Pages

Wednesday, 4 December 2013

ထိုင်းနိုင်ငံသို့ ခရီးသွားခြင်းကို အနီရောင်အဆင့် သတိပေးခြင်းအဖြစ် သတ်မှတ်လိုက်သည့် ဟောင်ကောင်


ဟောင်ကောက်ရှိ လုံခြုံရေး ဗြူရိုက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ခရီးသွားလာမှုသတိပေးချက် ကို အနီရောင်အဆင့်သို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း
သိရပါတယ်။ ဒါ့အပြင် ခရီးသွားလာရေး ကုမ္ပဏီတွေကလည်း ဘန်ကောက်ခရီးစဉ်ကို စတင်ဖျက်သိမ်းနေပြီဖြစ်ပြီး အချို့နာမည်ကြီးဈေးဝယ် စင်တာတွေဟာ ဆန္ဒပြတဲ့နေရာတွေနဲ့ နီးနေတာကြောင့် အဲ့ဒီနေရာကို ဟောင်ကောင်ခရီးသည်တွေကို ရှောင်ရှားကြဖို့ ပြောကြားထားပါတယ်။ Wing On Travel နဲ့ Hong Thai Travel ခရီးသွားကုမ္ပဏီ တွေဟာ မနက်ဖြန်နဲ့ လာမယ့်ရက်သတ္တပတ်အတွင်း ဟောင်ကောင်က ထွက်ခွာမယ့်ခရီးစဉ်အား လုံးကို ဖျက်သိမ်းဖို့ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။
 
အဲဒီလို ဘန်ကောက်မြို့ခရီးစဉ်စုစုပေါင်း ၂၈ ခုကို ဖျက်သိမ်းထားတယ်လို့ သိရပါတယ်။ ဘန်ကောက်မြို့ ခရီးသွားလာမှုအနီရောင်အဆင့် သတိပေးချက်ကို လုံခြုံရေး ဗြူရိုက ဒီကနေ့မနက်မှာ မြှင့်တင်လိုက်တာဖြစ်ပြီး ဘန်ကောက်မြို့ကို မလိုအပ်ဘဲ ခရီးမသွားဖို့ နိုင်ငံသားတွေကို သတိပေးထားပါတယ်။ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်ဖို့ လူစူလူဝေးကို ရှောင်ရှားဖို့ကိုလည်း အခုလောလောဆယ် ဒါ့အပြင် ဘန်ကောက် မြို့ပေါ်မှာ နေထိုင်နေတဲ့ ဟောင်ကောင်ပြည်သူတွေနဲ့ မဖြစ်မနေသွားရမယ့်သူတွေကို ဟောင်ကောင် အစိုးရက သတိပေးလျက်ရှိပါတယ်။ လတ်တလောအနေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လူဦးရေ ၁၀၀၀ ပါဝင်တဲ့ ဟောင်ကောင်ခရီးသွားလာရေးအဖွဲ့ ၄၀ ကျော်ရောက်ရှိနေတယ်လို့ ဟောင်ကောင်ခရီးသွားလာရေးလုပ်ငန်းက ပြောကြားကြောင်း သိရပါတယ်။
 
 
 
 
 

No comments:

Post a Comment