Monday, 2 April 2012
မြန်မာနိုင်ငံ အတွင်းရှိ ရန်ကုန်မြို့တော် အပါအ၀င် မြို့ကြီးများ၌ တစ်နှစ်အတွင်း ၄လခန့် လျှပ်စစ်မီး ပြတ်တောက်မှုရှိမည် ဆိုခြင်းမှာ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလိုသော နိုင်ငံတကာ အသိုင်းအ၀ိုင်း အတွင်း နိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေခဲ့၊
7271b
မတ်လ ၃၁ ရက်နေ့ ညပိုင်း ရန်ကုန်မြို့ မြင်ကွင်း
မြန်မာနိုင်ငံ အတွင်းရှိ ရန်ကုန်မြို့တော် အပါအ၀င် မြို့ကြီးများ၌ တစ်နှစ်အတွင်း ၄လခန့် လျှပ်စစ်မီး ပြတ်တောက်မှုရှိမည် ဆိုခြင်းမှာ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလိုသော နိုင်ငံတကာ အသိုင်းအ၀ိုင်း အတွင်း နိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေခဲ့၊ ပြည်သူများ ဖောင်စီးရင်း ရေငတ်မဖြစ်စေရန် အိမ်နီးချင်းနိုင်ငံများသို့ စွမ်းအင် အရင်းအမြစ်များ အလွန်အကျွံရောင်းချ ထားခြင်းကို စဉ်းစားချိန်ဆရန် နယ်ပယ်စုံမှ ထင်ရှားသူများနှင့် ပြည်သူများ တောင်းဆို
မြန်မာနိုင်ငံအတွင်းရှိ ရန်ကုန်မြို့တော် အပါအ၀င် မြို့ကြီးများ၌ တစ်နှစ်အတွင်း လေးလခန့် လျှပ်စစ်မီး ပြတ်တောက်မှု ရှိမည်ဆိုခြင်းမှာ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလိုသော နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင် နိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေခဲ့ပြီး ပြည်သူများအနေဖြင့် ဖောင်စီးရင်း ရေငတ်မဖြစ်စေရန် အိမ်နီးချင်းနိုင်ငံများသို့ စွမ်းအင် အရင်းအမြစ်များ အလွန်အကျွံရောင်းချ ထားခြင်းအား စဉ်းစားချိန်ဆရန် နယ်ပယ်စုံမှ ထင်ရှားသူများနှင့် ပြည်သူများက တောင်းဆိုခဲ့ကြသည်။
“လျှပ်စစ်ပေးတာတော့ သိပ်နည်းတယ်။ အာဆီယံ ၁၀ နိုင်ငံမှာ လျှပ်စစ်က ၃၀ ရာခိုင်နှုန်းပဲ ရှိတယ်။ လျှပ်စစ်လိုအပ်ချက်ကတော့ မြန်မာပြည်က သိပ်ကိုလိုပါတယ်။ လိုသော်လည်း လျှပ်စစ်လိုအပ်ချက်ကို တိုင်းပြည်အတွက်မသုံးဘဲ ရောင်းစားတာတော့ ကျွန်တော်မကြိုက်ဘူး။ ရေအားလျှပ်စစ်ထုတ်လုပ်မှုရဲ့ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းအတွက် သုံးပါ။ ကျန်တာတော့ ကြိုက်တာလုပ်။ ပိုလို့ရောင်းတယ်၊ လုပ်ပါ။ ၂၅ ကတော့ ပြည်သူအတွက် သုံးပါ။ ဒါဟာ တရားတယ်လို့ ယူဆတယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံတိုးတက်အောင် လုပ်တာ သဘောတူရမယ်။ ဒါပေမယ့် တိုးတက်အောင် လုပ်တိုင်း သဘာဝပတ်ဝန်းကျင်ကိုတော့ ထိခိုက်မှုနည်းအောင် လုပ်ရမယ်။ ရောင်းတာကရောင်းပါ။ ပြည်သူလူထုအတွက် လည်းစဉ်းစားပါ။ ပြည်သူလူထုအတွက် အနည်းဆုံး ၂၅ ရာခိုင်နှုန်းသုံးပါ။ ကျန်တာတော့ ရောင်းချင်ရောင်း၊ စက်မှုလက်မှုစက်ရုံတွေ လုပ်ချင်လုပ်လို့ အကြံပြုပါတယ်”ဟု Freda ဒုတိယဥက္ကဋ္ဌ ဦးအုန်းက ပြောကြားခဲ့သည်။
အခုအချိန်မှာ နိုင်ငံတကာက By-election ကို အရမ်း အာရုံစိုက်နေတယ်။ ပြည်တွင်းပြည်ပ မီဒီယာတွေ အကုန်လုံး ရောက်နေတယ်။ ဒီအချိန်မှာ မီးဖြတ်တာ နိုင်ငံ့ဂုဏ်သိက္ခာကို ဘယ်လောက်အထိ ထိခိုက်စေတယ် ဆိုတာကို ဘာမှ တွက်ချက်ထားခြင်း မရှိဘူး။ နောက်တစ်ခုက ဧပြီလ ၁ ရက်နေ့ကစပြီး လစာတိုးထားတယ်။ ငွေကြေးကို float လုပ်ထားတယ်။ Inflation က အရမ်းကြောက်စရာ ကောင်းတဲ့ ဒီလို အခြေအနေမျိုးမှာ မီးကို ရုတ်တရက် ဖြတ်လိုက်တာ တိုင်းပြည်စီးပွားရေးကို အင်မတန်ထိုးနှက်ရာ ကျတယ်။ ပြည်သူလူထုကို မစာနာရာ ရောက်တယ်။
“မြန်မာနိုင်ငံဟာ လျှပ်စစ်တွေ ထုတ်တောင်ရောင်းနေရတာ ဆိုတော့ ပိုလျှံလို့ ထုတ်ရောင်းနေတယ် ဆိုတာ ငြင်းလို့မရဘူးပေါ့။ ဒီလိုဖြစ်ပြီး ပြည်တွင်းမှာ မီးတွေ ခဏ ခဏပျက်နေတာကတော့ ရှက်စရာ ကောင်းပါတယ်။ လျှပ်စစ်အတွက် တောင်းသမျှ ၀န်ဆောင်ခကို ပေးနေရတဲ့ ပြည်သူတွေအတွက်တော့ ၀မ်းနည်းစရာ ကောင်းပါတယ်။ စားသုံးသူတွေဟာ မီတာထိန်းသိမ်းခတွေ ပေးရသလို၊ မီတာခတွေ တိုးတောင်းတိုင်းလည်း ပေးရတာပဲ။ မီတာခတွေ တိုးတောင်းတိုင်း မီးမှန်ပါ့မယ်ပြောနေပြီး မရတော့ အလိမ်ခံရသလို ဖြစ်နေတာပေါ့။ နိုင်ငံတကာမှာတော့ မီးဖြတ်တောက်မယ်ဆိုရင် တောင်းပန်ရတယ်။ ဒီမှာတော့ ဒီမိုကရေစီလို့ ပြောနေပြီး အဲဒီလို တောင်းပန်တာမျိုးလည်း မတွေ့ရဘူး။ သဘာဝဓာတ်ငွေ့တွေဟာ နိုင်ငံတကာမှာ အရင်တုန်းက ရောင်းကုန်မဟုတ်ဘူး။
 အခု က ပြည်တွင်းဖူလုံမှ ပြည်ပကို ရောင်းနိုင်တယ်ဆိုပြီး ရောင်းကုန်ဖြစ်လာတာပါ။ မြန်မာနိုင်ငံက ရောင်းနေ
တယ်ဆိုတော့ စွမ်းအင်တွေ ပိုလျှံနေတယ်လို့ ယူဆနိုင်တယ်။ အခုလို မီးတွေမရတော့ အစိုးရအနေနဲ့ဖြေရှင်းသင့်တယ်”ဟု စီးပွားရေးနှင့် ဥပဒေအကြံပေး ဦးတင်သန်းဦးက ပြောကြားခဲ့သည်။
7271a
ရွှေသဘာဝဓာတ်ငွေ့ လုပ်ကွက်တစ်ခု
ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးအဖွဲ့မှ အတွင်းရေးမှူး ဦးမောင်မောင်လတ်က “ရန်ကုန်မြို့မှာ အလှည့်ကျ မီးပေးစနစ်ကို ဧပြီလ ၂ ရက်နေ့မှာ ပြန်စပါမယ်။ လူနေရပ်ကွက်တွေမှာ  a,b,c သုံးအုပ်စု ခွဲထားပါမယ်။ မနက် ၅ နာရီကနေ ၁၁ နာရီ အထိနှစ်အုပ်စု၊ မနက် ၁၁ နာရီကနေ ညနေ ၅နာရီအထိ နှစ်အုပ်စု၊ ညနေ ၅နာရီကနေ ည ၁၁ နာရီအထိ နှစ်အုပ်စု၊ ည ၁၁ နာရီကနေ မနက် ၅ နာရီအထိ နှစ်အုပ်စုကို အလှည့်ကျ မီးပေးစနစ်နဲ့ ပေးသွားမှာပါ။ တစ်ရက် ( ၂၄ နာရီ)မှာ မီး ၆ နာရီလာ၊ ၆နာ ရီပြန်ပျက်၊ ၆ နာရီပြန်လာ၊ ၆ နာရီ ပြန်ပျက်တဲ့ စနစ်မျိုး ဖြစ်မှာပါ။ ၂၄ နာရီလျှပ်စစ်မီးရမယ့် အုပ်စုတစ်စုရှိပါမယ်။ အဲဒီအုပ်စုထဲမှာ ဘဏ်၊ အကျဉ်းထောင်၊ လေဆိပ်၊ သံရုံး၊ ရဲ စခန်း၊ ဆက်သွယ်ရေးဌာန၊ ဆေးရုံ တွေစတဲ့ အရေးကြီးနေရာတွေ ပါပါ မယ်။ စက်မှုဇုန်တွေကိုတော့ နှစ်ပိုင်း ခွဲပြီးမီးပေးပါမယ်။ မနက် ၆ နာရီ က ၁၁ နာရီတစ်ပိုင်း၊ ၁၁ နာရီက ညနေ ၄ နာရီတစ်ပိုင်း ခွဲပြီးပေးမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ အလှည့် ကျ မီးပေးစနစ်ကို ခန့်မှန်းခြေ ဇူလိုင်လအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းအတွင်း အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးပေးဝေမှုကို ၂၀၀၉ ခုနှစ်အတွင်းက ဒီဇင်ဘာလမှ ၂၀၁၀ ပြည့်နှစ်ဇွန်လအထိ လည်းကောင်း၊ ၂၀၀၈ ခုနှစ်အတွင်းက ၂၀၀၈ ခုနှစ်နိုဝင်ဘာလမှ ၂၀၀၉ ခုနှစ် ဇွန်လအထိ လည်းကောင်း၊ ၂၀၀၇ ခုနှစ်ခုနှစ်အတွင်းက ၂၀၀၇ ခုနှစ် နိုဝင်ဘာလမှ ဇွန်လအထိလည်းကောင်း အသီးသီးကျင့်သုံးခဲ့ကြောင်း သိရှိရသည်။
သို့သော်၂၀၁၀ပြည့်နှစ်နှင့် ၂၀၁၁ ခုနှစ်၊ နှစ်ဆန်းပိုင်းကာလများတွင် ရန်ကုန်တိုင်းအတွင်းရှိ လူနေရပ်ကွက် များကို ၂၄ နာရီမီးပေးကာ အလှည့်ကျမီးပေးစနစ်ကို ပြန်လည်စတင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။လက်ရှိအချိန်တွင် ရန်ကုန်မြို့ အတွက် လျှပ်စစ်မီးပေးဝေမှုများကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၄ ရုံမှရရှိသော လျှပ်စစ်ဓာတ်အားများနှင့် မဟာဓာတ်အား လိုင်း (National Grip) မှ ဓာတ်အားများကို ရယူကာ ဖြန့်ဖြူးပေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
7271
ကျောက်ဖြူမှ ယူနန်သို့ သွယ်တန်းမည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှု လုပ်ငန်းခွင်တစ်နေရာ
“လက်ရှိရန်ကုန်မှာ အလှည့်ကျ မီးပေးတာထက် အပြည့်အ၀ပေးနိုင်ရင် ပိုကောင်းပါတယ်။ ရန်ကုန် ရဲ့ လျှပ်စစ်မီးလိုအပ်ချက်ဟာ တစ်နှစ်ထက်တစ်နှစ် ပိုလာတယ်။ အထူးသဖြင့် ရန်ကုန်မှာ မီးမလာရင် ဘာမှလုပ်မရတော့ဘူး။ ရေတောင်ချိုးလို့ မရတော့ဘူး။ ထမင်းလည်း ချက်မရတော့ဘူး။ အထပ်မြင့်တိုက်တွေနဲ့ ပြွတ်သိပ်ကြပ်နေတဲ့ နေရာတွေမှာ ပန်ကာ၊ အဲယားကွန်းမရှိရင် လူတွေ မနေနိုင်ကြတော့ဘူး။ အဲဒီအတွက် မီးအပြည့်အ၀ရဖို့ လိုတယ်။ နောက်တစ်ခု က ဘဏ်လုပ်ငန်းတွေ၊ ငွေလွှဲလုပ်ငန်းတွေ၊ လိုင်စင်လုပ်ငန်းတွေမှာ e-banking ၊e-government  စနစ်တွေနဲ့ ဆောင်ရွက်နေချိန်မှာ လျှပ်စစ်မီး မရှိရင် အပြည့်အ၀မရရင် လုပ်ငန်းတွေအားလုံး အလုပ်မဖြစ်တော့ဘူး။  ဒီတော့ ရန်ကုန်အတွက်က မီးအပြည့်အ၀ ရဖို့လိုတယ်”ဟု လည်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ လက်ရှိဓာတ်အား စနစ်တွင် လျှပ်စစ်ဓာတ်အား အပြည့်အ၀ပေးနိုင်ရန် လိုအပ်ချက်ပမာဏ မှာ ၁၅၅၅ ဒသမ ၂၅ မဂ္ဂါဝပ် ဖြစ်ကြောင်းနှင့် ပြည်ထောင်စု တစ်ဝန်းလုံးရှိ ဓာတ်အားပေးစက်ရုံ ၃၁ ရုံမှ ၃၀၄၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား သုံးစွဲသူများအတွက် လျှပ်စစ်ဓာတ်အား အပြည့်အ၀ပေးနိုင်ရန် လိုအပ်ချက်ပမာဏမှာ ၁၅၅၅ ဒသမ ၂၅ မဂ္ဂါဝပ် ဖြစ်သည်ဟုသိရပြီး ရန်ကုန်တိုင်းဒေသကြီးအတွက် လိုအပ်ချက် ပမာဏမှာ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးအနက် အများဆုံးဖြစ် ကာ လိုအပ်ချက်ပမာဏမှာ ၆၆၆ ဒသမ ၇၈ မဂ္ဂါဝပ် ဖြစ်သည်ဟု သိရသည်။
အရင်မှားခဲ့တဲ့ အမှားတွေကြောင့် ဒီလိုပြဿနာမျိုး ရင်ဆိုင်နေရတာပါ။ အဓိက ကတော့ Decision Maker တွေကို အောက်ကလူတွေက မှန်မှန်ကန်ကန် မတင်ပြခဲ့ဘူး။ ဒီကြားထဲခိုးတဲ့သူက ရှိသေးတယ်
“ဒီမိုကရေစီခေတ်လို့သာ ပြောတယ်။ ၀န်ကြီးဌာနတွေနဲ့ တော်တော်များများမှာ အခုထက်ထိ ဒီမိုကရေစီ အနှစ်သာရကို မတွေ့နိုင်သေးဘူး။ ဒီကိစ္စမျိုးက တစ်ပြည်လုံးနဲ့ သက်ဆိုင်တဲ့ကိစ္စ။ မီးကိစ္စက ကြိုတင် plan ရှိရမယ်။ ကြိုတင်ကြေညာရမယ်။ ဘာကြောင့်ပျက်တယ် ဆိုတာပြောရမယ်။ ဘယ်လို အခြေအနေကြောင့် ဒီလိုတစ်နှစ်ကို လေးလလောက် ဖြတ်ပစ်မယ်ဆိုတာ ပြောရမယ်။ အခုတော့ ဘာတစ်ခုမှ မပြောဘဲနဲ့ မီးကိုလေးလအထိ ဖြတ်မယ်။ ဒါဟာ ဒီမိုကရေစီ အစိုးရတစ်ရပ်ရဲ့ ၀န်ကြီးဌာနတစ်ခု အနေနဲ့ ပြည်သူလူထုနဲ့ အများကြီးဆိုင်တဲ့ကိစ္စကို ဒီလိုမလုပ်သင့်ဘူး။ အခုအချိန်မှာ နိုင်ငံတကာက By-election ကို အရမ်း အာရုံစိုက်နေတယ်။ ပြည်တွင်းပြည်ပ မီဒီယာတွေ အကုန်လုံး ရောက်နေတယ်။ ဒီအချိန်မှာ မီးဖြတ်တာ နိုင်ငံ့ဂုဏ်သိက္ခာကို ဘယ်လောက်အထိ ထိခိုက်စေတယ် ဆိုတာကို ဘာမှ တွက်ချက်ထားခြင်း မရှိဘူး။ နောက်တစ်ခုက ဧပြီလ ၁ ရက်နေ့ကစပြီး လစာတိုးထားတယ်။ ငွေကြေးကို float လုပ်ထားတယ်။ Inflation က အရမ်းကြောက်စရာ ကောင်းတဲ့ ဒီလို အခြေအနေမျိုးမှာ မီးကို ရုတ်တရက် ဖြတ်လိုက်တာ တိုင်းပြည်စီးပွားရေးကို အင်မတန်ထိုးနှက်ရာ ကျတယ်။ ပြည်သူလူထုကို မစာနာရာ ရောက်တယ်။ အခုနိုင်ငံတကာ image ဘယ်လောက် ထိခိုက်တယ်၊ တိုင်းပြည်စီးပွားရေး ဘယ်လောက်နစ်နာ စေတယ် ဆိုတာကို တွက်ချက်ကြည့်ပါဦး။ အရင် အစိုးရလိုပဲ ဖြတ်လိုက်ပြီဟေ့၊ မလာတော့ဘူးဟေ့။ ဒီလိုပြောလို့ မရနိုင်ဘူး။ အချိတ်အဆက်တွေက အများကြီးရှိတယ်။ ကွင်းဆက်တွေက အများကြီးရှိတယ်။ ဒီတစ်နှစ်ကို လေးလမီးပြတ်တဲ့ ကိစ္စဟာ အရင်တုန်းကလို ယူဆလို့မရဘူး။ တိုင်းပြည်အတွက် Impact တော်တော်ကြီးပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆိုးတဲ့သူတွေကြောင့် ကောင်းတဲ့သူတွေကို ၀ါးလုံးရှည်နဲ့ သိမ်းကြုံးမဝေဖန်ချင်ပါဘူး။ အဓိက တာဝန်ရှိတဲ့ သူတွေအနေနဲ့ လူကြီးလူကောင်း ပီပီသသ ကိုယ့်တာဝန်ကိုယ် ယူပေးကြရင် ဒီမိုကရေစီစနစ် အတွက် အစဉ်အလာကောင်း ဖြစ်သွားပါလိမ့်မယ်”ဟု Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားခဲ့သည်။
လက်ရှိတွင် နိုင်ငံတော်က တည်ဆောက်လျက်ရှိသော ရေအားလျှပ်စစ်စီမံကိန်း ၁၆ ခုရှိပြီး ၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း လေးခု၊ ၂၀၁၁ ခုနှစ်အတွင်း ငါးခု၊ ၂၀၁၂ ခုနှစ်အတွင်း သုံးခု၊ ၂၀၁၅ခုနှစ်အတွင်း တစ်ခုနှင့် ၂၀၁၅ ခုနှစ်နောက်ပိုင်း ပြီးစီးမည့် စီမံကိန်း သုံးခုတို့ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် စီမံကိန်းများ တည်ဆောက်ရန် ဖြစ်နိုင်စွမ်းရှိသည့် ရေအရင်းအမြစ် ၃၀၀ ကျော်ရှိကြောင်း သိရသည်။
ယင်းအရင်းအမြစ်များမှ ရရှိနိုင်သော လျှပ်စစ်စက်တပ်ဆင်အားမှာ စုစုပေါင်း ၄၆၀၀၀ မဂ္ဂါဝပ်ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ တည်ဆောက်ရန် ဖြစ်နိုင်စွမ်းရှိသည့် ရေအရင်းအမြစ်များမှာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည် နယ်(မြောက်ပိုင်း)တို့တွင် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေအရင်းအမြစ်များ ကို အခြေခံ၍ စီမံကိန်းများ အကောင်အထည်ဖော်နိုင်သည့် အရေအတွက် မှာ ၉၀ ကျော်ရှိပြီး ယင်းစီမံကိန်းများမှ စက်တပ်ဆင်အား မဂ္ဂါဝပ် ၄၆၀၀၀ ကျော် ထုတ်ယူရရှိနိုင်မည် ဖြစ်သည်ဟု သိရသည်။
ရေအားလျှပ်စစ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်တွင် သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း၊ အမ်းချောင်း ရေအားလျှပ်စစ်စီမံကိန်း၊ လေးမြို့ ရေအားလျှပ်စစ်စီမံကိန်း၊ စိုင်းဒင် ရေအားလျှပ်စစ်စီမံကိန်း စသည့် ရေအားလျှပ်စစ် စီမံကိန်းများအား တည်ဆောက်နေကြောင်း သိရှိရသည်။
ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဟတ်ကြီး ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ်များ၏ ၉၀ ရာခိုင်နှုန်းအား ထိုင်းနိုင်ငံသို့ ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
“နောက်ဆုံး ကြားလိုက်တာ ဟတ်ကြီးရေကာတာက ၉၀ ရာခိုင်နှုန်းကို ထိုင်းကို ရောင်းမယ်ပေါ့။ ၁၀ ရာခိုင်နှုန်းက ဘာမှန်းမသိသေးဘူး။ ထိုင်းကို ရောင်းမယ်ပဲ သိသေးတယ်။ ၁၀ ရာခိုင်နှုန်း ကျန်တာလည်း လာအိုကို ရောင်းလိုက်တယ် ဆိုပါစို့။ ဒီမှာ တစ်ခုမှရမှာ မဟုတ်ဘူး။ အဲဒီလို ကမောက်ကမ ဖြစ်နေတာကတော့ တော်တော်လေးကို များနေပြီ။ တိုင်းပြည် ထူထောင်ရေး အတွက်၊ ရှေ့ကိုကောင်းတဲ့ စီမံကိန်းကြီးတွေ လုပ်ဖို့အတွက် အရင်တုန်းက ပျက်ခဲ့တာတွေကို ပြန်ပြင်နေရတာနဲ့ နိုင်ငံပြန်လည် ထူထောင်ရေးမှာ အများကြီးနစ်နာတယ်လို့ မြင်တယ်။ ဖြစ်သင့်တာကတော့ ဘာပဲပြောပြော ဒီနိုင်ငံရဲ့ အရင်းအမြစ်တွေ အားလုံးက ဒီနိုင်ငံ က ခံစားရမှာပေါ့။ ပိုမှရောင်းရမှာ ပေါ့။ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာဖြစ်ရမယ်။ နိုင်ငံခြားငွေလည်း ရလိုမှုအတွက် ဒါလည်းလိုတာပဲ တိုင်းပြည်က။ ပြည်သူလူထု ကိုပဲ ပေးပြီးတော့ အခွန်အတုပ်မရှိရင်လည်း မဖြစ်ဘူး။ ဒါပေမယ့် ဒီလောက် များများစားစားကြီး ထုတ်ပြီးတော့ အမှောင်ချထားမယ်။ အငတ်ထားမယ်ဆိုလည်း မဟုတ်သေးဘူး။ အရင်တုန်းက ပြည်သူတွေမကြိုက်တဲ့ အုပ်ချုပ်ရေးရဲ့ ဆိုးမွေတွေလို့ ထင်တာပဲ။ အခုနိုင်ငံတော်ရဲ့ သဘာဝသယံဇာတ ကို နိုင်ငံတော်က ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမယ်ဆိုတာ ဖွဲ့စည်းပုံထဲမှာ ပါလာပြီ။ ဖွဲ့စည်းပုံအရ ရပိုင်ခွင့်တွေကို သေချာလေ့လာပြီး ရပိုင်ခွင့်တွေကို ရအောင်ယူရမယ်။ နိုင်ငံ ရဲ့ယိုပေါက်တွေ၊ ပြည်သူတွေ မခံစားရတဲ့ကိစ္စတွေကို ရအောင်ပြန်ယူရမယ်”ဟု MBNS ဥက္ကဋ္ဌဦးစိုးညွန့်က ပြောပါသည်။ 
ငယ်ငယ်က သင်ခဲ့ရတဲ့ ရေနံမြေလုပ်သားတွေရဲ့ ဘ၀လိုပါပဲ။ ကျွန်တော်တို့တွေ ဖောင်စီးရင်း ရေငတ်နေရတယ်။ စွမ်းအင်ရင်းမြစ်တွေ အကုန်လုံးကို မရောင်းပါနဲ့တော့။ ၁၉၉၇ ခုနှစ်ဝန်းကျင်မှာ လျှပ်စစ်ဝန်ကြီးဌာန စတင်ပေါ်ပေါက်လာပြီး အခု ၁၅ နှစ်နီးပါး ရှိလာတဲ့အထိ လျှပ်စစ်မီးရရှိမှု ဘာမှမထူးဘူး။ အမှောင်ထဲမှာပဲ နေနေရတဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ဘ၀တွေကို စာနာကြည့် ကြပါ..
မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏ၏ ၆၅ ရာခိုင်နှုန်းမှာ သဘာဝ သယံဇာတနှင့် ရေအားလျှပ်စစ် စီမံကိန်းကြီးများရှိရာ ရခိုင်၊ ကချင်၊ ရှမ်း စသည့် ပြည်နယ်များတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်းနှင့် ထို့အတူ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ တစ်ဆင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ရောင်းချမည့် ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းမှ သဘာဝ ဓာတ်ငွေ့များကို ရခိုင်ပြည်နယ်ရှိ ပြည်သူများ အသုံးပြုနိုင်ရန် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ကိုရီးယားနိုင်ငံဒေ၀ူး အင်တာနေရှင်နယ် ကော်ပိုရေးရှင်း ဦးဆောင်သည့် စီမံကိန်းဆိုင်ရာ အစုရှယ်ယာရှင်များနှင့် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
သို့သော် ရခိုင်ပြည်နယ်အတွင်းရှိ မြို့များတွင် လျှပ်စစ်မီး အခက်အခဲကို ယနေ့တိုင် ကြုံတွေ့နေရဆဲ ဖြစ်ပြီး စစ်တွေမြို့တွင် လျှပ်စစ်မီး ၂၄ နာရီ ရရှိသော်လည်း မီတာခမြင့်မားစွာ ကောက်ခံသည့်ဒဏ်ကို အများပြည်သူ ခံစားနေရကြောင်း၊ လမ်းမီးခများနှင့် မီတာထိန်းသိမ်း စောင့်ရှောက်ခများကို ထည့်သွင်း ကောက်ခံလာသည့် အပြင် တစ်ယူနစ်လျှင် ကျပ် ၄၅၀ ဖြင့် ကောက်ခံနေသည်ဟု သိရသည်။
လက်ရှိ လျှပ်စစ်မီးဖြန့်ဖြူးနေရာတွင် ရခိုင်ပြည်နယ်၏ မြို့အားလုံးတွင် တစ်အိမ်ထောင်လျှင် တစ်လ လျှပ်စစ် ၁၀ ယူနစ်စာအား အိမ်သုံးတစ်ယူနစ် ကျပ် ၃၅ နှုန်း၊ စီးပွား ရေးသုံး ကျပ် ၇၅ နှုန်းဖြင့် သုံးစွဲခွင့်ရပြီး ၁၀ ယူနစ်အထက် သုံးစွဲလျှင် အပိုတစ်ယူနစ်အတွက် ကျပ် ၄၀၀ မှ ကျပ် ၅၀၀ အထိ မြို့နယ်အလိုက် မတူကွဲပြားစွာ ပေးရကြောင်းလည်း သိရှိရပါသည်။
လက်ရှိအချိန်တွင် မြန်မာတစ်နိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှု ရာခိုင်နှုန်းမှာ ၂၂ ရာခိုင်နှုန်း သာ ရှိသေးကြောင်း၊ ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ မဂ္ဂါဝပ် ၂၃၉၀၀ ကျော်ရှိကာ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှုမှာ မဂ္ဂါဝပ် ၁၅၀၀ ကျော်သာ ရှိသေးကြောင်း သိရသည်။
၂၀၁၀ ပြည့်နှစ်အတွင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်များ အရ မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ကဏ္ဍတွင် သဘာဝဓာတ်ငွေ့ကို အများဆုံး တင်ပို့ထားပြီး ပြည်ပပို့ကုန်၏ ၄၀ ရာခိုင်နှုန်းအထိ ကို တင်ပို့နေခြင်းဖြစ်ကြောင်း၊ ၁၉၉၈ ခုနှစ်မှ ၂၀၁၀ ပြည့် နှစ်အတွင်း သဘာဝဓာတ်ငွေ့ တင်ပို့မှု ပမာဏမှာ ၂၈ ရာခိုင်နှုန်းအထိ တိုးလာခြင်းဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ ရေမြေ အနေအထားနှင့် အိမ်နီးချင်းနိုင်ငံ အချို့၏ စွမ်းအင်လိုအပ်ချက်များ ဖြစ်ပေါ်လာမှုကြောင့် မြန်မာနိုင်ငံသည် သဘာဝ ဓာတ်ငွေ့တင်ပို့မှုတွင် ထိပ်တန်းနိုင်ငံ တစ်ခုဖြစ်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ သဘာဝဓာတ်ငွေ့ အပါအ၀င် ပို့ကုန်များကို ပြည်ပသို့ တင်ပို့ရာတွင် အာရှနိုင်ငံများသို့ အများဆုံး တင်ပို့နေခြင်း ဖြစ်ကြောင်း၊ သဘာဝဓာတ်ငွေ့ကို ထိုင်းနိုင်ငံသို့ အဓိက တင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံစွမ်းအင် သုံးစွဲမှုပမာဏ၏ ၃၀ ရာခိုင်နှုန်းကျော်ကို မြန်မာနိုင်ငံမှ ရရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။
သဘာဝဓာတ်ငွေ့သည် မြန်မာနိုင်ငံ၏ တင်ပိုမှု့ အများဆုံး ပို့ကုန်တစ်ခုဖြစ်လာပြီး သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ကျပ်သန်း ၁ သောင်း ၅ ထောင် ကျော် အထိ နိုင်ငံခြားငွေ အများဆုံး ရရှိလာသည့် ပို့ကုန်ပစ္စည်းတစ်မျိုး ဖြစ်လာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။
အလားတူ ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ထွက်ရှိသည့် ဓာတ်ငွေ့များကို ပိုက်လိုင်းဖြင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် မော်ကြီးကျေးရွာမှ ထိုင်းနိုင်ငံ ကန်ချဘူရီခရိုင် ဘန်အီတောင် ဒေသအထိ သွယ်တန်းသွားမည် ဖြစ်ကြောင်းနှင့် စီမံကိန်းမှ ထွက်ရှိသည့် ဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ကနဦးတစ်နေ့လျှင် ကုဗပေသန်းပေါင်း ၂၄၅သန်းခန့်ကို တင်ပို့ရောင်းချသွားမည် ဖြစ်ကြောင်း ဓာတ်ငွေ့ကုဗပေ သန်း ၆၀ ခန့်ကို ပြည်တွင်းသုံး အတွက် ပို့လွှတ်သွားမည်ဖြစ်ကြောင်း PTTEPI ရေနံကုမ္ပဏီမှရရှိသော သတင်းများအရ သိရှိရသည်။
မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍမှ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်အတွင်း ရေနံစိမ်း စည်သန်း ၆ ဒသမ ၉၆ သန်းနှင့် သဘာဝဓာတ်ငွေ့ကုဗပေ သန်း ၄၃၉၆၁၄ ဒသမ ၈၅ သန်း ထုတ်လုပ်ခဲ့ပြီး ဇောတိက၊ ရွှေ၊ ရွှေဖြူ၊ မြ သဘာဝဓာတ်ငွေ့မြေများမှ ဓာတ် ငွေ့များကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ ၂၀၁၃ ခုနှစ်တွင် စတင် တင်ပို့ရောင်းချရန် ပြင်ဆင်နေကြောင်း သိရသည်။ ထိုင်းနိုင်ငံသို့ ရတနာသဘာဝ ဓာတ်ငွေ့မြေနှင့် ရဲတံခွန်သဘာဝ ဓာတ်ငွေ့မြေများမှ ဓာတ်ငွေ့များကို ၁၉၉၈ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ်များ တွင် စတင် တင်ပို့ရောင်းချခဲ့ကြောင်း၊ ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှ  ထိုင်းနိုင်ငံသို့ ၃၆ လက်မ ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၇၀၀ ခန့် နေ့စဉ်ပေးပို့ရောင်းချနေပြီး ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှ ၂၄ လက်မပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၄၆၀ ခန့် နေ့စဉ်ပေးပို့ ရောင်းချလျက်ရှိကြောင်း သိရပါသည်။
တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမည့် ရွှေ၊ ရွှေဖြူ၊ မြ စသည့်သဘာဝ ဓာတ်ငွေ့မြေ အသီးသီးတို့တွင် သဘာဝဓာတ်ငွေ့ ပမာဏ ၄ ဒသမ ၅၃၂ တီစီအက်ဖ် ခန့်ရှိကြောင်း ခန့်မှန်းထားပြီး တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် ပိုက်လိုင်း သွယ်တန်းလျက် ရှိကြောင်း၊ ထို့အတူ ရတနာ သဘာဝဓာတ်ငွေ့သိုက် အနီးတွင် စိန်နှင့်ပတ္တမြား သဘာဝ ဓာတ်ငွေ့သိုက်များကို ထပ်မံတွေ့ရှိထားပြီး ရတနာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးစင်ဖြင့် ပေါင်းစည်းထုတ်ယူနိုင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း သိရပါသည်။
လက်ရှိ ထိုင်းနိုင်ငံသို့ တင်ပို့ ရောင်းချနေသော ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့မြေများသည် မုတ္တမကွေ့အနီးတွင် တည်ရှိပြီး  ထိုင်းနိုင်ငံသို့ပင် တင်ပို့ရောင်းချရန် သဘောတူညီချက် ရထားသော ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းမှာလည်း မုတ္တမကမ်းလွန်ဒေသတွင် တည်ရှိကြောင်း၊ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရန် သဘောတူညီချက် ရထားသော ရွှေ၊ ရွှေဖြူ၊ မြ သဘာဝဓာတ်ငွေ့မြေ များမှာ ရခိုင်ကမ်းလွန်တွင် တည်ရှိကြောင်း၊ ၂၀၁၃ ခုနှစ်တွင် စတင် တင်ပို့ရောင်းချမည့် အဆိုပါဓာတ်ငွေ့မြေများမှ ပိုက်လိုင်းများ သွယ်တန်းရာတွင် တရုတ်နိုင်ငံသို့ ၄၀ လက်မ ပိုက်လိုင်းဖြင့် သွယ်တန်းမည်ဖြစ်ပြီး ထိုင်းနိုင်ငံသို့ ၂၈ လက်မ ပိုက်လိုင်းဖြင့် သွယ်တန်းပို့လွှတ် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
“အခုလျှပ်စစ် ကိစ္စလိုမျိုးဖြစ်တာ က တကယ်မပေးနိုင်တဲ့ အခြေအနေဖြစ်လို့ ဆိုတာ ယုံကြည်ပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့စွမ်းအင် အရင်းအမြစ်တွေကို ထုတ်ရောင်းစားလို့ ဖြစ်လာတာပါ။ ရောင်းထားတယ် ဆိုတာကလည်း အခုလိုမျိုး ဖြစ်မှန်းမသိခဲ့လို့ လုပ်ထားတာလို့ ယူဆပါတယ်။ ကိုယ့်အရင်းအမြစ်က ထုတ်လုပ်တဲ့ ပမာဏကို ကိုယ်တောင် အပြည့်အ၀ မသုံးနိုင်ဘူး။ ရောင်းထားတာကလည်း တစ်ပိုင်း။ ကျန်တဲ့ပမာဏကိုလည်း ပြည်တွင်းမှာ အပြည့်အ၀ မသုံးနိုင်ဘူးဖြစ်နေတယ်။ ဓာတ်ကြိုးတို့ ထရန်စဖော်မာတို့လို အခြေခံ အဆောက်အဦးပိုင်းတောင် ပြည့်ဝအောင် မလုပ်နိုင်ဘူး။ ဒါတွေက Mismanagement ဖြစ်လို့ Planning ပိုင်းအားနည်းလို့ဖြစ်တာ။ အဲဒီတော့ အရည်အသွေး မပြည့်ဝဘူး။ ဒါပေမယ့် နောက်ပိုင်း ဒီလိုမျိုး မရတော့ဘူး။ ဥပမာ-ရခိုင် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကို သူတို့ဆီက တစ်ဆင့် တရုတ်ကို ဓာတ်ငွေ့ပိုက်လိုင်းသွယ်ပြီး ရောင်းမယ် ပြောတယ်။ နောက်တော့ လွှတ်တော်အမတ်တွေ ပြောတာနဲ့ အခုရခိုင်က တချို့တစ်ဝက်သုံးလို့ ရဖို့ဖြစ်လာတယ်။ နဂိုကတည်းက ဒီလိုမျိုး ထည့်စဉ်းစားသင့်တယ်။ တိုင်းပြည်က မချမ်းသာပေမယ့် ကိုယ့်အတွက်ကို ထည့်စဉ်းစားသင့်တယ်။ အခု ရန်ကုန်မြို့တော်ကြီးတောင် ဒီလိုဖြစ်လာတယ် ဆိုတာ မဖြစ်သင့်ဘူး။ အရင်မှားခဲ့တဲ့ အမှားတွေကြောင့် ဒီလိုပြဿနာမျိုး ရင်ဆိုင်နေရတာပါ။ အဓိက ကတော့ Decision Maker တွေကို အောက်ကလူတွေက မှန်မှန်ကန်ကန် မတင်ပြခဲ့ဘူး။ ဒီကြားထဲခိုးတဲ့သူက ရှိသေးတယ်။ အဲဒီတော့ စီမံကိန်း တော်တော်များများ ကမှန်းထားသလို ထင်ထားသလို ဖြစ်မလာဘူး။ စီးပွားရေးအရ ကြည့်ရင်လည်း ညံ့ဖျင်းတဲ့ရလဒ်တွေဖြစ်လာ တယ်။ အဲဒီတော့ အခုနောက်ပိုင်းမှာ မှန်ကန်အောင် တွေးနိုင်ဖို့အောက်က လူတွေက မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ပေးနိုင်ဖို့လိုသလို Decision Maker တွေကလည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်မျိုး ချနိုင်အောင် ကြိုးစားသင့်ပါတယ်”ဟု ပါမောက္ခ ဒေါ်ရီရီမြင့်က သုံးသပ်ပါသည်။
“ကျွန်တော်တို့ လှိုင်သာယာ စက်မှုဇုန်မှာက မတ်လဆန်းလောက် ကစပြီး လျှပ်စစ်မီးပေးချိန်က နှစ်နာရီပျက် နှစ်နာရီလာစနစ်နဲ့ ဖြစ်နေပါတယ်။ မနှစ်တုန်းကဆို အလှည့်ကျ ပျက်ပေမယ့် ဇုန်အလိုက်ခွဲပြီး မနက် ၈ နာရီကနေ ညနေ ၃ နာရီ အထိပေးခဲ့တော့ ခံသာသေးတယ်။ အခုက နှစ်နာရီပျက် နှစ်နာရီလာဆို တော့ ထုတ်လုပ်မှုအပိုင်းမှာ အပျက်အစီး အများကြီးကြုံရတယ်။ မီးစက်နဲ့မောင်းရတော့ အကုန်အကျ ပိုများပေမယ့် တစ်ဖက်မှာကျတော့ ဈေးတင်လို့မရပါဘူး။ တစ်နေ့ကို မီးစက်မောင်းတာ ဆီတစ်ပေပါကုန်တယ်။ ဟိုတလောက သတင်းစာထဲမှာ မိန့်ခွန်းတစ်ခု ဖတ်လိုက်ရတယ်။ မြန်မာလုပ်ငန်းရှင်တွေက နည်းပညာ အခက်အခဲကြောင့် တရုတ်ထုတ်ကုန်တွေ လောက်ဈေးမလျှော့နိုင်ဘူးလို့ ပြောတယ်။ နည်းပညာ အခက်အခဲထက် အခုလို အခက်အခဲပေါင်းစုံနဲ့ ကြုံရ တာတွေ စက်မှုဇုန်မြေကွက်ဈေးတွေ အဆမတန် တက်နေတာတွေကြောင့် ဒီစက်မှုဇုန်လုပ်ငန်းတွေက ဘယ်လိုလုပ်ပြီး ဖွံ့ဖြိုးလာနိုင်မှာလဲ။ အိမ်နီးချင်းနိုင်ငံတွေကို လျှပ်စစ်တွေ ရောင်းစားနေတာ ကိုယ့်ပြည်တွင်းမှာ ဖူလုံ မှ ပိုလျှံမှသာ ရောင်းစားသင့်တယ်။ ကိုယ့်ပြည်တွင်းမှာ လျှပ်စစ်မီးဖူလုံတယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ပြောတာတွေက ရွှန်းရွှန်းဝေ နေပေမယ့် တကယ့်လက်တွေ့မှာ အရင်ပုံစံပဲ ဘာမှမပြောင်းလဲဘူး”ဟု လှိုင်သာယာစက်မှုဇုန်မှ လုပ်ငန်းရှင် ဦးသန်းစိုးက ပြောပါသည်။
“  ခွဲမယ်စိတ်မယ်ဆို ရင် စက်ကိရိယာတွေ သုံးရတဲ့အတွက် မီးမလာရင် လုပ်လို့မရဘူး။ ၂၄ နာရီ စောင့်ကြည့်ရမယ့် လူနာတွေ၊ အချိန် မရွေးထဖောက်နိုင်တဲ့ လူနာတွေ၊ အောက်ဆီဂျင် ပေးထားရတဲ့ လူနာတွေဆိုရင် မီးမရှိလို့မရဘူး။ ဓာတ်ခွဲခန်းတွေ ဆိုတာကလည်း မီးရှိမှရတာ။ ရန်ကုန်မြို့က ဆေးရုံကြီးတွေမှာက မီးပျက်သွားရင်လည်း အရန်အနေနဲ့ မီးစက်တွေ၊ Generator  တွေ အသုံးပြုလို့ရပေမယ့် နယ်တွေမှာဆိုရင် ဒီလိုစက်တွေရှိတာ တော်တော် နည်းပါတယ်။ ခွဲစိတ်နေတဲ့အချိန် မီးပျက်သွားလို့ ချက်ချင်းမလုပ်နိုင်ရင် လူနာအတွက် အန္တရာယ်ရှိပါတယ်။ အများပြည်သူအတွက် အသုံးပြုနေတဲ့ နေရာတွေကိုတော့ ပြည့်ပြည့်၀၀ ပေးစေချင်ပါတယ်။ မြန်မာနိုင်ငံက သူများနိုင်ငံတွေလို လျှပ်စစ်ကို ၀ယ်သုံးရတဲ့နိုင်ငံ မဟုတ်ပါဘူး။ ဆေးရုံတွေမှ မဟုတ်ပါဘူး။ စက်ရုံအလုပ်ရုံ တွေကအစ လူနေအိမ်တွေအဆုံး လူတိုင်းလိုအပ်နေတာပါ။ မြန်မာနိုင်ငံ မှာ တချို့လျှပ်စစ်မရသေးတဲ့ နေရာတွေ၊ လျှပ်စစ်တစ်ယူနစ်ကို ဈေးကြီးပေးပြီး သုံးနေရတဲ့နေရာတွေ အများကြီးရှိပါတယ်။ ဒီလိုနေရာတွေအတွက် ဖြည့်ဆည်းပေးနိုင်အောင် လုပ်ပေးစေချင်ပါတယ်”ဟု အငြိမ်းစား ဆေးရုံအုပ်ကြီး တစ်ဦးဖြစ်သူ ဒေါက်တာအောင်လွင်က ပြောပြခဲ့သည်။ “သံလွင်မြစ်ပေါ်မှာ ဆောက်မယ့် ဟတ်ကြီးရေအားလျှပ်စစ်ကို ထိုင်းနိုင်ငံကို ရောင်းမယ်ဆိုတဲ့ သတင်းဖတ်လိုက်ရတယ်။ မြစ်ဆုံကဟာလည်း တရုတ်ကိုရောင်းထားတယ်။ ကျွန်တော်တို့နိုင်ငံမှာ ထွက်သမျှ လျှပ်စစ်တွေကို သူများနိုင်ငံ မီးလင်းဖို့အတွက် ရောင်းစားနေပြီး အခု ကျွန်တော်တို့နိုင်ငံမှာ ကျတော့ မီးပျက်နေတယ်။ မီးမလာလို့ ရေမရှိကြဘူး။ ဒါတောင် မြို့ပေါ်မှာနေလို့ မီး မြင်ရတာ။ နယ်တွေ သွားကြည့်ပါလား မီးမရသေးတဲ့ နေရာတွေ အများကြီး ရှိသေးတယ်။ ဒါတွေကို သူတို့တွေ မသိတာလား မသိချင်ယောင်ဆောင် နေတာလား သူတို့ပဲသိပါတယ်။ ကိုယ့်နိုင်ငံကပိုလျှံလို့ သူများကိုပေးတယ်ဆိုရင် ကြားကောင်းသေးတယ်။ အခု ကကိုယ့်နိုင်ငံမှာ ဒီလောက် လိုအပ်နေတဲ့နေရာတွေ အများကြီးရှိနေရဲ့သားနဲ့ သူများကိုရောင်းစားတော့ ကျွန်တော်တို့က ဘာတတ်နိုင်မှာလဲ။ အမှောင်ထဲမှာ နေရုံပဲ ရှိတော့တာပေါ့။ ပြည်သူတွေဘက်ကိုလည်း နည်းနည်းလောက် ပြန်ကြည့်ပါဦးလို့ပဲ ပြောချင်ပါတယ်”ဟု ပြည်တွင်းလူမှုရေး အဖွဲ့အစည်းတစ်ခုမှ ဦးဝင်းနိုင်က ဆိုပါသည်။
၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပြ စာရင်းဇယားများအရ မြန်မာနိုင်ငံ၏ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏတွင် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၁၃၉၄၇ ဖြင့် နံပါတ်တစ်နေရာတွင် ရှိနေကြောင်း သိရှိရသည်။
ယင်းစာရင်းဇယားများအရ တရုတ်နိုင်ငံက ကုမ္ပဏီပေါင်း ၃၃ ခု ရင်းနှီးမြှုပ်နှံထားပြီး စုစုပေါင်းပမာဏ အမေရိကန်ဒေါ်လာသန်း ၁၃၉၄၇ ဒသမ ၁၄၆ ဖြင့် ပထမနေရာ၌ ဦးဆောင်နေကာ ထိုင်းနိုင်ငံမှ ကုမ္ပဏီ ပေါင်း ၆၁ ခု လာရောက်ရင်းနှီးမြှုပ် နှံထားပြီး စုစုပေါင်း ပမာဏ အမေရိကန်ဒေါ်လာ ၉၅၆၈ ဒသမ ၀၉၃သန်း ဖြင့် ဒုတိယနေရာနှင့် ဟောင်ကောင်မှ ကုမ္ပဏီပေါင်း ၃၈ ခု လာရောက် ရင်းနှီးမြှုပ်နှံထားပြီး စုစုပေါင်း ရင်းနှီး မြှုပ်နှံမှုပမာဏ ၆၃၀၈ ဒသမ ၄၉၅ သန်း ရှိကြောင်း သိရှိရသည်။
လတ်တလော အခြေအနေတွင် ရင်းနှီးမြုပ်နှံမှု ပမာဏနှင့် ရင်းနှီးမြုပ်နှံသည့် နယ်ပယ်များကို လေ့လာကြည့်ပါက စွမ်းအင်ကဏ္ဍတွင် အများဆုံး ဖြစ်နေပြီး စုစုပေါင်း ရင်းနှီးမြုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၈၈၇၃ ဒသမ ၇၂၀ သန်းဖြင့် ပထမ၊ ရေနံ နှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် စုစု ပေါင်း ရင်းနှီးမြုပ်နှံမှုပမာဏ ၁၃၈၁၅ ဒသမ ၃၇၅ ဖြင့် ဒုတိယ၊ သတ္တုတူးဖော်ရေး ကဏ္ဍတွင် စုစုပေါင်းပမာဏ ၂၇၉၄ ဒသမ ၄၆၃ ဖြင့် တတိယ စသည်ဖြင့် အသီးသီးရှိနေကြောင်း သိရသည်။
“လျှပ်စစ်မီးတွေ အလှည့်ကျပျက်တဲ့ အချိန်ဟာ FDI စီးဝင်ဖို့ စီးပွားရေး ဖွံ့ဖြိုးဖို့၊ စက်မှုဖွံ့ဖြိုးဖို့ အာဆီယံ အိမ်ရှင်ဖြစ်ဖို့ ကြိုးစားနေတဲ့အချိန် ဖြစ်တဲ့အတွက် နိုင်ငံပုံရိပ်ကို ထိခိုက်စေတာကတော့ သေချာတာပေါ့။ အရင်တုန်းက စက်မှုလုပ်ငန်းရှင်တွေက လျှပ်စစ်မီးမရတဲ့ ကိစ္စကို အိုးအိမ်နဲ့ တစ်လျှောက်လုံး ပြောလာခဲ့ရတာ အခုလိုအချိန်မှာက အားလုံး နိုင်ငံရေးအရရော၊ စီးပွားရေးအရရော ၊ စက်မှုလက်မှု အရပါ အားယူပြီး အင်နဲ့အားနဲ့ လုပ်ရမယ့်အချိန်မှာ အလှည့်ကျ မီးပေးတဲ့စနစ်က သေချာပေါက် ထိခိုက်နစ်နာတယ်။ လျှပ်စစ်မီးမှာ နည်းပညာပိုင်းက ကြည့်ရင် Supply Management နဲ့ Demand Management ဆိုတာရှိတယ်။ လျှပ်စစ်မီးမရတာ၊ ထုတ်လုပ်မှု မလောက်လို့ ဆိုတာမျိုး တစ်ခုတည်း မဟုတ်ဘူး။ ရတာကို စီမံခန့်ခွဲနိုင်ဖို့လည်း အရေးကြီးပါတယ်”ဟု ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးမြင့်ဇော်က သုံးသပ်ပြောကြားသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်း နှီးမြုပ်နှံမှု တိုးတက်လျက်ရှိပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ အထိ စုစုပေါင်း ရင်းနှီးမြုပ်နှံမှုပမာဏ သန်း ၄၀၀၀၀ ကျော်ရှိကာ လျှပ်စစ် ကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှု ၄၆ ရာခိုင်နှုန်း၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍ တွင် ၃၄ ရာခိုင်နှုန်း၊ သတ္တုတူးဖော်ရေးကဏ္ဍတွင် ၆ ဒသမ ၃ ရာခိုင် နှုန်း ပါဝင်နေပြီး အခြားထုတ်လုပ်မှု ၀န်ဆောင်မှုကဏ္ဍတွင် နည်းနေသေးကြောင်း သိရှိရသည်။
“အဓိက က ကျွန်တော်တို့ နိုင်ငံမှာလိုနေတာ Policy ကြီးသုံးခု ခိုင်ခိုင်မာမာ၊ ညီညီညွတ်ညွတ်ပေါ်ဖို့ လိုတယ်။ (၁)က စီးပွားရေးပေါ်လစီ၊ (၂)က ပတ်ဝန်းကျင်ရေးရာ ပေါ်လစီ၊ (၃)က စွမ်းအင်ပေါ်လစီ၊ ဒီသုံးခု အခြေခိုင်ဖို့ လိုတယ်။ စီးပွားရေးနဲ့ ပတ်ဝန်းကျင် ရေးရာကို လွှမ်းမိုးနေတာက စွမ်းအင်မူဝါဒက လွှမ်းမိုးနေတာ။ စွမ်းအင်မူဝါဒမှာ လက်ရှိက ၀န်ကြီးဌာနလေးခုက တစ်ပြိုင်နက် ကိုယ်ကောင်းမယ် ထင်တာ ကိုယ်လုပ်နေတာ။ အမျိုးသားစွမ်းအင် လုံခြုံရေးမူဝါဒဆိုတာ ပေါ်မလာသေးဘူး။ ဒါပေါ်မလာသေးတော့ ကောင်းနိုးရာရာ လုပ်တဲ့အခါ လစ်ဟာနေတာတွေ၊ တစ်ခါတလေမှာ အပြိုင်သဘောမျိုး တစ်ဖက်နဲ့ တစ်ဖက်ပြိုင်ဆိုင်နေတာမျိုးတွေ ဖြစ်တတ်တယ်။ ဒါကြောင့်မို့ သာမန်ဝန်ကြီးဌာန တစ်ခုတည်းက လုပ်လို့ရတဲ့ ကိစ္စမျိုးလည်းမဟုတ်ဘူး။ နိုင်ငံတော်သမ္မတကအစ ဦးဆောင်ပြီးတော့ ဒါကို ညှိနှိုင်းဆောင်ရွက်ဖို့က လိုတယ်။ သို့ သော်လည်း မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲ လုပ်ရမယ့်ဟာက များနေတော့ ဒီကိစ္စကို မသိလို့ မလုပ်တာတော့ မဟုတ်ဘူးလို့ ထင်တယ်။ အချိန် အတိုင်းအတာတစ်ခုမှာ ဆက်လက် ဆောင်ရွက်မယ်လို့ ထင်တယ်။
အခုဟာက သန့်စင်စွမ်းအင် သုံးဖို့ဆိုတာ တအားလိုသွားပြီ။ သန့်စင်စွမ်းအင်သုံးဖို့ လိုတဲ့အချိန်မှာ ကျွန်တော်တို့က ရှိနေတဲ့မြစ်တွေကို လျှပ်စစ်ထုတ်ပြီး သူများကို ရောင်းစားတယ်။ တစ်ချိန်တည်းမှာပဲ ကျောက်မီးသွေး စက်ရုံတွေနဲ့ မီးစက်တွေ လည်မယ်ဆိုတော့ ဒါကြီးဟာ နိုင်ငံတကာ က သွားနေတဲပုံစံနဲ့ ပြောင်းပြန်ဖြစ်နေတယ်။ အခုရှိနေတဲ့ လူတွေအတွက်ရော နောက်ရှိလာမယ့်လူတွေ အတွက်ရော စဉ်းစားပြီး ကြိုတင်ပြင်ဆင်နိုင်မှ တော်ကာကျမယ်။ နည်းပညာအသစ်တွေလည်း လိုမယ်။ ဥပမာ ဆိုလာစွမ်းအင် တင်မကဘဲ တခြားစွမ်းအင်တွေရော ရရှိဖို့အတွက် သုတေသန ဖွံ့ဖြိုးရေးမှာ ရင်းနှီးမြှုပ်နှံမှု လိုတယ်။ လောလောလတ်လတ် မြင်တာကတော့ ရှိတဲ့ရေအားလျှပ်စစ်ကို အကောင်းဆုံးဖြစ်အောင် သုံးပေါ့။ ပတ်ဝန်းကျင်ထိခိုက်မှု မရှိအောင်သုံး။ လိုအပ်ချက် မရသေးရင် နောက်ထပ် စွမ်းအင်အသစ်တွေ ဖော်ထုတ်ရဦးမှာပဲ။ အဲဒီအတွက်လည်း စီးပွားရေး ကောင်းဖို့လိုတယ်။ သို့သော်လည်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေက ဒီမှာဘာကြောင့်လာပြီး ရင်းနှီးမြုပ်နှံရမှာလဲ။ လက်ရှိမှာ နိုင်ငံတကာ ကုမ္မဏီတွေက ကြည့်တာက ပတ်ဝန်းကျင်ရေးရာ အမြတ်ထုတ်ရုံလောက် သက်သက်ပဲ”ဟု Eco Dev မှ ဦးဝင်းမျိုးသူက ဆိုပါသည်။
“၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်တုန်းကတော့ ပြောခဲ့ကြတာတွေ ဖတ်ရတယ်။ ရွေးကောက်ပွဲပြီးရင် လျှပ်စစ်မီး အချိန်ပြည့်ပေးနိုင်မယ်။ အကြိမ်ကြိမ် ပြောခဲ့ကြတာတွေ ရှိပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဖြစ်မလာတဲ့အတွက် လူထုကပိုပြီး မကျေမနပ် ဖြစ်လာကြတာပေါ့။ မီးပျက်လို့ မီးစက်တွေနှိုးရ၊ ကြာလာတော့ အဲဒီမီးစက်သံတွေ ကြားရဖန်များတော့ လူက ရူးတောင် ရူးချင်လာတယ်။ ကတိတွေကို အလွယ်တကူ မပေးကြပါနဲ့။ လူထုအတွက်၊ ပြည်သူလူထုအတွက် လုပ်ပေးနိုင်တာတွေကို ပြောကြပါ။ လုပ်ပေးနိုင်ပါတယ် ပြောပြီး ဖြစ်မလာရင် ပြည်သူလူထုက ဒေါသထွက် ရပါတယ်။ နောက်တစ်ခုက ပြည်သူလူထုကို ရှင်းရှင်းလင်းလင်း မြင်အောင် ပြောကြပါ။ ကျွန်တော်တို့လည်း ဖတ်ခဲ့ရတာပဲ။ ရဲရွာကြီးပြီးသွားရင် ဘယ်လို ဘယ်လို၊ ပေါင်းလောင်းက ဘယ်လို ဘယ်လို။ ကိုယ့်နိုင်ငံမှာတင် မသုံးနိုင်ဘဲ ပိုနေလို့ရောင်းချရတာက ဘယ်လိုဘယ်လို။ တကယ်တန်း လက်တွေ့မှာတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး မြို့တော်ဖြစ်တဲ့ ရန်ကုန်မှာတောင် မီးကို လုံလောက်အောင် မပေးနိုင်သေးဘူး။ ထွက်လိုက်တဲ့ ရေအားလျှပ်စစ်တွေ၊ သဘာဝဓာတ်ငွေ့တွေ၊ စွမ်းအင်တွေ ထွက်နေပေမယ့် ရန်ကုန်မြို့မှာတင် လျှပ်စစ်မီးက မလုံလောက်ဘူးဆိုတော့ အဲဒီရေအားလျှပ်စစ်တွေ၊ သဘာဝဓာတ်ငွေ့တွေ၊ စွမ်းအင်တွေက ဘယ်တွေရောက်သွားလဲ ဆိုတာ နားမလည်နိုင်ဘူး။ ပြောနေတာတွေကို အဓိပ္ပာယ်ဖွင့်လို့တောင် မရတော့ဘူး”ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး က ပြောကြားခဲ့သည်။
“ကျွန်တော်လည်း စဉ်းစားမရဘူး။ မနှစ်ကလည်း အခုလို အလှည့်ကျမဟုတ်ဘဲ ပေးလို့ရတယ်။ ပေးလည်း ပေးခဲ့တယ်။ အဲဒါကို အခုကျမှ ရုတ်ခြည်းပြောင်းသွားပြီး အလှည့်ကျ ဆိုတာ ဖြစ်လာတယ်။ စောစောပိုင်း က အဲလိုလုပ်လိမ့်မယ်လို့ ဘာသတင်းအစအနမှတောင် မရခဲ့ဘူး။ တိုက်တိုက်ဆိုင်ဆိုင် ကြားဖြတ်ရွေးကောက်ပွဲ ကာလနဲ့ တိုက်နေချိန်မှာ အလှည့်ကျ မီးပေးစနစ် ပြန်လုပ်မယ် ဆိုတော့ ဘာရည်ရွယ်ချက်လဲဆိုတာ စဉ်းစားတယ်။ တွေးခေါ်ကြည့်တယ်။ ဒေါသဖြစ်စရာပဲ တွေ့လာတယ်။ ပေးလို့ရတဲ့နည်းတွေရှိပါတယ်။
 ပေးလည်းပေးနိုင်ခဲ့တာပဲ။ အဲဒါကို မပေးနိုင်ဘူးဆိုတော့ လူထုကို ဒုက္ခပေးချင်တာလား။ ဒုက္ခတွေ ဆက်ပေးနေတာလား။ လူထုက အဲဒီလောက်အထိ စဉ်းစားပြီး ဒေါသထွက် လာတယ်။ အမှန်တကယ်ပဲ။ လူထုမှာ ဖောင်စီးရင်း ရေငတ်ဖြစ်နေတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးက ဆိုပါသည်။
“မီးအလုံအလောက် မပေးနိုင်ဘူးဆိုတာကို အကြောင်းအမျိုးမျိုး ပြနေတော့ မယုံချင်တော့ဘူး။ တော်ကြာ မိုးကြောင့်၊ မိုးရွာလို့၊ ရေကြီးလို့၊ ရေမရှိလို့ဆိုပြီး အကြောင်းတွေ ပြနေတာ ပျင်းရိခြင်းခြောက်ပါး လိုပဲ။ ရှေ့စကားနဲ့ နောက်စကားတွေက ဘယ်တော့မှမညီဘူး။ အခုခေတ်က အရင်ကလို ပြည်သူတွေက ငြိမ်ခံနေတဲ့ခေတ် မဟုတ်တော့ပါဘူး။ သူတို့မှာလည်း စဉ်းစားဆင်ခြင်နိုင်တဲ့ အမြင်တွေရှိပါတယ်။ စကတည်း က မပေးနိုင်ဘူးဆိုရင်လည်း ဘာကြောင့် မပေးနိုင်သလဲဆိုတာကို လက်ခံလောက်တဲ့အထိ ပြောပေါ့။ ပြီးပြီးရော ပြောတာမျိုးတွေ မလိုချင်ဘူး။ ကိုယ့်ဖာသာ အသိစိတ်နဲ့ မလုပ်နိုင်ဘူး ဆိုတာသိရင် ထွက်ရမှာပဲ။ ကိုယ့်တာဝန်ကိုယ် ယူရမှာပဲ။ ကိုယ့်တာဝန်ကိုယ်ယူနိုင်မှ ပြည်သူ့ဝန်ထမ်းကောင်းဖြစ်မယ်။ တာဝန်ယူမှု မရှိဘူးဆိုရင်တော့ ထွက်လိုက်ပါ။ ပြည်သူက လုပ်နိုင်တဲ့သူကို ပြန်ခန့်ပါလိမ့်မယ်”ဟု သတင်းစာဆရာ ဦးကိုကိုကြီး(ကြေးမုံ)က ပြောဆိုခဲ့ပါသည်။
“ငယ်ငယ်က သင်ခဲ့ရတဲ့ ရေနံမြေလုပ်သားတွေရဲ့ ဘ၀လိုပါပဲ။ ကျွန်တော်တို့တွေ ဖောင်စီးရင်း ရေငတ်နေရတယ်။ စွမ်းအင်ရင်းမြစ်တွေ အကုန်လုံးကို မရောင်းပါနဲ့တော့။ ၁၉၉၇ ခုနှစ်ဝန်းကျင်မှာ လျှပ်စစ်ဝန်ကြီးဌာန စတင်ပေါ်ပေါက်လာပြီး အခု ၁၅ နှစ်နီးပါး ရှိလာတဲ့အထိ လျှပ်စစ်မီးရရှိမှု ဘာမှမထူးဘူး။ အမှောင်ထဲမှာပဲ နေနေရတဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ဘ၀တွေကို စာနာကြည့် ကြပါဦး။ နိုင်ငံတော် သမ္မတကြီးနဲ့ ဒုတိယသမ္မတ၊ လျှပ်စစ်ဝန်ကြီးတွေ ကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။ ပြည်သူတွေရဲ့ လက်ရှိအနေအထားကို စာနာပေးစေချင်ပါတယ်။ နိုင်ငံတကာမှာတော့ စွမ်းအင်ဝန်ကြီးဌာနပဲ ရှိပါတယ်။ လျှပ်စစ်ဝန်ကြီးဌာန မရှိပါဘူး။ ဟိုဘက်ခြမ်းတွေ မှာ လင်းထိန်နေတာကို အမှောင်ထဲက ကြည့်နေရတာမျိုး နယ်ခြားဒသတွေမှာ ခံစားနေရပါတယ်။ စွမ်းအင် ရင်းမြစ်တွေရောင်းလို့ ကြွယ်ဝချမ်းသာတဲ့သူတွေ ကြွယ်ဝ ချမ်းသာကြပေမယ့် ပြည်သူတွေကတော့ ဆင်းရဲနေတုန်းပါပဲ။ ဆင်းရဲချမ်းသာ ကွာဟချက် ပိုပိုများလာပါတယ်။ ကျွန်တော်တို့နဲ့အတူ အမှောင်ထဲမှာ လာနေပြီး ပြည်သူတွေကို စာနာပေးကြပါဦး”ဟု Weekly Eleven News Jou rnal  ၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားခဲ့သည်။
ဘဏ္ဍာနှစ်အလိုက် သဘာဝဓာတ်ငွေ့တင်ပို့နိုင်မှု ပမာဏ (အမေရိကန်ဒေါ်လာ၊ သန်း)
ဘဏ္ဍာနှစ်      သဘာဝဓာတ်ငွေ့
၂၀၀၆-၂၀၀၇    ၂၀၃၉ .၁၃
၂၀၀၇-၂၀၀၈   ၂၅၂၀ .၇၄
၂၀၀၈-၂၀၀၉    ၂၃၈၄ .၆၉
၂၀၀၉-၂၀၁၀    ၂၉၂၆ .၆၉
၂၀၁၀-၂၀၁၁    ၂၅၂၂ .၅၃
၂၀၁၁-၂၀၁၂    ၂၉၄၇ .၃၀
သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း
၁။  သံတွဲမြို့၏ အနောက်မြောက်ဘက် ၁၂ မိုင်ခန့်အကွာတွင်ရှိ။
၂။  စီမံကိန်းပြီးစီးပါက လျှပ်စစ်ဓာတ်အားကီလိုဝပ်နာရီပေါင်း ၃၈၆ သန်းထုတ်လွှတ်နိုင်မည်။
အမ်းချောင်း ရေအားလျှပ်စစ်စီမံကိန်း
၁။ အမ်းမြို့အထက်ပိုင်း အရှေ့မြောက်ဘက် ၃ ဒသမ ၅ မိုင်အကွာတွင်ရှိ။
၂။ ၂၀၀၆-၂၀၀၇ ခုနှစ်မှစတင်ကာ အမှတ် (၁) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ တည်ဆောက်နေခြင်းဖြစ်။
၃။  ၂၀၁၁ ဇူလိုင်လကုန်အထိ စီမံကိန်းတစ်ခုလုံး၏ ၁၅ ဒသမ ၂၈ ရာခိုင်နှုန်းပြီးစီး။
၎။ စီမံကိန်းမှ တစ်နှစ်လျှင် ပျှမ်းမျှကီလိုဝပ်နာရီ ၄၄ သန်း ထုတ်လွှတ်နိုင်မည်။
လေးမြို့ ရေအားလျှပ်စစ်စီမံကိန်း
၁။ လျှပ်စစ်ဓာတ်အား ၅၀၀ မဂ္ဂါဝပ်ထုတ်လွှတ်နိုင်မည်ဖြစ်။
၂။ တရုတ်နိုင်ငံအစိုးရပိုင် ကုမ္ပဏီနှင့် အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်။
၃။ လေးမြို့မြစ်စီမံကိန်း ၆၀၀ မဂ္ဂါဝပ်နှင့် လေးမြို့ (၂)စီမံကိန်း ၉၀ မဂ္ဂါဝပ်တည်ဆောက်မည် ဖြစ်။ လျှပ်စစ်ဓာတ်အားပမာဏ စုစုပေါင်း ကီလိုဝပ်နာရီသန်းပေါင်း ၄၁၁၅ အထိထုတ် လုပ်နိုင်မည်ဖြစ်။
စိုင်းဒင်ရေအားလျှပ်စစ်စီမံကိန်း
၁။ ဘူးသီးတောင်မြို့၏အရှေ့ဘက် ၁၀ မိုင်အကွာတွင်ရှိ။
၂။ ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များဖြစ်သော ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်းတောဒေသများသို့ လျှပ်စစ်ဓာတ်အား ပေးနိုင်မည်ဖြစ်။
စဉ်  အမျိုးအစား ခွင့်ပြုထားသည့် လုပ်ငန်း အရေအတွက် ခွင့်ပြုပမာဏ ရာခိုင်နှုန်း
စွမ်းအင် ၅ ခု     ၁၈၈၇၃ ဒသမ ၇၂၀      ၄၆ ဒသမ ၆၈
ရေနံနှင့်သဘာဝဓာတ်ငွေ့    ၁၀၄ ခု ၁၃၈၁၅ ဒသမ ၃၇၅      ၃၄ ဒသမ ၁၇
သတ္တုတူးဖော်ရေး     ၆၄ ခု   ၂၇၉၄ ဒသမ ၄၆၃      ၆ ဒသမ ၉၁
ထုတ်လုပ်မှုလုပ်ငန်း      ၁၆၄ ခု ၁၇၆၀ ဒသမ ၇၀၁      ၄ ဒသမ ၃၅
ဟိုတယ်နှင့် ခရီးသွားလာရေး     ၄၅ ခု        ၁၀၆၄ ဒသမ ၈၁၁ ၂ ဒသမ ၆၃
အိမ်ခြံမြေ        ၁၉ ခု   ၁၀၅၆ ဒသမ ၄၅၃      ၂ ဒသမ ၆၁
သားငါးကဏ္ဍ    ၂၅ ခု  ၃၂၄ ဒသမ ၃၅၈        ၀ ဒသမ ၈၀
သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ      ၁၆ ခု    ၃၁၃ ဒသမ ၉၀၆ ၀ ဒသမ ၇၈
စက်မှုဇုန်         ၃ ခု             ၁၉၃ ဒသမ ၁၁၃ ၀ ဒသမ ၄၈
၁၀ စိုက်ပျိုးရေး     ၇ ခု             ၁၇၃ ဒသမ ၁၀၁ ၀ ဒသမ ၄၃
၁၁ ဆောက်လုပ်ရေး         ၂ ခု     ၃၇ ဒသမ ၇၆၇ ၀ ဒသမ ၀၉
၁၂ အခြား ၆ ခု    ၂၃ ဒသမ ၆၈၆ ၀ ဒသမ ၀၆
 ဇောတိကစီမံကိန်းတွင် ကုမ္ပဏီအလိုက် ရောင်းချခွင့်ရရှိသည့် ရာခိုင်နှုန်း
ကုမ္ပဏီ                  ရောင်းချခွင့်ရာခိုင်နှုန်း
PTTEPI         ၈၅ ရာခိုင်နှုန်း
MOGE ၁၅ ရာခိုင်နှုန်း
ရွှေစီမံကိန်းတွင် ကုမ္ပဏီအလိုက် ရောင်းချခွင့်ရရှိသည့် ရာခိုင်နှုန်း
ကုမ္ပဏီ    ရောင်းချခွင့် ရာခိုင်နှုန်း
DAEWOO      ၈၅ ရာခိုင်နှုန်း
MOGE         ၁၅ ရာခိုင်နှုန်း
OVL            ၁၇ ရာခိုင်နှုန်း
GAIL              ၈.၅ ရာခိုင်နှုန်း
KOGAS          ၈.၅ ရာခိုင်နှုန်း
ရတနာစီမံကိန်းတွင် ကုမ္ပဏီအလိုက် ရောင်းချခွင့်ရရှိသည့် ရာခိုင်နှုန်း
ကုမ္ပဏီ          ရောင်းချခွင့်ရာခိုင်နှုန်း
TOTAL          ၃၁.၂၄ ရာခိုင်နှုန်း
MOGE          ၁၅ ရာခိုင်နှုန်း
UNOCAL        ၂၈ .၂၆ ရာခိုင်နှုန်း
PTTEP             ၂၅ .၅၀ ရာခိုင်နှုန်း
ရဲတံခွန်စီမံကိန်းတွင် ကုမ္ပဏီအလိုက် ရောင်းချခွင့်ရရှိသည့် ရာခိုင်နှုန်း
ကုမ္ပဏီ                  ရောင်းချခွင့်ရာခိုင်နှုန်း
PETRONAS     ၄၀ .၇၅ ရာခိုင်နှုန်း
MOGE          ၂၀ .၄၅ ရာခိုင်နှုန်း
NIPPON          ၁၉ .၄၀ ရာခိုင်နှုန်း
PTTEP            ၁၉ .၄၀ ရာခိုင်နှုန်း
Ref: EMG
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲများ၏ ရလဒ်အချို့ ထုတ်ပြန်ကြေညာ
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲများ၏ မဲဆန္ဒနယ် ၄၀ ၏ရလဒ်များ ကို ယနေ့ညနေ ၆ နာရီတွင် ထုတ်ပြန်ကြေညာသွားပါသည်။ အဆိုပါ ကြေညာသွားသည့် မဲဆန္ဒနယ်များအားလုံးတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများက အနိုင်ရကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ အတည်ပြုသွားပါသည်။ 
ဧပြီ ၁ရက်နေ့တွင် မဲဆန္ဒနယ် စုစုပေါင်း (၄၅) နေရာ တွင် ကြားဖြတ်ရွေးကောက်ပွဲများကျင်ပခဲ့ပြီး အဆိုပါ (၄၅)နေရာမှ မဲဆန္ဒနယ် (၄၀) ၏ ရလဒ်များကို ထုတ်ပြန်ကြေညာသွားခြင်း ဖြစ်ပါသည်။ ထုတ်ပြန်ကြေညာရန် ကျန်ရှိနေသော မဲဆန္ဒနယ် (၅)ခုမှာ ပြည်သူ့လွှတ်တော်မှ မင်းကင်းမြို့နယ်မဲဆန္ဒနယ်၊ ကျွန်းစုမြို့နယ် မဲဆန္ဒနယ်နှင့် အမျိုးသားလွှတ်တော်မှ စစ်ကိုင်းတိုင်းဒေသကြီး အမှတ်(၃)မဲဆန္ဒနယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အမှတ် (၇) မဲဆန္ဒနယ် နှင့် ရှမ်းပြည်နယ် အမှတ် (၃) မဲဆန္ဒနယ်တို့ ဖြစ်ကြောင်းသိရသည်။ 
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာချက်အရ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ များ၏ မဲဆန္ဒနယ် ၄၀ ၏ရလဒ်အရ အနိုင်ရရှိသူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ပြည်သူ့လွှတ်တော်
(၁) စစ်ကိုင်း - ဦးခင်မောင်သိန်း (NLD)
(၂) ပုလဲမြို့နယ် - ဒေါ်ခင်စန်းလှိုင် (NLD)
(၃) လောင်းလုံမြို့နယ် ဦးအောင်စိုး (NLD)
(၄) တောင်ငူမြို့နယ် ဦးအောင်စိုးမြင့် (NLD)
(၅) ထန်းတပင်မြို့နယ် ဦးစိန်ထွန်း (NLD)
(၆) သနပ်ပင်မြို့နယ် ဦးမြင့်ဦး (NLD)
(၇) လက်ပံတန်းမြို့နယ် ဦးကျော်မင်း (NLD)
(၈) မကွေးမြို့နယ် ဦးမြင့်သိန်း (NLD)
(၉) ရေစကြိုမြို့နယ် ဒေါက်တာတင်ဌေးအောင် (NLD)
(၁၀) မြိုင်မြို့နယ် ဦးမြင့်အောင် (NLD)
(၁၁) ပခုက္ကူမြို့နယ် ဦးပိုက်ကို (NLD)
(၁၂) ပွင့်ဖြူမြို့နယ် ဒေါက်တာအောင်မိုးညို (NLD)
(၁၃) ဇမ္ဗူသီရိမြို့နယ် ဒေါ်စန္ဒာမင်း (NLD)
(၁၄)ပုဗ္ဗသီရီမြို့နယ် ဦးဖြိုးဇေယျာသော် (NLD)
(၁၅) ဒက္ခိဏသီရိမြို့နယ် ဦးနိုင်ငံလင်း (NLD)
(၁၆)ဥတ္တရသီရီမြို့နယ် ဦးမင်းသူ (NLD)
(၁၇)ကျောက်ပန်းတောင်း ဒေါက်တာဇော်မြင့်အောင် (NLD)
(၁၈) နွားထိုးကြီးမြို့နယ် ဦးပေါခင် (NLD)
(၁၉) မဟာအောင်မြေမြို့နယ် ဦးအုန်းကြိုင် (NLD)
(၂၀) တံတားဦးမြို့နယ် ဒေါ်ခင်သန္တာ (NLD)
(၂၁) မိတ္ထီလာမြို့နယ် ဦးဝင်းထိန် (NLD)
(၂၂) ပြင်ဦးလွင်မြို့နယ် ဦးကျော်သီဟ (NLD)
(၂၃) မော်လမြိုင်မြို့နယ် ဒေါ်ခင်ဌေးကြွယ်  (NLD)
(၂၄) ကော့မှူးမြို့နယ် ဒေါ်အောင်ဆန်းစုကြည် (NLD)
(၂၅) သုံးခွမြို့နယ် ဒေါ်စုစုလွင် (NLD)
(၂၆) ဒဂုံဆိပ်ကမ်းမြို့နယ် ဒေါက်တာမျိုးအောင် (NLD)
(၂၇) မင်္ဂလာတောင်ညွန်မြို့နယ် ဒေါ်ဖြူဖြူသင်း (NLD)
(၂၈) လှည်းကူးမြို့နယ် ဦးဖြိုးမင်းသိန်း (NLD)
(၂၉) မရမ်းကုန်းမြို့နယ် ဒေါက်တာဒေါ်မေ၀င်းမြင့် (NLD)
(၃၀) ကလောမြို့နယ် ဒေါက်တာဒေါ်သန်းငွေ (NLD)
(၃၁) ပုသိမ်မြို့နယ် ဦးဝင်းမြင့် (NLD)
(၃၂) မအူပင်မြို့နယ် ဦးစိန်ဝင်း (ခ) ဦးစိန်ဝင်းဟန် (NLD)
(၃၃) မြောင်းမြမြို့နယ် ဦးမန်းဂျော်နီ (NLD)
(၃၄) ၀ါးခယ်မမြို့နယ် ဒေါ်မြင့်မြင့်စန်း (NLD)
(၃၅) မြန်အောင်မြို့နယ် ဦးကျော်မြင့် (NLD)
အမျိုးသားလွှတ်တော်
(၃၆) ပဲခူးတိုင်း ဒေသကြီး အမှတ် (၇) ဦးမင်းဦး (NLD)
(၃၇) မကွေးတိုင်းဒေသကြီး အမှတ် (၄) ဦးအောင်ကြည်ညွန့် (NLD)
(၃၈) ဧရာဝတီတိုင်းဒေသကြီး အမှတ် (၁၀) ဦးသိန်းဆွေ (NLD)
တိုင်းဒေသကြီးလွှတ်တော်
(၃၉) ပဲခူတိုင်းဒေသကြီး အမှတ် (၂) ဦးမျိုးခိုင် (NLD)
(၄၀) ဧရာဝတီတိုင်းဒေသကြီ အမှတ်(၂) ဒေါက်တာလှမြတ်သွေး (NLD)
Ref: EMG
ကြားဖြတ်ရွေးကောက်ပွဲ နေရာ ၄၅ နေရာအနက် ၄၃ နေရာကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရရှိခဲ့ပြီး ဖြစ်ကြောင်း သိရ
nld43
၄၃ ဦးမြောက် လွှတ်တော်ကိုယ်စားလှယ်လောင်းကို NLD ရုံးချုပ်ရှေ့ရှိ LED ဆိုင်းဘုတ်တွင် ဖေါ်ပြထားစဉ်
tant-yan1
ရှမ်းအမျိုးသားများ ဒီမိုကရက်တစ်ပါတီ အနိုင်ရခဲ့သော တန့်ယန်း မဲဆန္ဒနယ်၏ မဲရုံတစ်ခုအား မြင်တွေ့ရစဉ်
ယနေ့မွန်းတည့် အချိန်အထိ သိရှိရသော သတင်းများအရ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရာ နေရာ ၄၅ နေရာ အနက် နေရာ ၄၃ နေရာကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ယခု ကြားဖြတ်ရွေးကောက်ပွဲ၌  ၄၄ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၄၃ နေရာ အနိုင်ရရှိခဲ့ခြင်း ဖြစ်ပါသည်။
 အဆိုပါ အနိုင်ရရှိသည့်နေရာများကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အတည်ပြုခဲ့ပြီး ဖြစ်ကြောင်းနှင့် အနိုင်ရရှိသည့် နေရာ ၄၃ နေရာနှင့် ကိုယ်စားလှယ် လောင်းများ၏ အမည်ကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးရှေ့ရှိ LED ဆိုင်းဘုတ်တွင် ထုတ်ပြန် ကြေညာလျက်ရှိနေပါသည်။
ယင်း ထုတ်ပြန် ကြေညာချက်များအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် (ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပနိုင်သော ကချင်ပြည်နယ်အတွင်းရှိ နေရာ သုံးနေရာမှ လွဲ၍) နေရာအားလုံးနီးပါး အနိုင်ရရှိထားကြောင်း သိရပါသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရရှိထားသော ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များမှာ စစ်ကိုင်းမြို့နယ်၊ ပုလဲမြို့နယ်၊ မင်းကင်းမြို့နယ်၊ လောင်းလုံမြို့နယ်၊ ကျွန်းစုမြို့နယ်၊ တောင်ငူမြို့နယ်၊ ထန်းတစ်ပင် မြို့နယ်၊ သနပ်ပင်မြို့နယ်၊ လက်ပံတန်းမြို့နယ်၊ မကွေးမြို့နယ်၊ ရေစကြိုမြို့နယ်၊ မြိုင်မြို့နယ်၊ ပခုက္ကူမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ဥတ္တရသီရိမြို့နယ်၊   ကျောက်ပန်းတောင်း မြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ တံတားဦးမြို့နယ်၊ မိတ္ထီလာမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ မော်လမြိုင်မြို့နယ်၊ ကော့မှူးမြို့နယ်၊ သုံးခွမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ လှည်းကူးမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ကလောမြို့နယ်၊ ပုသိမ်မြို့နယ်၊ မအူပင်မြို့နယ်၊ မြောင်းမြမြို့နယ်၊ ၀ါးခယ်မမြို့နယ်၊ မြန်အောင်မြို့နယ် အစရှိသည်တို့ ဖြစ်ကြပါသည်။
အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များဖြစ်သည့် စစ်ကိုင်းတိုင်း ဒေသကြီး အမှတ်(၃) မဲဆန္ဒနယ် (ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန်ဆည်) ၊ ပဲခူးတိုင်းဒေသကြီး အမှတ် (၇) မဲဆန္ဒနယ် (အုတ်တွင်း-ထန်းတပင်)၊ မကွေးတိုင်းဒေသကြီး အမှတ်(၄) မဲဆန္ဒနယ် (တောင်တွင်းကြီး)နှင့် ဧရာဝတီတိုင်း ဒေသကြီး အမှတ် (၁၀) မဲဆန္ဒနယ် (ဖျာပုံ-ဒေးဒရဲ) တို့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိထားခဲ့ပြီး ဖြစ်ကြောင်းကို အဖွဲ့ချုပ်မှ အတည်ပြုခဲ့ပြီး ဖြစ်ကြောင်း သိရပါသည်။ သို့သော် ရှမ်းပြည်နယ်  အမှတ် (၃) မဲဆန္ဒနယ် (လားရှိုး-တန့်ယန်း-မိုင်းရယ်-သိန္ဒီ-ကွမ်းလုံ) ဒေသနှင့် ပတ်သက်၍မူ အဖြေအတိအကျ ထွက်ပေါ်လာခြင်း မရှိသေးပဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လာရှိုးတွင် အနိုင်ရရှိထားကာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက တန့်ယန်းတွင် အနိုင်ရရှိထားကြောင့် ဧပြီ ၂ရက်နေ့ မွန်းလွဲပိုင်း အချိန်အထိ ရရှိသော သတင်းများအရ သိရပါသည်။ ထို့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၀င်ရောက် ယှဉ်ပြိုင်ခွင့် မရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး အမှတ် ၇  မဲဆန္ဒနယ် (ဗန်းမောက်၊ ကောလင်း၊ ၀န်းသို၊ ပင်လယ်ဘူး) တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ကောလင်းနှင့် ပင်လယ်ဘူးတွင် အနိုင်ရရှိထားပြီး ပြည်ခိုင်ဖြိုးပါတီက ၀န်းသိုတွင် အနိုင်ရရှိထားကြောင်းသိရသည်။ ဗန်းမောက်မြို့နယ်၏ မဲရလဒ်များနှင့်ပတ်သက်၍မူ စောင့်ဆိုင်းနေရဆဲ ဖြစ်ပါသည်။ ယင်း မဲဆန္ဒနယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစောလှိုင်ကို အမည်စာရင်း တင်သွင်းခဲ့သော်လည်း အရည်အချင်း မကိုက်ညီသဖြင့် ပယ်ချခံခဲ့ရပါသည်။
တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်များဖြစ်သည့် ပဲခူးတိုင်းဒေသကြီး အမှတ်(၂) မဲဆန္ဒနယ် (က၀-၂) နှင့် ဧရာဝတီတိုင်း ဒေသကြီး အမှတ်(၂) မဲဆန္ဒနယ် (ရေကြည်-၂) တို့တွင်လည်း  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိခဲ့ကြောင်း သိရပါသည်။
ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့၌ ဒေါ်အောင်ဆန်းစုကြည်က
 ပြည်သူလူထုသို့  မိန့်ခွန်း အတိုတစ်ခု ပြောကြားခဲ့ပြီး အဆိုပါမိန့်ခွန်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အောင်နိုင်မှုသည်၊ ပြည်သူလူထု၏ အောင်နိုင်မှုသာ ဖြစ်ကြောင်း၊  ပြည်သူ လူထု၏ ပူးပေါင်း ပါဝင်များကြောင့် ယခုအောင်ပွဲကို ရရှိခဲ့ခြင်းကြောင်း၊ အခြားသော အဖွဲ့အစည်းတွေ စိတ် အနှောက်အယှက် ဖြစ်အောင် မလုပ်သင့်ကြောင်း၊ ယခုအချိန်မှ စတင်ပြီး ငါ နိုင်ပြီဟေ့လို့မတွေးဘဲ ငါတို့ အလုပ်တွေ စလုပ်ရမယ်လို့တွေးရမည် ဖြစ်ကြောင်းနှင့် ခေတ်သစ်ကို စတင် မျှော်လင့် နိုင်မည်ဖြစ်ကြောင်း အစရှိသည်တို့ကို ပြောကြားခဲ့ပါသည်။
Ref: EMG
အပျော်ဆုံးနေ့.......အပျော်ဆုံးနေ့.......အပျော်ဆုံးနေ့........
ရဟန်းတော်တစ်ပါးနှင့် NLD ထောက်ခံသူပြည်သူများ ရွှေဂုံတိုင် NLD ရုံးရှေ့ ရွေးကောက်ပွဲမဲရလတ် တိုက်ရိုက်ကြော်ငြာဖန်သားပြင်ဘုတ်ကိုကြည့်ပြီး ပါတီရဲ့အောင်မြင်မှုအတွက် ပျော်ရွှင်နေကြပုံဖြစ်ပါသည်။ BBC သတင်းထောက်တစ်ယောက်ရဲ့ ရိုက်ချက်ပါ။ MWRN မှ ဒီဓာတ်ပုံကို အပျော်ဆုံးနေ့လို့ အမည်ပေးမျှဝေလိုက်ပါသည်။  Photograph: Damir Sagolj/Reuters
NLD ၏အတည်ပြုပြီး အနိုင်ရမြို့နယ်စာရင်း
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ထံမှ
... ပြည်သူလူထုများသို့ .....။ ========================= ယနေ့ ကြားဖြတ်ကောက်ပွဲရလဒ်သည် ပြည်သူလူထု၏ထောက်ခံမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကိုယ်စားလှယ်များ အောင်နိုင်မှုရကြောင်း သတင်းများတက်နေပါသည်။ ယခုလိုအချိန်မှာ... ထောက်ခံသော ပြည်သူများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ဝင်များ ပျော်ရွှင်ကြမည်မှာ သဘာဝကျပါသည်။ သို့ သော်လည်း.... တဖက်အဖွဲ့ အစည်း နှင့် ပုဂွိုလ်များအား စိတ်ထိခိုက်၊ စိတ်မကောင်းဖြစ်စေနိုင်မည့် အပြောအဆို၊ အမူအရာ အလုပ်အကိုင်များ လုံးဝရှောင်ရှားရမည် ဖြစ်သည်။ ပြည်သူသူ၏အောင်နိုင်မှုသည်... သိက္ခာရှိသောအောင်နိုင်မှု ဖြစ်စေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်အားလုံး အထူးသတိပြုစေလိုသည်။ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
Photo- Khu Daun
NLD ၏အတည်ပြုပြီး အနိုင်ရမြို့နယ်စာရင်း
၁။ ၀ါးခယ်မ ဧရာဝတီတိုင်း
၂။ မြန်အောင် ဧရာဝတီတိုင်း
၃။ မအူပင် ဧရာဝတီတိုင်း
၎။မြောင်းမြ ဧရာဝတီတိုင်း
၅။ဖျာပုံ၊ဒေးဒရဲ(အမျိုးသားလွှတ်တော်) ဧရာဝတီတိုင်း
၆။ ရေကြည် ဧရာဝတီတိုင်း
၇။ ပခုက္ကူ မကွေးတိုင်း
၈။ ရေစကြို မကွေးတိုင်း
၉။ မကွေး မကွေးတိုင်း
၁၀ ။ မြိုင် မကွေးတိုင်း
၁၁။ ပွင့်ဖြူ မကွေးတိုင်း
၁၂။ ကျောက်ပန်းတောင်း မန္တလေးတိုင်း
၁၃။ တံတားဦး မန္တလေးတိုင်း
၁၄။ ပြင်ဦးလွင် မန္တလေးတိုင်း
၁၅။ မဟာအောင်မြေ မန္တလေးတိုင်း
၁၆။ မထ္တီလာ မန္တလေးတိုင်း
၁၇။ ဒက္ခိဏသီရိ မန္တလေးတိုင်း (နေပြည်တော်)
၁၈။ ဥတ္တရသီရိ မန္တလေးတိုင်း (နေပြည်တော်)
၁၉။ တောင်ငူ ပဲခူးတိုင်း
၂၀။ ထန်းတပင် ပဲခူးတိုင်း
၂၁။ လက်ပံတန်း ပဲခူးတိုင်း
၂၂။ က၀ ပဲခူးတိုင်း
၂၃။ ကော့မှူး ရန်ကုန်တိုင်း
၂၄။ ဒဂုံဆိပ်ကမ်း ရန်ကုန်တိုင်း
၂၅။ လှည်းကူး ရန်ကုန်တိုင်း
၂၆။ မရမ်းကုန်း ရန်ကုန်တိုင်း
၂၇။ မင်္ဂလာတောင်ညွန့် ရန်ကုန်တိုင်း
၂၈။ စစ်ကိုင်း စစ်ကိုင်းတိုင်း
၂၉။ ပုလဲ စစ်ကိုင်းတိုင်း
၃၀။ မင်းကင်း စစ်ကိုင်းတိုင်း
၃၁။ ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည် စစ်ကိုင်းတိုင်း
(အမျိုးသားလွှတ်တော်)
၃၂။ ကျွန်းစု တနင်္သာရီတိုင်း
၃၃။ လောင်းလုံ တနင်္သာရီတိုင်း
၃၄။ ပုသိမ် ဧရာဝတီတိုင်း
၃၅။ တောင်တွင်းကြီး မကွေးတိုင်း
၃၆။ နွားထိုးကြီး မန္တလေးတိုင်း
၃၇။ ပုဗ္ဗသီရိ မန္တလေးတိုင်း (နေပြည်တော်)
၃၈။ ဇဗ္ဗူသီရိ မန္တလေးတိုင်း (နေပြည်တော်)
၃၉။ မော်လမြိုင် မွန်ပြည်နယ်
၄၀။ သုံးခွ ရန်ကုန်တိုင်း
၄၁။ လားရှိုး ရှမ်းပြည်နယ်
D-Wave 
Ref: MNN
Sunday, 1 April 2012
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲနိုင်
မြန်မာနိုင်ငံမှာ ဒီကနေ့ကျင်းပခဲ့တဲ့ လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ၊ အခုနောက်ဆုံး သိရသလောက်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။ လွှတ်တော်မှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၄၈ နေရာထဲက မဲဆန္ဒနယ် ၄၅ နေရာမှာ ရွေးကောက်ပွဲတွေကို ကျင်းပခဲ့တာဖြစ်ပါတယ်။  NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်က  ၀ါးသင်္ခ ရွာ ၊ ညောင်ထောက်ရွာ ၊ ငှက်အော်စမ်းကျေးရွာ ၊ ကော်ခြံကျေးရွာတွေက မဲရုံတွေကို ဒီကနေ့ မနက် ၇ နာရီက လိုက်လံကြည့်ရှုခဲ့ပါတယ်။
ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကလည်း ကော့မှူးမြို့နယ်ကို သွားရောက်ပြီးတော့ အားလုံးမျှမျှတတဖြစ်အောင် ဆောင်ရွက်ပေးဖို့သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေကို
 ပြောခဲ့တယ်လို့လည်း သိရပါတယ်။ ဒီရွေးကောက်ပွဲမှာ တချို့မဲကတ်ပြားတွေမှာ NLD ပါတီကို မဲပေးလို့မရအောင် ဖယောင်းသုတ်ထားတာတွေ၊  မဲပေးသူတွေကိုလည်း ခြိမ်းခြောက်အကြပ်ကိုင်တာတွေ၊ မဲစာရင်းပြဿနာတွေ နဲ့ မဲသမာမှုတွေလည်းရှိတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမအနေနဲ့ ဒီရွေးကောက်ပွဲကို လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားကြောင်းဒါပေမဲ့လည်းဒီရွေးကောက်ပွဲဟာအရေးပါတဲ့ရွေးကောက်ပွဲဖြစ်တယ်လို့ ပြောပါတယ်။
၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပြီးတဲ့အချိန်ကစပြီး၊ ဒီတကြိမ်ဟာ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ်
 ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လက အစိုးရသစ်တက်လာပြီးတဲ့နောက် ပထမဆုံးအကြိမ် ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲလည်းဖြစ်ပါတယ်။
Ref: VOA
နောက်ဆုံးသိရှိရသော မဲစာရင်းရလဒ်များ
ဧပြီ ၂ ၁း၅၆ နာရီ
မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ ဒေါ်မေ၀င်းမြင့်က စုစုပေါင်း မဲအရေအတွက် ၆၀၂၁၆ မဲ (မဲအရေအတွက် စုစုပေါင်း၏ ၇၇ ဒသမ ၆) ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရပါသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရဲထွဋ်မှာ စုစုပေါင်း မဲအရေအတွက် ၁၄၄၇၆ မဲ ရရှိခဲ့ပြီး တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဖြစ်သည့် ဦးခင်လှိုင်က ၁၂၄၃ မဲ ရရှိခဲ့သည်ဟု သိရပါသည်။ မြန်မာ အမျိုးသား ကွန်ဂရက် ပါတီမှ ဒေါ်ဟေမာထိန်က ၁၄၃၉ မဲ နှင့် အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှ ဦးရဲမင်းသိမ်း(ခေါ်) ရသမှာ ၄၁၄ မဲ ရရှိခဲ့ကာ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ ဒေါ်ခင်ဖြူဖြူငြိမ်းက ၁၆၂ မဲ ရရှိခဲ့ပါသည်။ အဆိုပါ မဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ ၁၃၇၁၅၀ ဦးရှိသည့်အနက် ၈၀၄၇၀ ဦး (မဲပေးခွင့်ရှိသူ စုစုပေါင်း၏ ၅၁ ဒသမ ၆၇ ရာခိုင်နှုန်း) က လာရောက် မဲပေးခဲ့ကြောင်း သိရပါသည်။
ဧပြီ ၂ ၁း၂၅ နာရီ
ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ နောက်ဆုံးသိရှိရသော မဲစာရင်းရလဒ်များအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် မဲအရေအတွက် စုစုပေါင်း ၅၅၉၀၂ မဲ ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာစိုးမင်းက မဲအရေအတွက် ၉၁၇၂ မဲ ရရှိခဲ့ကြောင်း သိရသည်။ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးတင်ရီမှာ မဲအရေအတွက် ၃၉၇ မဲ ရရှိခဲ့သည်ဟု သိရပါသည်။
ဧပြီ ၂ ၁း၂၀ နာရီ
နေပြည်တော်ရှိ ဇမ္ဗူသီရိ မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒမင်းက စုစုပေါင်း မဲအရေအတွက် ၂၃၂၈၅ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းဌေးက ၁၇၇၉၆ မဲရရှိခဲ့ကြောင်း သိရသည်။ အဆိုပါမဲဆန္ဒနယ်တွင် ပယ်မဲ ၁၄၀၀ ကျော်ရှိခဲ့သည်ဟု သိရသည်။
ဧပြီ ၁ ၂၃း၅၀ နာရီ
သုံးခွမြို့နယ် ည ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် သိရှိရသော စာရင်းများအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၄၄၈၈၉ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက ၁၈၀၀၅ မဲ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ၁၆၀၉ မဲ၊ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ၉၁၄ မဲ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ မဲရလဒ်နှင့်ပတ်သက်ပြီး အတည်ပြု လက်မှတ်ကို မြို့နယ်ကော်မရှင်ရုံးတွင် ရေးထိုးခဲ့ပြီးဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်စုစုလွင် က ပြောကြားခဲ့သည်။
ဧပြီ ၁ ၂၃း၅၀ နာရီ
ဒဂုံဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ မျိုးအောင်က မဲအရေအတွက် စုစုပေါင်း ၃၆၁၂၆ မဲ ဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ဝင်းက မဲအရေအတွက် ၁၀၃၆၅ မဲ ရရှိခဲ့သည်ဟု သိရပါသည်။ အဆိုပါ မဲဆန္ဒနယ်တွင် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီက ၄၉၀ မဲ၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ၁၆၆မဲ၊ မြန်မာအမျိုးသား ကွန်ဂရက်ပါတီက ၁၈၅ မဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ၄၉၇ မဲ၊ အမျိုးသားဒီမိုကရေစီ ပါတီသစ်က ၂၂၅မဲ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
ဧပြီ ၁ ၂၃း၅၀ နာရီ
လှည်းကူးမြို့နယ် မဲဆန္ဒနယ်နှင့် ပတ်သက်ပြီး ယနေ့ သန်းခေါင် အချိန်အထိ သိရှိရသော စာရင်းများအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၆၃၆၀၀ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃၂၂၆၂ မဲ၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ၁၁၄၇ မဲ ရရှိခဲ့ကြောင်း သိရပါသည်။ အဆိုပါ မဲရလဒ်များနှင့် ပတ်သက်ပြီး အတည်ပြု လက်မှတ်ကို မြို့နယ်ကော်မရှင်ရုံး၌ ရေးထိုးခဲ့ပြီး ဖြစ်ကြောင်းနှင့် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာလာနေကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်းက ပြောပါသည်။
ဧပြီ ၁ ၂၃း၅၀ နာရီ
ကလောမြို့နယ် မဲဆန္ဒနယ်နှင့် ပတ်သက်ပြီး ယနေ့ညသန်းခေါင်အချိန်အထိ သိရှိရသော စာရင်းများအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စုစုပေါင်း မဲအရေအတွက် ၄၀၇၈၁ ဖြင့် ဦးဆောင်လျက်ရှိနေပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၄၆၉၂ မဲ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်က ၈၃၂၁ မဲ နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ၄၉၆ မဲ ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ၁၂၁၂ မဲ ရရှိထားကြောင်းနှင့် ပယ်မဲ ၂၇၉၄ ဖြစ်ကြောင်း သိရသည်။ အဆိုပါ မဲဆန္ဒနယ်တွင် မဲရုံ ၁၃၁ ရုံ ရှိသည့်အနက် မဲရုံ ၁၁၅ ရုံကို ရေတွက်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ရေတွက်ရန် ကျန်ရှိနေသော မဲရုံအရေအတွက်မှာ ၁၆ ရုံ ဖြစ်ကြောင်း သိရသည်။
လှည်းကူးမြို့နယ် မဲဆန္ဒနယ်နှင့် ပတ်သက်ပြီး ယနေ့ သန်းခေါင် အချိန်အထိ သိရှိရသော စာရင်းများအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၆၃၆၀၀ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃၂၂၆၂ မဲ၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ၁၁၄၇ မဲ ရရှိခဲ့ကြောင်း သိရပါသည်။ အဆိုပါ မဲရလဒ်များနှင့် ပတ်သက်ပြီး အတည်ပြု လက်မှတ်ကို မြို့နယ်ကော်မရှင်ရုံး၌ ရေးထိုးခဲ့ပြီး ဖြစ်ကြောင်းနှင့် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာလာနေကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်းက ပြောပါသည်။
ဒဂုံဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ မျိုးအောင်က မဲအရေအတွက် စုစုပေါင်း  ၃၆၁၂၆ မဲ ဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ဝင်းက မဲအရေအတွက် ၁၀၃၆၅ မဲ ရရှိခဲ့သည်ဟု သိရပါသည်။ အဆိုပါ မဲဆန္ဒနယ်တွင် အမျိုးသား ဒီမိုကရေစီ
အင်အားစု ပါတီက ၄၉၀ မဲ၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ၁၆၆မဲ၊ မြန်မာအမျိုးသား ကွန်ဂရက်ပါတီက ၁၈၅ မဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ၄၉၇ မဲ၊ အမျိုးသားဒီမိုကရေစီ ပါတီသစ်က ၂၂၅မဲ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
ဧပြီ ၁ ၂၃း၃၀ နာရီ
ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်သီဟက စုစုပေါင်း မဲအရေအတွက် ၅၄၃၁၇ မဲဖြင့် အနိုင်ရရှိခဲ့ပြီး
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဝင်းက မဲအရေအတွက် ၃၄၁၅၀ မဲ ရရှိခဲ့ကြောင်း သိရပါသည်။
ဧပြီ ၁ ၂၂း၄၇ နာရီ
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မဲဆန္ဒနယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဖြိုးဇေယျာသော်(ခ) ဇေယျာသော်က စုစုပေါင်း မဲအရေအတွက် ၂၃၆၅၁ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးသာဌေးက ၁၉၁၇၀ မဲ ရရှိခဲ့ကြောင်း သိရပါသည်။ အဆိုပါ မဲဆန္ဒနယ်တွင် ပယ်မဲ ၂၈၇၁ မဲနှင့် ပျက်ကွက်မဲ ၂၀၆၉၀ ရှိကြောင်း သိရပါသည်။
ပုလဲမြို့နယ် မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်ခင်စမ်းလှိုင်က မဲအရေအတွက် စုစုပေါင်း ၄၁၅၅၆ မဲရရှိပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဌေးနိုင်က မဲအရေအတွက် ၁၈၀၀၆ ကျော် ရရှိထားကြောင်း သိရသည်။ လက်ရှိအခြအနေအရ မဲရေတွက်မှု စာရင်းတွင် ကျေးရွာ ၈ ရွာခန့် ကျန်ရှိနေပြီး အဆိုပါ ကျေးရွာများမှ စုစုပေါင်း မဲအရေအတွက်မှာ ၁၀၀၀၀ ကျော်ခန့် ရှိကြောင်း သိရသည်။
ဧပြီ ၁ ၂၂း၀၀ နာရီ
နေပြည်တော်အတွင်းရှိမြို့နယ်များမှဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော NLD ကိုယ်စားလှယ်လောင်များဖြစ်ကြသော ဦးမင်းသူသည် ပြည်ခိုင်ဖြိုးမှ ကိုယ်စားလှယ်လောင်းအား(၇၃၉၂)မဲ အသာဖြင့်လည်းကောင်း၊ ဦးနိုင်ငံလင်းသည် ပြည်ခိုင်ဖြိုးမှ ကိုယ်စားလှယ်လောင်းအား (၃၂၇၀) မဲအသာဖြင့်လည်းကောင်း၊ ဒေါ်စန္ဒာမင်းသည် ပြည်ခိုင်ဖြိုးမှ ကိုယ်စားလှယ်လောင်းအား (၅၇၇၇)မဲ အသာဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားကြောင်း သတင်းရရှိသည်။
နေပြည်တော်ရှိ ဥတ္တရသီရိ မဲဆန္ဒနယ်၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမင်းသူက မဲအရေအတွက် စုစုပေါင်း ၁၄၄၉၉ မဲဖြင့် အနိုင်ရရှိကြောင်း သိရပါသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးလှသိန်းဆွေက မဲအရေအတွက် ၁၀၀၄၀ မဲရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ မဲဆန္ဒနယ် တွင် ကြိုတင်မယ် ၄၉၂ မဲရှိခဲ့ပြီး အဆိုပါ ကြိုတင်မဲများအနက် ၄၂၉ မဲမှာ ပြည်ထောင်ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ရွေးချယ်ထားသော ဆန္ဒမဲများ ဖြစ်ကြောင်း သိရပါသည်။
နေပြည်တော်ရှိ ဒက္ခိဏသီရိမြို့နယ် မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းက မဲအရေအတွက် စုစုပေါင်း ၇၄၉၁ မဲ ဖြင့် အနိုင်ရရှိခဲ့သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမောင်ရှိန်မှာ မဲအရေအတွက် ၄၂၄၅ မဲ ရရှိခဲ့ပြီး အဆိုပါ မဲဆန္ဒနယ်တွင် ကြိုတင်မဲ ၃၇၆ မဲ ရှိသည့်အနက် ၁၉၀ မဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရွေးချယ်ခဲ့သော ဆန္ဒမဲများ ဖြစ်ပါသည်။
ပုသိမ်မြို့နယ်တွင် မဲရုံ(၁၄၃)ရုံမှ မဲလက်မှတ်များရေတွက်မှုပြီးစီးသွားပြီဖြစ်ရာ NLD ပါတီက (၁၂၆) ရုံတွင် အနိုင်ရခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီက တပ်နယ်(၁၅)နေရာတွင် အနိုင်ရထားကြောင်း သိရှိရသည်။
မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မဲအရေအတွက် စုစုပေါင်း ၆၀၀၀၀ ကျော်ဖြင့် အနိုင်ရရှိကြောင်း အကြမ်းဖျင်းအားဖြင့် သိရှိရပါသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှာမူ မဲအရေအတွက် ၁၄၀၀၀ ကျော်ရရှိခဲ့ပါသည်။
မိထ္ထီလာမြို့နယ် မဲဆန္ဒနယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းထိန်က မဲအရေအတွက် စုစုပေါင်း ၆၂၇၈၄ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှမြင့် က မဲအရေအတွက် ၄၉၀၇၂ မဲ ရရှိခဲ့ကြောင်း သိရပါသည်။
ဧပြီ ၁ ၂၁း၅၀ နာရီ
တောင်ငူမြို့ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ် ဦးအောင်စိုးမြင့် သည် ရပ်ကျေးအုပ်စုပ် ၅၀ ရှိ မဲရုံများမှ သိရှိရသော စာရင်းများအရ တပ်မ ၂၆
နယ်မြေ၊ ကမ်းနီ ကျေးရွာအုပ်စု၊ ရှမ်းဝတီးကျေးရွာအုပ်စုနှင့် သက်ကယ်ချင်းကျေးရွာအုပ်စု ၄ နေရာတွင် မဲအနည်းငယ် ကွာဟမှုဖြင့် ရှုံးနိမ့်ထားသော်လည်း ကျန်ကျေးရွာအုပ်စုများတွင် မဲအပြတ်အသတ်ဖြင့်
အနိုင်ရရှိထားကြောင်း သိရ
ဆက်စပ် သတင်းများအရ (NLD)ပါတီမှ ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်းနှင့် အုတ်တွင်းမြို့နယ် နှင့် ထန်းတပင်မြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၇) မှ ဦးမင်းဦးတို့လည်း မဲအောင်နိုင်ရန် အခြေအနေကောင်းလျက် ရှိကြောင်း သတင်းရရှိသည်။
တောင်ငူမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် (NLD) ပါတီမှ ဦးအောင်စိုးမြင့် ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာဒေါ်ဝေေ၀သာ အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီမှ ဦးဝင်းထွန်း တို့ယှဉ်ပြိုင်ပြီး ဦးအောင်စိုးမြင့် မှာ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိရန် သေချာသလောက် ဖြစ်နေကြောင်း သိရှိရသည်။
ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် (NLD) ပါတီမှ ဦးစိန်ထွန်း ပြည်ခိုင်ဖြိုးပါတီမှ ဦးကျော်ကျော်ဦး (တ.စ.ည) မှ ဦးတင်ဝင်း ညီညွှတ်ခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးသက်ဦး တို့ပါဝင်ယှဉ်ပြိုင်ထားပြီး ဦးစိန်ထွန်းမှ မဲအောင်နိုင်ရန် အခြေအနေကောင်းလျက်ရှိကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်နှင့် ထန်းတပင်မြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၇) တွင် (NLD) ပါတီမှ ဦးမင်းဦး ပြည်ခိုင်ဖြိုးပါတီမှ ဒေါ်သန်းသန်းနွဲ့တို့ယှဉ်ပြိုင်ကြပြီး ဦးမင်းဦးမှ အခြေအနေ ကောင်းလျက်ရှိကြောင်း သိရ
ဧပြီ ၁ ၂၁း၃၀ နာရီ
သုံးခွမြို့နယ် ရပ်ကွက်အလိုက် NLD နှင့် ပြည်ခိုင်ဖြိုး ပါတီ မဲစာရင်းများ
၁ ရပ်ကွက် NLD- ၁၃၁၇ မဲ
ပြည်ခိုင်ဖြိုး- ၃၄၄ မဲ
၂ ရပ်ကွက် NLD- ၁၀၀၇ မဲ
ပြည်ခိုင်ဖြိုး- ၁၆၂ မဲ
၃ ရပ်ကွက် NLD - ၉၁၇မဲ
ပြည်ခိုင်ဖြိုး- ၃၁၆မဲ
၎ရပ်ကွက် NLD - ၇၄၈ မဲ
ပြည်ခိုင်ဖြိုး -၈၁ မဲ
၅ ရပ်ကွက် NLD - ၇၀၁ မဲ
ပြည်ခိုင်ဖြိုး- ၃၀၅ မဲ
၆ ရပ်ကွက် NLD ၃၆၅ မဲ
ပြည်ခိုင်ဖြိုး- ၇၄ မဲ
၇ ရပ်ကွက် NLD- ၇၀၃ မဲ
ပြည်ခိုင်ဖြိုး- ၂၀၈ မဲ
၈ ရပ်ကွက် NLD- ၃၇၉ မဲ
ပြည်ခိုင်ဖြိုး ၇၂ မဲ
၉ရပ်ကွက် NLD -၂၈၆၂ မဲ
ပြည်ခိုင်ဖြိုး ၄၉၅ မဲ
၁၀ ရပ်ကွက် NLD - ၄၁၆ မဲ
ပြည်ခိုင်ဖြိုး- ၂၀၆ မဲ
၁၁ ရပ်ကွက် NLD - ၂၇၆ မဲ
ပြည်ခိုင်ဖြိုး- ၁၁၇ မဲ
၁၂ ရပ်ကွက် NLD - ၇၁၀ မဲ
ပြည်ခိုင်ဖြိုး- ၁၂၄ မဲ
သုံးခွမြို့တွင် ရပ်ကွက် (၁၂ )ခုမှာ NLD က ( ၁၂) ရပ်ကွက်လုံး အနိုင်ရရှိသွားသည်။ ကျေးရွာအုပ်စု ၆၄စုတွင် ၈၀ ရာခိုင်နှုန်းက NLD က အနိုင်ရရှိထားကြောင်း သိရသည်။
မအူပင်မြို့နယ် မဲဆန္ဒနယ်နှင့် ပတ်သက်ပြီး နောက်ဆုံး သိရှိရသော စာရင်းများအရ မဲရုံအရေအတွက် စုစုပေါင်း ၃၁၅ ရုံရှိသည့် အနက် မဲရုံ ၂၀၀ ခန့်ကို ရေတွက်ပြီးချိန်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၅၅၀၀၀ ကျော်ရရှိထားပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃၆၀၀၀ ကျော် ရရှိလျက်ရှိလျက် ရှိနေကြောင်း သိရသည်။ မဲရေတွက်မှုများကို ဆက်လက် ပြုလုပ်နေပါသည်။
မင်္ဂလာတောင်ညွန့် မြို့နယ် မဲဆန္ဒနယ်၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းက စုစုပေါင်း မဲအရေအတွက် ၅၅၀၀၀ ကျော်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရပါသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရပ်ကွက် ၂၀ ရှိပြီး မဲရုံပေါင်း ၆၈ ရုံရှိကြောင်း သိရသည်။
မြိုင်မြို့နယ် မဲဆန္ဒနယ်တွင် NLD ပါတီမှ ၇၅ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိကြောင်း သိရှိရသည်။
ဧပြီ ၁ ၂၀း၂၀ နာရီ
လောင်းလုံမြို့နယ် မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်စိုးက စုစုပေါင်း မဲအရေအတွက် ၃၅၈၆၀ (မဲအရေအတွက် စုစုပေါင်း၏ ၇၇ ဒသမ ၈၃) ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ပါသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိမ်းမောင်မှာ မဲအရေအတွက် ၇၀၇၀ (မဲအရေအတွက် စုစုပေါင်း၏ ၁၅ ဒသမ ၃၅ ရာခိုင်နှုန်း) ရရှိခဲ့ပါသည်။ အဆိုပါ မဲဆန္ဒနယ်တွင် ပယ်မဲ ၃၁၄၅ မဲ ( မဲအရေအတွက် စုစုပေါင်း၏ ၆ ဒသမ ၈၃ ရာခိုင်နှုန်း) ရှိခဲ့ပါသည်။
ကျွန်းစုမြို့နယ်တွင် မဲရုံ(၁၄၂)ရုံရှိရာ (၈၂) ရုံမှ မဲများရေတွက်ပြီးချိန်၌ NLD က မဲရုံ (၇၅)ရုံတွင် အနိုင်ရထားပြီး ပြည်ခိုင်ဖြိုးပါတီက မဲရုံ(၇)၌သာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။ လမ်းပန်းဆက်သွယ်ရေးကြောင့် ဧပြီလ(၂)ရက်နေ့မှသာ မဲရေတွက်မှုပြီးဆုံးနိုင်ဖွယ်ရှိပြီး လောလောဆယ် တွင် NLD က မဲအရေအတွက် ၁၀၀၀၀ ကျော် အသာစီးရထားသည်ဟု သိရသည်။
နွားထိုးကြီးမြို့နယ် မဲဆန္ဒနယ်နှင့် ပတ်သက်ပြီး နောက်ဆုံးသိရှိထားသော မဲရေတွက်မှု စာရင်းများအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးပေါခင်က မဲအရေအတွက် ၄၀၀၀၀ ကျော်ဖြင့် ဦးဆောင်လျက်ရှိနေပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုးနိုင်ဝင်းက မဲအရေအတွက် ၁၀၀၀၀ ကျော် ရရှိထားကြောင်း သိရပါသည်။
လှည်းကူးမြို့နယ်ရှိ မဲများ ၉၀ ကျော်ရေတွက်ပြီးချိန်၌ NLD ပါတီမှ ပြည်ခိုင်ဖြိုးပါတီထက် ဆန္ဒမဲ ၃၀၀၀၀ ကျော် အနိုင်ရရှိနေပြီး NLD မှ အနိုင်ရရှိသွားပြီဖြစ်ကြောင်း သိရသည်။
ဧပြီ ၁ ၁၉:၄၀ နာရီ
NLD - ၁၀၀၇ မဲ
ပြည်ခိုင်ဖြိုး ၁၆၂ မဲ
ခမောက် ၈ မဲ
လူ့ဘောင်သစ် ၃ မဲ
မဲစုစုပေါင်း ၂၁၀၅ မဲ
လာရောက်မဲပေး ၁၁၅၂ မဲ
ပယ်မဲ ၃၉မဲ
ကြိုတင်မဲ ၂၀ မဲ
NLD ပါတီမှ အနိုင်ရရှိသွားသည်။
လှည်းကူးမြို့တွင် မဲရုံစာရင်း ၅၀ ခန့်မှ မဲစာရင်း အခြေအနေများအရ NLD ပါတီမှ အနိုင်ရရန် သေချာသလောက် ရှိနေသောကြောင့် အောင်ပွဲခံရန် NLD ရုံးရှေ့တွင် လူတစ်ထောင်ကျော်ခန့် စုစည်းနေကြောင်း သိရှိရသည်။
တောင်ငူမြို့နယ် မဲဆန္ဒနယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်စိုးမြင့်က မြို့ပေါ် ရပ်ကွက်အားလုံးတွင် အနိုင်ရရှိထားပြီး ကျေးရွာများမှ ရောက်ရှိလာမည့် မဲစာရင်းရလဒ်ကို စောင့်ဆိုင်းလျက် ရှိနေသည်ဟု သိရပါသည်။
ဧပြီ ၁ ၁၉:၂၉ နာရီ
လက်ရှိအနေအထားများအရ မိတ္ထီလာမဲဆန္ဒနယ်မှ NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးဝင်းထိန် အခြေအနေကောင်းလျှက်ရှိကြောင်း သိရှိရသည်။
မြန်အောင်မြို့နယ် မဲဆန္ဒနယ်တွင် မဲရုံ ၂၁၃ ရုံရှိရာ NLD ပါတီက မဲရုံ(၂၁၂) ရုံတွင် အနိုင်ရထားကြောင်းသိရပြီး မကြာမီအချိန်တွင် အတိအကျထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း မြန်အောင် NLD ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောပါသည်။
ဧပြီ ၁ ၁၉:၂၉ နာရီ
မကွေးမြို့၌
၂၆) ဆည်းဆာရပ်ကွက်တွင် NLD ၆၆၆ မဲ၊ ပြည်ခိုင်ဖြိုး ၁၀၀ မဲ။
၂၇) အောင်ဇေယျာရပ်ကွက်တွင် NLD ၈၄၇ မဲ၊ ပြည်ခိုင်ဖြိုး ၈၁ မဲ။
၂၈) ရန်ကင်းရပ်ကွက် NLD ၅၀၉ မဲ၊ ပြည်ခိုင်ဖြိုး ၄၄ မဲ။
၂၉) ဆည်မြောင်းတွင် NLD ၂၇၅ မဲ၊ ပြည်ခိုင်ဖြိုး ၈၆ မဲ။
၃၀) အောင်မေတ္တာမဲရုံ ၄ တွင် NLD ၈၅၃ မဲ၊ ပြည်ခိုင်ဖြိုး ၇၈ မဲ။
၃၁) ရွာသစ်ပွဲကြို မဲရုံ ၁ တွင် NLD ၆၅၅ မဲ၊ ပြည်ခိုင်ဖြိုး ၆၈ မဲ။
၃၂) ရွာသစ်ပွဲကြို မဲရုံ ၂ တွင် NLD ၉၈၄မဲ၊ ပြည်ခိုင်ဖြိုး ၉၂ မဲ။
၃၃) ရွာသစ်ပွဲကြို မဲရုံ ၅ တွင် NLD ၁၇၉ မဲ၊ ပြည်ခိုင်ဖြိုး ၅၂ မဲ။
၃၄) ရွာသစ်ပွဲကြို မဲရုံ ၄ တွင် NLD ၃၀၉ မဲ၊ ပြည်ခိုင်ဖြိုး ၃၇၀မဲ။
၃၅) မကြီးကန်ရွာတွင် NLD ၁၂၃၉ မဲ၊ ပြည်ခိုင်ဖြိုး ၂၁၇ မဲ။
၃၆) မြင်သာရပ်ကွက် မဲရုံ ၃ တွင် NLD ၆၃၅ မဲ၊ ပြည်ခိုင်ဖြိုး ၅၉ မဲ။
၃၇) မြင်သာရပ်ကွက် မဲရုံ ၁ တွင် NLD ၆၆၈ မဲ၊ ပြည်ခိုင်ဖြိုး ၆၄ မဲ။
၃၈) မြို့မ/အိုးဘိုရပ်ကွက်တွင် NLD ၆၉၉ မဲ၊ ပြည်ခိုင်ဖြိုး ၄၀ မဲ။
၃၉) ရန်မျိုးအောင်ရပ်ကွက်တွင် NLD ၇၁၁ မဲ၊ ပြည်ခိုင်ဖြိုး ၁၁၈ မဲ။
၄၀) ကန်သာယာ မဲရုံ ၁ တွင် NLD ၆၄၅ မဲ၊ ပြည်ခိုင်ဖြိုး ၅၄မဲ။
၄၁) ကန်သာယာ မဲရုံ ၂ တွင် NLD ၈၈၅ မဲ၊ ပြည်ခိုင်ဖြိုး ၉၂ မဲ။
၄၂) ကန်သာယာ မဲရုံ ၃ တွင် NLD ၁၄၀၆ မဲ၊ ပြည်ခိုင်ဖြိုး ၁၄၆ မဲ။
၄၃) မြင်သာ မဲရုံ ၄ တွင် NLD ၂၃၀မဲ၊ ပြည်ခိုင်ဖြိုး ၄၄ မဲ။
၄၄) ဆူးပေါက်စမ်းရွာတွင် NLD ၅၁၇ မဲ၊ ပြည်ခိုင်ဖြိုး ၁၆၀ မဲ။
၄၅) ဈေးလယ်စိုးရပ်ကွက်တွင် NLD ၇၀၆ မဲ၊ ပြည်ခိုင်ဖြိုး ၈၈မဲ။
၄၆) ရွာသစ်ရပ်ကွက်တွင် NLD ၁၇၈ မဲ၊ ပြည်ခိုင်ဖြိုး ၅၁ မဲ။
၄၇) ပြည်တော်သာရပ်ကွက်တွင် NLD ၁၉၂၅ မဲ၊ ပြည်ခိုင်ဖြိုး ၂၅၂ မဲ။
၄၈) ရွာသစ်ပွဲကြိုရပ်ကွက် မဲရုံ ၃ တွင် NLD ၁၃၅ မဲ၊ ပြည်ခိုင်ဖြိုး ၁၂မဲ။
ဧပြီ ၁ ၁၉:၂၂ နာရီ
ကျောက်ပန်းတောင်းမဲဆန္ဒနယ်ရှိ မဲရုံ(၃၄၆)အနက် ကျေးရွာအုပ်စုများမှ မဲရုံ (၁၅၅)နှင့် မြို့ပေါ် မဲရုံ(၁၂)~၇ုံတွင် NLD က အနိုင်ရထားပြီးဖြစ်ကြောင်း သိရသည်။
ဧပြီ ၁ ၁၉:၁၅ နာရီ
မြောင်းမြမဲဆန္ဒနယ်တွင်မဲအရေအတွက် လေးပုံသုံးပုံရေတွက်ပြီးချိန်၌
ဒေါက်တာဖြိုးကိုကိုတင့်ဆန်းသည် NLD မှ ဦးမန်းဂျော်နီအား မဲအပြတ်အသတ်ရှုံးနိမ့်ထားခြင်းကြောင့် ကျန်မဲများအားလုံရရှိသည့်တိုင် အနိုင်မရတော့ဘဲ ရှုံးနိမ့်သွားကြောင်းသိရသည်။
လက်ရှိ မဲစာရင်းရေတွက်မှု အနေအထားများအရ အပြီးသတ် အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း NLD ပါတီအနေဖြင့် နေရာ ၄၀ ခန့်တွင် အနိုင်ရရှိနိုင်ကြောင်း ခန့်မှန်းမှုများအရ သိရှိရသည်။
နွားထိုးကြီး
၁) ဘုရားကြီးရွာတွင် NLD ၄၃၂မဲ၊ ပြည်ခိုင်ဖြိုး ၁၈၈မဲ တစည ၃၉မဲ။
၂) ဒိုင်းလယ်တောင်ရွာတွင် NLD ၁၁၀မဲ၊ ပြည်ခိုင်းဖြိုး ၉၅မဲ၊ တစည ၁၄မဲ။
၃) ဒိုင်းလယ်မြောက်ရွာတွင် NLD ၁၈၃မဲ၊ ပြည်ခိုင်ဖြိုး ၂၃မဲ၊ တစည ၁၀။
၎) တံပယ်ရွာတွင် NLD ၅၈၂မဲ၊ ပြည်ခိုင်ဖြိုး ၆၃မဲ၊ တစည ၁၂မဲ။
၅) ကျည်းတန်ရွာတွင် NLD ၄၁၁မဲ၊ ပြည်ခိုင်ဖြိုး ၁၀၂မဲ၊ တစည ၃၂မဲ။
၆) ချော်ဖြူရွာတွင် NLD ၆၂၈မဲ၊ ပြည်ခိုင်ဖြိုး ၁၈၆ မဲ၊ တစည ၃၆မဲ။
၇) မန်းကျည်းကုန်း NLD ၂၀၀ မဲ၊ ပြည်ခိုင်ဖြိုး ၁၀၁ မဲ၊ တစည ၇ မဲ။
၈) ကြာဖွားရွာတွင် NLD ၄၁ မဲ၊ ပြည်ခိုင်းဖြိုး ၁၄၆ မဲ။
၉) ခလံကုန်းရွာတွင် NLD ၁၉၀ မဲ၊ ပြည်ခိုင်ဖြိုး ၁၄၄ မဲ၊ တစည ၃ မဲ။
၁၀) ထန်းဂွရွာတောင်တွင် NLD ၁၃၁မဲ၊ ပြည်ခိုင်ဖြိုး ၂၁၉ မဲ၊ တစည ၄မဲ။
၁၁) ထန်းဂွရွာမြောက်တွင် NLD ၄၇၀ မဲ၊ ပြည်ခိုင်ဖြိုး ၂၀၂ မဲ၊ တစည ၁ မဲ။
၁၂) သူဌေးကုန်းရွာတွင် NLD ၈၆ မဲ၊ ပြည်ခိုင်ဖြိုး ၁၈ မဲ၊ တစည ၄မဲ။
၁၃) စီသာရွာ မဲရုံ ၂ တွင် NLD ၄၄ မဲ၊ ပြည်ခိုင်ဖြိုး ၃၉မဲ၊ တစည ၁၀ မဲ။
၁၄) စီသာရွာ မဲရုံ ၃ တွင် NLD ၂၉ မဲ၊ ပြည်ခိုင်ဖြိုး ၉၂ မဲ၊ တစည ၂ မဲ။
၁၅) သဲကြီးခင်းရွာတွင် NLD ၄၇၀ မဲ၊ ပြည်ခိုင်ဖြိုး ၁၆ မဲ။
၁၆) ရွာသာအေးရွာတွင် NLD ၆၂၆ မဲ၊ ပြည်ခိုင်ဖြိုး ၁၀၂ မဲ။
ဧပြီ ၁ ၁၉:၀၅ နာရီ
ပုသိမ်မြို့ ရပ်ကွက် (၁၄) မဲရုံ (၂)
NLD -၈၉၅
ပြည်ခိုင်ဖြိုးပါတီ -၂၃၄
NDF -၁၀
ပယ်မဲ- ၁၄၅
ပုသိမ်မြို့ ရပ်ကွက်(၈) မဲရုံ(၄)
NLD -၁၂၆၀
ပြည်ခိုင်ဖြိုးပါတီ -၁၀၀
ပယ်မဲ- ၁၅
ပွင့်ဖြူမြို့နယ် မုန်းနားစုတာစည် တွင် ၄၇၃၊ ခင်တဲတွင် ၃၅၃၊ သရက်တောတွင် ၇၈၃၊ ရွှေဘိုရွာမတွင် ၆၄၆၊ အင်ဒေါင်းတွင် ၃၇၁၊ ကျောင်းတော်ရာတွင် ၈၂၉၊ တောင်အင်းတွင် ၄၅၇၊ ပေတောတွင် ၅၄၄၊ သမုန်းကုန်းတွင် ၂၂၅၊ ထနောင်းကုန်းတွင် ၅၃၂၊ မအူလေးပင်တွင် ၁၈၈၊ ရေပုတ်ကလေးတွင် ၅၃၇၊ မုံတော်ကြီးတွင် ၂၅၅၊ အနောက်လေးအိမ်တွင် ၂၈၁ မဲဖြင့် NLD ပါတီက အနိုင်ရရှိကြောင်း သိရှိရသည်။ လတ်တလော သတင်းများအရ ပွင့်ဖြူမြို့နယ်တွင် NLD ပါတီက ၈၀ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရရှိနေကြောင်း သိရှိရသည်။
ဧပြီ ၁ ၁၈:၅၈ နာရီ
မကွေးမြို့၌
၁) ရန်မျိုးလုံရပ်ကွက်တွင် NLD ၅၆၄ မဲ၊ ပြည်ခိုင်ဖြိုး ၈၀မဲ။
၂) မြို့ဟောင်းမဲရုံ ၂ တွင် NLD ၅၆၉ မဲ၊ ပြည်ခိုင်ဖြိုး ၅၅ မဲ။
၃) ရန်မျိုးအောင်ရပ်ကွက်တွင် NLD ၇၀၈ မဲ၊ ပြည်ခိုင်ဖြိုး ၄၅ မဲ။
၎) မင်းရွာ(တောင်ရွာ)တွင် NLD ၁၆၂ မဲ၊ ပြည်ခိုင်ဖြိုး ၇၂ မဲ။
၅) ပုထိုးစမ်းရွာတွင် NLD ၂၅၈ မဲ၊ ပြည်ခိုင်ဖြိုး ၈၉ မဲ။
၆) မြင်သာရပ်ကွက် မဲရုံ ၄ တွင် NLD ၂၃၀ မဲ၊ ပြည်ခိုင်ဖြိုး ၄၄ မဲ။
၇) ရွာသစ်မဲရုံ ၉ တွင် NLD ၁၇၉ မဲ၊ ပြည်ခိုင်ဖြိုး ၅၁ မဲ။
၈) ခိုင်ရွာတွင် NLD ၂၀၅ မဲ၊ ပြည်ခိုင်ဖြိုး ၁၂၀ မဲ။
၉) မယ်လှတောင်ရွာတွင် NLD ၅၇၅ မဲ၊ ပြည်ခိုင်ဖြိုး ၂၈၆ မဲ။
၁၀) မြင်ကင်းရပ်ကွက်တွင် NLD ၇၀၀ မဲ၊ ပြည်ခိုင်ဖြိုး ၆၁ မဲ။
၁၁) မြို့ဟောင်းမဲရုံ ၂ တွင် NLD ၄၆၃ မဲ၊ ပြည်ခိုင်ဖြိုး ၄၁ မဲ။
၁၂) ရှားဇောင်းကန်ရွာတွင် NLD ၆၅၂ မဲ၊ ပြည်ခိုင်ဖြိုး ၁၀၃ မဲ။
၁၃) ကျောက်ကုန်းရွာတွကင် NLD ၅၇၆ မဲ၊ ပြည်ခိုင်ဖြိုး ၂၈၆ မဲ။
၁၄) သိဂါင်္မဲရုံ (၃) တွင် NLD ၆၃၄ မဲ၊ ပြည်ခိုင်ဖြိုး ၂၀ မဲ။
၁၅) သိင်္ဂါမဲရုံ (၄) တွင် NLD ၄၈၇ မဲ၊ ပြည်ခိုင်ဖြိုး ၃၅ မဲ။
၁၆) သိဂါင်္မဲရုံ (၁) တွင် NLD ၈၆၇ မဲဖြင့် နိုင်။
၁၇) သိင်္ဂါမဲရုံ (၂) တွင် NLD ၅၉၂ မဲ၊ ပြည်ခိုင်ဖြိုး ၆၈ မဲ။
၁၈) လင့်ငင်ရွာတွင် NLD ၄၂၉ မဲ၊ ပြည်ခိုင်ဖြိုး ၁၂ မဲ။
၁၉) ကန်သာယာမဲရုံ (၃) တွင် NLD ၁၄၃၄မဲ၊ ပြည်ခိုင်ဖြိုး ၁၆၅ မဲ။
၂၀) ကန်သာယာမဲရုံ (၂) တွင် NLD ၉၁၅ မဲ၊ ပြည်ခိုင်ဖြိုး ၁၁၀ မဲ။
၂၁) ကန်သာယာမဲရုံ (၁) NLD ၆၆၆ မဲ၊ ပြည်ခိုင်ဖြိုး ၇၅ မဲ။
၂၂) ရန်မျိုးလုံရပ်ကွက်တွင် NLD ၅၇၄ မဲ၊ ပြည်ခိုင်ဖြိုး ၈၃မဲ။
၂၃) မြို့ဦးရပ်ကွက်တွင် NLD ၄၅၇ မဲ၊ ပြည်ခိုင်ဖြိုး ၄၆ မဲ။
၂၄) မကွေးမြို့ပေါ် စုပေါင်းအိမ်ရာတွင် NLD ၃၂၆ မဲ၊ ပြည်ခိုင်ဖြိုး ၄၁ မဲ။
၂၅) မြေနီကုန်းရွာလေးတွင် NLD ၅၃၃ မဲ၊ ပြည်ခိုင်ဖြိုး ၄၅ မဲ။
ဆက်လက်ဖော်ပြပါမည်။
ဧပြီ ၁ ၁၈:၄၇ နာရီ
လားရှိုးမြို့ ၊ရပ်ကွက်(၃) မဲရုံအမှတ်(၁)တွင်
မဲပေးခွင့်ရှိသူ - 1093 ဦး
ဆန္ဒမဲထည့်သူ- 749 ဦး
ပျက်ကွက်သူ 344 ဦး ရှိ
1။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် (ဦးစိုင်းမြင့်မောင်) - 547 မဲ
2။ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ဦးစိုင်းစံမင်း)- 31 မဲ
3။ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ဒေါက်တာ နန်းကိန်ဖောင်းတစ်) -126 မဲ
4။ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ(ဦးလော်ဆင်ကွမ်း) - 24 မဲ
5။လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ(ဦးယောသပ်) - 3 မဲ
ပယ်မဲ - 18 မဲ ရရှိခဲ့ကြောင်း သိရ
ဧပြီ ၁ ၁၈:၄၇ နာရီ
လားရှိုးမြို့ ၊ ရပ်ကွက်(၂) အလက(၅)တွင်
မဲပေးခွင့်ရှိသူ - 1409 ဦး
ဆန္ဒမဲထည့်သူ- 859 ဦး
ပျက်ကွက်သူ - 550 ဦး ရှိ
1။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် (ဦးစိုင်းမြင့်မောင်) - 572 မဲ
2။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ဦးစိုင်းစံမင်း) - 27 မဲ
3။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ဒေါက်တာ နန်းကိန်ဖောင်းတစ်) - 142 မဲ
4။ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ(ဦးလော်ဆင်ကွမ်း) - 65 မဲ
5။ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဦးယောသပ်) - 15 မဲ
ပယ်မဲ - 38 မဲ ရရှိခဲ့ကြောင်းသိရ
ဧပြီ ၁ ၁၈:၃၅ နာရီ
လက်ပံတန်းမြို့နယ်၌
၁) ညောင်သာယာမဲရုံတွင် NLD ၂၄၈မဲ၊ ပြည်ခိုင်ဖြိုး ၁၂၉ မဲ၊ တစည ၁၂၇မဲ၊ NDF ၄၃မဲ။
၂) ကြည်ကုန်းမဲရုံတွင် NLD ၁၄၅ မဲ၊ ပြည်ခိုင်ဖြိုး ၄၅ မဲ၊ တစည ၃၆ မဲ၊ NDF ၃၀ မဲ။
၃) အောင်မြေကုန်းတွင် NLD ၃၄၄ မဲ၊ ပြည်ခိုင်ဖြိုး ၄၇မဲ၊ တစည ၂၁မဲ၊ NDF ၇ မဲ။
၎) ပေါက်ကုန်းတွင် NLD ၁၅၈ မဲ၊ ပြည်ခိုင်ဖြိုး ၄၆ မဲ၊ တစည ၈၄ မဲ၊ NDF ၃ မဲ။
၅) ချောင်းဆုံတွင် NLD ၂၅၀ မဲ၊ ပြည်ခိုင်ဖြိုး ၇၂ မဲ၊ တစည ၉ မဲ၊ NDF ၆ မဲ။
၆) အိုင်တလုတ်တွင် NLD ၇၅၂ မဲ၊ ပြည်ခိုင်ဖြိုး ၅၇ မဲ၊ တစည ၃၁ မဲ၊ NDF ၂၅ မဲ။
၇) ကျောင်းကုန်းတွင် NLD ၂၈၇ မဲ၊ ပြည်ခိုင်ဖြိုး ၁၅ မဲ၊ တစည ၁ မဲ၊ NDF ၄ မဲ။
၈) ရွာကန့်လန့်တွင် NLD ၂၂၂ မဲ၊ ပြည်ခိုင်ဖြိုး ၁၂ မဲ၊ တစည ၂၁ မဲ။
၉) ကုလားကုန်းတွင် NLD ၂၅၇ မဲ၊ ပြည်ခိုင်ဖြိုး ၅၀ မဲ၊ တစည ၆ မဲ။
၁၀) မြို့ပေါ် ၂ လမ်းခန်းမတွင် NLD ၆၇၀ မဲ၊ ပြည်ခိုင်ဖြိုး ၅၂ မဲ၊ တစည ၈ မဲ။
၁၁) မြို့မအုပ်ချုပ်ရေးမှူးရုံးတွင် NLD ၃၂၇ မဲ၊ ပြည်ခိုင်ဖြိုး ၄၉ မဲ၊ တစည ၄ မဲ၊ NDF ၃ မဲ။
၁၂) ဘီးလင်းတန်းတွင် NLD ၈၇၇ မဲ၊ ပြည်ခိုင်ဖြိုး ၇၄ မဲ၊ တစည ၇၄ မဲ၊ တစည ၁၅မဲ၊ NDF ၆ မဲ။
၁၃) ကညင်ဆိပ်တွင် NLD ၃၄၆ မဲ၊ ပြည်ခိုင်ဖြိုး ၁၉ မဲ၊ တစည ၇ မဲ၊ NDF ၂ မဲ။
၁၄) တောင်ကလပ်ကြီးတွင် NLD ၂၄၈ မဲ၊ ပြည်ခိုင်ဖြိုး ၁၂၉ မဲ၊ တစည ၁၂၇ မဲ၊ NDF ၄၃ မဲ။
လားရှိုးမြို့ ၊ရပ်ကွက်(၅) အထက(၆)ရှိ မဲရုံအမှတ်(၅)တွင်
မဲပေးခွင့်ရှိသူ - 1328 ဦး
ဆန္ဒမဲထည့်သူ- 453 ဦး
ပျက်ကွက်သူ -857 ဦး
ပယ်မဲ - 33 မဲ ရှိ
1။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် (ဦးစိုင်းမြင့်မောင်) 267 မဲ
2။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(ဦးစိုင်းစံမင်း) 15 မဲ
3။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ဒေါက်တာ နန်းကိန်ဖောင်းတစ်) 114 မဲ
4။ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ(ဦးလော်ဆင်ကွမ်း) 22 မဲ
5။ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဦးယောသပ်) 2 မဲ
ရရှိခဲ့ကြောင်း သိရ
ဧပြီ ၁ ၁၈:၂၅ နာရီ
နေပြည်တော် ပုပ္ဗသီရိမြို့နယ်တွင် လက်ရှိ မဲစာရင်းရေတွက်မှုအရ NLD ပါတီမှ ကိုယ်စားလှယ်လောင်း ဦးဇေယျာသော်က ၉၉၉၈မဲ ဖြင့် ၇၅၆၈မဲ ရရှိထားသော ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်ကို အနိုင်ရရှိနေကြောင်းသိရှိရသည်။
မကွေးတိုင်းရှိ မြို့နယ် မြို့နယ် (၆) မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့ကြောင်း သိရပါသည်။
ဧပြီ ၁ ၁၈:၁၉ နာရီ
မဟာအောင်မြေမြို့နယ် မဲဆန္ဒနယ်တွင် NLD ပါတီမှ ဦးအုန်းကြိုင် က အနိုင်ရရှိသွားကြောင်း သိရှိရသည်။
ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်တွင် ၆၉၃၊ ရေဖြူတွင်းတွင် ၂၂၄၊ ကြူဝန်းတွင် ၂၁၈ ၊ဘုရားကုန်းတွင် ၁၃၃၊ ရွာသာယာတွင် ၁၁၃၊ ပြည်သာယာတွင် ၉၄၁၊ မကျည်းစု+သူဌေးကုန်းတွင် ၄၅၀ ၊ ပန်းတုံးကြီးတွင် ၂၀၃၊ သက်တော်ရှည်တွင် ၇၉၄၊ အရှေ့ပိုင်းရပ်ကွက်တွင် ၅၈၀၊ လက်ပံနွယ်တွင် ၁၀၀၀၊ စက်မှု (၁)စက်ရုံတွင် ၃၀၈၊ သရက်ကုန်းတွင် ၃၉၆၊ ကျွဲဒိတွင် ၅၁၃၊ လယ်ဖီလာတွင် ၁၂၅၊ ကျွန်းပင်စင်တွင် ၃၄၇၊ ကျောက်ပန်းတောင်းရွာတွင် ၁၈၃ မဲတို့ဖြင့် NLD ပါတီက အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ကော့မှုးမြို့နယ် ရွေးကောက်ပွဲကော်မရှင်က ၎င်းတို့ ကော်မရှင်မှ အတည်ပြုချက်လက်မှတ်ထိုးပြီးမှသာလျှင် ဒေါ်အောင်ဆန်းစုကြည် အောင်နိုင်ကြောင်း ထုတ်ပြန်ကြေညာရန် NLD ပါတီအား အကြောင်းကြားထားကြောင်းသိရှိရသည်။ ကော့မှုးတစ်မြို့နယ်လုံးတွင်
 ဒေါ်အောင်ဆန်းစုကြည်အောင်မြင်သည့် အထိမ်းအမှတ်ပွဲများ တစ်မြို့လုံးနီးပါး ပြုလုပ်လျှက်ရှိနေသည်။
နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် အပြီးသတ်မဲစာရင်းများ ရေတွက်လျှက်ရှိပြီး လောလောဆယ်တွင် NLDပါတီမှ ဦးမင်းသူမှ အသာရလျက်ရှိကြောင်း သိရှိရသည်။
ဧပြီ ၁ ၁၈:၁၅ နာရီ
နွားထိုးကြီး မြို့နယ်၌
၁) နွားရဲတောတွင် NLD ၂၅၄မဲ ၊ ပြည်ခိုင်ဖြိုး ၅ မဲ၊ တစည ၅ မဲ။
၂) အောင်သာတွင် NLD ၁၉၈ မဲ၊ ပြည်ခိုင်ဖြိုး ၈၃ မဲ၊ တစည ၅ မဲ။
၃) ထန်းစင်မြောက်တွင် NLD ၄၆၅ မဲ၊ ပြည်ခိုင်ဖြိုး ၈၂ မဲ၊ တစည ၁၆ မဲ။
၎) ထန်းစင်တောင်တွင် NLD ၂၇၂ မဲ၊ ပြည်ခိုင်ဖြိုး ၃၃ မဲ၊ တစည ၃ မဲ။
၅) ဗူးသီးကျင်းတွင် NLD ၁၅၇ မဲ၊ ပြည်ခိုင်ဖြိုး ၃၃ မဲ၊ တစည ၂ မဲ။
၆) ရိုးမတွင် NLD ၃၅ မဲ၊ ပြည်ခိုင်ဖြိုး ၆၃ မဲ။
၇) မြို့ပေါ် မဲရုံ ၂ တွင် NLD ၆၁၉ မဲ၊ ပြည်ခိုင်ဖြိုး ၁၆၇ မဲ၊ တစည ၁၉ မဲ။
၈) ဖက်ခူးတွင် NLD ၁၄၉ မဲ၊ ပြည်ခိုင်ဖြိုး ၂၆မဲ၊ တစည ၂ မဲ။
၉) မက္ခရာတွင် NLD ၂၇၁ မဲ၊ ပြည်ခိုင်ဖြိုး ၄၉ မဲ၊ တစည ၂ မဲ။
၁၀) အုတ်တွင်းတွင် NLD ၄၄၈ မဲ၊ ပြည်ခိုင်ဖြိုး ၅၀ မဲ၊ တစည ၅ မဲ။
၁၁) စိမ့်စမ်းကုန်းတွင် NLD ၄၃၂ မဲ၊ ပြည်ခိုင်ဖြိုး ၂၉၄ မဲ၊ တစည ၂၈ မဲ။
၁၂) မြို့ပေါ် မဲရုံ ၇ တွင် NLD ၂၉၅ မဲ၊ ပြည်ခိုင်ဖြိုး ၆၅ မဲ၊ တစည ၁၁ မဲ။
၁၃) မြို့ပေါ် မဲရုံ ၈ တွင် NLD ၂၉၇ မဲ၊ ပြည်ခိုင်ဖြိုး ၉၉ မဲ၊ တစည ၃၂မဲ။
ရေတွက်ပြီးမဲစာရင်းများအရ ပြင်ဦးလွင်မဲဆန္ဒနယ်တွင် NLD ပါတီက USDP ပါတီအား မဲပေါင်းနှစ်သောင်းကျော်ဖြတ်ထားပြီဟု သိရသည်။
ဧပြီ ၁ ၁၈:၀၅ နာရီ
မရမ်းကုန်းတစ်မြို့နယ်လုံး ကြိုတင်မဲ စုစုပေါင်းမှာ NLD ၉၁ မဲ၊ ပြည်ခိုင်ဖြိုး ၄၂၇မဲ၊ အမျိုးသားဒီမိုကရေစီအင်အားစု ၁၈မဲ၊ အမျိုးသားဒီမိုကရေစီပါတီသစ် ၄မဲ၊ ဇောတိက ဦးခင်လှိုင်(တစ်သီးပုဂ္ဂလ) ၂မဲ ဖြစ်ပါသည်။
လက်ရှိအနေအထားအရ မြောင်းမြမြို့ပေါ်မဲရုံ (၁၂)တွင် မဲရုံအများစု၌ ကြံ့ခိုင်ရေးအမတ်လောင်း ဒေါက်တာဖြိုးကိုကိုတင့်ဆန်းသည် NLD မှ ဦးမန်းဂျော်နီအား မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်လျှက်ရှိကြောင်းသိရသည်။
ဧပြီ ၁ ၁၇:၅၉ နာရီ
ပဲခူးတိုင်း သနပ်ပင်မြို့ ဘူတာပိုင်းမဲရုံတွင် NLD က ၅၄၇ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးက ၁၅၀မဲ၊ တစညက ၂၄ မဲရရှိခဲ့ကာ ပယ်မဲ ၃၇ မဲ ဖြစ်ကြောင်း သိရပါသည်။
ဖျာပုံမြို့နယ်
၂ ရပ်ကွက် မဲရုံတွင် NLD ၆၀၉ မဲ၊ ပြည်ခိုင်ဖြိုး ၅၂ မဲ၊
၃ ရပ်ကွက် မဲရုံ ၁ တွင် NLD ၅၅၅ မဲ၊ ပြည်ခိုင်ဖြိုး ၁၆ မဲ၊
၂ ရပ်ကွက် မဲရုံ ၂ တွင် NLD ၇၂၃ မဲ၊ ပြည်ခိုင်ဖြိုး ၁၂၄ မဲ၊
၅ ရပ်ကွက် မဲရုံတွင် NLD ၄၉၁ မဲ၊ ပြည်ခိုင်ဖြိုး ၆၄ မဲ၊
၆ ရပ်ကွက် မဲရုံတွင် NLD ၆၃၆ မဲ၊ ပြည်ခိုင်ဖြိုး ၃၄ မဲ၊
၈ ရပ်ကွက် မဲရုံတွင် NLD ၅၂၀ မဲ၊ ပြည်ခိုင်ဖြိုး ၇၃ မဲ၊
၉ ရပ်ကွက် မဲရုံတွင် NLD ၅၁၂ မဲ၊ ပြည်ခိုင်ဖြိုး ၅၃ မဲ၊
၁၃ ရပ်ကွက် မဲရုံတွင် NLD ၁၁ မဲ၊ ပြည်ခိုင်ဖြိုး ၂၈၆ မဲ၊
၁၁ ရပ်ကွက် မဲရုံတွင် NLD ၂၃၇ မဲ၊ ပြည်ခိုင်ဖြိုး ၅၀ မဲ၊
၁၆ ရပ်ကွက် မဲရုံတွင် NLD ၃၆၈ မဲ၊ ပြည်ခိုင်ဖြိုး ၄၇ မဲ၊
မရမ်းကုန်းတစ်မြို့နယ်လုံး ကြိုတင်မဲ စုစုပေါင်းမှာ NLD ၉၁ မဲ၊ ပြည်ခိုင်ဖြိုး ၄၂၇မဲ၊ အမျိုးသားဒီမိုကရေစီအင်အားစု ၁၈မဲ၊ အမျိုးသားဒီမိုကရေစီပါတီသစ် ၄မဲ၊ ဇောတိက ဦးခင်လှိုင်(တစ်သီးပုဂ္ဂလ) ၂မဲ ဖြစ်ပါသည်။
ဧပြီ ၁ ၁၇:၄၉ နာရီ
လှည်းကူးမြို့နယ်
စာဗူးတောင်းမဲရုံ ၁ တွင် NLD ၁၁၅၀မဲ၊ ပြည်ခိုင်ဖြိုး ၄၀၀မဲ၊
ဟိုင်းကူးကျေးရွာမဲရုံတွင် NLD ၇၆၆မဲ၊ ပြည်ခိုင်ဖြိုး ၁၉၃မဲ၊
ဒရယ်ဗိုလ်မဲရုံတွင် NLD ၁၃၈၉မဲ၊ ပြည်ခိုင်ဖြိုး ၂၈၃မဲ၊
စခန်းကြီးမဲရုံတွင် NLD ၇၂၇မဲ၊ ပြည်ခိုင်ဖြိုး ၆၀မဲ၊
ဇရပ်ကွင်းမဲရုံတွင် NLD ၁၄၆၉မဲ၊ ပြည်ခိုင်ဖြိုး ၄၀၀မဲ၊
ကျွန်းကလေးမဲရုံ (၁) တွင် NLD ၁၃၃၂မဲ၊ ပြည်ခိုင်ဖြိုး ၁၀၆မဲ၊
ဂွေးတောက်မဲရုံတွင် NLD ၆၁၈မဲ၊ ပြည်ခိုင်ဖြိုး ၃၆၂မဲ၊
လှေလှော်အင်းမဲရုံ (၁)တွင် NLD ၃၉၈မဲ၊ ပြည်ခိုင်ဖြိုး ၉၈မဲ၊
စာဗူးတောင်းမဲရုံ ၂ တွင် NLD ၅၆၃မဲ၊ ပြည်ခိုင်ဖြိုး ၂၈၉မဲ၊
ဥယျာဉ်ဝမဲရုံတွင် NLD ၇၆၆မဲ၊ ပြည်ခိုင်ဖြိုး ၁၉၃မဲ၊
ကျွန်းကုန်းမဲရုံတွင် NLD ၆၄၅မဲ၊ ပြည်ခိုင်ဖြိုး ၁၃၇မဲ၊
မြို့မမဲရုံ ၁ တွင် NLD ၉၅၁မဲ၊ ပြည်ခိုင်ဖြိုး ၂၅၁မဲ၊
သာယာကုန်းမဲရုံတွင် NLD ၄၀၃မဲ၊ ပြည်ခိုင်ဖြိုး ၁၀၃မဲ၊
မက်လပ်မဲရုံတွင် NLD ၈၁၂မဲ၊ ပြည်ခိုင်ဖြိုး ၅၄၅မဲ၊
ဖောင်ကြီးမင်းကုန်းမဲရုံတွင် NLD ၆၃မဲ၊ ပြည်ခိုင်ဖြိုး ၁၁၂၆မဲ၊
မင်းလွင်ကုန်းဆေးတပ်မဲရုံတွင် NLD ၂၆မဲ၊ ပြည်ခိုင်ဖြိုး ၂၀၉မဲ၊
ရေဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ မြင့်နိုင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရပါသည်။
ဧပြီ ၁ ၁၇:၄၉ နာရီ
ပဲခူးတိုင်း သနပ်ပင်မြို့နယ် ဘုရားကြီးပိုင်း ရပ်ကွက်တွင် NLD ၁၀၁၄၊ ပြည်ခိုင်ဖြိုး ၁၈၀၊ တစည ၈၆၊ ပယ်မဲ ၃၃ မဲ၊ ပျောက်မဲ ၁ မဲ တို့ဖြင့် NLD ပါတီမှ အနိုင်ရရှိကြောင်း သိရသည်။
ဖျာပုံမြို့ပေါ် မဲရုံအားလုံးတွင် ၁၃ ရပ်ကွက်မှအပ မှ အပ ကျန်ရပ်ကွက် အားလုံးတွင် NLD က အနိုင်ရရှိကြောင်း သိရသည်။
ဖျာပုံ၊ ဒေးဒရဲ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၀ အတွက် မြို့ပေါ်ရပ်ကွက်အားလုံးတွင် ၁၃ ရပ်ကွက်မှ အပ အားလုံးတွင် NLD က အနိုင်ရရှိကြောင်း သိရသည်။ ဖျာပုံမြို့ပေါ်တွင် ရပ်ကွက် ၁၉ ရှိရာ၌ ၁၈ ခုတွင် အနိုင်ရှိခဲ့ခြင်းဖြစ်သည်။ ရှုံနိမ့်သော ၁၃ ရပ်ကွက်တွင် ခလရ ၉၈ တပ်နယ်မြေဖြစ်သည်။ ဖျာပုံမြို့နယ်အတွင်းရှိ ရွာ ၄၀ ခန့်တွင်လည်း NLD က အားလုံးနီးပါးတွင် အနိုင်ရရှိကြောင်း သတင်းရရှိပါသည်။
မရမ်းကုန်းမြို့နယ်မဲဆန္ဒနယ်တွင် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာဒေါ်မေ၀င်းမြင့်သည် ရပ်ကွက်အမှတ်(၆) မဲရုံ (၁)၊ (၂)၊ (၃) တို့တွင် မဲရာခိုင်နှုန်း ၇၀ ကျော်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်း ၊ ကျွန်းစု မဲဆန္ဒနယ်၌
၁) ရေကန်တော် ကျေးရွာအုပ်စု၌ NLD က ၆၉ မဲ၊ ပြည်ခိုင်ဖြိုး ၂ မဲနှင့် ပယ်မဲ ၉ မဲ။
၂) ရေကန်တောင် ကျေးရွာအုပ်စု စကာကီ ကျေးရွာတွင် NLD ၁၂၁ မဲ၊ ပြည်ခိုင်ဖြိုး ၁၄ မဲနှင့် ပယ်မဲ ၄ မဲ။
၃) ကဘင်းကျေးရွာအုပ်စု မကာကျေးရွာတွင် NLD ၁၄ မဲ၊ ပြည်ခိုင်ဖြိုး ၅၀မဲ။
၎) မယ်ဒေါကျေးရွာအုပ်စု ရွှေဒုကျေးရွာတွင် NLD ၉၃ မဲ၊ ပြည်ခိုင်ဖြိုး ၁၆ မဲနှင့် ပယ်မဲ ၁၂ မဲ။
၅) ရေမြစ်ကြီးကျေးရွာ အုပ်စု ဇာရောကျေးရွာတွင် NLD ၁၈၉ မဲ၊ ပြည်ခိုင်ဖြိုး ၆၂ မဲနှင့် ပယ်မဲ ၉ မဲ။
၆) ရေမြစ်ကြီး ကျေးရွားအုပ်စု ဆင်ခေါင်းအော် ကျေးရွာတွင် NLD ၂၂ မဲ၊ ပြည်ခိုင်ဖြိုး ၃၁ မဲနှင့် ပယ်မဲ ၁ မဲ။
၇) မယ်ဒေါ ကျေးရွာအုပ်စု ချောင်းကြီးကို ကျေးရွာတွင် NLD ၂၇၆ မဲ၊ ပြည်ခိုင်ဖြိုး ၆၉၊ ပယ်မဲ ၁၅။
၈) ကျွဲကူးကျေးရွာ အုပ်စု ကျွဲကူးရွာတွင် NLD ၃၂၄ မဲ၊ ပြည်ခိုင်ဖြိုး ၃၀ မဲ၊ ပယ်မဲ ၁၉ မဲ။
၉) ၀ဲကြောကျေးရွာအုပ်စု ၀ဲကြောကျေးရွာတွင် NLD ၁၈၂ မဲ၊ ပြည်ခိုင်ဖြိုး ၂၂ မဲ။
စုစုပေါင်း NLD က ၁၃၉၀ မဲဖြင့် အနိုင်ရရှိလျက်ရှိ။
ဧပြီ ၁ ၁၇:၄၀ နာရီ
ပွင့်ဖြူမြို့နယ် ကုလားကုန်းရွာတွင် ၁၄၉၊ မင်းတဲကုန်းတွင် ၁၆၂၊ ရွာသာကြီးတွင် ၅၇၆၊ ပုတီးကုန်းတွင် ၂၃၄၊ ထန်းတောတွင် ၂၀၄၊ ကျွဲခြံတွင် ၃၇၈၊ နဘဲကုန်းတွင် ၁၆၆၊ ဥယျာဉ်ကျစ်တွင် ၆၁၉၊ ရွှေဘိုရွာသစ်တွင် ၃၄၉ ၊ညောင်ပင်ရွာတွင် ၄၀၀၊ မင်းရွာတွင် ၃၅၉၊ သစ်ချိုကုန်းတွင် ၉၄၊ ရွာသစ်တွင် ၂၃၇၊ ရွာသစ်ကုန်းတွင် ၃၆၁၊ ကျောင်းကုန်းကြီး (၁) တွင် ၃၄၅၊ ကျောင်းကုန်းကြီး (၂)တွင် ၆၀၉၊ ကျောင်းကုန်းကြီး(၃)တွင် ၇၆၁ မဲတို့ဖြင့် NLD ပါတီက အနိုင်ရရှိထားကြောင်း သိရသည်။
ဧပြီ ၁ ၁၇:၄၀ နာရီ
ပခုက္ကူမြို့
=============
တပ်မ ၁၀၁၊ မဲရုံတွင် NLD ၆၇၀ မဲ၊ ပြည်ခိုင်ဖြိုး ၃၀ မဲ၊
ခလရ ၂၅၉ မဲရုံတွင် NLD ၂၆၉ မဲ၊ ပြည်ခိုင်ဖြိုး ၂၃ မဲ
ဧပြီ ၁ ၁၇:၃၇နာရီ
ပဲခူးတိုင်း သနပ်ပင်မြို့ရှိ ငါးချဉ်ပိုင်းရပ်ကွက်တွင် NLD က ၆၄၃ မဲ ဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီက ၆၁ မဲ၊ တစညက ၁၅ မဲ ရရှိခဲ့ပြီး ပယ်မဲ ၃၇ မဲ ရှိခဲ့ကြောင်း သိရပါသည်။
ဧပြီ ၁ ၁၇:၃၄နာရီ
ဝါးခယ်မမြို့နယ်
- ထော်ကနွတ်ရွာမဲရုံတွင် NLD ၂၇၀မဲ၊ ပြည်ခိုင်ဖြိုး ၄၀မဲ၊ တစညပါတီ ၂၉၊ ခေတ်သစ်ပြည်သူ့ပါတီ ၅မဲ၊
- ကြက်တညင်ရွာမဲရုံတွင် NLD ၆၉မဲ၊ ပြည်ခိုင်ဖြိုး ၆၈မဲ၊ တစညပါတီ ၇မဲ၊ ခေတ်သစ်ပြည်သူ့ပါတီ ၀မဲ၊
- ရွာလည်မဲရုံတွင် NLD ၇၆၄မဲ၊ ပြည်ခိုင်ဖြိုး ၈၀မဲ၊ တစညပါတီ ၅၆မဲ၊ ခေတ်သစ်ပြည်သူ့ပါတီ ၅မဲ၊
- ဖိုးသာခွေးရွာမဲရုံတွင် NLD ၄၉၁မဲ၊ ပြည်ခိုင်ဖြိုး ၁၂၃မဲ၊
- ကနစိုးကုန်းရွာမဲရုံတွင် NLD ၈၈၂မဲ၊ ပြည်ခိုင်ဖြိုး ၁၀၈မဲ၊
- ခွေးလေး(ရှမ်းကုန်း)ရွာမဲရုံတွင် NLD ၃၂၁မဲ၊ ပြည်ခိုင်ဖြိုး ၄၁မဲ၊ တစညပါတီ ၂၀မဲ၊ ခေတ်သစ်ပြည်သူ့ပါတီ ၆မဲ၊
- ဘဲချောင်းရွာမဲရုံတွင် NLD ၄၄၃မဲ၊ ပြည်ခိုင်ဖြိုး ၅၃မဲ၊ တစညပါတီ ၄မဲ၊ ခေတ်သစ်ပြည်သူ့ပါတီ ၁မဲ၊
- စာရေးကုန်းရွာမဲရုံတွင် NLD ၇၅၁မဲ၊ ပြည်ခိုင်ဖြိုး ၁၅၇မဲ၊
- အောက်သက်ကယ်ရွာမဲရုံတွင် NLD ၇၂၅မဲ၊ ပြည်ခိုင်ဖြိုး ၃၇၁မဲ၊ တစညပါတီ ၇၅မဲ၊ ခေတ်သစ်ပြည်သူ့ပါတီ ၁၃မဲ၊
- ဇုက္ကနိကျေးရွာမဲရုံတွင် NLD ၂၁၂မဲ၊ ပြည်ခိုင်ဖြိုး ၁၃၄မဲ၊ တစညပါတီ ၁၇မဲ၊ ခေတ်သစ်ပြည်သူ့ပါတီ ၇မဲ၊
ဧပြီ ၁ ၁၇:၃၀နာရီ
နွားထိုးကြီးမြို့နယ်အတွင်း မဲရရှိမှု အခြေအနေ
၁) တောတန်းကြီးရွာတွင် NLD ၈၁ မဲ၊ ပြည်ခိုင်ဖြိုး ၁၆ မဲ၊ တစည ၁ မဲ။
၂) ရပ်ကွက် အမှတ်(၄) မဲရုံ (၁) တွင် NLD ၁၈၉ မဲ၊ ပြည်ခိုင်ဖြိုး ၂၆ မဲ၊ တစည ၆ မဲ။
၃) ရပ်ကွက် အမှတ်(၄) မဲရုံ (၂) တွင် NLD ၄၈၈၊ ပြည်ခိုင်ဖြိုး ၁၂၂၊ တစည ၂၃။
၎) ရပ်ကွက် အမှတ်(၅) မဲရုံတွင် NLD ၂၂၉ မဲ၊ ပြည်ခိုင်ဖြိုး ၂၉ မဲ၊ တစည ၃ မဲ။
၅) အောင်ပန်းကုန်း ရွာတွင် မဲပေးသူ ၅၀၀ ကျော်ရှိသည့်အနက် NLD က ၄၂၀မဲ ရရှိပြီး အနိုင်ရရှိ။
၆) ဗောဓိကုန်းရွာတွင် NLD ၁၇၂မဲ၊ ပြည်ခိုင်ဖြိုး ၆၄ မဲ၊ တစည ၆ မဲ။
၇) မြေခြားရွာတွင် NLD ၁၅၀ မဲ၊ ပြည်ခိုင်ဖြိုး ၄၁ မဲ၊ တစည ၃ မဲ။
၈) သဲတောရွာတွင် NLD ၈၀ မဲ၊ ပြည်ခိုင်ဖြိုး ၅၁ မဲ၊ တစည ၃ မဲ။
၉) ထနောင်းပင်လဲရွာတွင် NLD ၁၄၃ မဲ၊ ပြည်ခိုင်ဖြိုး ၆၂ မဲ၊ တစည ၆ မဲ။
ဧပြီ ၁ ၁၇:၂၄ နာရီ
မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်လေးတောင်ရပ်ကွက် NLD ၇၅၄မဲ၊ ပြည်ခိုင်ဖြိုး ၂၉ မဲ၊
ရေတွင်းကုန်းမဲရုံ အမှတ် ၂ တွင် NLD ၁၄၆၀မဲ၊ ပြည်ခိုင်ဖြိုး ၂မဲ၊
မဲရုံအမှတ် ၄ တွင် NLD ၄၆၁မဲ၊ ပြည်ခိုင်ဖြိုး ၂၇မဲ၊
မဲရုံအမှတ် ၅ တွင် NLD ၃၆၂မဲ၊ ပြည်ခိုင်ဖြိုး ၂၂မဲ၊
မဲရုံအမှတ် ၇ တွင် NLD ၄၀၃မဲ၊ ပြည်ခိုင်ဖြိုး ၄၃မဲ၊
တန့်ယန်းမြို့နယ်အမှတ် ၁ ရပ်ကွက်မဲရုံတွင် NLD အနိုင်ရရှိကြောင်း မဲစာရင်းမထွက်မီ သိရှိရပြီဖြစ်သည်။
ပခုက္ကူမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးပိုက်ကို အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ် မဲရုံ ၂၆ ရုံတွင် NLD ပါတီက အနိုင်ရရှိထားပြီဖြစ်ကြောင်း သိရသည်။
ဧပြီ ၁ ၁၇:၁၆ နာရီ
ပဲခူးတိုင်း သနပ်ပင်မြို့ သနပ်ပင် အောက်စု ရပ်ကွက်မဲရုံတွင် NLD ၅၂၉ မဲ၊ ပြည်ခိုင်ဖြိုး ၁၁၂ မဲ၊ တစည ၇ မဲနှင့် ပယ်မဲ ၄၁ မဲ။
ဝါးခယ်မမြို့နယ်ရှိ နောက်ဆုံးသတင်းများ -ဆေးရုံမဲရုံတွင် NLD ၆၅၇မဲ၊ ပြည်ခိုင်ဖြိုး ၁၀၉မဲ၊ တစညပါတီ ၁၇မဲ၊ ခေတ်သစ်ပြည်သူ့ပါတီ ၃မဲ၊ ဈေးမဲရုံတွင် NLD ၂၄၈မဲ၊ ပြည်ခိုင်ဖြိုး ၇မဲ၊ တစညပါတီ ၃မဲ၊ ခေတ်သစ်ပြည်သူ့ပါတီ ၃မဲ၊
ကော့မှူးမြို့နယ် မဲဆန္ဒနယ်ရှိ မဲရုံ စုစုပေါင်း ၃၀ လုံးတွင် ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ 
ဧပြီ ၁ ၁၇:၁၄ နာရီ
အလယ်ကွင်းရွာ NLD ၂၄၅ ၊ ပြည်ခိုင်ဖြိုး ၇၃၊ တစည ၂၇၊ ခေတ်သစ်ပြည်သူ့ပါတီ ဝ
တလိုင်းစုရွာ NLD ၃၅၅၊ ပြည်ခိုင်ဖြိုး ၂၆၂၊ တစည ၄၇ ၊ ခေတ်သစ်ပြည်သူ့ပါတီ ၁၀
မကွေးတိုင်း ရွာသစ်ကြိုရပ်ကွက်ရှိ မဲရုံအမှတ် (၃) တွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၁၃၅ မဲ ဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၂ မဲ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ၃ မဲ ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ၁မဲ ရရှိခဲ့ပြီး ပယ်မဲ ၅ မဲ ရှိခဲ့ပါသည်။ ပယ်မဲ ၅ မဲအနက် ၄ မဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးထားသည့် မဲလက်မှတ်များ ဖြစ် ကြောင်း သိရပါသည်။
တန့်ယန်မြို့နယ် အမှတ် ၄ ရက်ကွက် မဲရုံမဲ စုစုပေါင်း ၇၅၀။ ပယ်မဲ ၄၆ မဲ၊ NLD ၃၄၄ မဲ၊ USDP ၂၀၂ မဲ၊ ရှမ်း ၁၃၂ မဲ၊ လားဟူ ၁၆မဲ ၊ ကိုးကန့် ၁၀။
လက်ပံတန်းမြို့နယ်အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ်မှ ရရှိသောအချက်အလက်များအရ ကျေးရွာ(၂၀)တွင် မဲအပြတ်အသတ်ဖြင့် အနိုင်ထားပြီးဖြစ်ကြောင်းသိရသည်။ အသေးစိတ်အချက်အလက်များအား မကြာမီအချိန်အတွင်း ဆက်လက်ဖော်ပြပေးပါမည်။
ပွင့်ဖြူမြို့နယ် NLD ၅၄၆ ၊ ဗောဓိကုန်း တွင် ၂၂၈ ၊ ဆည်တော်တွင် ၆၀၇ ၊ ကြီးအုံကြီးဝ တွင် ၁၅၇၊ ညောင်ကုန်း ၁၅၅ ၊ မကျည်းအုံ တွင် ၄၂၅၊ မကျည်းကုန်း ၁၂၆၊ အနောက်ပိုင်း ရပ်ကွက်တွင် ၅၄၅ ၊ အင်းကုန်းတွင် ၂၃၇ မဲတို့ဖြင့် NLD ပါတီက အနိုင်ရရှိထားကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ပျမ်းမျှ ၇၅ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိမည် ဟု NLD ပါတီက ခန့်မှန်းထားကြောင်း သိရှိရသည်။
ဧပြီ ၁ ၁၇:၁၁ နာရီ
ပုသိမ်မြို့ ၃ ရပ်ကွက်ရှိ မဲရုံအမှတ် (၉)တွင် အမျိုးသား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၂ မဲ ဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၀၇ မဲ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ၈ မဲ ရရှိခဲ့ပြီး ပယ်မဲ ၃ မဲရှိခဲ့ကြောင်း သိရပါသည်။
လှည်းကူးမြို့နယ်၊ ဈေးကြီးရပ်ကွက် မဲရုံအမှတ် (၁) တွင် မဲပေးခွင့်ရှိသူ ၁၀၉၁ ဦးရေအနက် လာရောက်ဆန္ဒပြုသူ ၈၃၇ ဦး ရှိပြီး NLD ပါတီမှ ၇၂၂ မဲ ရရှိနေပြီး ပယ်မဲ ၅ မဲ ဖြစ်ကြောင်း သိရသည်။ ဆက်လက်ရေတွက်နေဆဲဖြစ်ကြောင်းသိရှိရသည်။
ဧပြီ ၁ ၁၇:၀၇ နာရီ
ပုလဲမြို့နယ်နောက်ဆုံးရအခြေအနေ
တောသာမဲရုံတွင် NLD ပါတီမှ ၂၀၀ မဲ၊ ပြည်ခိုင်ဖြိုးပါတီမှ ၂၀မဲ၊
ညောင်ပင်သာမဲရုံတွင် NLD ၂၆၄မဲ၊ ပြည်ခိုင်ဖြိုး ၅၈မဲ၊ ပြည်သူ့ဒီမိုကရေစီပါတီ ၂ မဲ၊ ပယ်မဲ ၈မဲ
ရှိုးမဲရုံတွင် NLD ၂၃၁မဲ၊ ပြည်ခိုင်ဖြိုး ၂မဲ၊
ကိုကိုကုန်းမဲရုံတွင် NLD ၁၃၈မဲ၊ ပြည်ခိုင်ဖြိုး ၁၀၃မဲ၊
ကြို့ပင်မဲရုံတွင် NLD ၁၅၅မဲ၊ ပြည်ခိုင်ဖြိုး ၆၄မဲ၊
ဧပြီ ၁ ၁၆:၅၉ နာရီ
ကျွန်းလှမြို့နယ်အတွင်းရှိ ဆားကွင်းတွင် NLD မှ ၂၀၄၊ ပြည်ခိုင်ဖြိုးမှ ၅၅၊ တစည ၁၆၊ ပြည်သူ့ဒီမိုကရေစီပါတီ ၁၃ နှင့် ပယ်မဲ ၉မဲ ရှိခဲ့ပါသည်။
ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ သာယာအေးမဲရုံ (၁)တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၆၀၀ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၅ မဲနှင့် ပယ်မဲ ၁၇ မဲရှိခဲ့ကြောင်း သိရသည်။ သာယာအေးမဲရုံ (၂)တွင်မူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၅၀၇ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၄၄ မဲနှင့် ပယ်မဲ ၅၇ မဲရှိခဲ့ကြောင်း သိရသည်။
ဧပြီ ၁ ၁၆:၂၃ နာရီ
ကန့်ဘလူမြို့နယ် သကြားစက် မဲရုံတွင် NLD က ၁၃၇ မဲရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးက ၁၃၁ မဲ၊ တစည က ၁ မဲ၊ ပြည်သူ့ဒီမိုကရေစီပါတီက ၄ မဲ ရရှိခဲ့ပြီး ပယ်မဲ ၁၄ မဲ ရှိခဲ့ကြောင်း သိရသည်။
ဧပြီ ၁ ၁၆:၁၆ နာရီ
ကျွန်းလှမြို့နယ်အတွင်း မဲရရှိမှု အခြေအနေများ
သာစည်ရွာ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၇၀ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ၃၃ မဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ၁၄ မဲနှင့် ပြည်သူ့ဒီမိုကရေစီ ပါတီက ၅ မဲ ရရှိခဲ့ပြီး ပယ်မဲ ၂၀ ရှိခဲ့ပါသည်။
သစ်ချိုကျေးရွာ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၁၇၀မဲဖြင့် အနိုင်ရရှိခဲ့ပြီး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၀ မဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ၄၁ မဲနှင့် ပြည်သူ့ဒီမိုကရေစီ ပါတီက ၁၀ မဲ ရရှိထားပြီး ပယ်မဲ ၃၈ မဲရှိခဲ့ကြောင်း သိရသည်။
နွားလပို့တောင်ကျေးရွာ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၂၁၇ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၄၆ မဲ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီက ၅မဲနှင့် ပြည်သူ့ဒီမိုကရေစီ ပါတီက ၃ မဲ ရရှိခဲ့ပြီး ပယ်မဲ ၄ မဲ ရှိခဲ့ကြောင်း သိရသည်။
ကြာသကန်ကျေးရွာ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၁၀၄ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၈၉ မဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ၈၂ မဲနှင့် ပြည်သူ့ ဒီမိုကရေစီ ပါတီက ၇မဲ ရရှိခဲ့ပြီး ပယ်မဲ ၂၅ မဲရှိခဲ့ပါသည်။
ပျင်းပြင်ကျေးရွာ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၁၆၇ မဲ ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၅၃ မဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ၂၈ မဲနှင့် ပြည်သူ့ ဒီမိုကရေစီ ပါတီက ၄ မဲရရှိခဲ့ကာ ပယ်မဲ ၄ မဲ ရှိခဲ့ပါသည်။
ခေါ်တောကျေးရွာ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၃၁၅ မဲ ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၇၃ မဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ၁၉ မဲနှင့် ပြည်သူ့ ဒီမိုကရေစီ ပါတီက ၆ မဲရရှိခဲ့ကာ ပယ်မဲ ၁၃ မဲ ရှိခဲ့ပါသည်။
သဗွက်တော ကျေးရွာ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၃၈၉ မဲ ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၉ မဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ၂၆ မဲနှင့် ပြည်သူ့ ဒီမိုကရေစီ ပါတီက ၁၀ မဲရရှိခဲ့ကာ ပယ်မဲ ၄၂ မဲ ရှိခဲ့ပါသည်။
ဧပြီ ၁ ၁၅:၅၀ နာရီ
မကွေးတိုင်း စမ်းမကြီးအုပ်စုရှိ ကန်နီကျေးရွာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၀မဲ ဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၈၀ မဲ ရရှိခဲ့ကြောင်း သိရပါသည်။
မကွေးတိုင်း ကံပြားတိုက်နယ်ရှိ ပုထိုးစမ်းကျေးရွာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၅၀ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ၈၉ မဲ ရရှိခဲ့ကြောင်း သိရသည်။
ဧပြီ ၁ ၁၅:၅၀ နာရီ
မကွေးတိုင်းရှိ မိကျောင်းရဲတိုက်နယ် မန်းကျည်းစမ်း ကျေးရွာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၆၄မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၅၈ မဲ ရရှိခဲ့ကြောင်း သိရသည်။
ဧပြီ ၁ ၁၅:၂၀ နာရီ
မကွေး TTC မဲရုံ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၆၀ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃၂ မဲ ရရှိခဲ့ပြီး ပယ်မဲ ၅ မဲရှိခဲ့ကြောင်း သိရပါသည်။
ဧပြီ ၁ ၁၄:၅၃ နာရီ
ဟဲဟိုးမြို့နယ် ကျောက်ပေါက်ရွာ မဲရုံတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၀၉မဲ ဖြင့် အနိုင်ရရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၅၇မဲ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်က ၂ မဲနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ၁ မဲရရှိခဲ့ပြီး ပယ်မဲ ၁၈ မဲ ရှိခဲ့ကြောင်း သိရပါသည်။
သာစည်မြို့ရှိ မူလတန်းကျောင်း မဲရုံတွင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်က ၁၂၈မဲ ရရှိခဲ့ပြီး အနိုင်ရရှိခဲ့ကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၄၆ မဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃၆ မဲနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီက ၂ မဲ ရရှိခဲ့ပြီး ပယ်မဲ ၁၇မဲ ရှိကြောင်း သိရသည်။
မြောင်းမြမဲဆန္ဒမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွက် ၀င်ရောက်ယှဉ်ပြိုင်သူ ဒေါက်တာဖြိုးကိုကိုတင့်ဆန်းသည် မြောင်းမြမြို့ အမှတ်(၄)နယ်မြေရှိ မဲရုံအမှတ်(၁)တွင် လာရောက်မဲပေးခဲ့ကြောင်း သတင်းရရှိသည်။
ဧပြီ ၁ ၁၄:၄၀ နာရီ
ကလောမြို့နယ် ဟဲဟိုး ဘောဆိုင်း တံတာကန်း မူလွန် မဲရုံ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၄၁၀ မဲဖြင့် အနိုင်ရရှိခဲ့ပြီး တိုင်းရင်းသား ညီညွတ်ရေး ပါတီက ၁၂ မဲ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ၇မဲနှင့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်က ၂ မဲရရှိခဲ့ကြောင်း သိရပါသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာမူ အဆိုပါ မဲရုံ၌ မဲရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။
ဧပြီ ၁ ၁၄:၁၀ နာရီ
ပုလဲမြို့နယ် ကန်သစ်ကျေးရွာ မဲရုံတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၂၅၄ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၄ မဲ၊ ပြည်သူ့ဒီမိုကရေစီ ပါတီက ၃ မဲ ရရှိခဲ့ပြီး ပယ်မဲ ၄၁ မဲ ဖြစ်ကြောင်း သိရသည်။
ဧပြီ ၁ ၁၄:၀၀ နာရီ
- ပုလဲမြို့နယ် ကန်သာယာကျေးရွာတွင် မဲပေးနိုင်သူ ၁၆၅ ဦးရှိသည့်အနက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၁၆၃ မဲ ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁ မဲ ရရှိခဲ့ကြောင်းနှင့် ပယ်မဲ ၁ မဲဖြစ်ကြောင်း သိရပါသည်။
- နေပြည်တော် ဥတ္တရသီရိမြို့ရှိ မဲရုံအမှတ် ၇/၁၉ တွင် မဲပေးသူ ၁၉၉ ဦးရှိခဲ့ပြီး ကြိုတင်မဲ ၂၆ မဲ ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ မဲရုံတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁၉၆ မဲဖြင့် အနိုင်ရရှိခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၁ မဲ ရရှိခဲ့ကာ ပယ်မဲ ၁ မဲ ဖြစ်ကြောင်း သိရပါသည်။
- ပုလဲမြို့နယ် ပဲခင်းမ ကျေးရွာ မဲရုံတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၉၃ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင့်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၈၇ မဲ၊ ပြည်သူ့ဒီမိုကရေစီ ပါတီက ၂၅ မဲ ရရှိခဲ့ပြီး ပယ်မဲ ၁၆ မဲ ရှိခဲ့ကြောင်း သိရသည်။
- ပုလဲမြို့နယ် ဇီးရင်းကျေးရွာ မဲရုံတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၈၂ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၆၁ မဲနှင့် ပယ်မဲ ၂ မဲ ရှိခဲ့ကြောင်း သိရပါသည်။
ဧပြီ ၁ ၁၀း၃၄ နာရီ
အမှတ် (၁၁)ရပ်ကွက် ပုသိမ်မြို့ မဲရုံအမှတ် (၉)တွင် မဲပေးခွင့်ရှိသူ ၁၈၆ဦးရှိရာ ကြိုတင်မဲ (၉)မဲ ရှိပြီး ပြည်ခိုင်ဖြိုး (၇)မဲ NLD (၂)မဲ ဖြစ်သည်။ အဆိုပါမဲရုံတွင် ပြည်ခိုင်ဖြိုးမှ ၁၇၂ မဲ၊ ပယ်မဲ ၁ မဲ ရှိခဲ့သည်။ အဆိုပါ မဲရုံတွင် စစ်လက်နက်ကိရိယာ ထောက်ပံ့ရေးတပ် မိသားစုဝင်များ မဲပေးခဲ့ခြင်းဖြစ်သည်။
Ref: EMG
မဲပြားတွေ ဖယောင်းသုတ်သလား
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ရွေးချယ်ခံမည့် ရန်ကုန်တိုင်း ကော့မှူး မဲဆန္ဒနယ်မြေ အပါအဝင်၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနှင့်မကွေးတိုင်းတွင်းရှိ မဲဆန္ဒနယ်မြေများတွင် မဲကတ်ပြားများပေါ်၌ ဖယောင်းရည် သုတ်ထားမှုများရှိသည်ဟု မဲဆန္ဒရှင်များက ပြောဆိုမှုများကို ကြားသိနေရကြောင်း ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ ကွန်ရက်အဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်သည်။
ယမန်နေ့ နံနက်ပိုင်းက ကြားဖြတ် ရွေးကောက်ပွဲအတွက် ကြိုတင်မဲများ ရေတွက်ပြီးနောက် မဲထည့်သည့်ပုံးကို ပြသနေသူ တဦး (ဓာတ်ပုံ - REUTERS / Soe Zeya Tun)
မဲကတ်ပြားများပေါ်တွင် ပြိုင်ဖက်ပါတီများ၏ အမှတ်အသားပြုရမည့် နေရာများ မတွေ့ရှိရဘဲ NLD တခုတည်းသာ ဖြစ်နေကြောင်း၊ ထို့သို့ ဖြစ်ပွားမှုများထဲတွင် ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်တွင် အဆိုးဆုံး ကြုံတွေ့နေရသဖြင့် မဲပေးသူများမှာ ဆန္ဒပြ၍ မရကြောင်း ဆန္ဒမဲပေးသူများကို တွေ့ဆုံမေးမြန်းမှုများကို ကိုးကားပြောဆိုသည်။
“တချို့ မဲဆန္ဒရှင်တွေကတော့ ဖယောင်းကို လက်သည်းနဲ့ ခြစ်ပြီးရေးတယ်။ မှင်မထင်တော့ အတင်းခြစ်တယ်။ ကတ်ပြားတွေ ပျက်စီးကုန်တယ်။ တချို့က မဲရုံမှူးတွေဆီမှာ ပြန်လဲတယ်။ မဲရုံမှူးတွေက တယောက်ကို တပြားပဲရမယ်ဆိုပြီး ထုတ်မပေးဘူး” ဟု ၈၈ မျိုးဆက်ကျောင်းသားများ ဦးဆောင်သော ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ ကွန်ရက်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုမိုးသွေးက ဧရာဝတီသို့ ပြောသည်။
မန္တလေးတိုင်း၊ တံတားဦး အမှတ် ၄ မဲရုံတွင် မဲကတ်ပြားပေါ်တွင် ဖယောင်းသုတ်ထားခံရမှု ကြုံတွေ့ရသူများ ရှိနေသည့်အပြင် မဲပေးရန်လာရောက်သူ ၄၀ ကျော်မှာလည်း မဲစာရင်းတွင် မပါဝင်ဟု မဲရုံမှူးကပြောသဖြင့် မဲပေးခွင့်မရဘဲ ပြန်သွားခဲ့ ရကြောင်း ယင်းမဲရုံတွင် ရောက်ရှိနေသည့် ပြည်တွင်း သတင်းထောက်တဦးက ပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ကမူ ယင်းမဲလက်မှတ်များကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်နှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း၏ နေပြည်တော်စက်ရုံ၌ တပြည်လုံးအတွက် ပုံနှိပ်ကြောင်း၊ ပါတီတခုတည်း ကွက်၍ ထိုသို့ လုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်း၊ မဲလက်မှတ်မှာ ပါတီအထက်အောက် ထားရှိမှုသည် မဲဆန္ဒနယ်အလိုက် ၀င်ပြိုင်သော ပါတီအနည်းအများပေါ် မူတည်ပြီး ကွဲပြားကြောင်း၊ လက်နှင့်သုတ်ရန်လည်း သိန်း၊ သန်းချီသော လက်မှတ်များကို သုတ်ရန် မဖြစ်နိုင်ကြောင်း ပြောဆိုသည်။
“ပြန်ကြားရေးဝန်ကြီးဌာနဘက်က ပြောရရင်တော့ ကျနော်တို့ ရိုက်နှိပ်လိုက်တဲ့မဲလက်မှတ်များမှာ မဲပေးလို့ မရအောင်၊ အမှန်ခြစ်လို့ မရအောင် ဖယောင်းသုတ်ထားတယ်ဆိုတာ လုံးဝ မမှန်ပါဘူးလို့ အခိုင်အမာ ပြောလိုပါတယ်” ဟု ဦးရဲထွဋ်က သူ၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။
Ref: ဧရာဝတီ
မဲမသမာမှုအတွက် အန်အယ်ဒီ တိုင်ကြားရန်ရှိ
မဲပြားပေါ်က အဖွဲ့ ချုပ်၏ ခွပ်ဒေါင်း အမှတ် အသား နေရာတွင် ဖယောင်းသုတ် ထားမှုများ တပြည်လုံး အတိုင်း အတာ ၌ဖြစ် ပေါ်နေကြောင်း၊ ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ ရှေ့နေကြီး ဦးဥာဏ်ဝင်း မှပြောဆို သွားပြီး မကြာခင် ရွေးကောက်ပွဲ ကော်မရှင်အား ဖက်စ်ဖြင့် ပေးပို့ကာ အများ သိရှိနိုင်ရန် ကြေငြာချက် ထုတ်ပြန် မည် ဖြစ်ကြောင်း ဗဟန်း အန်အယ်ဒီ ရုံးချုပ်၌ ယနေ့ နံက်ပိုင်းတွင် ပြောဆို သွားပါသည်။
ကြားဖြတ် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နေပြည်တော်မှ မဲဆန္ဒနယ် များတွင် ကြိုတင်မဲ၊ မဲစာရင်း ကိစ္စများ နှင့် ပတ်သက်၍ အောက်ပါ အချက်များ တွေ့ရှိရသည်။
၁။ ကြိုတင်မဲပေးပိုင်ခွင့် မရှိသူများ ကြိုတင်မဲပေးနေခြင်း။
၂။ မဲပေးရန် အသက် မပြည့်မီသူများ မဲစာရင်းတွင် ပါဝင်နေခြင်း။ အဆိုပါ အသက်မပြည့်မီ သူများသည် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဝင်များ၏ အဆက်အနွယ်များဖြစ်နေခြင်း။
၃။ ကြိုတင်မဲပေးရာတွင် ယင်းကြိုတင်မဲထည့်ပေးရာ စာအိတ်များကို ကြိုတင်မဲပေးသူ ကိုယ်တိုင် ပိတ်ပြီး ပေးခွင့်မရှိခြင်း။ အချို့ဆိုလျှင် ကြိုတင်မဲကို ကိုယ်တိုင်ပင် မပေးလိုက်ရခြင်း။
၎။ ကြိုတင်မဲပေးသူ စာရင်းတောင်းကြည့်ရာ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်များက ပေးမကြည့်ခြင်း၊ စာရင်းတောင်းသူများကို မကြည်မသာ ဆက်ဆံခြင်း။
၅။ ၁၈ နှစ်ပြည့်ပြီးသူများစွာ မဲပေးခွင့်စာရင်းတွင် မပါဝင်ခြင်း။ ကျန်နေခြင်း။
၆။ လွဲမှားနေသော မဲစာရင်းများကို အပြင်ခိုင်းရာ ၁.၄.၂၀၁၂ မဲပေးရမည့် ရက်ရောက်သည် အထိ ပြင်မပေးခြင်း။
၇။ ဆန္ဒမဲပြားလက်မှတ်ပေါ်မှ NLD အမတ်လောင်းဘေး အမှန်ခြစ်ရမည့် အကွက်တွင်ဖရောင်း သုတ်ထားခြင်း။
ထို့အပြင် မဲလုခြင်း၊ မဲရုံဝန်ထမ်းများမှ ကြံ့ခိုင်ရေးကို မဲထည့်ခိုင်းခြင်း၊ ကြံ့ခိုင်ရေး ပါတီကို မဲမထည့်ပါက အလုပ်နေရာမှ မောင်းထုတ်ခြင်း၊ လူစာရင်းကျန်ခြင်း၊ အသက်မပြည့်သူ ကလေးများ မဲထည့်ခိုင်းခြင်း၊ မဲဝယ်ခြင်း၊ ရန်အမျိုးမျိုးရှာခြင်း၊ ကြိုတင်မဲ အတုများနှင့် အတင်းမဲထည့်ခိုင်းခြင်း၊ လူသေစာရင်းကိစ္စ များလည်း နိုင်ငံအနှံ့ ဖြစ်နေခဲ့ပါသည်။
ဤကိစ္စကို အချက်အလက် ခိုင်ခိုင်မာမာဖြင့် UN ရုံးသို့ တိုင်ကြားနိုင်ကြောင်းလဲ UN က ထုတ်ပြန်ထားပြီးဖြစ်ပါသည်။
Ref: ရွှေဟင်္သာ
ဖယောင်း သုတ်လိမ်းထားပြီး ပွင့်လင်းသယောင်ရှိတဲ့ မြန်မာ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ
မြန်မာလွှတ်တော်များအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ဧပြီလ ၁ ရက်နေ့ မနက်ပိုင်းမှ စတင် ကျင်းပလျက်ရှိရာ မဲဆန္ဒနယ်အချို့ရှိ မဲလက်မှတ်များတွင် ဖယောင်းများ သုတ်လိမ်းထားကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ ထို သတင်းနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ ဦးဉာဏ်ဝင်းက အာဏာပိုင်များအား အသိပေးသွားမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။
မဲလက်မှတ်များတွင် ဖယောင်းသုတ်လိမ်းထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ယနေ့မြန်မာက ၂၀၁၂ မတ်လ ၃၁ ရက်နေ့ မြန်မာစံတော်ချိန် ညဘက်ပိုင်းတွင် စတင် သိရှိခဲ့ရပါတယ်။ ထိုဖြစ်စဉ်မှာ - ဧရာဝတီတိုင်း ၀ါးခယ်မမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီဘက်က မဲစာရင်းတွေ လိမ်လည်ကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွက် မဲပေးရမယ့်နေရာတွင် ဖယောင်းသုတ်လိမ်းထားတာဖြစ်ကြောင်း ဖြစ်စဉ်ကို အတိအကျ သိရှိလာတဲ့ ဒေသခံတဦးက ယနေ့မြန်မာရဲ့ ပြည်တွင်းသတင်းထောက်ကို ပြောပြပါတယ်။ ထိုသို့ မဲလက်မှတ်များတွင် ဖယောင်း သုတ်လိမ်းထားမှုနဲ့ ပတ်သက်ပြီး အလဲဗဲန်းမီဒီယာကလည်း “နွားထိုးကြီးမြို့နယ် ၀က်လူးကျေးရွာ မဲရုံ သုံရုံ ရှိ၊ အရှေ့ခြမ်းမဲရုံ မဲစာရွက်အချို့တွင် ဖယောင်းများသုတ်ထားသဖြင့် မဲပေးနိုင်ခြင်း မရှိသဖြင့် မဲစာရွက်အသစ် ထပ်တောင်း၍ မရကြောင်း သိရှိရပါသည်။ မှတ်ပုံနံပါတ် လွဲမှားမှုများ၊ အဘအမည် လွဲမှားမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
မဲပေးခွင့်ရှိသူ ၆၉၉ ဦး ရှိသည်။“ လို့ ရွေးကောက်ပွဲ နောက်ဆုံးရသတင်းများ ဖော်ပြနေတဲ့ http://www.weeklyeleven.com/index.php?option=com_content&view=article&id=13051:2012-03-31-15-41-19&catid=42:2009-11-10-07-36-59&Itemid=112 အင်တာနက်စာမျက်နှာတွင် ဖော်ပြထားပါတယ်။ အခြား သတင်းထောက်များကလည်း မဲလက်မှတ်များတွင် ဖယောင်းသုတ်လိမ်းထားကြကြောင်း ယနေ့မြန်မာကို ပြောပြပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲလက်မှတ်များအား ဖယောင်းသုတ်လိမ်းထားမှုများ ရှိနေသလို အသက် မပြည့်သူများ မဲပေးခဲ့ခြင်း၊ မဲစာရင်းတွင် အမည် မပါဝင်တဲ့အတွက်၊ မိဘအမည် မှားယွင်းနေတဲ့အတွက် မဲမပေးရခြင်းများလည်း ရှိနေကြောင်း သိရပါတယ်။ ထို့အပြင် သက်ဆိုင်ရာ မဲဆန္ဒနယ်အတွင်း နေထိုင်ခြင်း မရှိတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွတ်ပါတီ) ၀င်များက သူတို့နဲ့ မပတ်သက်တဲ့ မဲရုံများတွင် မဲပေးနိုင်ရန် တောင်းဆိုခဲ့ခြင်း၊ မဲရုံအနီးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် အများအပြား ရောက်ရှိနေကြောင်း ကြံ့ဖွတ်ပါတီက ကန့်ကွက် ပြောဆိုခြင်း၊ လူစားထိုးက ကြံ့ဖွတ်ပါတီအတွက် မဲပေးခဲ့ခြင်း၊ မဲစာရင်းတွင် အမှန်တကယ် ပါဝင်သင့်သော်လည်း အမည်စာရင်း မပါဝင်ခဲ့မှုနဲ့ ပတ်သက်ပြီး အသိပေးမှုကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်က လစ်လျှူရှုခြင်းစတဲ့ ဖြစ်ရပ်များ ဖြစ်ပေါ်နေကြောင်းလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းများ၊ ပြောပြချက်များအရ သိရပါတယ်။
 ကြားဖြတ် ရွေးကောက်ပွဲတွင် ဖြစ်ပျက်နေတဲ့ မသမာမှုတခုနဲ့ ပတ်သက်ပြီး တနင်္သာရီတိုင်းတွင် နေထိုင်သူတဦးက “ပထက်ကမ်းဆိုတာက လုပ်ငန်းရှင် ဦးလှသန်းက ကြီးစိုးထားတဲ့ နေရာတခု ဖြစ်နေတယ်။ ဦးလှသန်း ပိုင်တာက အအေးခန်း စက်ရုံတွေ၊ လုပ်ငန်းတွေ အများကြီး ရှိတယ် လေ။ ရွာမှာ ရှိတဲ့လူတွေအကုန်လုံးကိုလည်း သာရေးနာရေးကိစ္စက အစ သူ အကုန်လုံးကို တာဝန်ယူထားတယ်ဆိုတော့ သူ့လူတွေလို ဖြစ်နေတယ်။ လုပ်ငန်းရှင် ဖြစ်လာတယ်ဆိုတာကလည်း အရင်အစိုးရလက်ထက်မှာ အခွင့်ထူးခံ လူတန်းစားအနေနဲ့ ရလာတာကိုး။ လက်ရှိ လည်ပတ်နေတဲ့ လုပ်ငန်းတွေကလည်း အစိုးရဘက်က ငွေထည့်ထားပြီး သူက လုပ်ငန်းပြပြီး အတိုးပြန်ပေးတဲ့သဘောနဲ့ လုပ်နေတာတွေ အများကြီး ရှိတယ် အစ်ကိုကြီး။ ပထက်ကမ်းက ပြည်သူတွေက သူတို့ဆန္ဒအတိုင်း မဲပေးခွင့် မရဘူး အစ်ကိုကြီး။ ဆန္ဒရှိတဲ့အတိုင်း မဲပေးမယ်ဆိုရင် အဲဒီရွာပေါ်မှာ နေခွင့် မရှိဘူး အစ်ကိုကြီး။ ကြိုတင်မဲမှာဆိုရင်လည်း ကြံ့ခိုင်ရေးကို ပေးရတဲ့ သဘော ရှိတယ်။ 
ဒီနေ့ မဲပေးတဲ့အချိန်မှာလည်း ပြည်သူတွေအားလုံးက ကြံ့ခိုင်ရေးပဲ မဲပေးရတယ် အစ်ကိုကြီး“ လို့ ဒေသခံတဦးက ဧပြီ ၁ ရက်နေ့ (မြန်မာစံတော်ချိန်) နေ့လည်ပိုင်းတွင် ယနေ့မြန်မာကို ပြောပြပါတယ်။ ပထက်ကမ်းကျွန်းဟာ မြိတ်မြို့နဲ့ မျက်နှာချင်းဆိုင်တွင် တည်ရှိပြီး ကျွန်းစုမြို့နယ်တွင်းရှိ ကျွန်းတခု ဖြစ်ကာ မဲပေးနိုင်သူ အနည်းဆုံး ငါးရာခန့်ရှိကြောင်း သိရပါတယ်။ ကြိုတင်မဲများအားလုံးဟာ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီကို မဲပေးထားပြီး တကယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးမယ်ဆိုပါက ကျွန်းမှာ နေလို့မရအောင် လုပ်မယ်ဆိုတဲ့ ချိမ်းခြောက်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ မျက်မြင်များနဲ့ ဒေသခံများ အပြောအရ အဆင်မပြေမှုတွေ ရှိနေပေမယ့် ဧပြီ ၁ ရက် ရွေးကောက်ပွဲဟာ ယခင် ရွေးကောက်ပွဲထက် ပိုမို လွတ်လပ်လာတယ်လို့ အကြမ်းဖျဉ်းအားဖြင့် ပြောနိုင်ပါတယ်။ 
အခု ရွေးကောက်ပွဲဟာ မြန်မာစစ်အာဏာရှင်အား အကြမ်းမဖက်တဲ့ နည်းနဲ့ နှစ် နှစ်ဆယ်ကျော် တော်လှန်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ ပါဝင် ယှဉ်ပြိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက် မြန်မာပြည်သူများရော၊ ကမ္ဘာ့ပြည်သူများကပါ စိတ်ဝင်တစား စောင့်ကြည့်တဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ဒါ့အပြင် အခု ကျင်းပနေတဲ့ ရွေးကောက်ပွဲဟာ နိုင်ငံတကာ တာဝန်ရှိသူတွေ၊ ကမ္ဘာ့ကုလသမဂ္ဂနဲ့ အရှေ့တောင် အာရှနိုင်ငံများက တာဝန်ရှိသူတွေနဲ့ သတင်းသမားတွေ လာရောက် လေ့လာနိုင်ပြီး ကမ္ဘာ့မီဒီယာတွေမှာ အချိန်နဲ့တပြေးညီဆိုသလို မြင်တွေ့ရတဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက်လည်း
 နိုင်ငံတကာက ကောင်းချီးပေးတဲ့ ရွေးကောက်ပွဲတခု ဖြစ်ပါတယ်။ ဒီ ရွေးကောက်ပွဲမှာ မသမာမှုတွေ၊ အဆင်မပြေမှုတွေ၊ ညစ်ပတ်မှုတွေ ရှိနေလိမ့်ဦးမယ်ဆိုတာကိုအများက မျှော်လင့်ထားခဲ့ပြီးသား ဖြစ်ပါတယ်။ 
ဒါ့ကြောင့်မို့ နိုင်ငံတကာက စောင့်ကြည့်လေ့လာသူတွေအနေနဲ့ ၂၀၁၂ ဧပြီ ၁ ရက်နေ့တွင် ကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ ကြားဖြတ်ရွေးကောက်ပွဲရလဒ်ကို အခြား ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်များနဲ့ နှိုင်းယှဉ်ကြကာ ဘယ်လောက်အထိ လွတ်လပ် ပွင့်လင်းတယ်၊ မှတ်ကျောက်တင်နိုင်တယ်ဆိုတာကို ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ ဒီတော့ ၂၀၁၂ ဧပြီ ၁ ရက် မြန်မာစံတော်ချိန် မွန်းလွဲပိုင်းအထိ ရရှိနေတဲ့ သတင်းများအရ မြန်မာနိုင်ငံရဲ့ ကြားဖြတ် ရွေးကောက်ပွဲဟာ ဖယောင်း သုတ်လိမ်းထားပြီး ပွင့်လင်းသယောင်ရှိတဲ့ မြန်မာ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ လို့ အကြမ်းဖျဉ်း ပြောလို့ရနိုင်ပါတယ်။ 
Ref: BurmaToday
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes