Tuesday, 12 June 2012

ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သတ်ပြီး ဇွန်လ (၁၁)ရက်နေ့ နောက်ဆုံးရ သတင်းများ

ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်ပြီး ဇွန်လ (၁၁) ရက်နေ့ နောက်ဆုံးရ သတင်းများကို စုစည်းဖော်ပြထားပါသည်။

ဇွန်လ ၁၁ ရက် ညနေ 8 နာရီ
စစ်တွေမြို့တွင်း လတ်တလော ဖြစ်ပေါ်နေသော အခြေအနေများအရ ဘင်္ဂါလီများက အကွက်ချ လုပ်ဆောင်နေသည်ဟု ထင်မြင်ကြောင်း စစ်တွေ ဒေသခံများက ပြောကြားခဲ့ပါသည်။
"အခု သူတို့လုပ်နေပုံတွေ ကြည့်ရင် အကွက်ချပြီး လုပ်နေတယ်လို့ ထင်တယ်။ မနေ့က မင်းဂံရပ်ကွက်တွေကို ၀င်ဖို့ ကြိုးစားတယ်။ မီးရှို့တယ်။ သူတို့ အိမ်တွေကိုလည်း သူတို့ မီးရှို့ပြီး ရခိုင် အိမ်တွေ ကူးအောင်၊ ရခိုင်တွေ ရှို့တယ်လို့ ပြောလို့ရအောင် လုပ်တယ်။ ဒီနေ့တော့ မင်းဂံဘက်မှာ လုံခြုံရေးက လုံထိန်းရော၊ တပ်ရော ချထားတယ်။ အဲဒီအချိန်မှာ မနက်ပိုင်းတစ်ပိုင်းလုံး ငြိမ်နေတယ်။ မွန်းလွဲပိုင်းက စပြီး ဓည၀တီ၊ နာဇီ၊ သံတော်လီ၊ ဗျိုင်းဖြူ၊ မကျည်းမြိုင် နေရာတွေကို မီးရှို့တယ်။ အဲဒီနေရာတွေမှာက လုံခြုံရေး အားနည်းနေတယ်။ အဲတာကို သိတဲ့အတွက် ဒါကို အခွင့်ကောင်းယူပြီး မီးရှို့မှုတွေ လုပ်တယ်”ဟု စစ်တွေ ဒေသခံတစ်ဦးက ပြောပါသည်။

ယနေ့(ဇွန်လ ၁၁ ရက်) တွင် နာဇီကျေးရွာဘက်မှ ဘင်္ဂါလီအုပ်စု၊ သံတော်လီကျေးရွာမှ ဘင်္ဂါလီအုပ်စု ထိုအုပ်စုနှစ်စု အဓိက ထကြွခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့ကမူ ဘုမင်ရွာရှိ ဘင်္ဂါလီအုပ်စုက ထကြွခဲ့ခြင်း ဖြစ်ပါသည်။
“စစ်တွေမြို့ထဲမှာသာ ဘဂါင်္လီက အင်အားက နည်းတယ်။ အမ်ဘာရီအုပ်စု၊ နာဇီအုပ်စု၊ ဘုမေ အုပ်စုကတော့ ဘင်္ဂါလီတွေများတယ်။ ဒါတွေက စစ်တွေမြို့နဲ့ နီးတယ်။ သူတို့က မြို့ကို ပတ်ဝိုင်းပြီး နေတဲ့ သဘောရှိတယ်။ မြို့တွင်းမှာ နေတဲ့ ဘင်္ဂါလီတွေကတော့ သူတို့ရဲ့ နေအိမ်တွေကို စွန့်သွားပါပြီ။ ဒီရက်ပိုင်းမှာ ဖြစ်နေတာက စစ်တွေမြို့ပတ်လည်မှာ ၀ိုင်းနေတဲ့ ဘင်္ဂါလီအုပ်စုတွေက အလှည့်ကျ ထကြွနေတဲ့ သဘောရှိတယ်။ လုံခြုံရေးက တစ်ဖက်မှာ အားစိုက်နေရင် ကျန်တဲ့တစ်ဖက် ထကြွတဲ့ သဘောဖြစ်နေတယ်။ လုံခြုံရေး အင်အားကလည်း တစ်မြို့လုံး အတိုင်းအတာအရ လုံလောက်မှု မရှိသေးဘူး။ အဲဒီတော့ စစ်တွေဒေသခံတွေကပဲ ကိုယ်လက်နက် ကိုယ်ရှာပြီး ကာကွယ်နေရတဲ့ သဘော ရှိနေတယ်။ စစ်တွေ မြို့ပြင် ကမ်းနားပတ်လည် တစ်ကြောမှာလည်း ဘင်္ဂါလီ ရွာတွေ များတယ်။ သူတို့တွေနဲ့ နီးနေတဲ့ ဥပမာ ဗျိုင်းဖြူ လို ရွာမျိုးဆိုရင် စိုးရိမ်ရတဲ့ အခြေအနေရှိတယ်။ လုံခြုံရေးကလည်း အဲဒီအထိ မရောက်သေးဘူး။ ထင်ထားတဲ့ အတိုင်းပဲ ဒီနေ့မှာတော့ ဗျိုင်းဖြူရွာနားက သံတော်လီ ဘင်္ဂါလီအုပ်စုက ထကြွတယ်။ လုံခြုံရေးက တော်တော်လေး နောက်ကျပြီးမှ ရောက်တယ်” ဟု စစ်တွေ ဒေသခံက ပြောပါသည်။
စစ်တွေ၌ ဘင်္ဂါလီများ ထကြွမှု ဆက်တိုက်ဖြစ်နေခြင်းမှာ ထွက်ပြေးလိုသည့် အတွက် ယခုကဲ့သို့ အကွက်ချ လုပ်ဆောင်မှုများ ဖြစ်နိုင်သည်ဟူသော ယူဆမှုများလည်း ရှိပါသည်။
“ကျွန်တော်ထင်တာကတော့ စစ်တွေမှာ ရှိနေတဲ့ ဘင်္ဂါလီတွေက သူတို့ စခဲ့တဲ့ ဇာတ်လမ်းမှာပဲ သူတို့ ထွက်ပေါက် ပိတ်နေတယ်။ သူတို့က ရခိုင်တိုင်းရင်းသားတွေ အိမ်ကို မီးစရှို့၊ ရခိုင်တွေကို စပြီး ရန်စတယ်။ ဒီမတိုင်ခင် အချိန်က သူလည်း သူ့ဟာသူနေ၊ ကိုယ်လည်း ကိုယ့်ဖာသာ နေ နေတဲ့ အချိန်မှာကတည်း သူတို့ဘက်က ရန်စမှုတွေ ရှိခဲ့တယ်။ အခုတော့ သူတို့က ရခိုင်တိုင်းရင်းသားတွေ နေတဲ့ နေရာကို မီးရှို့တော့ ဒီဘက်က လုံခြုံရေးအရ ကာကွယ်ရတာတွေ ရှိလာတယ်။ ဒီအခါမှာ ရခိုင်တိုင်းရင်းသားတွေလည်း ဘာအလုပ်မှ မလုပ်နိုင်ပဲ သူတို့ရန်ကို ကာကွယ်နေရတယ်။ သူတို့လည်း ရွာပြင် ထွက်လို့ မရနိုင်ဘူး ဖြစ်တယ်။ ဒီအခါမှာ ရခိုင်တိုင်းရင်းသား အိမ်တွေနဲ့နီးတဲ့ သူတို့အိမ်တွေကို ကိုယ်တိုင် မီးပြန်ရှို့တယ်။ နောက်တော့ ရခိုင်အိမ်တွေကို မီးကူးအောင်လုပ်တယ်။ ရခိုင်တွေက မီးဝိုင်းသတ်တဲ့အချိန်မှာ ထွက်ပြေးမယ်ဆိုတဲ့ အကြံနဲ့ လုပ်ပုံရတယ်။ အခု ဖြစ်နေတာတွေကို ကြည့်ရင် ဒီလို ပြေးနိုင်ဖို့ အကွက်ချ လုပ်နေတယ်လို့ မြင်တယ်” ဟု စစ်တွေ ဒေသခံက ပြောပြခဲ့သည်။
"သူတို့ ပြေးနိုင်တာ ပင်လယ်ထွက်ပေါက်ဘက်ပဲ ရှိတယ်။ သူတို့က ရေကို ရခိုင်တိုင်းရင်းသားတွေထက် ကျွမ်းကျင်မှုရှိတယ်။ ပင်လယ်ဝကို စီးတဲ့ ချောင်းတွေက တစ်ဆင့် သူတို့ ထွက်ပြေးဖို့ ကြံပုံရတယ်။ စစ်တွေမြို့ ဆိုတာကလည်း ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းစု သဘောဖြစ်နေတယ်။ ဘုမေဘက်ကနေ ဆိုရင် တောက်လျှောက် ဘင်္ဂါလီရွာတွေချည်းပဲ ဖြစ်တဲ့ အပြင် ပင်လယ်ဝနဲ့ နီးတဲ့အတွက် သူတို့ ၀င်ထွက်ဖို့ ပိုလွယ်တယ်။ တစ်ကယ်တန်း တွေးကြည့်မယ်ဆိုရင် စစ်တွေမြို့ထဲက ဘင်္ဂါလီတွေက ပြေးဖို့ မလွယ်ဘူး။ မြို့ပြင်က ဘင်္ဂါလီတွေကတော့ ပြေးလို့ ရတယ်။ ဒါပေမဲ့ မြို့တွင်းနဲ့ နီးတဲ့ ဘင်္ဂါလီအုပ်စုတွေကို ငဲ့ပြီး မြို့ပြင်က ဘင်္ဂါလီတွေက ထကြွနေတဲ့ သဘောရှိတယ်။ အခုချိန်မှာ သူတို့ ဆုပ်လည်းစူး၊ စားလည်း ရူးဖြစ်နေပြီ။ သူတို့ အဲလိုဖြစ်တာနဲ့ပဲ ရခိုင်တိုင်းရင်းသားတွေ ပျက်စီးရာ၊ ပျက်စီးကြောင်း ကြံနေတယ်လို့ ထင်တယ်” ဟု စစ်တွေ ဒေသခံတစ်ဦးက ပြောသည်။
မည်သို့ပင်ဆိုစေကာမူ လက်ရှိအနေအထားတွင် ဘင်္ဂါလီများ၏ ထကြွမှုမှာ ဆက်လက်ဖြစ်ပေါ်နေပါသည်။
“ပစ်မိန့်လည်း ပေးထားပြီးပြီ။ မပစ်သေးပါဘူး။ မိုးပေါ်ထောင် ခြောက်လှန့် ပစ်ခတ်တာတွေပဲ ရှိနေတာပါ။ ဒီနေ့ကြားနေတဲ့ အသံတွေက ရွာတွေမှာ မီးလောင်လို့ ၀ါးပိုးဝါးတွေ ကွဲတဲ့အသံက ပိုများနေပါတယ်။ မီးရှိုတဲ့ ဘင်္ဂါလီတစ်ချို့ကို ဖမ်းမိထားတယ်တော့ ကြားတယ်။ ဘယ်လောက် ဖမ်းမိထားတယ် ဆိုတာတော့ မသိသေးဘူး။ လုံခြုံရေးအင်အားအတွက် တပ်တွေတော့ ရောက်နေပါပြီ။ ကျွန်တော်တွေ့ရသလောက်တော့ ထောက်ပို့၊ ဒကစ ၊ BEMP ၊ GE၊ ခမရ ၃၅၄ တပ်တွေ ရောက်နေပါပြီ။ အတိအကျတော့ မသိရသေးပါဘူး။ လုံခြုံရေးအင်အားက မလောက်တော့ ဘင်္ဂါလီရန်က ကာကွယ်ဖို့ ရခိုင်တိုင်းရင်းသားတွေက ရရာလက်နက်တွေ ကိုင်ပြီ ကိုယ့်ဒေသ ကိုယ်လုံခြုံအောင် လုပ်နေရတာပေါ့။ သူတို့ကလည်း တပ်လာမှ ကြောက်တယ် ထင်တယ်။ တပ်တို့၊ လုံထိန်းတို့ မရှိဘူးဆိုရင် ရခိုင်တိုင်းရင်းသားရွာတွေကို မီးရှို့ဖို့ ကြိုးစားပြီး တပ်လာရင်တော့ နောက်ပြန်ဆုတ်သွားတယ်။ တပ်မရှိတော့ ပြန်ထွက်လာတယ်။ အဲဒီတော့ ရခိုင်တိုင်းရင်းသားတွေက ကိုယ့်ရပ်ကွက် အပိုင်းအလိုက် လုံခြုံရေးကို ဂရုစိုက်နေရတယ်” ဟု ရခိုင်တိုင်းရင်းသား လူငယ်တစ်ဦးက ပြောပါသည်။
လက်ရှိအချိန်တွင် ဘင်္ဂါလီများက စစ်တွေမြို့ပတ်လည်ရှိ ရခိုင်းတိုင်းရင်းသားများ၏ ရပ်ကွက်များအပါအ၀င် ၄င်းတို့၏ နေအိမ်များကို မီးရှို့ထားခဲ့ပြီး ဖြစ်ပါသည်။ ရွှေပြားရပ်ကွက်ရှိ ဘင်္ဂါလီနေအိမ်အချို့မှာမူ ရခိုင်တိုင်းရင်းသားများ၏ မီးရှို့ဖျက်ဆီးမှုကို ခံထားရပါသည်။ ရခိုင်တိုင်းရင်းသားများ မီးရှို့ဖျက်ဆီးခဲ့သည့် ဘဂါင်္နေအိမ်များမှာ စွန့်ခွာထွက်ပြေးသွားပြီး ဖြစ်သော လူမနေသည့် အိမ်များကို မီးရှို့ခဲ့ခြင်းသာ ဖြစ်ပြီး ဘင်္ဂါလီတို့ ထပ်မံလာရောက် နေထိုင်နိုင်ခြင်း မရှိစေရန် ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယနေ့ထကြွသော နာဇီ ဘင်္ဂါလီ အုပ်စုသည် နာဇီရွာအတွင်း၌ ရှိနေသော မြန်မာဘုန်းတော်ကြီးကျောင်းများ ကို မီးရှို့ဖျက်ဆီးခဲ့သည်သာ မကဘဲ အာကျိတ်တော်ကုန်း အနီးတွင် ရှိနေသော ရွှေဗိမာန်တောရကျောင်း၊ သောင်ဒရာကျောင်းနှင့် ယသဓမ္မကျောင်း အစရှိသည့် ဘုန်းတော်ကြီးကျောင်းများကို စီးနင်းထားပါသည်။ စီးနင်းခံခဲ့ရသည့် ဘုန်းတော်ကြီး ကျောင်းများမှာ သံဃာတော်များမှာမူ အာကျိတ်တော် ကုန်းဘက်သို့ ထွက်ပြေး လွတ်မြောက်ခဲ့ပါသည်။ ထိုဘုန်းတော်ကြီး ကျောင်းများမှာ နာဇီရွာနှင့် ကပ်လျက်တွင် ရှိနေသော ကျောင်းများ ဖြစ်ပါသည်။ ထို့အပြင် အာကျိတ်တော်ကုန်းဘက်ရှိ မြန်မာဘုန်းကြီးကျောင်းများကို စီးနင်းရန်အတွက် လူအင်အား ရာဂဏန်းကျော်ရှိသော ဘင်္ဂါလီများက ယနေ့မွန်းလွဲပိုင်းတွင် ကြိုးပမ်းခဲ့သဖြင့် ရဟန်းတော်များနှင့် အနီးအနားကျေးရွာများမှ ရခိုင်တိုင်းရင်းသားများက စုပေါင်း ကာကွယ်ခဲ့ပါသည်။
အလားတူပင် ယနေ့ မွန်းလွဲပိုင်းတွင် သံတော်လီ ဘင်္ဂါလီအုပ်စုနှင့် ဗျိုင်းဖြူရွာမှာ ရခိုင်တိုင်းရင်းသားတို့ ထိပ်တိုက်တွေ့မှု ဖြစ်ပါသည်။ ထိုထိပ်တိုက်တွေ့မှုသည် သံတော်လီရွာမှ ဘင်္ဂါလီများက ဗျိုင်းဖြူရွာအတွင်း ၀င်ရောက်ဖျက်ဆီးရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ထိပ်တိုက် တွေ့ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ အဆိုပါ ထိပ်တိုက်တွေ့မှုတွင် ရခိုင်တိုင်းရင်းသား ၄ ဦး သေဆုံးခဲ့ပြီး မူလက သေနတ်ဒဏ်ရာဖြင့် သေဆုံးသည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း အလောင်းကို မြင်တွေ့ရချိန်တွင် ဓားဒဏ်ရာဖြင့် သေဆုံးခြင်း ဖြစ်ကြောင်း သိရပါသည်။ သို့သော် သေဆုံးသူ ၄ ဦးအနက် နှစ်ဦး၏ အလောင်းကို ဘင်္ဂါလီများက ၄င်းတို့ရွာအတွင်း ယူဆောင်သွားသဖြင့် ရခိုင်တိုင်းရင်းသားများက သံတော်လီရွာအတွင်း ၀င်ရောက်ပြီး အလောင်းပြန်ယူရန် ကြိုးပမ်းမှု ဖြစ်ခဲ့ပါသည်။ သို့ရာတွင် စစ်တပ်နှင့် လုံထိန်းများ ရောက်ရှိလာခဲ့ပြီး နောက် အဆိုပါ တပ်ဖွဲ့ဝင်များမှ သံတော်လီရွာသို့ ၀င်ရောက်ပြီး အလောင်းပြန်တောင်း သဖြင့် ပြန်လည် ရရှိခဲ့ကြောင်း သိရပါသည်။
"စစ်တွေက ဘင်္ဂါလီတွေရဲ့ ဒီလုပ်ရပ်တွေက ဘယ်လိုရည်ရွယ်ချက်နဲ့ ဘာကို လိုချင်လို့ ဒီလို လုပ်နေသလဲဆိုတာ အခုထိ စဉ်းစားလို့ မရသေးဘူး။ သူတို့ ဘက်က အေးအေးချမ်းချမ်းနေရင် ကျွန်တော်တို့ကလည်း အေးအေးချမ်းချမ်းပဲ ဆက်ဆံမှာပါ။ အခုတော့ သူတို့လည်း ချောင်ပိတ်နေတယ်။ ကျွန်တော်တို့လည်း အလုပ်ပျက်၊ အကိုင်ပျက်နဲ့ ရရာလက်နက်စွဲပြီး ကိုယ့်နေရပ် ကိုယ့် လုံခြုံရေး ကိုယ်လုပ်နေရတယ်။ ဒီအတိုင်းဆက်သွားနေရင် သူတို့လည်း ရိက္ခာပြတ်တော့မယ်။ ကျွန်တော်တို့ ဘက်မှာလည်း အခက်အခဲ ရှိလာနိုင်တယ်။ အခုတောင် ကယ်ဆယ်ရေးစခန်းတွေမှာ ရိက္ခာမလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်။ ဘာလို့များ ပြဿနာတွေ ဖြစ်စေနိုင်မယ့် ဖန်တီးမှုတွေကို ဘင်္ဂလီတွေ လုပ်နေကြတာလဲ" ဟု စစ်တွေ မြို့ခံလူငယ်တစ်ဦးက ပြောပါသည်။
ယနေ့နံနက်ပိုင်းတွင် မီးလောင်ကျွမ်းထားသော ဘင်္ဂါလီ အလောင်း ၅ လောင်းခန့်ကို စစ်တွေမြို့ မြို့သူကြီး ရပ်ကွက် ပင်လယ်ကမ်းစပ်တွင် တွေ့ရှိခဲ့သည်ဟု သိရပါသည်။ ယနေ့ ညနေက ဖြစ်ပွားခဲ့သော ဗျိုင်းဖြူရွာမှ ရခိုင်တိုင်းရင်းသားများနှင့် သံတော်လီရွာ ဘင်္ဂလီအုပ်စုများ ထိပ်တိုက်တွေ့မှုတွင် လူ ၆ ဦးသေဆုံးခဲ့ပြီး ၄ ဦးမှာ ရခိုင်တိုင်းရင်းသားများ ဖြစ်ကာ ၂ ဦးမှာ ဘင်္ဂလီများ ဖြစ်ပါသည်။
ဇွန်လ ၁၁ ရက် ညနေ ၆နာရီ ၄၀ မိနစ်

"မောင်တောမြို့တွင်းအခြေအနေက ဟိုအရင်နေ့တွေလောက် မဆိုးပါဘူး။ ဒါပေမယ့် မြို့ပြင်ရွာတွေက ဘင်္ဂါလီတွေက သူတို့အိမ်တွေကို မီးရှို့ပြီး ထွက်ထွက်ပြေးကြတယ်။ အခုကြားတာကတော့ မြို့ပြင်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဘင်္ဂါလီတွေကို ပစ်ခတ်ထိန်းသိမ်းနေတယ်လို့ ကြားပါတယ်။" ဟု မောင်တောမြို့ခံတစ်ဦးက ယနေ့ညနေ ၆ နာရီခွဲတွင် ပြောပါသည်။
နောက်ဆုံးရရှိသော အချက်အလက်များအရ မောင်တောတွင် သေဆုံးသူ ၁၀ ဦး၊ ပျောက်ဆုံးနေသူ ၁၆၁ ဦးနှင့် ကယ်ဆယ်ရေးစခန်းများတွင် လာရောက်ခိုလှုံနေသူ စုစုပေါင်း ၂၈၀၀ ကျော်ရှိကြောင်းသိရသည်။

ဇွန်လ ၁၁ ရက် ညနေ ၆နာရီ ၅ မိနစ်

နာဇီရွာရှိ ဘင်္ဂါလီများ၏ နေအိမ်ကို ရခိုင်တိုင်းရင်းသားများက မီးပြန်ရှို့ခဲ့ကြောင်း စစ်တွေဒေသခံမျာ ပြောကြား
ယနေ့မွန်းလွဲပိုင်းတွင် ဖြစ်ပေါ်ခဲ့သော နာဇီရွာ မီးလောင်မှုတွင် ဘဂါင်္လီများက ရခိုင်တိုင်းရင်းသားများ နေအိမ်ကို စတင် မီးရှို့ခဲ့သဖြင့် ရခိုင်တိုင်းရင်းသားများက အင်အားပြန်လည်စုပြီး ဘင်္ဂါလီနေအိမ်များကို ပြန်လည် မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း စစ်တွေ ဒေသခံ တစ်ဦးက ပြောပါသည်။
"ဘင်္ဂါလီတွေက လာ စတာပါ။ အဲဒီလို လာစပြီး မီးရှို့တော့ ရခိုင်တိုင်းရင်းသား အိမ်နှစ်အိမ် မီးထဲပါသွားပါတယ်။ အဲတာနဲ့ ကျွန်တော်တို့လည်း လူပြန်စုပြီး ဘင်္ဂါလီအိမ်တွေကို မီးပြန်ရှို့လိုက် ပါတယ်။ အခုဖြစ်နေတာတွေက သူတို့စလို့ ကျွန်တော်တို့ ပြန်လုပ်နေရတာပါ” ဟု စစ်တွေဒေသခံ တစ်ဦးက ပြောပါသည်။
နာဇီရွာတွင် ဘဂါင်္လီအိမ်ခြေ ၂၇၀၀ ကျော်ရှိပြီး ရခိုင်တိုင်းရင်းသား နေအိမ် ၂၈၀ ရှိကြောင်း သိရသည်။ ရခိုင်တိုင်းရင်းသားများ ယမန့်နေ့ကတည်းက အဆိုပါ ရွာမှ နေအိမ်များကို စွန့်ခွာခဲ့ပါသည်။ ထိုသို့ စွန့်ခွာခဲ့ခြင်းကြောင့် ရွာတွင်ရှိနေသော ရခိုင်တိုင်းရင်းသားများ၏ နေအိမ်ကို ဘင်္ဂါလီများက ယမန့်နေ့က မီးရှို့ခဲ့ပါသည်။ ယနေ့နံနက်ပိုင်းတွင်မူ ဇေယျမင်္ဂလာ၊ စေတီပြင်၊ စန္ဒလောကနှင့် ဂြစ်ချောင်း ဘုန်းတော်ကြီးများကို ဆက်လက်မီးရှို့ခဲ့ကြပါသည်။
ယနေ့မွန်းလွဲပိုင်းတွင် နာဇီရွာမှ ဘင်္ဂါလီများက ဓည၀တီရပ်ကွက်အနီးရှိ ရခိုင်တိုင်းရင်းသားများ နေအိမ်ကို မီးစတင်ရှို့ခဲ့သဖြင့် ရခိုင် တိုင်းရင်းသားများက နာဇီရွာရှိ ဘဂါင်္လီနေအိမ်များကို ပြန်လည်
မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု စစ်တွေ ဒေသခံများက ပြောပါသည်။
နာဇီရွာရှိ ဘင်္ဂါလီများ၏ နေအိမ်ကို ရခိုင်တိုင်းရင်းသားများက မီးပြန်ရှို့ခဲ့ကြောင်း စစ်တွေဒေသခံမျာ ပြောကြား
ယနေ့မွန်းလွဲပိုင်းတွင် ဖြစ်ပေါ်ခဲ့သော နာဇီရွာ မီးလောင်မှုတွင် ဘဂါင်္လီများက ရခိုင်တိုင်းရင်းသားများ နေအိမ်ကို စတင် မီးရှို့ခဲ့သဖြင့် ရခိုင်တိုင်းရင်းသားများက အင်အားပြန်လည်စုပြီး ဘင်္ဂါလီနေအိမ်များကို ပြန်လည် မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း စစ်တွေ ဒေသခံ တစ်ဦးက ပြောပါသည်။
"ဘင်္ဂါလီတွေက လာ စတာပါ။ အဲဒီလို လာစပြီး မီးရှို့တော့ ရခိုင်တိုင်းရင်းသား အိမ်နှစ်အိမ် မီးထဲပါသွားပါတယ်။ အဲတာနဲ့ ကျွန်တော်တို့လည်း လူပြန်စုပြီး ဘင်္ဂါလီအိမ်တွေကို မီးပြန်ရှို့လိုက် ပါတယ်။ အခုဖြစ်နေတာတွေက သူတို့စလို့ ကျွန်တော်တို့ ပြန်လုပ်နေရတာပါ” ဟု စစ်တွေဒေသခံ တစ်ဦးက ပြောပါသည်။
နာဇီရွာတွင် ဘဂါင်္လီအိမ်ခြေ ၂၇၀၀ ကျော်ရှိပြီး ရခိုင်တိုင်းရင်းသား နေအိမ် ၂၈၀ ရှိကြောင်း သိရသည်။ ရခိုင်တိုင်းရင်းသားများ ယမန့်နေ့ကတည်းက အဆိုပါ ရွာမှ နေအိမ်များကို စွန့်ခွာခဲ့ပါသည်။ ထိုသို့ စွန့်ခွာခဲ့ခြင်းကြောင့် ရွာတွင်ရှိနေသော ရခိုင်တိုင်းရင်းသားများ၏ နေအိမ်ကို ဘင်္ဂါလီများက ယမန့်နေ့က မီးရှို့ခဲ့ပါသည်။ ယနေ့နံနက်ပိုင်းတွင်မူ ဇေယျမင်္ဂလာ၊ စေတီပြင်၊ စန္ဒလောကနှင့် ဂြစ်ချောင်း ဘုန်းတော်ကြီးများကို ဆက်လက်မီးရှို့ခဲ့ကြပါသည်။
ယနေ့မွန်းလွဲပိုင်းတွင် နာဇီရွာမှ ဘင်္ဂါလီများက ဓည၀တီရပ်ကွက်အနီးရှိ ရခိုင်တိုင်းရင်းသားများ နေအိမ်ကို မီးစတင်ရှို့ခဲ့သဖြင့် ရခိုင် တိုင်းရင်းသားများက နာဇီရွာရှိ ဘဂါင်္လီနေအိမ်များကို ပြန်လည် မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု စစ်တွေ ဒေသခံများက ပြောပါသည်။


ဇွန်လ ၁၁ ရက် ညနေ ၅နာရီ ၁၀ မိနစ်
24
ယနေ့ မွန်းလွဲ ၂ နာရီခန့်အချိန်က ရာဂဏန်းခန့်ရှိသော ဘင်္ဂါလီများမှာ အဆိုပါ ကွင်းပြင်ကို ဖြတ်ပြီး တစ်ဖက်ရှိ စစ်တွေမြို့ အာကျိတ်တော်ကုန်းစေတီနှင့် ဘုန်ကြီးကျောင်းများအနီးသို့ ချဉ်းကပ်လာသဖြင့် ရခိုင်တိုင်းရင်းသားများ ထပ်မံချဉ်းကပ်မှု မရှိစေရန် ယခုကဲ့သို့ လုံခြုံရေး တာဝန်ယူနေကြခြင်း ဖြစ်ပါသည်။


23
ယနေ့ မွန်းလွဲ ညနေ ၄ နာရီအချိန်က စစ်တွေမြို့ရှိ ဓည၀တီရပ်ကွက် မီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ်

ဇွန်လ ၁၁ ရက်၊ နေ့လည် ၄:၀၀ နာရီ
မီးလောင်ကျွမ်းမှုဖြစ်နေသော ဓည၀တီရပ်ကွက်၌ ဒေသခံ ရခိုင်လူမျိုးများက "မကြောက်ကြနဲ့ မကြောက်ကြနဲ့၊ စုပေါင်း ခုခံ ကာကွယ်ကြပါ"ဟု အော်ဟစ်သံများ ကြားနေရကြောင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောကြားခဲ့သည်။
ဇွန်လ ၁၁ ရက်၊ နေ့လည် ၄:၀၀ နာရီ
ယခုအချိန်တွင် စစ်တွေမြို့တွင် နေရာ ၃ နေရာ၌ မီးလောင်ကျွမ်းမှု တစ်ပြိုင်နက်တည်း ဖြစ်ပွားနေပြီး သံတော်နီ ရွာ နှင့် ဓည၀တီ ရပ်ကွက်များ၏ မီးလောင်ကျွမ်းမှုမှာ ပိုမိုဆိုးရွားလာလျက်ရှိကြောင်း သိရသည်။ ထို့အပြင် စစ်တွေမြို့တွင် လုံခြုံရေးတပ်ဖွဲ့မှ သေနတ်ပစ်ခတ်မှုများ ဖြစ်ပေါ်နေသည်မှာ မဟုတ်ကြောင်းနှင့် ၀ါးပိုး ၀ါးရုံများ မီးလောင် ပေါက်ကွဲခြင်းသာဖြစ်ကြောင်း စစ်တွေမြို့သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောကြားခဲ့သည်။
22
စစ်တွေမြို့ ဓည၀တီ ရပ်ကွက်အနီး မီးလောင်ကျွမ်းနေသည်ကို ယနေ့ မွန်းလွဲ ၃ နာရီ မိနစ် ၂၀ အချန်က တွေ့ရစဉ်။
ဇွန်လ ၁၁ ရက်၊ နေ့လည် ၃:၀၀ နာရီ
စစ်တွေမြို့ မြောက်ဘက် ဗျိုင်းဖြူရွာနှင့် သံတော်လီရွာ အကြားတွင် ရခိုင်တိုင်းရင်းများနှင့် ဘင်္ဂါလီတို့အကြား တင်းမာမှု ဖြစ်ပွားနေပြီး ထိုနေရာသို့ စစ်တပ်နှင့် လုံထိန်းတပ်ဖွဲ့ဝင်များ သွားရောက်နေပြီ ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ ရွာနှစ်ရွာအကြားတွင် မွန်းလွဲပိုင်းအချိန်က ထိပ်တိုက်တွေ့မှုဖြစ်ခဲ့ပြီး ရခိုင်တိုင်းရင်းသားသုံးဦးမှာ ဘင်္ဂါလီ တို့၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါသည်။ သေဆုံးခဲ့သူ သုံးဦး အနက် နှစ်ဦး၏ အလောင်းကို ဘင်္ဂါလီများက သံတော်လီရွာအတွင်း ဆွဲယူသွားသဖြင့် ရခိုင် တိုင်းရင်းသားများက အလောင်း ပြန်ရရေးအတွက် သံတော်လီရွာအတွင်း ၀င်ရောက်ရန် ကြိုးစားရာမှ တင်းမာမှု ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း ထိုနေရာသို့ ရောက်ရှိနေသည့် Eleven Media Group မှ သတင်းထောက်က ပြောပါသည်။

သံတော်လီရွာသည် ဘင်္ဂါလီများနေထိုင်သည့် ရွာတစ်ရွာဖြစ်ပါသည်။ တင်းမာမှု စတင် ဖြစ်ပွားနေချိန်၌ ထိုနေရာတွင် ရှိနေသော လုံခြုံရေးအင်အားမှာ နည်းပါးပြီး မလုံလောက်တော့သည့်အတွက် စစ်တပ်နှင့် လုံထိန်းများ ထပ်မံသွားရောက်နေခြင်း ဖြစ်သည်။
ဇွန်လ ၁၁ ရက်၊ နေ့လည် ၂:၃၀ နာရီ
စစ်တွေမြို့ မြောက်ဘက် ဗျိုင်းဖြူရွာအနီးတွင် ရခိုင် တိုင်းရင်းသားများနှင့် ဘင်္ဂါလီများ ထိပ်တိုက်တွေ့မှု ဖြစ်ခဲ့ပြီး ဘင်္ဂါလီများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ရခိုင် တိုင်းရင်းသား သုံးဦး သေဆုံးကြောင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသည့် Eleven Media Group မှ သတင်းထောက်က ပြောပါသည်။ အဆိုပါဖြစ်စဉ်၌ သေဆုံးခဲ့ရသူ ရခိုင်တိုင်းရင်းသား သုံးဦးမှာ ဦးကျော်သိန်း၊ ကိုဌေးနှင့် အောင်ဇေယျ ရွာသားတစ်ဦးတို့ ဖြစ်ကြောင်း ဗျိုင်းဖြူရွာသား တစ်ဦးက ပြောပါသည်။ ဗျိုင်းဖြူရွာအနီးတွင် ဘင်္ဂါလီများ နေထိုင်သည့် သံတော်လီရွာ တည်ရှိနေပါသည်။
15
19

20
စစ်တွေမြို့မြောက်ဘက် ဇေယျသိန္ဓိ ကျောင်းတိုက်သို့ ရောက်ရှိနေသော အဖွားအိုတစ်ဦးအား တွေ့ရစဉ်
21
စစ်တွေမြို့မြောက်ဘက် ဇေယျသိန္ဓိ ကျောင်းတိုက်သို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများ

ဇွန်လ ၁၁ ရက်၊ နေ့လည် ၂:၁၀ နာရီ
မေလ ၂၈ ရက်က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှ မသီတာထွေးအား မုဒိမ်းကျင့်၊ လူသတ်၊ ပစ္စည်းလုယက်မှု ကျူးလွန်ခဲ့သော တရားခံများကို ယနေ့နံနက် ၁၀ နာရီက ကျောက်ဖြူမြို့နယ် တရားရုံးတွင် ရုံးချိန်းစစ်ဆေး ကြားနာရာတွင် အသိသက်သေ ၂၀ ကျော် လာရောက်ကြပြီး လက်ရှိ သက်သေ ၃ ဦး ထွက်ဆိုပြီးနောက် မွန်းလွဲ ၁၂ နာရီတွင် ခေတ္တရပ်နားခဲ့ကြောင်း သိရသည်။
အဆိုပါ တရားခံ(၃)ဦး အနက် တစ်ဦးဖြစ်သူ တရားခံ ရော်ရှီး (ခ) ထက်ထက်မှာ ဇွန်လ ၉ရက် ညနေပိုင်းက ကျောက်ဖြူအကျဉ်းထောင် အတွင်း ကိုယ့်ကိုကိုယ်ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း သိရှိရသည်။
11
စစ်တွေ-ရေချမ်းပြင် ရထားလမ်းမပေါ်မှာ မင်းဂံရပ်ကွက်များကို လုံခြုံရေး စောင့်ကြပ်ပေးနေသည့် တပ်မတော်သားများ။ (အဆိုပါ ရထားလမ်း အရှေ့ဘက်တွင် မင်းဂံရပ်ကွက်များရှိနေပြီး
ရထားလမ်း၏ အနောက်ဘက်တွင် ဘင်္ဂါလီရွာများ ရှိနေပါသည်။)
10
9
စစ်တွေမြို့မြောက်ဘက် ဇေယျသိန္ဓိ ကျောင်းတိုက်သို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများ
1
စစ်တွေမြို့မြောက်ဘက် ဇေယျသိန္ဓိ ကျောင်းတိုက်သို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများ
2
စစ်တွေမြို့မြောက်ဘက် ဇေယျသိန္ဓိ ကျောင်းတိုက်သို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများ
3
စစ်တွေမြို့မြောက်ဘက် ဇေယျသိန္ဓိ ကျောင်းတိုက်သို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများ

6
စစ်တွေ-ရေချမ်းပြင် ရထားလမ်းမပေါ်မှာ မင်းဂံရပ်ကွက်များကို လုံခြုံရေး စောင့်ကြပ်ပေးနေသည့် တပ်မတော်သားများ။ (အဆိုပါ ရထားလမ်း အရှေ့ဘက်တွင် မင်းဂံရပ်ကွက်များရှိနေပြီး ရထားလမ်း၏ အနောက်ဘက်တွင် ဘင်္ဂါလီရွာများ ရှိနေပါသည်။)
ဇွန်လ ၁၁ ရက်၊ နေ့လည် ၁:၂၀ နာရီ
စစ်တွေမြို့ပေါ်ရှိ ပုဂ္ဂလိက ဘဏ်များကို လုံခြုံရေးအခြေအနေကြောင့် ယနေ့မှ စတင်၍ ခေတ္တပိတ်ထားမည် ဖြစ်ကြောင်း သိရှိရပါသည်။
ဇွန်လ ၁၁ ရက်၊ နေ့လည် ၁၂:၂၅ နာရီ
စစ်တွေမြို့ မြောက်ဘက်တွင်ရှိသော ဘင်္ဂါလီရွာဖြစ်သည့် နာဇီရွာကို ဖြတ်သန်းသွားသော အဆိုပါ ရေပိုက်လိုင်းသည် စစ်တွေမြို့တစ်မြို့လုံးသို့ ရေပေးဝေသည့် ပိုက်လိုင်းဖြစ်သောကြောင့် ကြိုတင်ကာကွယ်ခြင်းအားဖြင့် စစ်တွေမြို့ ရေပေးဝေမှုကို ထိန်းချုပ်ထားရခြင်း ဖြစ်ကြောင်း စစ်တွေ ဒေသခံများက ပြောပါသည်။ လက်ရှိ အချိန်တွင် နာဇီရွာ၌ ဘဂါင်္လီများသာ ရှိနေပြီး ရွာတွင်ကျန်ရှိနေသော ရခိုင်တိုင်းရင်းသား အိမ်များနှင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းကို ယနေ့နံနက်ပိုင်း ဘင်္ဂါလီများက မီးရှို့ခဲ့ကြောင်း စစ်တွေ ဒေသခံများက ပြောပါသည်။

jun11sittway1
ဇွန်လ ၁၁ ရက်၊ နေ့လည် ၁၂:၁၀ နာရီ
မောင်တောမြို့ ရပ်ကွက်(၅)နှင့် ဗိုလ်မှူးရွာ ကို ဘင်္ဂါလီရိုဟင်ဂျာများက ဇွန်လ ၁၁ ရက် နံနက် ၉ နာရီ ခွဲခန့်က မီးရှိုခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါနေရာကို လုံခြုံရေးတပ်ဖွဲ့များက သွားရောက်ထိန်းသိမ်းထားကြောင်း သိရသည်။မောင်တောမြို့နယ်တွင် လာရောက် တာဝန်ထမ်းဆောင်နေသော ကျောင်းဆရာ၊ ဆရာမ ၄၃ ဦးကို နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်နေကြောင်း သိရှိရပါသည်။ယနေ့ ဇွန်လ ၁၁ ရက် ဘူးသီးတောင်မြို့ရှိ ဒုက္ခသည် စခန်း ၂ ခုတွင် ရခိုင်တိုင်းရင်းသား ဒုက္ခသည် ၁၀၀၀ ခန့်ရှိနေကြောင်း သိရသည်။
ဇွန်လ ၁၁ ရက်၊ နေ့လည် ၁၂:၀၀ နာရီ
လက်ရှိအခြေအနေတွင် စစ်တွေမြို့ မြောက်ဖက် ရွာသာယာရွာနှင့် ဗျိုင်းဖြူရွာတို့ စိုးရိမ်ရသည့် အခြေအနေရှိနေကြောင်း၊ အဆိုပါရွာနှစ်ရွာ၏ အလယ်တွင် ဘင်္ဂါလီများ၏ ရွာရှိနေပြီး ရွာသာယာရွာကို သွားရန် စစ်တွေမြို့မှ ဒေသခံများ ပြင်ဆင်နေပြီဖြစ်ကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောကြားခဲ့သည်။
ဇွန်လ ၁၁ ရက်၊ နံနက် ၁၁:၄၀ နာရီ
ရခိုင်ပြည်နယ် စစ်တွေမြို့ နှင့် သံတွဲမြို့သို့ ပြေးဆွဲနေသော အဲကမ္ဘောဇ လေကြောင်းလိုင်းသည် လုံခြုံရေး အခြေအနေများကြောင့် တစ်ပတ်ခန့် ခရီးစဉ်များ ရပ်နားထားမည်ဖြစ်ကြောင်း သိရှိရပါသည်။ အခြားလေကြောင်းလိုင်းများဖြစ်သည့် မြန်မာ့လေကြောင်း၊ အဲမန္တလေးနှင့် အဲပုဂံတို့မှာ ရခိုင်ပြည်နယ်သို့ ခရီးစဉ်များ ပုံမှန်ပြေးဆွဲလျှက်ရှိကြောင်း သိရှိရပါသည်။
ဇွန်လ ၁၁ ရက်၊ နံနက် ၁၁ နာရီ
စစ်တွေမြို့ အပြင်ဘက်ရှိ နာဇီရွာမှ ရွာသားများသည် ဘင်္ဂါလီများ၏ ရန်ကြောင့် ဇွန်လ (၁၀) ရက်နေ့ညက ရွာကို စွန့်ခွာထွက်ပြေးခဲ့ကြကြောင်း သိရှိရပါသည်။ အဆိုပါရွာတွင် အိမ်ခြေ ၂၇၀၀ ခန့်ရှိပြီး ရခိုင်တိုင်းရင်းသား အိမ်ခြေ ၂၈၀ ခန့်နှင့် ဘုန်းကြီးကျောင်းငါးကျောင်း ရှိကြောင်း သိရသည်။
အဆိုပါ နာဇီရွာတွင် ဇေယျမင်္ဂလာ၊ စေတီပြင်၊ စန္ဒာလောက၊ ဓမ္မ၀ိဟာရ၊ ဂြစ်ချောင်း ဘုန်းကြီးကျောင်းတို့အနက်မှ ဇေယျမင်္ဂလာ၊ စေတီပြင်၊ စန္ဒာလောကစသည့် ဘုန်းကြီးကျောင်း ၃ ကျောင်းနှင့် ရခိုင်ရွာသားများ၏ နေအိမ်များကို ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခံနေရကြောင်း သိရှိရပါသည်။
စစ်တွေမှာ တရားဝင် ကယ်ဆယ်ရေးစခန်းများ မရှိသော်လည်း စစ်တွေမြို့အနီးအနားရှိ ရခိုင်ရွာများမှ ပြည်သူများသည် စစ်တွေမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း ၁၀ ကျောင်းခန့်တွင် ခိုလုံနေကြပြီး လူ ၅၀၀၀ ခန့်ရှိကြောင်း သိရသည်။
ဇွန်လ ၁၁ ရက်၊ နံနက် ၉း၂၀ နာရီ
မောင်တောမြို့ ဗိုလ်မှူးရွာကို ဘင်္ဂါလီ ရိုဟင်ဂျာများက ဇွန်လ ၁၁ ရက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် မီးရှို့နေကြောင်း သိရသည်။
ဇွန်လ ၁၁ ရက်၊ နံနက် ၉း၀၅ နာရီ
ဇွန်လ ၁၁ရက် နံနက်ပိုင်း ရရှိသော သတင်းများအရ တပ်မတော်လုံခြုံရေး တပ်ဖွဲ့ဝင်များသည် စစ်တွေမြို့အတွင်း ကင်းလှည့်နေကြောင်း၊ ယမန်နေ့ကကဲ့သို့ အခြေအနေမျိုးမရှိဘဲ အေးချမ်းနေကြောင်း သတင်းရရှိပါသည်။

Ref: EMG

ရခိုင်ပြည်နယ်အတွင်းက ကုလ ၀န်ထမ်းတွေ ဘေးကင်းရာရွှေ့ပြောင်း

ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဖြစ်ပွားနေတဲ့ အရေးပေါ်အခြေအနေကြောင့် မောင်တောမှာ တာဝန်ကျနေတဲ့ ကုလသမဂ္ဂ၀န်ထမ်းနဲ့ မိသားစုတွေကို လုံခြုံတဲ့နေရာ ပြောင်းရွှေ့နေပြီလို့ သိရပါတယ်။ 

မောင်တောမှာ တာဝန်ကျတဲ့ အစိုးရ၀န်ထမ်းတွေကိုလည်း စစ်တွေမြို့ကိုခေါ်ယူတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ ၀န်ထမ်းတွေကို ရွှေ့ပြောင်းတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ အကူအညီပေးရေးဌာနေ ကိုယ်စားလှယ် Mr.Ashok Nigam ကို အာအက်ဖ်အေက ဆက်သွယ်မေးမြန်းရာမှာ-

"မောင်တောမြို့မှာ ဖြစ်ပွားနေတဲ့ အခြေအနေအရ အဲဒီဒေသမှာ တာဝန်ကျနေတဲ့ ကုလသမဂ္ဂ ၀န်ထမ်းနဲ့ မိသားစုတွေကို ခေတ္တ နေရာပြောင်းရွှေ့တာပါ။ အဲဒီမှာအခြေစိုက်တဲ့ ကုလသမဂ္ဂရုံးမှာ ၀န်ထမ်း ၁၅၂ ဦးထဲက ယာယီပြောင်းရွှေ့လိုသူတွေကို ရွှေ့ပေးနေပါတယ်။ အခုအထိ ၄၄ ဦး စတင်ရွှေ့နေပြီ " လို့ ပြောပါတယ်။

ပထမအသုတ်က တနင်္ဂနွေနေ့၊ ဒုတိယအသုတ်က ဒီကနေ့ စတင်ထွက်ခွာနေကြရာမှာ စစ်တွေကတဆင့် ရန်ကုန်ကို ပြန်ကြမယ်လို့ သိရပါတယ်။ ဒီအတောအတွင်း ပြည်နယ်အတွင်း သွားလာတဲ့ ခရီးသည်တင်ယာဉ်များကို အသွားအလာ ပိတ်ထားတယ်လို့ သိရပါတယ်။

Ref: RFA

Monday, 11 June 2012

ရခိုင်ပြည်နယ်က ဆူပူမှုတွေကြောင့် ဒီမိုကရေစီကူးပြောင်းရေး ထိခိုက်နိုင်တယ်လို့ သမ္မတပြောကြား

ရခိုင်ပြည်နယ်က လက်ရှိဆူပူမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးကို ထိခိုက်နိုင်တယ်လို့ သမ္မတ ဦးသိန်းစိန်က မနေ့ကပြောကြားလိုက်ပါတယ်။
Photo:Myanmar President office web site
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော အခြေအနေများနှင့် စပ်လျဉ်း၍ သမ္မတ ဦးသိန်းစိန် ပြည်သူများအား မိန့်ခွန်းပြောကြားနေစဉ်။
အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၂ ပုဒ်မခွဲ (က) အရ ဇွန်လ (၉) ရက်နေ့ ကစပြီး ရခိုင်ပြည်နယ်တွင်း အရေးပေါ်အခြေအနေအဖြစ် သမ္မတက ကြေညာချက်ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်တွင်း လူမျိုးစွဲ၊ ဘာသာစွဲ လက်စားချေ တုံ့ပြန်မှုတွေဟာ ကျယ်ပြန့် လာနေတဲ့အတွက် အခြားနေရာဒေသတွေကိုပါ ပျံနှံ့သွားမှာကို စိုးရိမ်မိကြောင်းလည်း သမ္မတဦးသိန်းစိန်က မနေ့က အရေးပေါ်မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

ဒါအပြင် ယခုကိစ္စကို ဘာသာရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ လူထုလူတန်းစား အဖွဲ့အစည်းတွေနဲ့ မီဒီယာစာနယ်ဇင်းတွေအားလုံး ပူးပေါင်းဖြေရှင်းကြဖို့ အထူးလိုအပ်ကြောင်းအပြင် အကြမ်းဖက်မှုကြောင့် နစ်နာဆုံးရှုံးခဲ့ကြရသူတွေ အတွက်လည်း တရားမျှတမှုရှိအောင် အလေးထားဆောင်ရွက်သွားမယ်လို့ သမ္မတ ကပြောပါတယ်။

မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေထဲမှာ ဇွန်လ (၈) ရက်နေ့ ရက်စွဲနဲ့ ပုဒ်မ (၁၄၄) ထုတ်ပြန်ထားပေမယ့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတွေကို ထိထိရောက်ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အပြင် ဇွန်လ (၉) ရက်နေက စစ်တွေမြို့မှာ အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်ပေါ်ခဲ့တာကြောင့် အခုလို အရေးပေါ်အခြေအနေ ကြေညာလိုက်တာဖြစ်ပြီး တာဝန်ထမ်းဆောင်ရာမှာ တပ်မတော်ရဲ့အကူအညီကို ရယူဆောင်ရွက်မယ်လို့လည်း သမ္မတရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအတောအတွင်း စစ်တွေမြို့ကို ရောက်ရှိနေတဲ့ RFA သတင်းထောက် ကိုကျော်ကျော်အောင်က တနင်္လာနေ့ မနက်မှာ အခြေအနေတွေ တည်ငြိမ်နေကြောင်း သတင်းပို့ခဲ့ပါတယ်။

Ref: RFA

မိုးထိ-မိုးမိ ရွှေလုပ်သားများ နေပြည်တော်သို့ ချီတက် ဆန္ဒပြ

မိုးထိ-မိုးမိတောင် တနိုင်တပိုင် ရွှေတူးသမားများ လုပ်ပိုင်ခွင့် ပြန်ရရေး ဆန္ဒပြနေစဉ် (ဓာတ်ပုံ - ခင်သြ / ဧရာဝတီ)

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်ရှိ မိုးထိ-မိုးမိတောင်မှ တနိုင်တပိုင် ရွှေတူးလုပ်သား ၂၀၀၀ ကျော်သည် တောင်းဆိုမှုများကို ကုမ္ပဏီက မလိုက်လျောသဖြင့် ရွှေတောမှ နေပြည်တော်သို့ ယနေ့နံနက် ၁၀ နာရီမှ စတင်၍ လမ်းလျှောက်ချီတက် ဆန္ဒပြနေကြောင်း သတင်းရရှိသည်။

မိုးထိ-မိုးမိတောင် ရွှေသတ္တုတူးဖော်ရေးကို နိုင်ငံတော်နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိထားသည့်
အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီသို့ ရွှေတူးလုပ်သားများက လုပ်ငန်း ပြန်လည်လုပ်ပိုင်ခွင့် ရရှိရန်အတွက် အချက် ၆ ချက်ကို ဇွန်လ ၁ ရက်နေ့မှစ၍ ဆန္ဒပြတောင်းဆိုရာတွင် ဇွန်လ ၇ ရက်နေ့အထိ တစုံတရာ အဖြေပေးခြင်း မရှိသည့်အတွက် နေပြည်တော်ရှိ အမျိုးသားကြီပွားတိုးတက်ရေး ကုမ္ပဏီရှိရာသို့ လမ်းလျှောက်ချီတက် ဆန္ဒပြကြခြင်းဖြစ်ကြောင်း သိရသည်။

“မနက် ၁၀ နာရီကနေ မိုးထိ-မိုးမိဒေသဘက်ကို သွားနေတာ။ တောင်ပေါ်လမ်းတလျှာက်တော့ လူအင်အား ၂၀၀၀ ကျော်လောက်ပါတယ်။ နေပြည်တော်ဘက်အထိ ချီတက်ဖို့ ဆုံးဖြတ်ပြီးပါပြီ” ဟု ချီတက်ဆန္ဒပြသည့်အဖွဲ့တွင် ပါဝင်သူတဦးက ပြောသည်။

လမ်းလျှောက် ချီတက်ဆန္ဒပြသည့် လူ ၂၀၀၀ ကျော်တွင် ဆရာတော် ၁၁ ပါးက ရှေ့ဆုံးမှ ဦးဆောင် ချီတက်လာကြောင်း၊ မိုးထိ-မိုးမိဒေသတောင်ပေါ်တွင် သီတင်းသုံးနေသော ဆရာတော်များ ဖြစ်ပြီး ကျောင်းထိုင်ဆရာတော် ဦးစန္ဒောဘာသ ဦးဆောင်ကြောင်း သိရသည်။

“ဘုန်းကြီးတို့လည်း အလုပ်သမား ဒကာတွေရဲ့ ဒုက္ခဆင်းရဲရောက်နေတာကို မကြည့်ရက်နိုင်လို့ ဒီလိုပါဝင်ခဲ့တာပါ။ ဘုန်းကြီးက မိုးထိ-မိုးမိဒေသရဲ့ ကျောင်းထိုင်ဘုန်းကြီးပါ” ဟု ဆရာတော် ဦးစန္ဒောဘာသာက ဧရာဝတီသို့ မိန့်ကြားသည်။
ဇွန်လ ၁ ရက်နေ့တွင် ရမည်းသင်းမြို့နယ်အတွင်းရှိ ရွှေလုပ်ကွက်မှ အလုပ်သမား ၅ သောင်းကျော်တို့သည် ၎င်းတို့ လုပ်ငန်းများ ပြန်လည်လုပ်ပိုင်ခွင့် ရရှိရေးအတွက် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီကို စတင် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

“ဇုန် ၁၂ က အင်းလုပ်သားတွေ ဆနပြဖို့အတွက် ခြေကျင်လျှောက်သွားကြတယ်။ ကားနဲ့သွားဖို့ စီစဉ်ပေမယ့် ဂိတ် ၂ က ကားတက်ခွင့် မပြုလို့ ခြေကျင်သွားကြတာ။ မိုးတွေတအား ရွာနေတာကြောင့် လူ ၂၀၀၀ ကျော်လောက်ပဲ သွားနိုင်ကြတယ်” ဟု ၄င်းဒေသတွင် ဈေးရောင်းနေသူတဦးက ပြောသည်။

လမ်းလျှောက်ချီတက် ဆန္ဒပြနေသည့် အချိန်တွင် မိုးများရွာသွန်းနေခြင်း၊ တောင်အောက် ဆင်းရန် ကားစီစဉ်ရာတွင် လမ်းရှိ ကုမ္ပဏီပိုင် ဂိတ်များမှ ကားများကို တောင်ပေါ်တက်ခွင့် မပေးခြင်းတို့ကြောင့် လူအင်အား နည်းနေရခြင်းဖြစ်သည်ဟု ယင်းဆန္ဒပြပွဲတွင် ပါဝင်သူတဦးကလည်း ပြောဆိုသည်။

မိုးထိ-မိုးမိဒေသနှင့် ရမည်းသင်းမြို့သည် မိုင်ပေါင်း ၃၀ ကျော်ခန့် ဝေးသည်။ ဆန္ဒပြသူများသည် ယနေ့ညနေတွင် ရမည်းသင်းမြို့နယ်နှင့် ၇ မိုင်ခန့်ဝေးသည့် ရွှေမြင်တင်ဘုရားတွင် ညအိပ်နားခိုကြမည် ဖြစ်သည်။

နောက်တနေ့ နံနက်တွင် နေပြည်တော်သို့ လမ်းလျှောက်မည်ဖြစ်ပြီး အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ ရုံးချုပ်ရှေ့သို့ သွားရောက် ဆန္ဒပြကြမည်ဟု သိရသည်။

ရမည်းသင်းမြို့မှ နေပြည်တော်သို့ မိုင် ၁၀၀ ကျော်ဝေးပြီး ထိုနေရာသို့ လမ်းလျှောက်သွားလျှင် မနားမနေ ၅ ညအိပ် သွားရမည်ဟု အလုပ်သမားတဦးက ပြောသည်။

ယင်းသို့ လမ်းလျှောက်ချီတက် ဆန္ဒပြသည့်အချိန်တွင် အစိုးရဘက်မှ လက်ရှိအနေထားထိ တစုံတရာ ဟန့်တားနှောင့်ယှက်ခြင်း မရှိသေးကြောင်း၊ ထို့အပြင် မန္တလေးမြို့ပေါ်ရှိ လူမှုကူညီရေး အဖွဲ့များကိုလည်း ရွှေလုပ်သားများက စားရေးသောက်ရေး အကူညီတောင်းထားကြောင်း သိရသည်။

“အခုချိန်ထိတော့ လူမှုကူညီရေးတွေဘက်က တစုံတရာ လာကူညီတာတော့ မရှိသေးဘူး။ အကူညီတော့ တောင်းထားတယ်။ လမ်းတလျှောက်မှာ မိုးထိမိုးမိဒေသကို ဈေးလာရောင်းနေတဲ့ ဈေးသည်တွေက ထမင်းတွေကျွေးကြ၊ ခေါက်ဆွဲကြော်နဲ့ ကြာဇံကြော်တွေ ကျွေးတာတွေတော့ ရှိပါတယ်။ လမ်းတလျှောက် စားဝတ်နေရေးကတော့ အခြေနေပေါ် မူတည်ပြီး လုပ်ရမှာပါ” ဟု ယင်းဆန္ဒပြပွဲတွင် လိုက်လံကူညီနေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီရေး အကျိုးဆောင် ကွန်ယက်မှ ကိုသောင်းထိုက်က ပြောသည်။

ဆန္ဒပြသူများသည် လက်ရှိတွင် လူ ၂၀၀၀ ကျော်ဟု ဆိုသော်လည်း လမ်းတလျှောက်ရှိ ဒေသခံများနှင့် ပူးပေါင်းနိုင်ဖွယ်ရှိကြောင်း၊ ထို့အပြင် တောင်ပေါ်မှ ထပ်ပြီးဆင်းလာမည့်သူများလည်း ရှိနေကြောင်း ကိုသောင်းထိုက်က ဆက်ပြောသည်။
 
Ref: ဧရာဝတီ
 
 

ဘူးသီးတောင်တွင် ရေကန်အတွင်း အဆိပ်ခတ်ရန် ကြံရွယ်သူများကို ခြောက်လှန့်ပစ်ခတ်

မီးဇင်ရပ်ကွက်မှ ဘင်္ဂါလီလူမျိုးများ မီးရှို့ရန် ပြင်ဆင်ထားသည့်ဓာတ်ဆီပုံးများ
ဘူးသီးတောင်မြို့နယ်၊ ရပ်ကွက်(၄/၅) ရှိ ကန်တော်ကြီး ရေကန်သို့ အဆိပ်ခတ်မည် ဟူသော တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ကြိုတင်၍ လုံခြုံရေးယူ ဆောင်ရွက်ထားခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့ည ၂၂:၃၅ နာရီချိန်တွင် အဆိပ်ခတ်ရန်ကြံရွယ်သူ ဘဂါလီလူမျိုးနှစ်ဦး ကို လုံခြုံရေးတာဝန်ယူထားသည့် တပ်မတော်သားများက ခြောက်လှန့် ပစ်ခတ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင် လွန်ခဲ့သော မိနစ်ပိုင်း အတွင်းက ဖော်ပြထားချက်အရ သိရသည်။

ရေကန်အတွင်းသို့ လူဆင်းလာသည့်အသံကြားရ၍ လုံခြုံရေးတပ်ဖွဲ့က ဓာတ်မီးဖြင့် ထိုးကြည့် ရာ လူ(၂)ဦး ရောက်ရှိနေသည်ကို တွေ့ရှိရကြောင်း၊ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ရာ ယင်းလူ(၂) ဦးမှာ လောက်လေးခွဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးလုံခြုံရေးတာဝန်ယူထားသည့် တပ်မတော်သားများက ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ဘင်္ဂါလီလူမျိုး တစ်ဦး သေနတ်မှန်ကာ တစ်ဦး ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

သေနတ်ထိမှန်၍ ကျန်ရစ်ခဲ့သည့် ဘင်္ဂါလီလူမျိုးမှာ ဘူးသီး တောင်မြို့မှ (၃) မိုင်ခန့်အကွာ ကျောက္ကရွာမှ ဖြစ်ကြောင်း၊၄င်းထံတွင်ဓါးတစ်လက်၊ လေးခွနှင့် လောက်စာလုံးများ တွေ့ရှိရပြီး ၄င်းတို့လုပ်ဆောင်သည့် အခြေအနေ အား စိစစ်ဆဲ ဖြစ်ကြောင်း သိရှိရသည်။
 
Ref: MNN
 

ရခိုင်ဒေသတွင်း ဆက်သွယ်နိုင်သည့် လမ်းကြောင်းများ ပိတ်ထားပြီ

စစ်တွေမြို့တွင် နေအိမ်များ မီးလောင်ကျွမ်းနေသည်ကို ဇွန် ၁၀ ရက်နေ့က မြင်တွေ့ရစဉ် (ဓာတ်ပုံ - Reuters)

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ဒေသတွင်း ဆက်သွယ်သွားလာနိုင်သည့် လမ်းကြောင်းများ အားလုံး ပိတ်ထားပြီ ဖြစ်ကြောင်း သိရသည်။

ရခိုင်ဒေသတွင်း ပြေးဆွဲနေသည့် ရေလမ်း၊ ကုန်းလမ်း ခရီးစဉ်များ အားလုံးနီးပါးကို ယမန်နေ့က စတင်၍ ရပ်တန့်ထားခြင်းဖြစ်ကြောင်း၊ သို့သော် မည်သည့်အတွက် ပိတ်ထားသည် ဆိုကြောင်းကို ပြည်သူများထံ အသိပေးမှု မရှိသေးကြောင်း ရခိုင်ဒေသခံ များက ပြောသည်။

ကျောက်ဖြူ – တောင်ကုတ်၊ တောင်ကုတ် – ရမ်းဗြဲ – ကျောက်နီမော်၊ တောင်ကုတ် – သံတွဲ စသည့် လမ်းကြောင်းများနှင့် ကျောက်ဖြူ – ရန်ကုန် မော်တော်ကား လမ်းကြောင်းကိုပါ  ပိတ်ထားပြီး မည်သည့် အချိန်အထိ ပိတ်ထားမည် ဆိုသည်ကို အတိအကျ မသိရသေးပေ။

“တောင်ကုတ်မြို့ကနေ ရခိုင်ပြည်တွင်း ဆွဲနေတဲ့ ကုန်းလမ်း၊ ရေလမ်း အကုန်ပိတ်ထားတယ်၊ ရုတ်တရက် ပိတ်လိုက်တော့  ကုန်ပစ္စည်းတွေ အရောင်းအ၀ယ် မလုပ်ရတော့ဘူး၊ လုံခြုံရေး တော့ ပုံမှန်ပါပဲ” ဟု တောင်ကုတ်မြို့ခံ အမျိုးသမီး တဦးက ပြော သည်။

ရခိုင်ဒေသတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့်ပတ်သက်၍ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ စသည့် မြို့များ၌ ညမထွက်ရ အမိန့်များ ထုတ်ပြန်ထား သကဲ့သို့ အရေးပေါ် အခြေအနေ တရပ်ကို သမ္မတ ဦးသိန်းစိန်က ယမန်နေ့တွင် ကြေညာခဲ့သည်။ ပုဒ်မ ၁၄၄ နှင့် လုံလောက်ခြင်း မရှိသဖြင့် တပ်မတော်၏ အကူအညီကို ယူရမည်၊ ထိုထုတ်ပြန်ချက်သည် နောက်ထပ် ထုတ်ပြန်ခြင်း မရှိသေး သရွေ့ အတည်ဖြစ်စေရမည်ဟု သမ္မတက ကြေညာထားသည်။

ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့် အတွက် ဒေသခံ ပြည်သူများ လုံခြုံစိတ်ချစွာ ညအိပ်နိုင်ပြီ ဖြစ်ကြောင်း၊ ဆက်သွယ်ရေး လမ်းကြောင်းများကိုမူ အချိန်ဆွဲ ကန့်သတ် မထားစေလိုကြောင်း ကျောက်ဖြူမြို့ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန် က ပြောသည်။
“ညမထွက်ရ အမိန့်ကြောင့် စိတ်ချ လက်ချ အိပ်နိုင်ကြတာတော့ အမှန်ပဲ။ ဒါပေမယ့် ဆက်သွယ်ရေး လမ်းကြောင်းတွေ အကြာကြီး ပိတ်ထားမယ်ဆိုရင် ကိုယ့်ဒေသခံ တိုင်းရင်းသားလူမျိုးတွေ စားဝတ်နေရေး ကြပ်တည်း ခက်ခဲသွားနိုင်တယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မှ ရခိုင်ပြည်နယ်၏ နေရာဒေသ အသီးသီးသို့ ပြေးဆွဲနေသည့် မော်တော်ယဉ်လိုင်း အသီးသီးတို့ကို ၅ ရက်မှ သီတင်း ပတ် တပတ်ခန့်အထိ ပိတ်ထားမည်ဟု သိရသည်။ ရန်ကုန် – ရခိုင် ဆက်သွယ်ရေး လမ်းကြောင်းများ ပြတ်တောက်သွားသည့် အပြင် ရခိုင်ဒေသတွင်း တနေရာမှ တနေရာသို့ ခရီးသွားလာမှု လမ်းကြောင်းများ အားလုံးကိုလည်း  ပိတ်ထားသည်။

ရန်ကုန် မှ စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ  စသည့် မြို့များအကြား ခရီးသည်တင် မော်တော်ယာဉ်များ၊ ကုန်ပစ္စည်း တင်ဆောင်သည့် ယာဉ်များ နေ့စဉ် ပြေးဆွဲလျက်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ရခိုင်ဒေသ၌ကုန်ဈေးနှုန်း ကြီးမြင့်လာမည်ကို  စိုးရိမ်ကြောင်း ရခိုင်ဒေသခံများက ပြောသည်။

ရခိုင်ဒေသ တခုလုံးအား ညမထွက်ရအမိန့်နှင့် အရေးပေါ် အခြေအနေများ ထုတ်ပြန်ထားသော်လည်း မောင်တော၊ စစ်တွေ မြို့တို့တွင် နေအိမ်တချို့ မီးရှို့ခံရခြင်းနှင့် ဆူပူလှုပ်ရှားမှုများ ယနေ့အထိ ဖြစ်ပေါ်နေသည်။

မောင်တောမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ပတ်သက်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် လုံခြုံ ရေး တင်းကျပ်ထားကြောင်း သိရသည်။

လက်နက်ကိုင် အကြမ်းဖက် အုပ်စုတစုသည် လက်နက်များနှင့် အတူ မြန်မာနိုင်ငံ ဘက်သို့ ၀င်ရောက် လာနေကြသည် ဆိုသည့် သတင်းများ ထွက်ပေါ်နေသော်လည်း အတည်မပြေုနိုင် သေးပေ။

Ref: ဧရာဝတီ

“မဟာချိုင်က ကော်ဖီနှင့်အစားအစာ အလုပ်ရုံ မီးလောင် အလုပ်သမား ၃ဦးဒဏ်ရာရ”

ဇွန် ၉
ဆန်းဦး (မဟာချိုင်)

    ဘန်ကောက်မြို့အနီး  ဖလန်ဆောင်လမ်းမကြီး မဟာချိုင် တလာမုန်းမိုင် ဈေးကြီး အကြား  ခေါ့ဂန်ရပ် ကွက် တွင်ရှိသော က်ာဖီမစ်နှင့် အစားအစာ မျိုးစုံ ထုတ်လုပ်သော Preserved  Specialty Co,Ltd အလုပ်ရုံတွင် မေလ  ၈  ရက်  သောကြာနေ့  မွန်းလွဲပိုင်းက ဗွိုင်လာအိုးပေါက်ကွဲသဖြင့် စက်ကိုကြီြး ကပ်သည့် မြန်မာ အလုပ်သမား ၂ဦးနှင့် ထိုင်းအလုပ် သမား တစ်ဦးတို့ မီးအပူဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့ကြသည်။

         ထိုင်းအလုပ်သမားတစ်ဦးနှင့် မြန်မာအလုပ်သမား ကိုမျိုးခိုင် တို့ နှစ်ဦးညတွင်းချင်း နေအိမ်ခန်း သို့ ပြန် လည်ရောက်ရှိခဲ့ကြသော်လည်း  အသက် ၂၉ နှစ်အရွယ် ကိုစိုးနိုင်ကတော့ မီးလောင် ဒဏ်ရာပြင်း ထန် ခြင်းကြောင့် မဟာချိုင်ဆေးရုံကြီး တွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသခံနေရဆဲဖြစ်သည်။



မျက်နှာ လက်နှင့် အကြောတွင် မီးအပူဟပ် ဒဏ်ရာ ရရှိခဲ့သည့် ဟန်မျိုးခိုင်  က“ ကျနော်ကအပေါ်ထပ်မှာ
အောက်အခန်းက မီးလောင်လာတာ၊ ကျနော့်သူငယ် ချင်း စိုးနိုင်ကတော့ ဗွိုင်လာအိုး အနားမှာရှိတာေ ကြာင့်ဒဏ်ရာပြင်းထန်ပါတယ်။ ကျနော်လည်း ဘုရားကယ်လို့  မဟုတ်ရင်သေတယ်” ဟုပြော သည်။

        ဒဏ်ရာရရှိသွားသော ထိုင်းတစ်ယောက်   နှင့်  မြန်မာအလုပ်သမား ၂ ယောက်တို့မှာ စက်ကို ကိုင်တွယ်ကြသူများ ဖြစ်သဖြင့် အပူလောင်သည့် ဒဏ်ရာများ ရရှိခဲ့ကြသော်လည်း   အလုပ်ရုံတွင် ရှိကြ သော မြန်မာအလုပ် သမားထောင်ကျော်ခန့်မှာ  အခြား အဆောင်များတွင် အလုပ်လုပ်နေကြ သဖြင့်ထိခိုင်ဒဏ်ရာရရှိမှု မရှိခဲ့ကြပေ။


 ယနေ့ မြန်မာသံရုံး အလုပ်သမား ကူညီရေးအဖွဲ့နဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ BAT တို့ မီးလောင် ဒဏ်ရာ ပြင်းထန်သည့် ကိုစိုးနိုင် တက်ရောက် ကုသနေရသည့် စမွတ်စာခွန် မဟာချိုင်   ဆေးရုံကြီး သို့ သွားရောက် စစ်ဆေးခြဲ့ ကသည်။

          လူနာအား တွေ့ဆုံ ကြည့်ရှုခွင့်မရရှိခဲ့သော် လည်း တာဝန်ကျ သူနာပြု ဆရာမ ပြောပြချက်အရ
 ခန္ဓာကိုယ် အနှံ့ အရေပြားများ ပျက်စီသွားခြင်း တို့ကြောင့် လနဲ့ ချီ၍ ဆေးဝါး ကုသမှုခံယူရမည်
ဖြစ်ကြောင်း သိရှိခွင့်ရရှိခဲ့သည်။

   ကို ဟန်မျိုးခိုင် အား အလှူငွေ အချို့ ကူညီပေးခဲ့သည့် မြန်မာသံရုံး အလုပ်သမား ကူညီရေးအရာရှိ ဦးကျော်ကျော်လွင်  က“ မီးလောင်အလုပ်သမားတွေ အတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ
ရရှိအောင် ဆောင်ရွက်ပေးမယ်။ အလုပ်သမားတွေမှာ မီးလောင်ပျက်စီးသွားတဲ့ ပတ်စပို့ ကိုလည်း
လုပ်ပေးသွားမှာဖြစ်တယ်၊ မြန်မာအလုပ်သမားတွေ တစ်ခုခုဖြစ်ရင် ကျနော်တို့ နဲ့ အပြည့်အ၀ ပူးပေါင်း
ဆောင်ရွက်ဖို့လိုပါတယ်။ ကျနော်တို့ တတ်နိုင်သမျှ ကူညီပေးနေပါတယ်” ဟုပြောသည်။


     လုပ်ငန်းရှင်က ဒဏ်ရာရသည့် မြန်မာအလုပ် သမားများ ဆေးဝါးကုသ ကုန်ကျငွေများကို တာဝန်ယူ မည် ဖြစ်ကြောင်းသူနာပြုဆရာမ   ပြောပြချက်အရသိရှိရသည်။

ပြီးခဲ့သည့်  ဖေဖေါ်ဝါရီလ  ၁၁ ရက်နေ့က  ထိုင်းနိုင် ငံ၏ ကုန်ထုတ်လုပ်ငန်းစုအကြီးဆုံး အုပ်စု တစ်ခုဖြစ်  သော အဟာချိုင် က ထိုင်းယူနီယံ ဆိုသည့် ငါးပုဇွန် ကုန်ချောထုတ် အလုပ်ရုံကြီးတစ်ခု အား မီးလောင်ခဲ့သဖြင့်အသက်ရှုမွန်းကြပ်သည့်   မြန်မာအလုပ်သမားရာချီပြီးဆေးရုံတက်ခဲ့ရသည်။ နောက်ပိုင်တွင် အလုပ်ရုံမှအလုပ်သမား  ၈၀၀  ခန့် အား ထိုင်းနိုင်ငံတောင်ပိုင်း ဆုံခလာမြို့သို့ ပြောင်းရွေ့ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဧပြီလ ၄ ရက်နေ့ က မဟာချိုင် (တလာကုန့်) ပုဇွန်ဈေး အနီးတွင် ကားတိုက် သေ
ဆုံးခဲ့သည့် မြန်မာအလုပ်သမား ၉ဦး နှင့် ထိခိုက်ဒဏ်ရာရသည့် အလုပ်သမားများ အတွက် ယနေ့ ထိ တိုင်အောင်နစ်နာကြေး တစ်စုံတစ်ခု မရရှိသေးကြောင်း မဟာချိုင်မှ အလုပ်သမားများက ပြောသည်။

Ref: Golden Workers

ဂျာနယ်များသတိ၊ ထောင်ဒဏ် ၉ နှစ်အထိ ချမှတ်နိုင်သည်

ယခုတပတ်အတွင်း ဖြန့်ချိခဲ့သည့် ဂျာနယ်များတွင် ရခိုင်ပြည်နယ် အရေးကိစ္စများ ပါဝင်သဖြင့် ရောင်းအား မြင့်တက်ခဲ့သည် (ဓာတ်ပုံ - ဧရာဝတီ)
ပြည်တွင်းအခြေစိုက် သတင်းမီဒီယာများ အနေဖြင့် ရခိုင်ပြည်နယ် ပဋိပက္ခသတင်းများ ရေးသားရာတွင် ဆူပူမှု ဖြစ်ပွားစေရန် လှုံ့ဆော်သည့် အရေးအသားများပါရှိပါက ထောင်ဒဏ် ၉ နှစ်အထိ ချမှတ်အရေးယူနိုင်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက သတိပေးလိုက်သည်။
ဇွန်လ ၁၀ ရက်နေ့ ည ၇ နာရီက ရန်ကုန်အစိုးရအဖွဲ့ရုံးတွင် သတင်းမီဒီယာအားလုံးကို ခေါ်ယူသတိ ပေးလိုက်ခြင်းဖြစ်ပြီး ယင်းပွဲကို “ရခိုင်ကိစ္စ သတင်းစာရှင်းလင်းပွဲ” ဟု ခေါင်းစဉ်တပ်ထားသည်။

အဆိုပါ ရှင်းလင်းပွဲတွင် ဦးမြင့်ဆွေက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော သတင်းများကို ရေးသားဖော်ပြရာတွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လှုံ့ဆော်သည့် အရေးအသားများ မပါရှိစေရေး သတိထားရန်နှင့် ဆူပူမှု ဖြစ်ပွားစေရန် လှုံ့ဆော်သည့် ရေးသားမှုများ ပါရှိပါက ဥပဒေပုဒ်မ ၅ (ည)၊ ပုဒ်မ ၅၀၅ (ခ) အရ ထောင်ဒဏ် ၉ နှစ်အထိ ချမှတ် အရေးယူနိုင် သည်ဟု ဆိုသည်။
“သတင်းမီဒီယာတွေရဲ့ လက်ဦးရလိုမှုကြောင့် သတင်းတွေကို ပြိုင်ဆိုင်ဖော်ကြရာမှာ ပိုပြီးတော့ မတည်မငြိမ် မှုတွေ ဖြစ်လာတယ်။ အခုအချိန်က တိုင်းပြည်အတွက် အရေးကြီးတဲ့ အချိန်ဖြစ်တယ်။ ရေးသားတဲ့ အခါမှာလည်း ကိုယ့်ဂျာနယ် ရောင်းရဖို့ တိုင်းပြည် ဘာဖြစ်ဖြစ်၊ လူမျိုးဘာဖြစ်ဖြစ် ရေးကြသားကြ တာတွေရှိတယ်။ ဒါတွေက တိုင်းပြည် မငြိမ်မသက် ဖြစ်သွားနိုင်တယ်” ဟု ၀န်ကြီးချုပ်ဦးမြင့်ဆွေက ပြောသည်။

လက်ရှိမီဒီယာများသည် အဓိကရုဏ်းများ ဖြစ်ပွားနိုင်အောင် လှုံ့ဆော်ရေးသား နေသည်ဟု ပြောဆိုပြီး မီးလောင်ရာ လေပင့် လုပ်ဆောင်သည်ကို တွေ့ရကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် ပြဋ္ဌာန်းထား သော်လည်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိခိုက်ရဟ ပြဋ္ဌာန်းထားကြောင်း၊ ထို့ကြောင့် ဥပဒေမလိုက်နာ သော သတင်းမီဒီယာများကို အရေးယူရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ပြန်ကြားရေးအပိုင်းက စာပေဆိုင်ရာ အချက်တွေ ချိုးဖောက်လို့ အရေးယူတာရှိသလို  အုပ်ချုပ်မှုပိုင်းဆိုင်ရာ၊ ပြစ်မှုပိုင်း ဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ အရေးယူသင့်တာ ယူရမှာ ဖြစ်ပါတယ်။ ကြိုတင် ပြောတာဖြစ်ပါတယ်” ဟု ၀န်ကြီးချုပ်က ဆိုသည်။

သတင်းမီဒီယာအပေါ် အရေးယူမည့် တည်ဆဲဥပဒေများမှာ ပုဒ်မ ၅ (ည) ဖြစ်ပြီး ထောင်ဒဏ် ၇ နှစ်အထိ ပြစ်ဒဏ်နှင့် ငွေဒဏ် ထောင်ဒဏ်များ ချမှတ်နိုင်ကြောင်း၊ ယင်းအပြင် ပုဒ်မ ၅၀၅ (ခ) အရလည်း ဆူပူမှုဖြစ်အောင် လှုံ့ဆော်မှုအတွက် ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်ကြောင်း ၎င်းက ရှင်းလင်းသည်။
ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေကလည်း သတင်းများအားလုံး စာပေစိစစ်ရေး၏ စိစစ်ဖြတ်တောက်မှု အောက်တွင်သာ ဖော်ပြရမည်ဖြစ်ပြီး စာပေစိစစ်ရေးကို တင်ပြခြင်းမရှိဘဲ ဖော်ပြလျှင် ၁၉၆၂စိစစ်ရေးဥပဒေနှင့် အရေးယူမည် ဖြစ်ကြောင်း ပြောသည်။

“သတင်းတွေအားလုံး စာပေစိစစ်နဲ့မှတ်ပုံတင်ဌာနကို မပျက်မကွက် တင်ပြပြီး ခွင့်ပြုချက်အတိုင်းပဲ ဖော်ပြရမယ်။ အဲဒါမှ ဥပဒေကို လိုက်နာတယ်လို့ မှတ်ယူရပါမယ်။ ၁၉၆၂ ဥပဒေက မဖျက်ရသေးဘူး။ အဲဒီဥပဒေအတိုင်း အရေးယူမယ်” ဟု ဦးတင့်ဆွေက ဆိုသည်။
ပြည်သူ့ခေတ် ဂျာနယ်၏ အယ်ဒီတာချုပ် ဦးဖေမြင့်က ၀န်ကြီးချုပ်သည် ရခိုင် သတင်းစာရှင်းလင်းပွဲဟု ခေါ်ယူ ပြောဆိုပြီး သတင်းမီဒီယာများကို ခေါ်ယူကြိမ်းမောင်းခြင်း ဖြစ်ကြောင်း၊ ကျင့်ဝတ်နှင့်အညီ မဖော်ပြသော ဂျာနယ်ကို သီးခြား ခေါ်ယူမပြောဆိုဘဲ ဂျာနယ်အားလုံးကို ဝါးလုံးရှည်ဖြင့် သိမ်းကျုံး သတိပေးသည်ဟု ခံစားရကြောင်း ထုတ်ဖော် ပြောကြားသည်။
“မေးခွင့်လည်းမရှိဘူး။ ပြောချင်ရာပြောပြီး ပြန်သွားတယ်။ အဲဒါတော့ ကျနော်တို့ စိတ်မကောင်းဘူး” ဟု ဦးဖေမြင့်က ပြောသည်။

စာပေ စိစစ်ရေးဌာနမှ တာဝန်ရှိသူတဦးကမူ လျှပ်တစ်ပြက်ဂျာနယ်က အစ္စလမ် ဘာသာဝင်များနှင့် မြန်မာများအကြား ဆူပူမှု ဖြစ်ပွားစေနိုင် လောက်သော သတင်းနှင့်ဓာတ်ပုံများ ထည့်သွင်းဖော်ပြခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဂျာနယ်များ အားလုံးကို အစိုးရက ခေါ်ယူသတိပေးခြင်းဖြစ်သည်ဟု ဆိုသည်။

စာပေစိစစ်ရေး အနေနှင့် သတင်းဂျာနယ်အများစုက စိစစ်ရေးမတင်တော့ဘဲ လုပ်ကိုင်ဆောင်ရွက်နေမှုများ အပေါ် မချင့်မရဲဖြစ်ကာ လျှပ်တစ်ပြက်ဂျာနယ်၏အမှားမှ စာနယ်ဇင်းအားလုံးကို ပြန်လည် ထိန်းချုပ်လာခြင်း ဖြစ်နိုင်ကြောင် ပြည်တွင်း သတင်းသမားများက သုံးသပ်သည်။

“မီဒီယာ တော်တော်များများ ကျင့်ဝတ်နဲ့အညီ ထိန်းကြတယ်။ စုန်းပြူးတော့ ရှိတာပေါ့။ အဲဒီစုန်းပြူးကို အရေးမယူဘဲ အားလုံးကို တပြေးညီ သတ်မှတ်ပြီး ပြန်ထိန်းချုပ်တာပဲ။ စာပေစိစစ်ရေး ကိုယ်တိုင်ပြောနေတဲ့ ဇွန်လကုန်ဆိုရင် စာပေစိစစ်ရေး ဖျက်ပြီဆိုတာက အခုပုံစံ အတိုင်းဆိုရင်တော့ မဖြစ်နိုင်တော့ဘူး” ဟု ပြည်တွင်းသတင်းထောက် တဦးက ဆိုသည်။

ရခိုင်ပြည်နယ် အရေးကိစ္စကြောင့် ပြည်တွင်းဈေးကွက်တွင် သတင်းဂျာနယ်အများစု လက်မလည်အောင် ရောင်းချ နေရသည်ဟု ဖြန့်ချိရေးသတင်းရပ်ကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
အလားတူ ရခိုင်ပြည်နယ် ကိစ္စ ဖြစ်ပျက်ပြီး နောက်ပိုင်း ပြည်တွင်းနေ မြန်မာများသည် အင်တာနက်ပေါ်မှ သတင်းများကို စိတ်ဝင်စားမှု ပိုမိုများပြားလာကြောင်းလည်း ကြားသိရသည်။

သတင်းဂျာနယ်တချို့သည် လူထုအကြား ထုတ်ဝေဖြန့်ချိသည့် စာမျက်နှာများပေါ်တွင် ကျင့်ဝတ်နှင့်အညီ ဖော်ပြ ကြသော်လည်း ၎င်းတို့၏ ကိုယ်ပိုင် အင်တာနက် စာမျက်နှာများပေါ်တွင်မူ ကျင့်ဝတ်နှင့်အညီ ဖော်ပြခြင်းမရှိဘဲ ဆူပူမှုကို လှုံ့ဆော်သည့် အရေးအသားများ မြင်တွေ့နေရကြောင်း ဝေဖန်မှုများလည်း ရှိသည်။

ယမန်နေ့ညက သတင်းစာရှင်းလင်းပွဲသို့ လာရောက်သည့် အယ်ဒီတာတဦးက “အင်တာနက်က မီးလိုပဲ၊ သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင် ဘေးဖြစ်မယ်။ မီဒီယာတွေ အင်တာနက်ပေါ်မှာ သတင်းဖြန့်တာ တအားမြန်လာတယ်။ မြန်တာ ကောင်းပေမယ့် ရေးတဲ့သားတဲ့ နေရာမှာ ထိန်းချုပ်သင့်တယ်” ဟု ပြောသည်။

Ref: ဧရာဝတီ

ရန်ကုန်တိုင်းဝန်ကြီးချုပ် ရခိုင်ပြည်နယ်အရေး မီဒီယာများကို ပြစ်တင်

နယူးဒေလီ၊ ရန်ကုန် (မဇ္ဈိမ)။   ။ လတ်တလော ဖြစ်ပျက်နေသည့် ရခိုင်ပြည်နယ်တွင်း အရေးအခင်းများနှင့် ပတ်သက်၍ ပြည်တွင်း ပုံနှိပ် မီဒီယာအချို့ ရေးသားဖော်ပြနေခြင်းမှာ တည်ဆဲဥပဒေ၊ ပြန်ကြားရေး မူဝါဒများနှင့် ငြိစွန်းနေကြောင်း ရန်ကုန်တိုင်း အစိုးရ ဝန်ကြီးချုပ် ဦးမြင့်ဆွေ က မီဒီယာသမားများကို ခေါ်ယူ ပြစ်တင် သတိပေးလိုက်သည်။

ရန်ကုန်တိုင်း လွှတ်တော် အဆောက်အဦးတွင် ညနေ ၇ နာရီက နာရီဝက်ကြာ သတင်းစာ ရှင်းလင်းပွဲတွင် ဦးမြင့်ဆွေ က ပြည်တွင်း/ပြည်ပ မီဒီယာ ၅၃ ခုမှ မီဒီယာသမား ၆ဝ ကျော်ကို ခေါ်ယူ၍ နာရီဝက်ကြာ ရှင်းလင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကိုယ့်ဂျာနယ် ရောင်းရရင် ပြီးရောပဲ။ တိုင်းပြည် ဘာဖြစ်ဖြစ်၊ လူမျိုး ဘာဖြစ်ဖြစ်ဆိုပြီး ရေးသားကြတာတွေ ရှိနေပါတယ်။ သတင်းမှန်တယ်၊ အမှန်ကို ရေးတာပဲ ဆိုပေမယ့် ဒါတွေဟာ တိုင်းပြည် မငြိမ်မသက် ဖြစ်သွားစေနိုင်တဲ့ အနေအထားမျိုးတွေ သတိပြုဖို့ လိုပါတယ်။ ခုတိုင်းပြည်မှာ မငြိမ်မသက် ဆူပူမှုတွေ၊ ဘာသာရေး၊ လူမျိုးရေး တခုနဲ့တခု အထင်မှားမှုတွေ ဒါတွေမဖြစ်အောင် ဝိုင်းထိန်းရမယ့်အစား ဒါတွေကို မီးလောင်ရာ လေပင့် လုပ်နေကြတာ တွေ့ရတယ်” ဟု ဦးမြင့်ဆွေ က ပြောသည်။

ထို့ပြင် နိုင်ငံသားတိုင်း အနေနှင့် အခြေခံဥပဒေပါ လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့် အစရှိသည့် အခွင့်အရေးများကို ရယူခံစားခွင့်ရှိသော်လည်း “အခြေခံဥပဒေ ပုဒ်မ ၃၅၄ မှာ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး မဆန့်ကျင်လျှင် အောက်ပါ အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည်။ အခုဟာဆိုရင် တော်တော်လေးကို ဆန့်ကျင်လာတဲ့ အနေအထား ဖြစ်ပါတယ်” ဟု ပြောသည်။

စာနယ်ဇင်းများက ထိုသို့ ကျူးလွန်ဖောက်ဖျက်ပါက “ပြန်ကြားရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူဝါဒတွေကို ကျူးလွန်ချိုးဖောက်ရင် အရေးယူသင့်တဲ့အပိုင်းတွေရှိသလို၊ ကျနော်တို့ အုပ်ချုပ်ရေးအပိုင်းနဲ့ ပတ်သက်လို့ ဒီပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ရင် ဥပဒေအရ အရေးယူမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က သတိပေးသည်။

အုပ်ချုပ်ရေးပိုင်းမှ အရေးယူ အပြစ်ပေးနိုင်သည့် ပုဒ်မတခုအဖြစ် နာမည်ကြီးလှသော ‘၁၉၅ဝ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ’ ပုဒ်မ ၅ (ည)နှင့် ပုဒ်မ ၅ဝ၅(ခ)တို့ကို နမူနာထုတ်ပြ ပြောဆိုသွားသည်။

“‘ပြည်ထောင်စု၏ လုံခြုံရေးကို လည်းကောင်း၊ ငြိမ်ဝပ်ပိပြားမှု ပြန်လည်ဖော်ဆောင်ရေးကို လည်းကောင်း ထိခိုက်စေရန် အကြောင်းရှိသော နည်းလမ်းဖြင့် အများပြည်သူ၏ သို့တည်းမဟုတ် ပြည်သူတစု၏ ကိုယ်ကျင့်တရားကိုဖြစ်စေ၊ အပြုအမူကိုဖြစ်စေ ဖောက်လှဲဖောက်ပြန် ဖြစ်စေရန် ကြံရွယ်၍ တခုခုလုပ်လျှင် သို့တည်းမဟုတ် ယင်းသို့ဖြစ်စေရန် အကြောင်းရှိသောအမှုကို ပြုလျှင် ထိုသူအား ၇ နှစ်အထိ ထောင်ဒဏ် သော်လည်းကောင်း၊ ငွေဒဏ်ကိုသော်လည်းကောင်း၊ ဒဏ်နှစ်ရပ်စလုံးကို သော်လည်းကောင်း ထိုက်သင့်စေရမည်။ အများပြည်သူတို့အား အထိတ်တလန့် ဖြစ်စေရန် ကြံရွယ်၍ တခုခုလုပ်လျှင် သို့တည်းမဟုတ် ယင်းသို့ဖြစ်စေရန် အကြောင်းရှိသောအမှုကို ပြုလျှင်’ ဒီပြစ်ဒဏ်တွေကို ချမှတ်နိုင်တဲ့အကြောင်း ရေးသားဖော်ပြထားပြီး ဖြစ်ပါတယ်” ဟု ဦးမြင့်ဆွေက ထောက်ပြပြောဆိုသွားသည်။

ပုဒ်မ ၅ဝ၅ (ခ)မှာ “နိုင်ငံတော် အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်သော ပြစ်မှုကို တဦးတယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကို သော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကို သော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း  တခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် သို့တည်းမဟုတ် (ဃ) လူအမျိုးအစားအချင်းချင်းဖြစ်စေ၊ လူမျိုးစုအချင်းချင်းဖြစ်စေ တဖက်နှင့်တဖက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရန် အကြံရှိလျှင် သို့တည်းမဟုတ် အဆိုပါ လှုံ့ဆော်ခြင်းကို ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို ၂ နှစ်အထိ ထောင်ဒဏ် တမျိုးမျိုးကို ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရမည်” ဟု လည်း ရှင်းလင်း သတိပေးသွားသည်။

ထိုပြစ်မှုများနှင့် ထိုက်သင့်သူ မည်သူကိုမဆို ခြွင်းချက်မရှိ အရေးယူသွားမည်ဟု ဆိုသည်။

မည်သည့်ဂျာနယ်များဟူ၍ အမည်တပ် ထုတ်ဖော်ပြောဆိုခြင်းမပြုသော်လည်း အချို့ဂျာနယ်များတွင် အတိတ်မှ ဖြစ်ပျက်ခဲ့ဖူးသည့် ပဋိပက္ခများကိုပါ ချိန်ကိုက် ဖော်ပြလာကြခြင်းမှာ တိုင်းပြည်အား ကတိမ်းကပါး ဖြစ်စေရန် ရည်ရွယ်နေသည်ဟု ယူဆရကြောင်း ဦးမြင့်ဆွေက ပြောကြားသွားသည်။

ရခိုင်ပြည်နယ်တွင်း မေလ ၂၈ ရက်နေ့ ရခိုင်အမျုးသမီးတဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုမှ စတင်၍ လူမျိုးရေး၊ ဘာသာရေး အမုန်းပွားမှုများ ပိုမိုတင်းမာလာရာမှ ဇွန်လ ၁ဝ ရက်နေ့တွင် နိုင်ငံတော်သမ္မတ က အရေးပေါ်အခြေအနေ ကြေညာရသည်အထိ သည်းသန် ပြင်းထန်လာခဲ့ရသည်။

ထိုသို့ ဖြစ်လာရခြင်းမှာ “ဒီနေ့ ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးကို ရှေးရှုနေတဲ့ အချိန်မှာ ဒါကို မလိုတဲ့ ပြည်တွင်း/ပြည်ပ ဖျက်လိုဖျက်ဆီး လုပ်ချင်တဲ့လူတွေဟာ သွေးထိုးမြှောက်ပင့်ပြီးတော့ လူမျိုး အချင်းချင်း စိတ်ဝမ်းကွဲပြားအောင်၊ ဘာသာအချင်းချင်း စိတ်ဝမ်းကွဲပြားအောင်၊ အယူအဆ လွဲမှားအောင် အများကြီး လုပ်နေပါတယ်” ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က စွပ်စွဲပြောဆိုသွားသည်။

ည ၈ နာရီတွင် သမ္မတ မိန့်ခွန်း မြွက်ကြားရန်ရှိသဖြင့် ဦးမြင့်ဆွေ၏ သတင်းစာရှင်းလင်းပွဲကို အချိန်တိုတွင်း အဆုံးသတ်ခဲ့ပြီး တက်ရောက်လာကြသော သတင်းထောက်များ၏ ပြန်လှန်မေးခွန်း ထုတ်ခြင်းများ ပြုလုပ်ခွင့် မရရှိခဲ့ကြောင်း သိရသည်။

ကိုပေါက်၊ ဝေစန္ဒာ 

မောင်းတောမှာ ဒုက္ခသည် ၅၀၀၀ ကျော်ရှိနေ

ရခိုင်ပြည်နယ်၊ မောင်းတောမြို့မှာ အခုဆိုရင် ဒုက္ခသည် ဦးရေ (၅၀၀၀) ခန့်ရှိနေပြီး လတ်တလောအနေနဲ့ အစားအသောက်၊ ရိက္ခာတွေ လိုအပ်နေသလို ပြေးလွားရင်း ပျောက်ဆုံးနေသူ ၅၀ ခန့်ရှိတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

မောင်းတောမြို့မှာ ဒုက္ခသည်စခန်း အနေနဲ့ (၄) ခုဖွင့်လှစ်ထားပြီး ဒီစခန်းတွေမှာ လာရောက် ခိုလှုံနေရသူ တွေကို ဗဟိုလ်ကျောင်း၊ အောင်မြေဗောဓိ အလိုတော်ပြည့်ကျောင်း
နဲ့ အမှတ် (၂) ရဲတပ်ရင်းတွေမှာ ခိုလှုံနေကြရတာဖြစ်ပါတယ်၊ အလိုတော်ပြည့် ကျောင်းမှာတော့ ကျေးရွာ(၃) ရွာက လူဦးရေ (၄၇၂) ဦးရှိပြီး၊ တချို့ရွာတွေက လူတွေ ပျောက်ဆုံး နေတာတွေလည်း ရှိတယ်လို့ ဆရာတော် ဦးမဏိသာရ က အခုလို မိန့်ပါတယ်။

“ဒီမှာ ဒဏ်ရာရတဲ့သူတွေ ပါမယ်၊ နောက်တခါ ဝမ်းသွားတဲ့သူ၊ ဖျားနာတဲ့သူတချို့ အဲဒါတွေလည်း ပါတာပေါ။့ ထွက်ပြေးတဲ့နေ့က မိုးတွေ မိကြတယ်ဆိုတော့ လူနာကတော့ ဒီမြို့ပေါ်မှာတင် ဦးဇင်းကျောင်းမှာ လူနာ(၁၀၀) ကျော်လောက်နဲ့ ပရဟိတကျောင်းမှာ (၃၂) ယောက်ဆိုပြီးတော့ အဲဒီလို သိရတယ်။ ဟိုရဲတပ်ရင်း ဘက်ကတော့ ဦးဇင်းတို့နဲ့ အလှမ်းဝေးသည့် အတွက်ကြောင့် မသိရပါဘူး၊ ဗဟိုရ်ကျောင်းမှာ ကတော့ လူနာ တယောက်မှ မရှိပါဘူး၊ ဦးဇင်းကျောင်းမှာ ပြည်ခွန်ပေါင်ရွာရယ်၊ တိုင်းသိရွာရယ်၊ နောက်တခါ ဥဒေါင်းငယ် ဆိုပြီးတော့ ရွာ(၃)ရွာရှိပါတယ်။

ဒီအလိုတော်ပြည့် ကျောင်းမှာတင် ပြည်ခွန်ပေါင်ရွာက အမျိုးသား (၁၇၀) ဦး၊ အမျိုးသမီး (၁၉၄) ဦးရှိတယ်လို့လည်း သိရပါတယ်၊ ဒီရွာတရွာထဲမှာတင် သေဆုံးသူ အမျိုးသား (၃) ဦးရှိပြီး၊ ပျောက်ဆုံးနေသူ ၅၀ ခန့်ရှိတယ်လို့  ဆရာတော်က မိန့်ကြားပါတယ်။ ဒုက္ခသည်စခန်းမှာ အဓိက လိုအပ်တာကတော့ ရိက္ခာနဲ့ သောက်သုံးရေနဲ့ ဆေးဝါးများ ဖြစ်တယ်လို့ ဆရာတော်ကမိန့်ပါတယ်။ လက်ရှိအနေနဲ့ မောင်းတောမှာ ဆူဆူပူအသံတွေ ဆက်မကြားရပေမဲ့ တင်းမာမူတွေတော့ ရှိနေတယ်လို့ သိရပါတယ်။

Ref: RFA

Sunday, 10 June 2012

ရခိုင်နိုင်ငံရေးသမား တယောက်ရဲ့ စိုးရိမ်မှု

အကြမ်းဖက်တိုက်ခိုက်မှုများ ကျယ်ပြန့်လာသဖြင့် ရပ်ရွာကို အကာအကွယ်ပေးရန် ရှိရာ တုတ်၊ ဓား ဆွဲ၍ထွက်လာကြသူများ (ဓာတ်ပုံ- Reuters)
ဒေါက်တာအေးမောင်နဲ့ စကားပြောဖြစ်တယ်။ သူပြောတာက စစ်တွေမှာ မနေ့ညကလည်း တော်တော်အခြေအနေဆိုးနေတယ်၊ ဒီနေ့လည်းအခြေအနေမကောင်းဘူး၊ ကာဖျူးထုတ်ဖို့ တောင်းဆိုထားတယ်။ နေရာ ၅ နေရာလောက်မှာ ထိပ်တိုက်ရင်ဆိုင်မှုရှိနေတယ်။
လုံထိန်းအင်အားနည်းပါးတယ်၊ တိုးချပေးဖို့ တောင်းဆိုထားတယ်။ မောင်းတောကနေ ဘူးသီးတောင်ကို ပြေးလာတဲ့ ရခိုင်စစ်ပြေးတွေများနေပြီ။ ဘင်္ဂါလီတွေက ကိုယ့်အိမ် ကိုယ် မီးရှို့ ဖျက်ဆီးနေတယ်လို့ သတင်းတွေရနေတယ်။

ဒီအဖြစ်အပျက်ကို နောက်ကွယ်က ကြိုးကိုင်သူတွေလည်း ရှိတယ်လို့ သူက ထင်တယ်။
အစိုးရဘက်က၊ အထူးသဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန လက်အောက်ခံ (နစက) ကို ကိုင်တွယ်တဲ့ နစက ဦးစီးမှူး ဗိုလ်မှူးချုပ်အောင်ကြီးမှာ တာဝန်ရှိတယ်လို့ မြင်တယ်။ မောင်းတောမှာ ဆူပူမှုလုပ်တုန်းက အခြေအနေကို ချက်ခြင်း နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ရဲ့သားနဲ့ မီးရှို့တာကို နစကရယ် ရဲရယ်က ကြည့်နေတယ်။ အဲဒီတော့ ပိုဆိုးလာတယ်။ ဗိုလ်မှူးချုပ် အောင်ကြီးက မောင်းတော မူဆလင် စီးပွားရေးသမားတွေနဲ့ အလုပ်လုပ်ကိုင်နေတယ်။ အဲဒါကြောင့် ကိုင်တွယ်မှု လျော့ရဲခဲ့တယ်လို့ မြင်တယ်။
နောက်တချက် စစ်တွေမှာ ဈေးကောက်ကိစ္စ ဆန္ဒပြတော့ သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းတယ်။ အခုလို အရေးအခင်းမျိုးကျတော့ လျှော့ပေးထားတယ်။ ဒါကြောင့် ဦးသိန်းစိန် အစိုးရသစ်ကို သိက္ခာကျအောင်၊ အကျပ်အတည်းတွေ့အောင် လုပ်ချင်သူတွေ ရှိတယ်လို့ သုံးသပ်တယ်။

နောက်တချက်က နိုင်ငံတကာမှာရှိတဲ့ ရိုဟင်ဂျာလှုပ်ရှားမှုနဲ့ ဆက်စပ်နေတယ်။
လာမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ခရီးစဉ်မှာ ရိုဟင်ဂျာအရေးကို ကမ္ဘာက အာရုံစိုက်အောင် လုပ်နေတယ်။ ဒါမှ နိုင်ငံတကာမှာ ရိုဟင်ဂျာကိစ္စပိုသိသွားမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သတင်းထောက်တွေ၊ ကမ္ဘာ့ခါင်းဆောင်တွေက မေးခွန်းတွေမေးမယ်။ အဲဒီမှာ ရိုဟင်ဂျာကိစ္စ ဒေါ်အောင်ဆန်းစုကြည် အဖြေမတတ်ရင် ကွဲမယ်။

ရိုဟင်ဂျာဟာ မြန်မာနိုင်ငံမှာ မှီတင်းနေသူတွေလို့ ဖြေရင် ရခိုင်တိုင်းရင်းသားနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ရန်တိုက်ပေးရာလည်း ရောက်မယ်။ နောက် ပြည်နယ်လည်း တောင်းလာနိုင်မယ်၊ 
 ဒေါ်အောင်ဆန်းစုကြည် အရှိန်အဝါကို သုံးလာနိုင်တယ်လို့ သူက သုံးသပ်တယ်။

အခုဆို RSO လို့ ခေါ်တဲ့  ရိုဟင်ဂျာ လက်နက်ကိုင် တွေပါ ပါလာပြီလို့ ဆိုတယ်။ ရခိုင်တိုင်းမှူး ဗိုလ်ချုပ် ၀င်းမြင့်လက်ထက် ၂၀၀၄ ခုနှစ်က လက်နက် အပြည်အစုံနဲ့ ၀င်လာတဲ့ ရိုဟင်ဂျာတွေကို စစ်ဆင်ရေးလုပ်ဖူးတယ်။ ဒီပြဿနာက ၁၉၄၂ ခုနှစ် အင်္ဂလိပ် မြန်မာပြည်က အဆုတ်မှာ စတင်ဖြစ်ပွားခဲ့ပြီး ရခိုင်ပညာတတ် ICS ဦးဦး ကျော်ခိုင်သေဆုံးခဲ့ရတယ်။

လွတ်လပ်ရေးရပြီး ၁၉၄၉ မှာ မူဂျာဟစ်လှုပ်ရှားမှုအပြီး ပြည်နယ်တောင်းခဲ့လို့ ဗမာ့သေနတ်ကိုင်တပ်ရင်း ၅ က နှိမ်နင်းခဲ့ရတယ်။

Ref: ဧရာဝတီ

မောင်တောမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား၍ မြို့တွင်း အခြေအနေ အထိုက်အလျောက် တည်ငြိမ်နေပြီဖြစ်သော်လည်း စစ်တွေမြို့၌ လုံခြုံရေး မလုံလောက်မှုနှင့်အတူ အခြေအနေ ပိုမိုဆိုးရွားလာ

မောင်တောမြို့၏ ဇွန်လ ၁၀ ရက်နေ့ မြင်ကွင်းများ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ဘင်္ဂါလီများက ဇွန်လ ၈ ရက်နေ့၌ လူစုလူဝေးဖြင့် မီးရှို့ခြင်း၊ ရိုက်နှက်ခြင်း၊ လုယက်ခြင်းများ ဖြစ်ပွားခဲ့ခြင်းကြောင့် ယင်းနေ့တွင်ပင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည့်အတွက် ဇွန်လ ၁၀ ရက်နေ့ ညနေပိုင်းတွင် မြို့တွင်း အခြေအ နေ အထိုက်အလျောက် တည်ငြိမ်နေပြီဖြစ်သော်လည်း စစ်တွေမြို့တွင်မူ လုံခြုံရေး မလုံလောက်မှုနှင့်အတူ အခြေအနေ ပိုမိုဆိုးရွားလာကြောင်း သတင်းရရှိပါသည်။
စစ်တွေမြို့ မင်းဂံရပ်ကွက် ၁၃ သို့ ၂၀၁၂ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်က ဘင်္ဂါလီများ ၀င်ရောက်လာသဖြင့် ရခိုင်တိုင်းရင်းသားများနှင့် ထိပ်တိုက်တိုးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ဘင်္ဂါလီများ ၀င်ရောက်လာမှုကို ခုခံကာကွယ်ရာမှ ရခိုင်တိုင်းရင်းသား  များ ထိခိုက်ဒဏ်ရာရမှု ဖြစ်ပေါ်ခဲ့ပြီး ယခုအချိန်တွင် ရခိုင်တိုင်းရင်းသား လေးဦးကို စစ်တွေဆေးရုံသို့ ပို့ဆောင်ထားရကြောင်းနှင့် လေးဦးအနက် နှစ်ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။ 
မောင်တောမြို့၏ ဇွန်လ ၁၀ ရက်နေ့ မြင်ကွင်းများ
မင်းဂံရပ်ကွက် ၁၃ သို့ ၀င်ရောက်ရန် ကြိုးစားသည့် ဘင်္ဂါလီများမှာ  စစ်တွေမြို့ပြင်ရှိ ဒေါပြင်ရွာမှ ဖြစ်ကြပြီး ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ ရွာအနီးသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိကာ သတိပေးမှုများ ပြုလုပ်နေသော်လည်း ဘင်္ဂါလီများမှာ ဒေါပြင်ရွာထိပ်တွင် စုဝေးနေဆဲပင်ဖြစ်ကြောင်း သိရသည်။
မောင်တောမြို့၏ ဇွန်လ ၁၀ ရက်နေ့ မြင်ကွင်းများ

လက်ရှိအခြေအနေအရ စစ်တွေမြို့ပြင်ရှိ လူနေရပ်ကွက်များမှာ စိုးရိမ်ရသည့် အနေအထားရှိနေကြောင်း၊ လုံထိန်းတပ်ဖွဲ့ အင်အားမှာလည်း နည်းပါးနေပြီး တစ်နေရာမှ အခြားတစ်နေရာသို့ ရွှေ့ပြောင်းနေရကြောင်း သိရသည်။ ထိုသို့ ရွှေ့ပြောင်းစောင့်ကြပ်နေရသည့်အတွက် လုံထိန်းတပ်ဖွဲ့ဝင်များ မရှိတော့ချိန်တွင် စစ်တွေမြို့ပြင် ဘင်္ဂါလီရွာများမှ ဘင်္ဂါလီများက စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်များကို မီးရှို့ရန် ကြိုးစားနေဆဲဖြစ်ကြောင်း စစ်တွေဒေသခံတစ်ဦးက ပြောပါသည်။

မောင်တောမြို့၏ ဇွန်လ ၁၀ ရက်နေ့ မြင်ကွင်းများ

ထို့ပြင်စစ်တွေမြို့တွင်း လုံခြုံ ရေးအတွက် မြို့ခံရခိုင်တိုင်းရင်းသားများက မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်သည့် ပစ္စည်းများကို ကိုင်ဆောင်၍ မိမိတို့၏ အိမ်ရှေ့တွင် သက်ဆိုင်ရာ အိမ်ထောင်စုအလိုက် စုဖွဲ့စောင့်ကြည့်နေရကြောင်း သိရသည်။ စစ်တွေမြို့ အနောက်ဘက်ရှိ မင်းဂံရပ်ကွက် ၁၄ ကို ဘင်္ဂါလီများက မီးရှို့ရန် ကြိုးစားနေသဖြင့် လုံထိန်းတပ်ဖွဲ့ဝင်များက တားဆီးမှု ပြုလုပ်နေရကြောင်း စစ်တွေဒေသခံတစ်ဦးက ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းက ပြောကြားခဲ့သည်။
မောင်တောမြို့၏ ဇွန်လ ၁၀ ရက်နေ့ မြင်ကွင်းများ
မင်းဂံရပ်ကွက် ၁၃ နှင့် ၁၄တို့သည် ဘင်္ဂါလီရွာဖြစ်သော ဒေါပြင်ရွာနှင့် အနီးကပ်ဆုံး ရှိနေပြီး ဒေါပြင်ရွာမှ ဘင်္ဂါလီများက မင်းဂံရပ်ကွက် ၁၃  နှင့် ၁၄ ကို မီးရှို့ရန် ကြိုးစားနေခြင်းဖြစ်သည်။ အဆိုပါ နေရာသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး သေနတ်ပစ်ဖောက် သတိပေးနေသော်လည်း ဘင်္ဂါလီများမှာ ဒေါပြင်ရွာထိပ်တွင် စုဝေးလျက်ရှိနေဆဲဖြစ်ကြောင်း လက်ရှိအနေအထားအရ စစ်တွေမြို့မှ လုံခြုံရေးအင်အားနည်းသော ရပ်ကွက်များကို ဘင်္ဂါလီများက မီးရှို့ရန် ကြိုးစားနေကြောင်း သိရသည်။  လုံထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိလာပါက အနောက်ပြန်ဆုတ်သွားပြီး လုံထိန်းများ ပြန်လည်ထွက်ခွာသွားသည်နှင့် ဘင်္ဂါလီများက မီးရှို့ရန် ကြိုးစားနေဆဲဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့ အရှေ့မြောက်ဘက်၊ ကုလားတန်မြစ်၏ အနောက်ဘက်ကပ်လျက်တွင်ရှိနေသော ဘင်္ဂါလီ အများစုနေထိုင်ရာ ရွှေပြားရပ်ကွက်ကို ဘင်္ဂါလီများက ကိုယ်တိုင်မီးရှို့ပြီး လှေများဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။

''စစ်တွေ မင်းဂံရပ်ကွက်မှာ အခုအချိန်အထိ တည်ငြိမ်မှု မရှိသေးပါဘူး။ ရိုဟင်ဂျာတွေက လူအင်အားနည်းတဲ့ ဗုဒ္ဓဘာသာရွာတွေကို လစ်ရင်လစ်သလို ၀င်ရောက်တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ လုံခြံရေးတပ်ဖွဲ့တွေ နောက်ဆုတ်ပြီဆိုတာနဲ့ သူတို့တွေက ရှေ့ဆက်တိုးလာတယ်'' ဟု စစ်တွေမှ ဒေသခံတစ်ဦးက ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်တွင် ပြောကြားခဲ့သည်။ လတ်တလော ဖြစ်ပေါ်နေသည့် ဘင်္ဂါလီများ၏ အကြမ်းဖက်မှု အခြေအနေများကို ထိန်းသိမ်းရန် စစ်တွေ၌လည်း ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ဇွန်လ ၈ ရက်နေ့က ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သော မောင်တောမြို့တွင် ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်တွင် ယင်းမြို့တောင်ဘက် တစ်မိုင်အကွာခန့်ရှိ မောင်နီရွာအနီးရှိ နစကစခန်းကို ဘင်္ဂါလီရိုဟင်ဂျာများက ၀ိုင်းထားခဲ့ပြီး ထိုနေရာသို့ လုံထိန်းတပ်ဖွဲ့ဝင် များ ရောက်ရှိသွားသဖြင့် ဘင်္ဂါလီများ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု သိရပါသည်။

မောင်တောမြို့ရှိ လေးမိုင် ရဲတပ်ရင်း၌ ကယ်ဆယ်ရေးစခန်းတစ်ခု ထပ်မံဖွင့်ထားပြီး ထိုစခန်း၌ လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိနေကြောင်း သိရပါသည်။ လေးမိုင်ရဲတပ်ရင်း ကယ်ဆယ်ရေးစခန်းတွင် ရိက္ခာအခက်အခဲ ဖြစ်ပေါ်နေခြင်းကြောင့် ဘူးသီးတောင်မှ ဒေသခံများကလာ ရောက်၍ ဆန်လှူဒါန်းမှု ပြုလုပ်မည်ဟု သတင်းထွက်ပေါ်နေကြောင်း မောင်တောဒေသခံက ပြောပါသည်။

Ref: EMG

စစ်တွေမြို့၌ လုံခြုံရေးမလုံလောက်မှုနှင့်အတူ အခြေအနေ ပိုမိုဆိုးရွားလာ


စစ်တွေမြို့၌ လုံခြုံရေး မလုံလောက်မှုနှင့်အတူ အခြေအနေ ပိုမိုဆိုးရွားလာနေကြောင်း စစ်တွေမြို့မှ  ရရှိသော သတင်းများအရ သိရသည်။ စစ်တွေမြို့ မင်းဂံရပ်ကွက်၁၃ သို့ နံနက် ၁၀ နာရီ မိနစ်၃၀အချိန်က ဘင်္ဂါလီများ ၀င်ရောက်လာသဖြင့် ရခိုင်တိုင်းရင်းသးများနှင့် ထိပ်တိုက် တိုးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဘင်္ဂါလီများ ၀င်ရောက်လာမှုကို ခုခံကာကွယ်ရာမှ ရခိုင်တိုင်းရင်းသားများ ထိခိုက်ဒဏ်ရာရမှု ဖြစ်ပေါ်ခဲ့ပြီး ယခုအချိန်တွင် ရခိုင်တိုင်းရင်းသားလေးဦးကို စစ်တွေဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။
rakhine_1
rakhine_1
rakhine_1
rakhine_1
rakhine_1
rakhine_1
rakhine_1
rakhine_1
rakhine_1
rakhine_1
rakhine_1
rakhine_1
rakhine_1
rakhine_1
rakhine_1
rakhine_1
rakhine_1
rakhine_1
rakhine_1
အဆိုပါလေးဦးအနက် နှစ်ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။ မင်းဂံရပ်ကွက်၁၃ သို့ ၀င်ရာက်ရန် ကြိုးစားသည့် ဘင်္ဂါလီများမှာ  စစ်တွေမြို့ပြင်ရှိ ဒေါပြင်ရွာမှ ဘင်္ဂါလီများဖြစ်ကြပြီး ယခုအချိန်တွင် အဆိုပါရွာအနီးသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး သတိပေးမှု များ ပြုလုပ်နေသော်လည်း ဘင်္ဂါလီများမှာ ဒေါပြင်ရွာထိပ်တွင် စုဝေးနေဆဲပင်ဖြစ်ကြာင်း သိရသည်။
rakhine-20
rakhine-20
rakhine-20
rakhine-20
rakhine-20

လက်ရှိအခြေအနေအရ စစ်တွေမြို့ပြင်ရှိ လူနေရပ်ကွက်များမှ စိုးရိမ်ရသည့် အနေအထားရှိနေကြောင်း လုံထိန်းတပ်ဖွဲ့ အင်အားမှာလည်း နည်းပါးနေပြီး တစ်နေရာမှ အခြားတစ်နေရာသို့ ရွှေ့ပြောင်း နေရကြောင်း သိရသည်။
ထိုသို့ ရွှေ့ပြောင်းစောင့်ကြပ်နေရသည့်အတွက် လုံထိန်းတပ်ဖွဲ့ဝင်များ မရှိတော့ချိန်တွင် စစ်တွေမြို့ ပြင်ဘင်္ဂါလီရွာများမှ ဘင်္ဂါလီများက စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်များကို မီးရှို့ရန် ကြိုးစားနေဆဲဖြစ်ကြောင်း စစ်တွေ ဒေသခံတစ်ဦးက ပြောပါသည်။

ထို့ပြင် စစ်တွေမြို့တွင်း လုံခြုံရေးအတွက် မြို့ခံရခိုင်တိုင်းရင်းများက မိမိကိုယ်ကို ခုခံကာကွယ်နိုင်သည့် ပစ္စည်းများကိုကိုင်ဆောင်၍ မိမိတို့၏ အိမ်ရှေ့တွင် သက်ဆိုင်ရာ အိမ်ထောင်စုအလိုက် စုဖွဲ့စောင့်ကြည့်နေရကြောင်း သိရသည်။ စစ်တွေမြို့ အနောက်ဘက်ရှိ မင်းဂံရပ်ကွက် ၁၄ ကို ဘင်္ဂါလီများက မီးရှို့ရန် ကြိုးစားနေသဖြင့် လုံထိန်းတပ်ဖွဲ့ဝင်များက တားဆီးမှု ပြုလုပ်နေရကြောင်း စစ်တွေဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
မင်းဂံရပ်ကွက် ၁၃ နှင့် ၁၄ တို့သည် ဘင်္ဂါလီရွာဖြစ်သော ဒေါပြင်ရွာနှင့် အနီးကပ်ဆုံးရှိနေပြီး ဒေါပြင်ရွာမှ ဘင်္ဂါလီများက မင်းဂံရပ်ကွက် ၁၃ နှင့် ၁၄ကိုမီးရှို့ရန်ကြိုးစားနေခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် အဆိုပါနေရာသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး သေနတ်ပစ် ဖောက် သတိပေးနေသော်လည်း ဘင်္ဂါလီများမှာ ဒေါပြင်ရွာထိပ်တွင် စုဝေးလျက် ရှိနေဆဲဖြစ်ကြောင်း လက်ရှိအနေအထားအရ စစ်တွေမြို့မှ လုံခြုံရေးအင်အားနည်းသော ရပ်ကွက်များကို ဘင်္ဂါလီများက မီးရှို့ရန် ကြိုးစားနေကြောင်း သိရသည်။ လုံထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိလာပါက အနောက်ပြန်ဆုတ်သွားပြီး လုံထိန်းများ ပြန်လည်ထွက်ခွာသွားသည်နှင့် ဘင်္ဂါလီများက မီးရှို့ရန် ကြိုးစားနေဆဲဖြစ်ကြောင်း သိရသည်။ စစ်တွေမြို့ အရှေ့မြောက်ဘက်၊ ကုလားတန်မြစ်၏ အနောက်ဘက်ကပ်လျက်တွင် ရှိနေသော ဘင်္ဂါလီအများစုနေထိုင်ရာ ရွှေပြားရပ်ကွက်ကို ဘင်္ဂါလီများက ကိုယ်တိုင်မီးရှို့ပြီး လှေများဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။
''စစ်တွေ မင်းဂံရပ်ကွက်မှာ အခုအချိန်အထိ တည်ငြိမ်မှုမရှိသေးပါဘူး။ ရော်ဟင်ဂျာတွေက လူအင်အားနည်းတဲ့ ဗုဒ္ဓဘာသာရွာတွေကို လစ်ရင်လစ်သလို ၀င်ရောက်တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ လုံခြံရေးတပ်ဖွဲ့တွေ နောက်ဆုတ်ပြီဆိုတာနဲ့ သူတို့တွေက ရှေ့ဆက်တိုးလာတယ်'' ဟု စစ်တွေမှ ဒေသခံတစ်ဦးက ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်တွင် ပြောကြားခဲ့သည်။
လတ်တလောဖြစ်ပေါ်နေသည့် ဘင်္ဂါလီများ၏ အကြမ်းဖက်မှု အခြေအနေများကို ထိန်းသိမ်းရန် စစ်တွေ၌လည်း ပုဒ်မ ၁၄၄ ထုတ်ပြန်ရန် စီစဉ်နေကြောင်း သိရသည်။

Ref: EMG

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes