Pages

Wednesday, 11 January 2012

ပြည်ပ၌ အလုပ်လုပ်ကိုင်နေသူများအား မော်တော်ကားစီးရေ ၅၀၀၀ အထိ တင်သွင်းခွင့်ပြုပေးသွားမည်

ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများအား မော်တော်ယာဉ်တင်သွင်းခွင့်ကို အလုပ်သမားဝန်ကြီးဌာနမှ ခွင့်ပြုပေးခဲ့ပြီး သတ်မှတ်ထားသည့် အချက်အလက်များပြည့်စုံပါက ကားအစီးရေ ၅၀၀၀ အထိ တင်သွင်းခွင့်ပေးသွားမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ သိရှိရသည်။ 
လတ်တလော လျာထားချက်အနေဖြင့် ကားအစီးရေ ၃၀၀၀ သတ်မှတ်ထားပြီး၊ လျှောက်လွှာ ၃၀၀၀ ပြည့်ပါက ချိတ်ပိတ်မည်ဖြစ်ကြောင်း၊ သို့သော် ထပ်မံတင်ပြသည့် လျောက်လွှာများ၌ အချက်အ လက်ပြည့်စုံပါက ကားအစီးရေ ၅၀၀၀ အထိ ချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
''လောလောဆယ် ကားအစီးရေ ၃၀၀၀ တင်သွင်းခွင့်ပေးဖို့ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့ အချက်အလက်စုံရင်တော့ စုံသလို ကားအစီးရေ ၅၀၀၀ အထိ ချထားပေးသွားမှာ ဖြစ်ပါတယ်။ တင်ပြတဲ့ အချက်အလက်မစုံရင်တော့ မော်တော်ကားတင်သွင်းခွင့်ကို ရရှိမှာမဟုတ်ပါဘူး''ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။  ပြည်ပ၌ အလုပ်လုပ်ကိုင်နေသူများ၏ ကားသွင်းခွင့်လျောက်လွှာများကို အလုပ်သမားဝန်ကြီးဌာန၊ မော်တော်ယာဉ်တင်သွင်းခွင့် စိစစ်ရေးကော်မတီမှ စိစစ်ထောက်ခံတင်ပြပေးမည်ဖြစ်ပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ၊ မရမ်းကုန်းမြို့နယ် ၀၁-၆၆၇၇၅၄ သို့ လျှောက်လွှာများ လျှောက်ထားနိုင်ကြောင်း သိရသည်။
Ref: EMG

No comments:

Post a Comment