သမိုင်းဝင်မည့် အပြုံးများ
အဲဒီနောက်မှာတော့ ဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို သိုင်းဖက်လိုက်တယ်။ သူတို့နှစ်ဦး တဦးကို တဦး စိုက်ကြည့်လိုက် ကြတယ်။ သူတို့ရဲ့ နှုတ်ခမ်းတွေမှာ တင်နေတဲ့ အပြုံးတွေက
အမေစုရဲ့မဟာချိုင်သမိုင်းဝင်ခရီး
ကျမအနေနဲ့ ကတိတွေမပေးချင်ဘူး၊ ကတိတွေပေးပြီးတော့ မတည်ရင်မကောင်းဘူး၊ ဒါပေမယ့် ကျမ တစ်ခုသောကတိတော့ပေးနိုင်ပါတယ်၊ ကျမ အတတ်နိုင်ဆုံး ကျိုးစားပေးပါ့မယ်လို့....
NLD ပါတီမှ ကြားဖြတ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်၌ ကျမ်းသစ္စာကျိန်ဆို ;
အားလုံးကို ခြုံငုံပြီးတော့ နံပါတ်တစ်အနေနဲ့ ပြည်သူရဲ့ဆန္ဒနဲ့ ကိုက်ညီအောင်လို့၊ ကျွန်မတို့ မဟာမိတ်တွေရဲ့ ဆန္ဒနဲ့ ကိုက်ညီအောင်လို့ ကျွန်မတို့ နိုင်ငံရေးမှာ သဘောထားကြီးကြီးနဲ့ အပေးအယူလုပ်ရမယ်ဆိုတဲ့ မူဝါဒကို ကျွန်မတို့ အလေးထားသောအားဖြင့် အမြန်ဆုံး လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်နဲ့ တရားဝင် ကျမ်းကျိန်ဖို့ ဆုံးဖြတ်ခဲ့တာပါ . . .;
အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုကြပြီ
ဒီမြေမှာငါတို့ အတူနေ ငါတို့ အတူတူဝေကြမယ်။ ဒီမြေမှာငါတို့အတူအိပ်စက် ကောင်းကင်ကကြယ်တွေကို အတူတူမော့ကြည့်ရေတွက်ရင်း အိပ်မက်လှလှတွေမက်ကြမယ်....။ အင်္ဂလိပ်တွေရဲ့လက်သုံး သွေးခွဲပုံပြင်တွေ ဒီကနေ့ကစလို့ သံလျင်မြင်မှာမျှောစွန့် အိပ်မက်ဆိုးနွံကထလို့ အနာဂတ်အတွက် အားသစ်ကြမယ်လေ...။
Monday, 9 May 2011
ပြည်ပရောက်မြန်မာ တို.ရဲ. အခက်အခဲ
အာဆီယံ လူကုန်ကူးမှု တိုက်ဖျက်မည်
အဆိုပါသတင်းနှင့်ပတ်သက်၍ လူကုန်ကူးမှုတားဆီးရေး လုပ်ဆောင်နေသည့် မဟာချိုင်အခြေစိုက် Labour protection Network(LPN) အလုပ်သမားအကာအကွယ်ပေးရေး ကွန်ယက် ဒါရိုက်တာ ခွန်စုန်ဖုန်းဆာကဲယော့မှ “ဒါကောင်းတဲ့ လက္ခဏာပါ အစိုးရပိုင်းက ပူးပေါင်းဆောင်ရွက်မှုတွေ ပါလာမယ်ဆိုရင်ပေါ့၊ ကျနော်တို့ ကြိုဆိုပါတယ်၊ ဒီကိစ္စ္စကို အစိုးရတာဝန်ရှိသူတွေက အလေးအနက်ထားလုပ်ဆောင်ဖို့လည်း တိုက်တွန်းလိုပါတယ်” ဟုမဇ္စ္ဈိမကို ပြောဆိုသည်။
UNODC ကမ္ဘာ့ကုလသမဂ္ဂ ရာဇဝတ်မှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန အစီရင်ခံစာအရ ကမ္ဘာပေါ်တွင် လူ ၂.၅သန်း လူကုန်ကူးခံနေရသည့် အခြေအနေတွင်ရှိပြီး ထိုအထဲမှ ၅၆ ရာခိုင်နှုန်းရှိသည့် လူဦးရေ ၁.၄သန်းသည် အာရှနှင့် ပစိဖိတ်ဒေသတွင်ဖြစ်သည်ဟု ဆိုသည်။ လူကုန်ကူးမှု ၇၉ရာခိုင်နှုန်းသည် လိင်အမြတ်ထုတ်မှု အတွက်ရည်ရွယ်ပြီး ၃ဝရာခိုင်နှုန်းသည် အတင်းအဓမ္မ အလုပ်စေခိုင်းမှုဖြစ်သည်ဟု ဖော်ပြပါရှိသည်။
၁၈ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး (The 18th Asean Summit)ကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်၌ မေလ ၇ နှင့် ၈ ရက်နေ့တို့တွင် ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ သမ္မတဦးသိန်းစိန် တက်ရောက်သည်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှာ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် အရှေ့တီမောနိုင်ငံတို့ဖြစ်ကြသည်။
မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနကို ၂ဝဝ၄ ဇွန်လတွင်စတင်ဖွဲ့စည်းခဲ့သည်။ ၂ဝဝ၃မှ ၂ဝဝ၇ အတွင်း လူဦးရေ ၃၅ဝမှ ၄၂၅ဦးအထိ လူကုန်ကူးမှု ကျူးလွန်သူများကို ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ ပျမ်းမျှလူဦးရေ ၁ဝဝဝခန့် နှစ်စဉ်လူကုန်ကူးမှု၏ သားကောင်ဖြစ်ခဲ့ကြရသည်။ ထိုအထဲမှ ၄၁၈ဦးကို နိုင်ငံခြားတိုင်းပြည်များမှ ပြန်လည်ကယ်တင်နိုင်ခဲ့သည်ဟု အစီရင်ခံစာ တခုကဆိုကြောင်း first 11 သတင်းကဆိုသည်။ ထို့နောက် ၂ဝဝ၇မှ ၂ဝ၁၁အထိ ၅နှစ်တာစီမံချက်ဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရေးကို မြန်မာအစိုးရမှ စီမံကိန်းချ ဆောင်ရွက်နေခဲ့သည်။
အဆိုပါလူကုန်ကူးခံရသူများအထဲတွင် ကလေးသူငယ်များပါဝင်ပြီး ၂ဝဝ၆မှ ၂ဝ၁ဝ အထိ နှစ်စဉ် ကလေးသူငယ် ၁ဝဝခန့်မှာ လူကုန်ကူးခံနေရကြောင်း အစီရင်ခံစာကို ကိုးကား၍ ဆက်လက်ပါရှိသည်။ သို့ရာတွင် ထိုင်းနိုင်ငံအတွင်း အမှန်တကယ် လူကုန်ကူးခံနေရသည့် မြန်မာပြည်သား အရေအတွက်မှာ လွန်စွာများပြားကြောင်း လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ဆောင်နေသော အဖွဲ့အစည်းများကဆိုသည်။
“ကျနော်တို့ဝင်ခဲ့တဲ့ စက်ရုံတရုံမှာဆိုရင် လူပေါင်း ၈ဝဝကျော်ရှိတယ်၊ နောက်စက်ရုံတရုံဆိုရင် ၃ဝဝ၊ ကလေးတွေလည်းမနည်းဘူး အသက်၁၃နှစ်အရွယ်တွေများတယ် အားလုံးပေါင်း ၈ဝ လောက်ရှိတယ်” ဟု လူကုန်ကူးခံရကာ အကူအညီမဲ့နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို LPNနှင့်ပူးတွဲ လုပ်ဆောင်ကာ ကယ်ဆယ်နိုင်ခဲ့သည့် SUB ပင်လယ်ပျော်များသမဂ္ဂ္ဂမှ ဦးကိုကိုအောင်ကလည်း မဇ္စ္ဈိမကို ပြောဆိုသည်။
အဆိုပါ မဟာချိုင်၊ ဘန့်တောင်ဒေသရှိ စက်ရုံသည် မြန်မာနိုင်ငံမှ လူကုန်ကူးသူများနှင့် တိုက်ရိုက်ဆက်သွယ်ကာ မြန်မာအလုပ်သမားများနှင့် ကလေးသူငယ်များအား လုပ်အားခမပေးဘဲ မြေအောက်ခန်းနှင့် ထပ်ခိုးများတွင် ထားရှိကာ အတင်းအဓမ္မ ပိတ်လှောင်ကာ အလုပ်စေခိုင်းခဲ့သည့် စက်ရုံဖြစ်သည်။
ချွန်ဘူရီခရိုင်ကဲ့သို့ ငါးဖမ်းလုပ်ငန်းများရှိရာ လှေဆိပ်များသို့ သွားရောက်ကာ ရှောင်တခင်ဖမ်းဆီး ကယ်တင်ပါကလည်း တညလျှင် လူပေါင်း၊ ၅ဝ-၆ဝ ခန့်ကို လှေများအပေါ်မှ ကယ်တင်နိုင်ကြောင်းလည်း သူကဆက်ပြောသည်။
LPN နှင့် SUB အဖွဲ့တို့သည် လူကုန်ကူးခံရသည့် ရွှေ့ပြောင်း အလုပ်သမားများနှင့် ကလေးသူငယ်များကို လွန်ခဲ့သည့် ၅နှစ်ကတည်းက အခြားအဖွဲ့များနှင့် ပူးပေါင်းကာ ကယ်ဆယ်ရေး လုပ်ဆောင်လာခဲ့သည်မှာ ယခု မြန်မာပြည်သား အနည်းဆုံး ၂ဝဝဝ ကျော်ကို လူကုန်ကူးသူများလက်မှ ကယ်တင်နိုင်ခဲ့ပြီး ဖြစ်ကြောင်းလည်း သူက ဆိုသည်။
ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရသည့်သူများကို ပြန်လည်ကယ်ဆယ်ရရှိပါက ပြန်လည်ပြုစုပျိုးထောင်ရေး စခန်းများတွင် ယာယီထားရှိကာ အမှုရင်ဆိုင်စဉ်ကာလအတွင်း နိုင်ငံတွင်းနေထိုင်၍ အလုပ်လုပ်ကိုင်ခွင့် ပေးထားမည်ဖြစ်ကြောင်း မေလ၁ရက်နေ့က ကျရောက်သည့် နိုင်ငံတကာ အလုပ်သမားများနေ့တွင် ထိုင်းအလုပ်သမား ဝန်ကြီးက တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်။
“အစိုးရဝန်ထမ်းတွေအထဲက လာဘ်စားပြီး ဒီလူကုန်ကူးမှုမှာ ပါဝင်ပတ်သက်နေသူတွေကိုလည်း ထိထိရောက်ရောက် အရေးယူ သွားဖို့လည်း လုပ်ဆောင်စေချင်ပါတယ်၊ ပြီးတော့ လူကုန်ကူးခံရတဲ့ သားကောင်တွေကို ပြန်လည်ပြုစုပျိုးထောင်မူ လုပ်ဆောင်ရာမှာလည်း ဒီထက်ပိုပြီး ဖိဖိစီးစီးနဲ့ ထိရောက်တဲ့ အကူအညီတွေပေးဖို့ လိုပါတယ်” ဟုလည်း ခွန်စုန်ဖုန်း ဆာကဲယော့မှ မဇ္စ္ဈိမကို ပြောကြားသည်။
ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် လူကုန်ကူးသူများ လက်ချက်ဖြင့် ငါးဖမ်းစက်လှေများ၊ စက်ရုံ အလုပ်ရုံများတွင် ပိတ်လှောင်စေခိုင်းခြင်းခံရကာ တခါတရံ အသက်ဆုံးပါးမှုများ ရှိကြောင်းလည်း ရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ဆောင်နေသူများက ဆိုသည်။
အောင်မြတ်စိုး | သောကြာနေ့၊ မေလ ၀၆ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၆ မိနစ် (မဇ္ဈိမ)
Posted in: ၀၂။ နိုင်ငံတကာသတင်းပြည်တော်ပြန်မယ်ဆိုလို့ မြန်မာလုပ်သား နှစ်ဦးကို မလေးရဲ ဖမ်းဆီး
အလျား ပေ ၅ဝ၊ အနံ ပေ ၃ဝ ခန့်ရှိ ဟောခန်း၌ မြန်မာ ၂၄ ဦး နေခိုင်းကာ မီးဖိုချောင်ပါ သီးသန့်မရှိသဖြင့် အခန်းသစ် ငှားမပေးလျှင် မြန်မာပြည်ပြန်မည့်အကြောင်း အလုပ်သမားများက စက်ရုံမန်နေဂျာထံ မနက်ပိုင်းတွင် တောင်းဆိုပြီးနောက် ဖမ်းဆီးမှု ဖြစ်ပွားခဲ့သည်။
“မင်းတို့ မြန်မာပြည်ပြန်မှာလား၊ အလုပ်မလုပ်တော့ဘူးလားဆိုတော့ ဟုတ်တယ်၊ ပြန်မယ်၊ မလုပ်တော့ဘူးလို့ ကျနော်တို့ ပြောတယ်။ ၆ နာရီခွဲလောက်ကျတော့ စကားပြောတတ်တဲ့ လူနှစ်ယောက်ကို နာမည်မေးတယ်၊ ပြီးတော့ လက်ထိပ်ခတ်ပြီးတော့ ခေါ်သွားတယ်။ ဘာမှကို မပြောတော့ဘူး” ဟု လာရောက်ဖမ်းဆီးပုံကို Robeh စက်ရုံ အလုပ်သမား ကိုမျိုးမြင့်လှိုင်က မဇ္ဈိမကို ပြောသည်။
အခန်းတွင်း ချက်ပြုတ်စားသောက်ကြရာ အနံ့အသက်များ ဆိုးရွားသဖြင့် ကျန်းမာရေးအတွက် လူခွဲနေနိုင်ရန် အခန်းငှားပေးရန် ယခင်ကတည်းက တောင်းဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
“ကျနော်တို့ပြောတော့ ဟိုနေ့လုပ်ပေးမယ် ဒီနေ့လုပ်ပေးမယ် ပြောတယ်။ ဒါပေမဲ့ မလုပ်ပေးဘူး။ စိတ်ညစ်လွန်းတော့ အလုပ် မလုပ်ချင်တော့ဘူး၊ ကျန်းမာရေးကလည်း သိပ်မကောင်းကြတော့ဘူး။ ညှော်စော်တွေက တောက်လျှောက် နံလို့လေ” ဟု နောက်ထပ် မြန်မာလုပ်သားတဦးက မဇ္ဈိမကို ပြောပြသည်။
ကိုမျိုးမြင့်လှိုင်ကလည်း “နောက်ထပ် အိမ်ခန်းတခန်း ငှားပေးဖို့။ တခန်းထဲနဲ့ လူအများကြီး ထားတယ်ဗျာ။ ၂၄ ယောက် ထားတယ်။ အရင်က ၂၂ ယောက် ရှိတယ်။ တောင်းဆိုမှုပြုတာက လူသစ်နှစ်ယောက်ကို မထည့်ဘူးပေါ့။ ဟင်းထမင်းချက်ဖို့ အဆောင်သပ်သပ် မရှိဘူး။ အလုပ်က ပြန်လာတယ်၊ တယောက်က ဟင်းချက်ရင် တယောက်က စောင့်နေရတာပေါ့ဗျာ။ အချိန်ပိုရှိတဲ့ နေ့ဆိုရင် အမြဲတမ်း ၁ နာရီမှ အိပ်ရတယ်” ဟု ပြောပြသည်။
အလုပ်သမားများသည် မနက် ၈ နာရီမှ ညနေ ၅ နာရီ ၁၅ မိနစ်အထိ ပုံမှန်အလုပ်ဆင်းရပြီး အချိန်ပိုဆင်းသည့်အခါ ည ၁ဝ နာရီအထိ လုပ်ကိုင်ရသည်။ အချိန်ပိုရက်များတွင် ကားဖြင့် ပြန်ပို့ကာ၊ အခြားနေ့များတွင် နားနေဆောင်သို့ တနာရီခန့် လမ်းလျှောက်ပြန်ကြသည်။ ကားကြိုပို့ခကိုမူ တလလျှင် ၃၅ ရင်းဂစ် ဖြတ်ယူသည်။
Robeh စက်ရုံရှိ မြန်မာများသည် ၂ဝ၁ဝ ဒီဇင်ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းမှ Diamond Pagan ကုမ္ပဏီ အစီအစဉ်ဖြင့် မလေးရှားသို့ လာရောက်ခဲ့သည်။ စက်ရုံတွင် လူမျိုးပေါင်းစုံ အလုပ်သမား ၂၆ဝ ကျော်ရှိပြီး၊ ထိုအထဲတွင် မြန်မာပြည်သား ၄၇ ဦး ရှိသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သော ဘားမားကမ်ပိန်း (မလေးရှား) မှ ကိုထွန်းထွန်းက “အလုပ်သမားနှစ်ဦး ပြန်လွတ်ဖို့အတွက် သက်ဆိုင်ရာ ဒေသမှာရှိတဲ့ လူ့အခွင့်အရေး အဖွဲ့တွေကို အကြောင်းကြား အကူအညီ တောင်းထားတယ်။ ကျနော်တို့နေရာနဲ့က ဝေးလို့ ချက်ချင်း မသွားနိုင်ပါဘူး။ တကယ်လို့ လိုအပ်မယ်ဆိုရင် မနက်ဖြန်မနက် ကျနော်တို့ သွားမှာပါ” ဟု မဇ္ဈိမကို ပြောသည်။
အောင်မြတ်စိုး | သောကြာနေ့၊ မေလ ၀၆ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၄၀ မိနစ် (မဇ္ဈိမ)
Posted in: ၀၁။ အလုပ်သမားများ သတင်းငွေစက္ကူ အဟောင်းနှင့် အကြွေ သန်း ၈,၀၀၀ ခန့် ဗဟိုဘဏ် က လဲလှယ် ပေးပြီးဖြစ်၊ ကူပွန် မပေးရန် လုပ်ငန်းရှင်များအား ခေါ်ယူ သတိပေး
Posted in: ၀၃။ မြန်မာ့ သတင်းWednesday, 4 May 2011
အာဆီယံ မြန်မာ အပြန်အလှန် အရေးပါမှု ဒေါ်စုထောက်ပြ
Posted in: ၀၃။ မြန်မာ့ သတင်းMonday, 2 May 2011
ဘင်လာဒင် အမေရိကန် အသေဖမ်းဆီးရမိ
Posted in: ၀၂။ နိုင်ငံတကာသတင်းTuesday, 11 January 2011
မြန်မာဒုက္ခသည်များကို ၎င်းတို့ဆန္ဒဖြင့် ပြန်ပို့ကြောင်း ထိုင်းကြေညာ
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက် ခရစ်စမတ်နေ့က ထိုင်းနိုင်ငံ တာ့ခ် ခရိုင် ဖုတ်ဖရမြို့နယ်ဖက်ကနေ မြန်မာနိုင်ငံ ဖက်ကို ပြန်ပို့ခဲ့တဲ့ စစ်ပြေး ဒုက္ခသည် ၁၆၆ ဦးနဲ့ ပတ်သက်လို့ ဝေဖန်ထားတဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က Mr. Benjamin Zawacki ရေးသားခဲ့တဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဌာနက အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
ဒီဆောင်းပါးကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့ ထိုင်းနိုင်ငံထုတ် Bangkok Post သတင်းစာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် လက်မှတ်ထိုး ထုတ်ပြန်တဲ့ ကြေညာချက်မှာ မြန်မာပြည် ပို့ခဲ့သူတွေဟာ နယ်မြေအေးချမ်းလာတာနဲ့ မိမိတို့ရပ်ရွာတွေက အိုးအိမ်ပစ္စည်းနဲ့ မိသားစုတွေကို ပြန်တွေ့လိုတဲ့အတွက် ပြန်လိုစိတ်ဆန္ဒ ရှိသူတွေသာ ဖြစ်ကြောင်း၊ မပြန်လိုတဲ့သူတွေကို ယာယီ ဆက်လက် နေထိုင်ခွင့်ပြုခဲ့ကြောင်း၊ နေထိုင်သူတွေကိုလည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR) အဖွဲ့နဲ့ အတူ ကူညီပေးနေကြောင်း၊ နိုဝင်ဘာလကတည်းက ရောက်လာတဲ့ လူ ၃ သောင်းကို ကူညီခဲ့သလိုပဲ အမိုးအကာ အကူအညီ၊ စားရေရိက္ခာ ထောက်ပံ့ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။
Posted in: ၀၄။ ထိုင်းသတင်းကရင်နီလူငယ်တစ်ဦး အသတ်ခံရသည့်အမှု ဖော်ထုတ်နိုင်ရန် ဆုငွေ ကြေညာ
Posted in: ၀၄။ ထိုင်းသတင်းDKBA နှင့် စစ်အစိုးရတပ် နှစ်ရက်ဆက် တိုက်ပွဲဖြစ်
ယမန်နေ့မနက် ၆ နာရီအချိန်မှစ၍ DKBA ကချဝါးလေးစခန်းကို စစ်အစိုးရ တပ်ရင်း ၂၃၁၊ ၃၅၅၊ ၃၅၉၊ ၅၄၈၊ ၅၄၉ အင်အား ၂ဝဝ ကျော်ဖြင့် စတင်ထိုးစစ်ဆင်ခဲ့ရာ၊ DKBA တပ်မဟာ (၅) လက်အောက်ခံ ၉ဝ၄၊ ၉ဝ၅ တပ်ရင်းများမှ အင်အား ၃ဝဝ ခန့် ဖြင့် ခုခံတိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ဒီကနေ့လည်း မနက် ၇ နာရီ ၁ဝ မိနစ်မှ ပြန်ဖြစ်တယ်။ ညနေ ၆ နာရီမှာ ရပ်သွားတယ်။ သူတို့ စခန်းကို မရပါဘူး” ဟု DKBA ၏ ဖလူး၊ ဝေါလေ ဗျူဟာမှူး ဗိုလ်စောကျော်သက်က မဇ္ဈိမကို ပြောသည်။
နှစ်ရက်တိုက်ပွဲအတွင်း အစိုးရတပ်ဘက်မှ ၃ဝ ကျော် ကျဆုံးပြီး ၅ဝ ကျော် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ၎င်းတို့ဘက်တွင် ၂ ဦးသာ ဒဏ်ရာရရှိခဲ့ကြောင်း သူက ဆိုသည်။
တိုက်ပွဲနှင့်ပတ်သက်၍ ကရင့်အမျိုးသားအစည်းအရုံး KNU တွဲဘက် အထွေထွေအတွင်းရေးမှုး (၁) ပဒိုစောလှငွေက DKBA ထောင်ထားသည့် မိုင်းကွင်းများကြောင့် စစ်တပ်ဘက်က ယခုလို အကျအဆုံး များရခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။
“ဘာမှမရှိလောက်ဘူးထင်ပြီး အထင်သေးပြီးတော့ ဝင်လာတဲ့အခါ DKBA က အပိုင်တွယ်ပြီး ရှောင်သွားတဲ့အခါကျတော့ DKBA က ဘာမှ အထိအခိုက် မရှိဘူး” ဟု သူက ပြောသည်။
သူက ဆက်ပြီး “ဒီကနေ့ တွေ့တာကတော့ မတက်ရဲတော့ဘဲနဲ့ လက်နက်ကြီးနဲ့ လှမ်းထုတဲ့ သဘောပဲ။ DKBA ရှိမယ့် နေရာတွေ၊ စောင့်မယ့်နေရာတွေ လှမ်းထုတယ်။ DKBA လက်နက်ကြီးတွေဘာတွေ ထားမယ့်နေရာတွေ မှန်းထုတယ်။ DKBA အပေါ်စီး ဗျူဟာကုန်း ယူထားတဲ့ နေရာတွေ လိုက်ပြီး ထုနေတဲ့ သဘောပဲ။ ပတ်လည်ပဲ ထုနေပုံရတယ်။ ကြည့်ရတာ” ဟု ပြောသည်။
နအဖ ဘက်မှ ယနေ့ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ထိုင်းနိုင်ငံဘက်သို့ ကျရောက်ပေါက်ကွဲခဲ့သေးရာ၊ လူသူထိခိုက်မှု မရှိသော်လည်း ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေး တိုးမြှင့်ထားလိုက်ကြောင်း သိရသည်။
တိုက်ပွဲအခြအနေကြောင့် အုကဲထ၊ ဝမျိုးထ၊ မောကထ ရွာများမှ ဒုက္ခသည် ၃ဝဝ ကျော် ထိုင်းနိုင်ငံ ဖုတ်ဖရဘက်သို့ ထပ်မံထွက်ပြေး တိမ်းရှောင်လာကြသည်။
လုံခြုံရေးအခြေအနေကြောင့် မြန်မာပြည်နယ်နမိတ်အတွင်း စစ်ဘေးရှောင် ပုန်းခိုနေထိုင်နေကြသူများလည်း အများအပြား ရှိနေကြောင်း ဒုက္ခသည်အရေး ကူညီစောင့်ရှောက်ပေးနေသူတဦးက မဇ္ဈိမကို ပြောသည်။
“သူတို့လုံခြုံရေးအရ ဒုက္ခသည်တွေက နီးစပ်ရာ လယ်တောခြံတောတွေမှာ ခိုလှုံနေတာတွေရှိတယ်။ UNHCR တို့၊ NGO တို့ သိအောင်နေတဲ့ အနေအထားမှာ မဟုတ်တော့ အတိအကျ မပြောချင်ဘူး” ဟု သူက ပြောဆိုသည်။
မယ်တော်ဆေးခန်းနှင့် လူမှုအခြေပြု အဖွဲ့အစည်းများက နီးစပ်ရာ ဒေသခံလူများနှင့် သွားတွေ့ကာ ဒုက္ခသည်များ လိုအပ်သည့် အခြေခံပံ့ပိုးမှု အကူအညီများ ပေးနေရသည်ဟု သူက ဆိုသည်။
မြဝတီ၊ ဘုရားသုံးဆူနှင့် ကြာအင်းဆိပ်ကြီး ဒေသများတွင် နအဖ စစ်တပ်များနှင့် DKBA တပ်များ တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာ နိုဝင်ဘာလ ၇ ရက်နေ့ ၂ဝ၁ဝ ရွေးကောက်ပွဲနေ့ကတည်းက ဖြစ်သည်။
Posted in: ၀၃။ မြန်မာ့ သတင်းDKBA နှင့် နအဖ တိုက်ပွဲကြောင့် ထိုင်းစစ်တပ် နယ်စပ်လုံခြုံရေး တိုးမြှင့်
ယမန်နေ့က ဖြစ်ပွားခဲ့သည့် နှစ်ဘက် တိုက်ပွဲတွင်လည်း နအဖ တပ်ဘက်မှ လက်နက်ကြီးကျည် အလုံး ၁၀၀ ခန့်ပစ်ခတ်ခဲ့ရာ ထိုင်းဘက်ခြမ်း မဲဆောက်မြို့နယ် မဲ့ကိုကင်း ရွာရှိ ကော်မနောင်း အနီးတွင် ၁၁ လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
နအဖ ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ထိုင်းဘက်ကျရောက် ပေါက်ကွဲမှု ဖြစ်စဉ်ကို ထိုင်းဘက်မှ စစ်ဆေးလျက် ရှိပြီး လိုအပ်ပါက ထိုင်း-မြန်မာ နယ်ခြား ကော်မတီမှ တဆင့် မြန်မာဘက်သို့ ကန့်ကွက်သွားမည်ဟု မဲဆောက် အခြေစိုက် အမှတ် (၄) ဒေသဆိုင်ရာ ကွပ်ကဲရေး တပ်မှ တပ်မှူးတဦးက သတင်းထောက်များကို ပြောသည်။
တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ ဖလူးဒေသတွင် စစ်ရေးလှုပ်ရှားနေသည့် DKBA တပ်မဟာ ၅ မှ စစ်ဆင်ရေးမှူး ဗိုလ်မှူးဆန်းအောင် က နှစ်လတာ တိုက်ပွဲကာလအတွင်း DKBA နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU)တပ်ဖွဲ့ဝင်များ၏ ပြောက် ကျားစနစ်ဖြင့် ချုံခိုတိုက်မှုကြောင့် နအဖ ဘက်က ထိခိုက်ဒဏ်ရာရ သေဆုံးမှုများစွာ ရှိခဲ့သည့်အတွက် ဖလူးဒေသကို စိုးမိုးမှု အမြန်ရယူရန် ယခုကဲ့သို့ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောသည်။
“နအဖ က ပြောက်ကျားစနစ်ကို ကြောက်တယ်။ သူတို့ဘက်က အကျအဆုံးထဲမှာ ကျနော်တို့နဲ KNUပူးပေါင်း တပ်ဖွဲ့တွေရဲ့လက်ဖြောင့် တပ်ဖွဲ့ဝင်(စနိုက်ပါ သမား)တွေကြောင့် ဖြစ်တယ်”ဟု ဗိုလ်မှူးဆန်းအောင်က ဆိုသည်။
၎င်းက ဆက်လက်ပြီး“လက်နက် အင်အား၊ လူအင်အားချင်း ကွာခြားမှုအရ ကျနော်တို့က ပြောက်ကျားစစ်နစ်ကို သုံးတာဖြစ် တယ်။ ဒီနည်းနဲ့ နအဖ ဘက်က တလကို ထိခိုက်ကျဆုံးမှု များတာရှိတဲ့အတွက် အခုလိုမျိုးကျနော်တို့ကို လက်နက်ကြီး အလုံး ရေ ရာနဲ့ချီပြီးတော့ တိုက်နေတာဖြစ်တယ်”ဟု ပြောသည်။
ပြီးခဲ့သည့် နှစ်ဘက်တိုက်ပွဲများအတွင်း ထိခိုက် ဒဏ်ရာရ သေဆုံးမှုများနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။
ယနေ့ဖြစ်ပွားသည့် တိုက်ပွဲတွင် နှစ်ဘက် ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး နအဖ တပ်ဖွဲ့ဝင်များ၏ ထိခိုက်ကျဆုံးမှုကို မသိရှိရသေး သော်လည်း DKBA ဘက်မှ တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု DKBA တပ်မှူး တဦးက ပြောသည်။
တိုက်ပွဲကြောင့် ယနေ့နှင့် ယမန်နေ့က ရာနှင့် ချီသည့် ဖလူး ဒေသခံ ရွာသားများ ထိုင်းဘက်ခြမ်း မဲဆောက်မြို့နယ် အတွင်း သို့ ၀င်ရောက်ခိုလှုံလျက်ရှိသည်ဟု ၎င်းတို့၏ ကျန်းမာရေးနှင့် စားဝတ်နေရေးကိစ္စများကို ကူညီဆောင်ရွက် ပေးနေသည့် မဲဆောက်မြို့ မယ်တော် ဆေးခန်းမှ ဆေးမှူး စောနေဦးက ပြောသည်။
နောက်ဆုံးရရှိသည့် သတင်းများအရ ယမန်နေ့ကစတင်သည့် နအဖ ထိုးစစ်သည် ဖလူးဒေသကို စစ်မျက်နှာဖွင့်ထားပြီး DKBA တပ်မဟာ(၅)ဌာနချုပ် ရှိသည့် ဝေါ်လေဒေသသို့ နအဖ တပ်များ ထိုးစစ်ဆင်ရန်အတွက် စစ်ချီရာတွင် လွယ်ကူစေရန် စစ် ပရိယယ် သုံးခြင်းဖြစ်သည်ဟု ထိုင်း နယ်ခြားစောင့် တပ်မှူးတဦးက သုံးသပ်ပြောကြားသည်။
မြ၀တီခရိုင်မှတဆင့် ဝေါ်လေဒေသရှိ DKBA တပ်မဟာ(၅)ကိုရောက်ရှိရန် နအဖ တပ်များ လာမည့် ပုံမှန်လမ်းကို DKBA နှင့် KNU တပ်များ ပိတ်ဆို့ထားသဖြင့် အခြားတောလမ်းများမှ လာရောက်ရန်ကြိုးစားနေသော နအဖ တပ်များ မိုင်းကွင်းများနှင့် ပြောက်ကျား စစ်ကြောင့် အဆိုးဝါးဆုံး အနေအထားများနှင့် ရင်ဆိုင်ကြရမည်ဟု ဝေါ်လေအခြေစိုက် KNU တပ်ရင်း ၂၀၁ ၏ ဒု တပ်ရင်းမှူး ဗိုလ်မှူးကြည်အောင် ကလည်း ပြောသည်။
ရွေးကောက်ပွဲ ကျင်းပနေစဉ် နိုဝင်ဘာလ ၇ ရက် နှင့် ၈ ရက်နေ့က မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့်ကြာအင်း ဆိပ်ကြီးမြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ် နီးပါး တိုက်ပွဲ များ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။
Posted in: ၀၄။ ထိုင်းသတင်း


09:35
Unknown



