Pages

Friday, 13 January 2012

ဒီကနေ့ဟာ ကဗျာတပုဒ်ထက် ပိုပြီး ကြီးကျယ်ခမ်းနားနေခဲ့ပြီ်


ငြိမ်းဝေ၊ ဇန်န၀ါရီ ၁၃၊ ၂၀၁၂
ဒီကနေ့ဟာ
ရောင်နီမသန်းခင်ကတည်းက  အပြာရောင် သန်းတဲ့နေ့။

ဒီကနေ့ဟာ
ရာစု နှစ်ဝက် ချီပြီး မန်းမှုတ် စက်နှိုးခဲ့ရတဲ့
ဖုတ်သွင်းရထား ဆိုက်တဲ့နေ့။

ဒီကနေ့ဟာ
ဆည်းဆာပျို နေချိုထဲ
ပဲပြုပ်သယ်ရဲ့ ပဲပြုပ်ချိုချိုလေးဆိုတဲ့ အသံ
ငါ့ရင်ကို အငြိမ်းချမ်းဆုံး ထိမှန် တုန်ခါသွားစေတဲ့နေ့။

ဒီကနေ့ဟာ
ရွှေအိုးကို ထမ်း အိမ်ပြန်လာတဲ့ သားတွေရဲ့ ခြေအစုံကို
မိခင်က အိမ်ဝမှာ ရေဆေးပေးတဲ့နေ့။

ဒီကနေ့ဟာ
အောင်ပွဲခံ ဗုံတလုံးပေါ်
တနိုင်ငံလုံး တက်ခုန်ပြီး ကကြတဲ့နေ့ ဖြစ်ခဲ့ပေါ့။

Ref: MoeMaKha

No comments:

Post a Comment