲ့ ​မြန်မာဒုက္ခသည်တွေကို ​မြန်မာနိုင်ငံကို ​ပြန်လာနိုင်အောင် ​စီစဉ်ပေးဖို့ကိစ္စကိုလည်း ​သမ္မတ ​ဦးသိန်းစိန်နဲ့ ​ဆွေးနွေးခဲ့ကြောင်း၊ ​သူတို့ရဲ့ ​လုံခြုံရေးနဲ့ ​ဘ၀ရှင်သန်ရပ်တည်ရေးကို ​အာမခံချက်ပေးနိုင်ရမှာ ​ဖြစ်ကြောင်းနဲ့ ​မိမိဆန္ဒ ​အလျောက် ​ပြန်လာချင်သူတွေကိုသာ ​ကူညီပြီး ​ပြန်ပို့မှာ ​ဖြစ်တယ်လို့ ​မဟာမင်းကြီးက ​ပြောပါတယ်။
ဇူလိုင်လ ​၁၃ ​ရက်နေ့မှာလည်း ​ထိုင်းဝန်ကြီးချုပ်နဲ့ ​ထိုင်းအစိုးရ ​တာဝန်ရှိသူတွေနဲ့ ​တွေ့ဆုံပြီး ​ဒီကိစ္စကို ​ဆွေးနွေးမှာ ​ဖြစ်တယ်လို့ ​ပြောတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျသတင်းထောက် ​ကိုလူလှကသတင်းပေးပို့ခဲ့ပါတယ်။
Ref: Radio Australia
မစ္စကလင်တန်နဲ့ ဦးသိန်းစိန်တို့ တွေ့ဆုံမယ်
နေပြည်တော်ကို လာရောက်လည်ပတ်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို သမ္မတဦးသိန်းစိန် ကြိုဆိုခဲ့စဉ် 
အမေရိကန်အစိုးရက ​မြန်မာနိုင်ငံအပေါ် ​ချမှတ်ထားတဲ့ ​စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မူကို ​လျော့ချပြီးနောက် ​အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ​ဟီလာရီကလင်တန်နဲ့ ​သမ္မတဦးသိန်းစိန်တို့ ​ကမ္ဘောဒီယားနိုင်ငံမှာ ​တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။ 
နှစ်နိုင်ငံခေါင်းဆောင်က ​ကမ္ဘောဒီးယားနိုင်ငံ ​Siem ​Reap ​မြို့မှာ ​တွေ့ဆုံကြမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ​ဖြစ်ပေါ်နေတဲ့ ​အပြောင်းအလဲတွေကို ​အမေရိကန်အစိုးရက ​ဒဏ်ခတ်ပိတ်ဆို့မူကို ​လျော့ချတာဖြစ်ပေမယ့် ​နိုင်ငံရေးအကျဉ်းသားတွေ ​ဆက်လက်ထိန်းသိမ်းထားတာတွေနဲ့တိုင်းရင်းသားဒေသမှာဖြစ်နေတဲ့ ​ပြဿနာတွေရှိနေသေးတယ်လို့ 
ပြောပါတယ်။
ဗုဒ္ဓဟူးနေ့က ​လျော့ချပေးလိုက်တဲ့ ​ဒဏ်ခတ်ပိတ်ဆို့မူတွေကြောင့် ​အမေရိကန်ကုမ္ပဏီတွေအနေနဲ့ ​မြန်မာနိုင်ငံမှာ ​လာရောက်ရင်းနှီးမြုပ်နှံခွင့်ရရှိမှာ ​ဖြစ်ပါတယ်။ ​ဒါပေမယ့် ​မြန်မာစစ်တပ်အပြင် ​တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တော့ ​စီးပွားရေးလုပ်ခွင့်ရမှာ ​မဟုတ်ပါဘူး။
မြန်မာနိုင်ငံမှာ ​စီးပွားလုပ်လိုတဲ့ ​အမေရိကန်ကုမ္ပဏီအနေနဲ့ ​အမေရိကန်အစိုးရကို ​ရက်ပေါင်း ​၆၀ ​ကြိုတင် ​အသိပေးပြီး ​ဒေါ်လာ ​၅ ​သိန်းနဲ့အထက် ​ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ ​အမေရိကန်အစိုးရကို ​အစီရင်ခံစာ ​နှစ်စဉ်ပေးပို့ရမှာဖြစ်ပြီး ​အစီရင်ခံစာမှာ ​သူတို့အနေနဲ့ ​လူ့အခွင့်အရေးကို ​လေးစားကြောင်း၊ ​အလုပ်သမားအရေးနဲ့ ​သဘာဝပတ်ဝန်းကျင်ထိခိုက်မူမရှိအောင် ​လုပ်ဆောင်တယ်ဆိုတာကို ​သက်သေပြနိုင်ရမယ်လို့ ​ပါရှိပါတယ်။
Ref: Radio Australia
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes